ျမန္မာ့ျပႆနာ ဘယ္လိုေျဖရွင္းလို႔ရမလဲဆိုတာ ေဒၚေအာင္ဆန္းစုၾကည္ ေကာင္းေကာင္းသိတယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီးေျပာ

ေနျပည္ေတာ္၊ ႏိုဝင္ဘာ ၂၂-၂၀၁၉
သီရိ(VOM)

ျမန္မာ့ျပႆနာကို ဘယ္လိုေျဖရွင္းလို႔ရမလဲဆိုတာ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ေကာင္းေကာင္းသိတယ္လို႔ ဒီကေန႔မနက္ပိုင္းက ေနျပည္ေတာ္ MICC 2 မွာ လုပ္တဲ့ UMFCCI ႏွစ္ ၁၀၀ ျပည့္အခမ္းအနား မစတင္မီမွာ ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီး Dr. Nikolay Listopadov က သတင္းမီဒီယာေတြကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ေျပာတာက ျမန္မာႏိုင္ငံရင္ဆိုင္ေနရတဲ့ ျပႆ နာေတြကို ျမန္မာျပည္သူ၊ ျပည္သားေတြ၊ ျမန္မာအစိုးရေတြက ေျဖရွင္းဖို႔ရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ ျမန္မာ ျပည္ ျပႆနာကို ဘယ္လိုေျဖရွင္းႏိုင္မလဲဆိုတာ သူ ေကာင္းေကာင္းသိတယ္။ ဒါေပမယ့္ ႏိုင္ငံတကာတရား ႐ုံးေတြမွာ ျမန္မာနဲ႔ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္က အက်ိဳးစီးပြားနဲ႔ပတ္သက္ၿပီး ကာကြယ္ဖို႔ ဆုံးျဖတ္ ခ်က္ခ်ခဲ့ပါတယ္။ ရဲရင့္ၿပီး သတၱိရွိတဲ့ ဆုံးျဖတ္ခ်က္လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ တိုင္းျပည္ရဲ႕ ဆုံးျဖတ္ခ်က္ကို က်ေနာ္က ေထာက္ခံပါတယ္။ ခ်ီးက်ဴးပါတယ္”လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီး Dr. Nikolay Listopadov က ေျပာပါတယ္။

သံအမတ္ႀကီးက ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းေရးကိစၥနဲ႔ပက္သက္ၿပီး “သူ႔အေနနဲ႔ ဝင္ေရာက္စြက္ဖက္မႈ မလုပ္ဘူး။ ဒါ ေၾကာင့္ ႏိုင္ငံေရး ရႈပ္ေထြးတဲ့ ျပႆနာ၊ အခက္အခဲ စိန္ေခၚမႈေတြကို ျမန္ျမန္ေျဖရွင္းႏိုင္ဖို႔ ႐ုရွႏိုင္ငံက ႏိုင္ငံတ ကာ ဇာတ္ခုံအေပၚမွာ အကူအညီေပးတယ္။ ျမန္မာႏိုင္ငံအေပၚ အေရးယူမႈ၊ ဒဏ္ခတ္မႈ၊ ရႈတ္ခ်မႈကို သူတို႔ လက္မခံဘူး။ ဘာလို႔လဲဆိုေတာ့ အဲ့ဒါေတြက အျပဳသေဘာမေဆာင္လို႔ ေကာင္းတဲ့ ရလဒ္ေတြကို မေပးႏိုင္လို႔ ႏိုင္ငံတကာဆိုတာ ျမန္မာႏိုင္ငံကို အကူအညီ ေပးရမယ္။ ေကာင္းတဲ့ အႀကံဥာဏ္ေပးဖို႔ ရွိရမယ္” လုိ႔လည္း ေျပာခဲ့ပါတယ္။

ၿပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည့္က ျမန္မာႏိုင္ငံရဲ႕ အက်ိဳးစီးပြားကို ေကာင္းေကာင္းကာကြယ္ႏိုင္မယ္ လို႔ သူ႔အေနနဲ႔ ခိုင္ခိုင္မာမာ ယုံၾကည္ၿပီး ႏိုင္ငံတကာက ျမန္မာႏိုင္ငံကို ဒဏ္ခတ္မႈမေပးဘဲ ကူညီမႈေပးတဲ့ အျပဳသေဘာေဆာင္ေပးတဲ့ ရပ္တည္ခ်က္ကလည္း အေရးႀကီးတယ္လို႔လည္း သူရဲ႕အျမင္ကိုေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရင္ဆိုင္ေနရတဲ့ ျပႆနာေတြ၊ စိန္ေခၚမႈေတြက အင္မတန္ရႈတ္ေထြးၿပီး ထိလြယ္၊ ရွလြယ္တဲ့ ျပႆနာေတြလည္း ျဖစ္ေနတဲ့အတြက္ ျမန္မာျပည္သူ၊ ျပည္သားေတြအေနနဲ႔လည္း ျမန္မာအစိုးရက အဲဒီျပႆနာေတြကို ဘယ္လိုေျဖရွင္းရင္ အေကာင္းဆုံးတာကိုလည္း သိရွိၾကတယ္လို႔လည္း သံုးသပ္ေျပာဆိုခဲ့ပါတယ္။

“အခု ဒုကၡသည္ေတြျပႆနာနဲ႔ပတ္သက္ၿပီး တခ်ိဳ႕က အျပဳသေဘာေဆာင္တဲ့ အခ်က္အလက္ေတြ ရွိပါတယ္။ တခ်ိဳ႕ဒုကၡသည္ေတြဆိုရင္ ကိုယ့္ရဲ႕ဆႏၵအရ ျပန္ေရာက္ခဲ့တယ္။ အနာဂတ္မွာ မ်ားမ်ားျပန္ေရာက္ႏိုင္မယ္လို႔ က်ေနာ္ယူဆမိပါတယ္။ အဲ့ဒီျပႆနာကို ျမန္ျမန္ေျဖရွင္းဖို႔လည္း အေရးႀကီးပါတယ္။ ႐ုရွား ႏိုင္ငံအတြက္လည္း အေရးႀကီးပါတယ္။ ဘာလို႔လဲဆိုေတာ့ ႐ုရွားႏိုင္ငံမွာလည္း မြတ္စလင္ေတြ ေတာ္ေတာ္မ်ားမ်ား ေနထိုင္ေနၾကပါတယ္။ ႐ုရွားႏိုင္ငံမွာျဖစ္ျဖစ္၊ ျမန္မာႏိုင္ငံမွာျဖစ္ျဖစ္၊ ဘယ္ဘာသာကို ကိုးကြယ္တာမဆို ကိုယ့္ရဲ႕ လိုအပ္တဲ့အေရးကို ထိန္းသိမ္းကာကြယ္ဖို႔ အေရးႀကီးပါတယ္။ ျမန္မာႏိုင္ငံအစိုးရက တိုင္းရင္းသားအားလုံး အခြင့္အေရးရရွိဖို႔ မ်ားစြာႀကိဳးစားပါတယ္။ အခု ကာကြယ္ေရးစစ္ဦးစီးခ်ဳပ္က အဲ့ဒါကို ဦးစားေပးပါတယ္။ သူက ခရစ္ယာန္ေတြ၊ ဟိႏၵဴေတြ၊ မြတ္ဆလင္ေတြနဲ႔လည္း ေတြ႕ခဲ့ပါတယ္။ အဲ့ဒါလည္း အျပဳသေဘာေဆာင္တဲ့ လုပ္ရပ္တခု ျဖစ္တယ္လို႔ က်ေနာ္က ယူဆမိပါတယ္။ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး က်ေနာ္က အေကာင္းျမင္ဝါဒီ ျဖစ္ပါတယ္”လို႔လည္း ေျပာဆိုခဲ့ပါေသးတယ္။

#voiceofmyanmar #ေနျပည္ေတာ္ #ရုရွားသံအမတ္ #ျမန္မာနုိင္ငံ

Unicode

မြန်မာ့ပြဿနာ ဘယ်လိုဖြေရှင်းလို့ရမလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည် ကောင်းကောင်းသိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးပြော

နေပြည်တော်၊ နိုဝင်ဘာ ၂၂-၂၀၁၉
သီရိ(VOM)

မြန်မာ့ပြဿနာကို ဘယ်လိုဖြေရှင်းလို့ရမလဲဆိုတာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကောင်းကောင်းသိတယ်လို့ ဒီကနေ့မနက်ပိုင်းက နေပြည်တော် MICC 2 မှာ လုပ်တဲ့ UMFCCI နှစ် ၁၀၀ ပြည့်အခမ်းအနား မစတင်မီမှာ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Dr. Nikolay Listopadov က သတင်းမီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

“ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောတာက မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ ပြဿ နာတွေကို မြန်မာပြည်သူ၊ ပြည်သားတွေ၊ မြန်မာအစိုးရတွေက ဖြေရှင်းဖို့ရှိပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာ ပြည် ပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ သူ ကောင်းကောင်းသိတယ်။ ဒါပေမယ့် နိုင်ငံတကာတရား ရုံးတွေမှာ မြန်မာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အကျိုးစီးပွားနဲ့ပတ်သက်ပြီး ကာကွယ်ဖို့ ဆုံးဖြတ် ချက်ချခဲ့ပါတယ်။ ရဲရင့်ပြီး သတ္တိရှိတဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်က ထောက်ခံပါတယ်။ ချီးကျူးပါတယ်”လို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Dr. Nikolay Listopadov က ပြောပါတယ်။

သံအမတ်ကြီးက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စနဲ့ပက်သက်ပြီး “သူ့အနေနဲ့ ဝင်ရောက်စွက်ဖက်မှု မလုပ်ဘူး။ ဒါ ကြောင့် နိုင်ငံရေး ရှုပ်ထွေးတဲ့ ပြဿနာ၊ အခက်အခဲ စိန်ခေါ်မှုတွေကို မြန်မြန်ဖြေရှင်းနိုင်ဖို့ ရုရှနိုင်ငံက နိုင်ငံတ ကာ ဇာတ်ခုံအပေါ်မှာ အကူအညီပေးတယ်။ မြန်မာနိုင်ငံအပေါ် အရေးယူမှု၊ ဒဏ်ခတ်မှု၊ ရှုတ်ချမှုကို သူတို့ လက်မခံဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒါတွေက အပြုသဘောမဆောင်လို့ ကောင်းတဲ့ ရလဒ်တွေကို မပေးနိုင်လို့ နိုင်ငံတကာဆိုတာ မြန်မာနိုင်ငံကို အကူအညီ ပေးရမယ်။ ကောင်းတဲ့ အကြံဉာဏ်ပေးဖို့ ရှိရမယ်” လို့လည်း ပြောခဲ့ပါတယ်။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည့်က မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ကောင်းကောင်းကာကွယ်နိုင်မယ် လို့ သူ့အနေနဲ့ ခိုင်ခိုင်မာမာ ယုံကြည်ပြီး နိုင်ငံတကာက မြန်မာနိုင်ငံကို ဒဏ်ခတ်မှုမပေးဘဲ ကူညီမှုပေးတဲ့ အပြုသဘောဆောင်ပေးတဲ့ ရပ်တည်ချက်ကလည်း အရေးကြီးတယ်လို့လည်း သူရဲ့အမြင်ကိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ ပြဿနာတွေ၊ စိန်ခေါ်မှုတွေက အင်မတန်ရှုတ်ထွေးပြီး ထိလွယ်၊ ရှလွယ်တဲ့ ပြဿနာတွေလည်း ဖြစ်နေတဲ့အတွက် မြန်မာပြည်သူ၊ ပြည်သားတွေအနေနဲ့လည်း မြန်မာအစိုးရက အဲဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းရင် အကောင်းဆုံးတာကိုလည်း သိရှိကြတယ်လို့လည်း သုံးသပ်ပြောဆိုခဲ့ပါတယ်။

“အခု ဒုက္ခသည်တွေပြဿနာနဲ့ပတ်သက်ပြီး တချို့က အပြုသဘောဆောင်တဲ့ အချက်အလက်တွေ ရှိပါတယ်။ တချို့ဒုက္ခသည်တွေဆိုရင် ကိုယ့်ရဲ့ဆန္ဒအရ ပြန်ရောက်ခဲ့တယ်။ အနာဂတ်မှာ များများပြန်ရောက်နိုင်မယ်လို့ ကျနော်ယူဆမိပါတယ်။ အဲ့ဒီပြဿနာကို မြန်မြန်ဖြေရှင်းဖို့လည်း အရေးကြီးပါတယ်။ ရုရှား နိုင်ငံအတွက်လည်း အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ရုရှားနိုင်ငံမှာလည်း မွတ်စလင်တွေ တော်တော်များများ နေထိုင်နေကြပါတယ်။ ရုရှားနိုင်ငံမှာဖြစ်ဖြစ်၊ မြန်မာနိုင်ငံမှာဖြစ်ဖြစ်၊ ဘယ်ဘာသာကို ကိုးကွယ်တာမဆို ကိုယ့်ရဲ့ လိုအပ်တဲ့အရေးကို ထိန်းသိမ်းကာကွယ်ဖို့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံအစိုးရက တိုင်းရင်းသားအားလုံး အခွင့်အရေးရရှိဖို့ များစွာကြိုးစားပါတယ်။ အခု ကာကွယ်ရေးစစ်ဦးစီးချုပ်က အဲ့ဒါကို ဦးစားပေးပါတယ်။ သူက ခရစ်ယာန်တွေ၊ ဟိန္ဒူတွေ၊ မွတ်ဆလင်တွေနဲ့လည်း တွေ့ခဲ့ပါတယ်။ အဲ့ဒါလည်း အပြုသဘောဆောင်တဲ့ လုပ်ရပ်တခု ဖြစ်တယ်လို့ ကျနော်က ယူဆမိပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကျနော်က အကောင်းမြင်ဝါဒီ ဖြစ်ပါတယ်”လို့လည်း ပြောဆိုခဲ့ပါသေးတယ်။

#voiceofmyanmar #နေပြည်တော် #ရုရှားသံအမတ် #မြန်မာနိုင်ငံ

Related posts

Leave a Comment

VOM News

FREE
VIEW