ဒဂုံတကၠသိုလ္သမဂၢအဖြဲ႕က လူကန္ကူးခံရတဲ့ေက်ာင္းသားကိစၥ အမႈမွန္ေပၚေပါက္ေရး ေတာင္းဆိုမယ္

ရန္ကုန္၊ႏိုဝင္ဘာ ၂၃-၂၀၁၉
ခ်မ္းၿငိမ္း(VOM)

လူကုန္ကူးခံရတဲ့ တကၠသိုလ္ေက်ာင္းကိစၥ အမႈမွန္ေပၚေပါက္ေရးအတြက္ ဒဂုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢကေန ရန္ကုန္တိုင္းအစိုးရကို ေတာင္းဆို သြားမွာျဖစ္ျပီး လူကုန္ကူးခံရတဲ့ ကိုျမတ္သူရထြန္းဟာ ဒဂုံတကၠသိုလ္မွာ သမိုင္းဘာသာရပ္နဲ႔ ပညာဆည္းပူးေနသူတစ္ဦး ျဖစ္ပါတယ္။

အခုႏွစ္ ေအာက္တိုဘာလ ၃ရက္ကတည္းက သူရဲ႕အိမ္နဲ႔အဆက္အသြယ္ျပတ္ကာ လူကုန္ကူးခံရတာျဖစ္ၿပီး ဒဂုံတကၠသိုလ္ေက်ာင္းမ်ားသမဂၢအေနနဲ႔ ကိုျမတ္သူရထြန္း ကိစၥနဲ႔ပတ္သက္ၿပီး ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ကို လူကိုယ္တိုင္ေရာ၊ စာနဲ႔ပါ အမႈမွန္ေပၚေပါက္ေရးနဲ႔အကူအညီေပးေရးတို႔ကို ေတာင္းဆိုသြားမယ္လို႔ သိရပါတယ္။

“ အသက္အႏၷရာယ္ေတာ့ မရွိေတာ့ဘူး။ ဒါဏ္ရာေတြကေတာ့ ပုံထဲကအတိုင္းပဲရထားတာေတြရွိတယ္။ ဝန္ႀကီးခ်ဳပ္နဲ႔လည္း ေတြ႕ဖို႔ရွိတယ္။ တနလၤာေန႔ေလာက္ေတြ႕ျဖစ္မယ္။ ဒီညေနေတြ႕ဖို႔ကို ဖုန္းဆက္ၿပီး‌ေတာ့ ေျပာဖို႔ရွိတယ္။ အမႈဖြင့္ထားတာေတာ့မရွိဘူး။ မိသားစုဝင္ေတြက ဘယ္လိုစီစဥ္မယ္မသိ‌ေသးဘူး” လုိ႔ဒဂုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ အတြင္းေရးမႉး ကိုေအာင္ေကာင္းခန႔္သူ က‌ေျပာပါတယ္။

ကိုျမတ္သူရထြန္းဟာ ေအာက္တိုဘာလ ၃ရက္က ကိုယ္ေရးကိုယ္တာကိစၥတစ္ခုနဲ႔ စိတ္ေလၿပီး ရန္ကုန္နဲ႔ဒလကူးတဲ့ ရန္ကုန္ဘက္ျခမ္း တံတားေပၚ ထိုင္‌‌ေနတဲ့အခ်ိန္ လူႏွစ္ဦး(ပြဲစား) ေရာက္လာၿပီးေတာ့ ငါးဖမ္းေလွမွာ လုပ္ရမယ့္အလုပ္တစ္ခုရွိတယ္လို႔ေျပာကာ အဲ့အလုပ္ကိုလုပ္ရင္ လက္ထဲမွာ အနည္းဆုံးသိန္း(၂၀)ခန႔္စုမိမယ္လို႔ ေျပာဆိုစည္းရုံးခဲ့တာပါ။

အဲ့လိုစည္းရံုးၿပီး ဒလဘက္ကအိမ္တစ္အိမ္ကိုေခၚသြားကာ ကိုျမတ္သူရထြန္းကို အဲ့ဒီအိမ္မွာရိွတဲ့ လူတစ္ေယာက္က မူးေမ့ေအာင္ျပဳလုပ္ခဲ့ၿပီး ျပန္သတိရတဲ့အခ်ိန္ စာခ်ဳပ္မွာလက္မွတ္ထိုးၿပီး႐ုံသာမက လက္ေဗြပါႏွိပ္ၿပီးသာျဖစ္ေနတယ္လို႔ မိသားစုဝင္ေတြရဲ႕ ေျပာျပခ်က္အရသိရပါတယ္။

ေနာက္တစ္‌‌ေန႔မွာ ဖ်ာပုံကိုProboxမွန္အလုံပိတ္ထားတဲ့ ကားနဲ႔ေခၚၿပီးေတာ့ တည္းခိုခန္းမွာ တစ္ညအိပ္ခိုင္းခဲ့ကာ လိုက္ပို႔တဲ့သူေတြက ကိုျမတ္သူရထြန္းအပါအဝင္ လူသုံးဦးရဲ႕ လစာေတြကို ထုတ္ယူသြားတာျဖစ္တယ္လို႔ သိရပါတယ္။

“ လူကုန္တားနဲ႔ ဒဂုံအေရွ႕ပိုင္း ရဲတပ္ဖြဲ႕က တာ၀န္ရွိသူေတြ အခ်က္အလက္ေတြလာယူသြားပါၿပီ။ ဧရာ၀တီတိုင္းရဲတပ္ဖြဲ႕ပူးေပါင္းၿပီးေတာ့ ေဆာင္႐ြက္ေနတဲ့ အ‌ေျခအေနေတြကိုလည္း ‌‌ေျပာျပသြားပါတယ္။ လက္က်ိဳးတာကေတာ့ ေက်ာက္ပတ္တီးကိုင္ထားတယ္။ စိတ္ပိုင္းဆိုင္ရာကလည္း သာမန္လူေတြထက္က်ေနတဲ့အပိုင္းမွာ ခုလိုျဖစ္သြားေတာ့ စိတ္ဒဏ္ရာရတဲ့အပိုင္းေတြရွိတယ္” လို႔ လူကုန္ကူးခံရတဲ့ ကိျုမတ္သူရထြန္းရဲ႕ အစ္ကိုျဖစ္သူ ကိုေအာင္ေသာ္ဇင္ထြန္းကေျပာပါတယ္။

လက္ရွိမွာ ကိုျမတ္သူရထြန္းရဲ႕ နား၊ မ်က္ႏွာ၊ ေျခလက္အဂၤါေတြမွာ ျပတ္ရွဒဏ္ရာ ဘယ္လက္ လက္ဖ်ံ႐ိုးက်ိဳးတာနဲ႔ ေျခလက္ေယာင္ရမ္းျခင္းတို႔ကို ခံစားေနရတာျဖစ္ပါတယ္။

#voiceofmyanmar #ရန္ကုန္ #ေက်ာင္းသား #လူကုန္ကူး

Unicode

ဒဂုံတက္ကသိုလ်သမဂ္ဂအဖွဲ့က လူကန်ကူးခံရတဲ့ကျောင်းသားကိစ္စ အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုမယ်

ရန်ကုန်၊နိုဝင်ဘာ ၂၃-၂၀၁၉
ချမ်းငြိမ်း(VOM)

လူကုန်ကူးခံရတဲ့ တက္ကသိုလ်ကျောင်းကိစ္စ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကနေ ရန်ကုန်တိုင်းအစိုးရကို တောင်းဆို သွားမှာဖြစ်ပြီး လူကုန်ကူးခံရတဲ့ ကိုမြတ်သူရထွန်းဟာ ဒဂုံတက္ကသိုလ်မှာ သမိုင်းဘာသာရပ်နဲ့ ပညာဆည်းပူးနေသူတစ်ဦး ဖြစ်ပါတယ်။

အခုနှစ် အောက်တိုဘာလ ၃ရက်ကတည်းက သူရဲ့အိမ်နဲ့အဆက်အသွယ်ပြတ်ကာ လူကုန်ကူးခံရတာဖြစ်ပြီး ဒဂုံတက္ကသိုလ်ကျောင်းများသမဂ္ဂအနေနဲ့ ကိုမြတ်သူရထွန်း ကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို လူကိုယ်တိုင်ရော၊ စာနဲ့ပါ အမှုမှန်ပေါ်ပေါက်ရေးနဲ့အကူအညီပေးရေးတို့ကို တောင်းဆိုသွားမယ်လို့ သိရပါတယ်။

“ အသက်အန္နရာယ်တော့ မရှိတော့ဘူး။ ဒါဏ်ရာတွေကတော့ ပုံထဲကအတိုင်းပဲရထားတာတွေရှိတယ်။ ဝန်ကြီးချုပ်နဲ့လည်း တွေ့ဖို့ရှိတယ်။ တနင်္လာနေ့လောက်တွေ့ဖြစ်မယ်။ ဒီညနေတွေ့ဖို့ကို ဖုန်းဆက်ပြီး‌တော့ ပြောဖို့ရှိတယ်။ အမှုဖွင့်ထားတာတော့မရှိဘူး။ မိသားစုဝင်တွေက ဘယ်လိုစီစဉ်မယ်မသိ‌သေးဘူး” လို့ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုအောင်ကောင်းခန့်သူ က‌ပြောပါတယ်။

ကိုမြတ်သူရထွန်းဟာ အောက်တိုဘာလ ၃ရက်က ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုနဲ့ စိတ်လေပြီး ရန်ကုန်နဲ့ဒလကူးတဲ့ ရန်ကုန်ဘက်ခြမ်း တံတားပေါ် ထိုင်‌‌နေတဲ့အချိန် လူနှစ်ဦး(ပွဲစား) ရောက်လာပြီးတော့ ငါးဖမ်းလှေမှာ လုပ်ရမယ့်အလုပ်တစ်ခုရှိတယ်လို့ပြောကာ အဲ့အလုပ်ကိုလုပ်ရင် လက်ထဲမှာ အနည်းဆုံးသိန်း(၂၀)ခန့်စုမိမယ်လို့ ပြောဆိုစည်းရုံးခဲ့တာပါ။

အဲ့လိုစည်းရုံးပြီး ဒလဘက်ကအိမ်တစ်အိမ်ကိုခေါ်သွားကာ ကိုမြတ်သူရထွန်းကို အဲ့ဒီအိမ်မှာရှိတဲ့ လူတစ်ယောက်က မူးမေ့အောင်ပြုလုပ်ခဲ့ပြီး ပြန်သတိရတဲ့အချိန် စာချုပ်မှာလက်မှတ်ထိုးပြီးရုံသာမက လက်ဗွေပါနှိပ်ပြီးသာဖြစ်နေတယ်လို့ မိသားစုဝင်တွေရဲ့ ပြောပြချက်အရသိရပါတယ်။

နောက်တစ်‌‌နေ့မှာ ဖျာပုံကိုProboxမှန်အလုံပိတ်ထားတဲ့ ကားနဲ့ခေါ်ပြီးတော့ တည်းခိုခန်းမှာ တစ်ညအိပ်ခိုင်းခဲ့ကာ လိုက်ပို့တဲ့သူတွေက ကိုမြတ်သူရထွန်းအပါအဝင် လူသုံးဦးရဲ့ လစာတွေကို ထုတ်ယူသွားတာဖြစ်တယ်လို့ သိရပါတယ်။

“ လူကုန်တားနဲ့ ဒဂုံအရှေ့ပိုင်း ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေ အချက်အလက်တွေလာယူသွားပါပြီ။ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတဲ့ အ‌ခြေအနေတွေကိုလည်း ‌‌ပြောပြသွားပါတယ်။ လက်ကျိုးတာကတော့ ကျောက်ပတ်တီးကိုင်ထားတယ်။ စိတ်ပိုင်းဆိုင်ရာကလည်း သာမန်လူတွေထက်ကျနေတဲ့အပိုင်းမှာ ခုလိုဖြစ်သွားတော့ စိတ်ဒဏ်ရာရတဲ့အပိုင်းတွေရှိတယ်” လို့ လူကုန်ကူးခံရတဲ့ ကိြုမတ်သူရထွန်းရဲ့ အစ်ကိုဖြစ်သူ ကိုအောင်သော်ဇင်ထွန်းကပြောပါတယ်။

လက်ရှိမှာ ကိုမြတ်သူရထွန်းရဲ့ နား၊ မျက်နှာ၊ ခြေလက်အင်္ဂါတွေမှာ ပြတ်ရှဒဏ်ရာ ဘယ်လက် လက်ဖျံရိုးကျိုးတာနဲ့ ခြေလက်ယောင်ရမ်းခြင်းတို့ကို ခံစားနေရတာဖြစ်ပါတယ်။

#voiceofmyanmar #ရန်ကုန် #ကျောင်းသား #လူကုန်ကူး

Related posts

Leave a Comment

VOM News

FREE
VIEW