ေတာ္လွန္ေရးစတင္ေမြးဖြားတဲ့ ပုဏၰားေက်း႐ြာမွာ ဖက္ဆစ္ေတာ္လွန္ေရး(၇၅)ႏွစ္ေျမာက္စိန္ရတုပြဲျပဳလုပ္မယ္

သရက္၊ ႏိုဝင္ဘာ၂၃-၂၀၁၉
ဂ်န္ကိုးလ္(VOM)

ဖက္ဆစ္ကိုေတာ္လွန္ဖို႔အတြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကိုယ္တိုင္ စစ္ေၾကျငာခဲ့တဲ့ မေကြးတိုင္း၊ သရက္ခ႐ိုင္၊ သရက္ၿမိဳ႕နယ္၊ ပုဏၰားေက်း႐ြာမွာ ၇၅ႏွစ္ေျမာက္စိန္ရတုအထိမ္းအမွတ္ ဖက္ဆစ္ေတာ္လွန္ေရးေန႔ က်င္းပမယ္ က်င္းပေရေကာ္မတီကေန သိရပါတယ္။

၁၉၄၅ခုႏွစ္၊ မတ္လ၂၇ရက္ေန႔မွာ တပ္ေဖ်ာက္ထားၿပီး ေရာက္ရွိေနတဲ့ ေတာ္လွန္ေရးရဲေဘာ္အေပါင္းကို စတင္တိုက္ခိုက္ဖို႔ အမိန္႔ေပးစစ္ေၾကျငာခဲ့တဲ့ သမိုင္းမွတ္တမ္းေက်ာက္တိုင္ကိုလည္း ပုဏၰားေက်း႐ြာမွာ စိုက္ထူထားတယ္လို႔လည္း သိရပါတယ္။

”တိုင္းလႊတ္ေတာ္ရယ္၊ တိုင္းအစိုးရရယ္၊ ပါတီရယ္၊ က်မတို႔အစည္းေဝးလုပ္တယ္ အၾကမ္းအားျဖင့္ေတာ့၊ ေကာ္မတီဖြဲ႕ထားၿပီ၊ သူအပိုင္းသူေပါ့ ၊ ရံပုံေငြကအစေပါ့ က်မဆိုရင္ ေဖ်ာ္ေျဖေရးဥကၠဌတာဝန္လို႔ သတ္မွတ္ထားတယ္၊ တိုင္းအဆင့္လုပ္မယ္ဆိုေပမဲ့ ျပည္ေထာင္စုကိုလည္းဖိတ္မွာ၊ သမၼတႀကီးဦးဝင္းျမင့္ အေမစုနဲ႔ အျခားေခါင္းေဆာင္ေတြလဲ ဖိတ္မယ့္စိန္ရတုပြဲျဖစ္တယ္”လို႔ မင္းတုန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္သန္းႏုကေျပာပါတယ္။

လက္ရွိအေျခအေနအရ ပုဏၰားေက်း႐ြာဟာ လမ္းနဲ႔တံတားေတြ ေကာင္းမြန္ေနလို႔ ေဒၚေအာင္ဆန္းစုၾကည္ လာမယ္လို႔ေမွ်ာ္လင့္ထားၿပီး သရက္ခ႐ိုင္လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေဖ်ာ္ေျဖေရးတာဝန္ယူၾကရတယ္လို႔လည္း သိရပါတယ္။

”၂၀၁၅တုန္းက အေမစုကိုမင္းတုန္းလာဖို႔ ဖိတ္ထားတာ၊ လာမယ္ဦးတင္ဝင္းလို႔ ကတိေပးထားတယ္ဗ်၊ အခုစိန္ရတုပြဲလုပ္မဲ့ ပုဏၰားေက်း႐ြာနဲ႔ မေဝးေတာ့လာမယ္ထင္တယ္ ၊မင္းတုန္းျပည္သူ၅ေသာင္းကလည္း လာေစခ်င္ေနတယ္ေလ”လို႔ မင္းတုန္းၿမိဳ႔နယ္က မဲဆႏၵနယ္အမွတ္(၁) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ဝင္းကေျပာပါတယ္

အလားတူ ဗိုလ္ခ်ဳပ္ေအာင္ဆန္းစစ္ဆင္ခဲ့တဲ့ ကံမၿမိဳ႕နယ္၊ သရက္ေခ်ာင္းေက်း႐ြာက ေတာ္လွန္ေရးအထိမ္းအမွတ္ ေက်ာက္တိုင္ကေတာ့ တပ္မေတာ္အစိုးရက တည္ေဆာက္တဲ့ မေဒးဆည္ေဆာက္လုပ္ရာမွာ ေရေအာက္ကိုေရာက္ရွိသြားလို႔ မွတ္တမ္းေက်ာက္တိုင္မရိွေတာ့ဘူးလုိ႔ သိရၿပီဒ သရက္ၿမိဳ႕နယ္နဲ႔ ကံမၿမိဳ႕နယ္ကို မင္းတုန္းေခ်ာင္းက ပိုင္းျခားေပးထားတဲ့အတြက္ ၿမိဳ႕နယ္ကြဲေပမဲ့ မွတ္တမ္းေက်ာက္တိုင္က မိုင္၃၀ေလာက္ဘဲေဝးတယ္လို႔ ေဒသခံေတြက ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #ပုဏၰားေက်းရြာ #ဖက္ဆစ္ေတာ္လွန္ေရး

Unicode

တော်လှန်ရေးစတင်မွေးဖွားတဲ့ ပုဏ္ဏားကျေးရွာမှာ ဖက်ဆစ်တော်လှန်ရေး(၇၅)နှစ်မြောက်စိန်ရတုပွဲပြုလုပ်မယ်

သရက်၊ နိုဝင်ဘာ၂၃-၂၀၁၉
ဂျန်ကိုးလ်(VOM)

ဖက်ဆစ်ကိုတော်လှန်ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် စစ်ကြေငြာခဲ့တဲ့ မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ပုဏ္ဏားကျေးရွာမှာ ၇၅နှစ်မြောက်စိန်ရတုအထိမ်းအမှတ် ဖက်ဆစ်တော်လှန်ရေးနေ့ ကျင်းပမယ် ကျင်းပရေကော်မတီကနေ သိရပါတယ်။

၁၉၄၅ခုနှစ်၊ မတ်လ၂၇ရက်နေ့မှာ တပ်ဖျောက်ထားပြီး ရောက်ရှိနေတဲ့ တော်လှန်ရေးရဲဘော်အပေါင်းကို စတင်တိုက်ခိုက်ဖို့ အမိန့်ပေးစစ်ကြေငြာခဲ့တဲ့ သမိုင်းမှတ်တမ်းကျောက်တိုင်ကိုလည်း ပုဏ္ဏားကျေးရွာမှာ စိုက်ထူထားတယ်လို့လည်း သိရပါတယ်။

”တိုင်းလွှတ်တော်ရယ်၊ တိုင်းအစိုးရရယ်၊ ပါတီရယ်၊ ကျမတို့အစည်းဝေးလုပ်တယ် အကြမ်းအားဖြင့်တော့၊ ကော်မတီဖွဲ့ထားပြီ၊ သူအပိုင်းသူပေါ့ ၊ ရံပုံငွေကအစပေါ့ ကျမဆိုရင် ဖျော်ဖြေရေးဥက္ကဌတာဝန်လို့ သတ်မှတ်ထားတယ်၊ တိုင်းအဆင့်လုပ်မယ်ဆိုပေမဲ့ ပြည်ထောင်စုကိုလည်းဖိတ်မှာ၊ သမ္မတကြီးဦးဝင်းမြင့် အမေစုနဲ့ အခြားခေါင်းဆောင်တွေလဲ ဖိတ်မယ့်စိန်ရတုပွဲဖြစ်တယ်”လို့ မင်းတုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းနုကပြောပါတယ်။

လက်ရှိအခြေအနေအရ ပုဏ္ဏားကျေးရွာဟာ လမ်းနဲ့တံတားတွေ ကောင်းမွန်နေလို့ ဒေါ်အောင်ဆန်းစုကြည် လာမယ်လို့မျှော်လင့်ထားပြီး သရက်ခရိုင်လွှတ်တော်ကိုယ်စားလှယ်တွေက ဖျော်ဖြေရေးတာဝန်ယူကြရတယ်လို့လည်း သိရပါတယ်။

”၂၀၁၅တုန်းက အမေစုကိုမင်းတုန်းလာဖို့ ဖိတ်ထားတာ၊ လာမယ်ဦးတင်ဝင်းလို့ ကတိပေးထားတယ်ဗျ၊ အခုစိန်ရတုပွဲလုပ်မဲ့ ပုဏ္ဏားကျေးရွာနဲ့ မဝေးတော့လာမယ်ထင်တယ် ၊မင်းတုန်းပြည်သူ၅သောင်းကလည်း လာစေချင်နေတယ်လေ”လို့ မင်းတုန်းမြို့နယ်က မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းကပြောပါတယ်

အလားတူ ဗိုလ်ချုပ်အောင်ဆန်းစစ်ဆင်ခဲ့တဲ့ ကံမမြို့နယ်၊ သရက်ချောင်းကျေးရွာက တော်လှန်ရေးအထိမ်းအမှတ် ကျောက်တိုင်ကတော့ တပ်မတော်အစိုးရက တည်ဆောက်တဲ့ မဒေးဆည်ဆောက်လုပ်ရာမှာ ရေအောက်ကိုရောက်ရှိသွားလို့ မှတ်တမ်းကျောက်တိုင်မရှိတော့ဘူးလို့ သိရပြီဒ သရက်မြို့နယ်နဲ့ ကံမမြို့နယ်ကို မင်းတုန်းချောင်းက ပိုင်းခြားပေးထားတဲ့အတွက် မြို့နယ်ကွဲပေမဲ့ မှတ်တမ်းကျောက်တိုင်က မိုင်၃၀လောက်ဘဲဝေးတယ်လို့ ဒေသခံတွေက ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #ပုဏ္ဏားကျေးရွာ #ဖက်ဆစ်တော်လှန်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW