အီရန္ဆႏၵျပေခါင္းေဆာင္ ၁၀၀ ကို ေတာ္လွန္ေရးအေစာင္႔တပ္ ရွာေဖြဖမ္းဆီး

အီရန္ဆႏၵျပေခါင္းေဆာင္ ၁၀၀ ကို ေတာ္လွန္ေရးအေစာင္႔တပ္ ရွာေဖြဖမ္းဆီး

တီဟီရန္၊ နို၀င္ဘာ-၂၃-၂၀၁၉
မ်ိဳးဆက္ (VOM)

အီရန္နိုင္ငံမွာ ဓါတ္ဆီေစ်းၾကီးျမင္႔တာနဲ႔ပတ္သက္ျပီး ဆန္႔က်င္ဆႏၵျပပြဲေတြမွာ ဦးေဆာင္သူ ၁၀၀ ဖမ္းဆီးထိန္းသိမ္းလိုက္တယ္လို႔ အီရန္တရားေရးဌာနက ထုတ္ျပန္ေၾကညာပါတယ္။

ဆႏၵျပေခါင္းေဆာင္ေတြကို အီရန္မွာ အင္အားၾကီးတဲ႔ ေတာ္လွန္ေရးအေစာင္႔တပ္က နိုင္ငံရဲ႕ ေနရာအေတာ္မ်ားမ်ားမွာ ေဖာ္ထုတ္ျပီး ဖမ္းဆီးထိန္းသိမ္းလိုက္တာျဖစ္ပါတယ္။

နိုင္ငံအတြင္းျဖစ္ပြားေနတဲ႔ မျငိမ္မသက္မႈေတြေၾကာင္႔ အင္တာနက္အဆက္အသြယ္ေတြကို ျဖတ္ေတာက္လိုတာနဲ႔ပတ္သက္ျပီး အီရန္ဆက္သြယ္ေရး၀န္ၾကီးကို အေမရိကန္က အေရးယူပိတ္ဆို႔မႈခ်မွတ္ျပီးေနာက္ ဆႏၵျပေခါင္းေဆာင္ေတြ ဖမ္းဆီးခံလိုက္ရတာျဖစ္ပါတယ္။

အီရန္ျမိဳ႕ၾကီးအမ်ားအျပားမွာ ျဖစ္ပြားခဲ႕တဲ႔ ဆႏၵျပမႈေတြအတြင္း လူေပါင္း ၁၀၀ ေက်ာ္ေသဆံုးခဲ႔တယ္လို႔ နိုင္ငံတကာလြတ္ျငိမ္းခ်မ္းသာခြင္႔အဖြဲ႔က ထုတ္ျပန္ထားပါတယ္။

အျခားခိုင္လံုတဲ႔သတင္းရပ္ကြက္ေတြရဲ႕အဆိုအရ ေသဆံုးသူအေရအတြက္ဟာ ဒီထက္ပိုမိုမ်ားျပား လာနုိင္တယ္လို႔ ေျပာပါတယ္။ ယခုသီတင္းပတ္အေစာပိုင္းမွာ ဆႏၵျပသူ ၁၂ ဦးထပ္မံေသဆံုးသြားတယ္လို႔ အီရန္တာ၀န္ရိွသူေတြက အတည္ျပဳထားပါတယ္။

အီရန္သမၼတရူဟာနီကေတာ႔ အဖ်က္ရန္သူေတြရဲ႕ ၾကံစည္မႈေတြကို ေအာင္နုိင္ျပီလို႔ အခိုင္အမာေျပာဆိုထားျပီး ျဖစ္ပြားေနတဲ႔ မျငိမ္မသက္မႈေတြရဲ႕ ေနာက္ကြယ္မွာ အေမရိကန္၊ အစၥေရးနဲ႔ ေဆာ္ဒီအာေရဗ်တို႔ရိွေနတယ္လို႔ စြပ္စြဲေျပာဆိုပါတယ္။

Ref :BBC
Photo : Reuters
#voiceofmyanmar #အီရန္ #ဆႏၵျပေခါင္းေဆာင္ေတြကိုုဖမ္း

Unicode

အီရန်ဆန္ဒပြခေါင်းဆောင် ၁၀၀ ကို တော်လှန်ရေးအစောင့်တပ် ရှာဖွေဖမ်းဆီး

တီဟီရန်၊ နိုဝင်ဘာ-၂၃-၂၀၁၉
မျိုးဆက် (VOM)

အီရန်နိုင်ငံမှာ ဓါတ်ဆီဈေးကြီးမြင့်တာနဲ့ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ဦးဆောင်သူ ၁၀၀ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ အီရန်တရားရေးဌာနက ထုတ်ပြန်ကြေညာပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေကို အီရန်မှာ အင်အားကြီးတဲ့ တော်လှန်ရေးအစောင့်တပ်က နိုင်ငံရဲ့ နေရာအတော်များများမှာ ဖော်ထုတ်ပြီး ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။

နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ မငြိမ်မသက်မှုတွေကြောင့် အင်တာနက်အဆက်အသွယ်တွေကို ဖြတ်တောက်လိုတာနဲ့ပတ်သက်ပြီး အီရန်ဆက်သွယ်ရေးဝန်ကြီးကို အမေရိကန်က အရေးယူပိတ်ဆို့မှုချမှတ်ပြီးနောက် ဆန္ဒပြခေါင်းဆောင်တွေ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

အီရန်မြို့ကြီးအများအပြားမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အခြားခိုင်လုံတဲ့သတင်းရပ်ကွက်တွေရဲ့အဆိုအရ သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုမိုများပြား လာနိုင်တယ်လို့ ပြောပါတယ်။ ယခုသီတင်းပတ်အစောပိုင်းမှာ ဆန္ဒပြသူ ၁၂ ဦးထပ်မံသေဆုံးသွားတယ်လို့ အီရန်တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။

အီရန်သမ္မတရူဟာနီကတော့ အဖျက်ရန်သူတွေရဲ့ ကြံစည်မှုတွေကို အောင်နိုင်ပြီလို့ အခိုင်အမာပြောဆိုထားပြီး ဖြစ်ပွားနေတဲ့ မငြိမ်မသက်မှုတွေရဲ့ နောက်ကွယ်မှာ အမေရိကန်၊ အစ္စရေးနဲ့ ဆော်ဒီအာရေဗျတို့ရှိနေတယ်လို့ စွပ်စွဲပြောဆိုပါတယ်။

Ref :BBC
Photo : Reuters
#voiceofmyanmar #အီရန် #ဆန္ဒပြခေါင်းဆောင်တွေကိုဖမ်း

Related posts

Leave a Comment

VOM News

FREE
VIEW