ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ကို တပ္မေတာ္က တရား႐ုံး၆ခုမွာ အမႈဖြင့္ထား

ရန္ကုန္၊ ႏိုဝင္ဘာ ၂၃-၂၀၁၉
ခ်မ္းၿငိမ္း(VOM)

ၿပီးခဲ့တဲ့ သၾကၤန္ကာလက သံခ်ပ္ထိုးေဖ်ာ္ေျဖခဲ့တဲ့ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ကို တပ္မေတာ္ဘက္က ရန္ကုန္နဲ႔ ဧရာ၀တီတိုင္းတို႔မွာ ပုဒ္မ ၅၀၅(က)၊ ၆၆(ဃ)အမူရွစ္ခုနဲ႔ တရားရံုး(၆)ခုမွာ အမႈဖြင့္ထားတယ္လို႔ ေဒါင္းတို႔မ်ိဳးဆက္အဖြဲ႔ကေန သိရပါတယ္။

ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕ဝင္ေတြကို မရမ္းကုန္းၿမိဳ႕နယ္တရား႐ုံးမွာပုဒ္မ ၅၀၅(က)နဲ႔၆၆(ဃ) ၊ ဗိုလ္တေထာင္ၿမိဳ႕နယ္ တရား႐ုံးမွာ၅၀၅(က)နဲ႔၆၆(ဃ)၊ ဧရာ၀တီတိုင္းေဒသႀကီး ေဒးဒရဲၿမိဳ႕နယ္တရား႐ုံးမွာ၅၀၅(က) ၊ ဖ်ာပုံတရား႐ုံးမွာ ၅၀၅(က)၊ မအူပင္တရား႐ုံးမွာ ၅၀၅(က)၊ ပုသိမ္တရား႐ုံးမွာ ၆၆(ဃ)နဲ႔တရားစြဲဆိုထားတာျဖစ္ပါတယ္။

သံခ်ပ္အဖြဲ႕ဝင္မ်ားျဖစ္တဲ့ ကိုေဇယ်ာလြင္ ၊ ကိုပိုင္ရဲသူ၊ ကိုပိုင္ၿဖိဳးမင္း (ခ)ဒီေရ၊ ကိုေဇာ္လင္းထြဋ္(ခ)ဖိုးသား၊ မေကခိုင္ထြန္း ၅ဦးကို မရမ္းကုန္းတရား႐ုံးက ပုဒ္မ ၅၀၅(က)နဲ႔ ေအာက္တိုဘာ ၃၀ရက္မွာ အလုပ္ႏွင့္ေထာင္ဒဏ္တစ္ႏွစ္၊ ႏို၀င္ဘာ ၁၈ရက္က ဗိုလ္တေထာင္ၿမိဳ႕နယ္ တရား႐ုံးကကိုေဇယ်ာလြင္ ၊ ကိုပိုင္ရဲသူ၊ ကိုပိုင္ၿဖိဳးမင္း (ခ)ဒီေရ၊ ကိုေဇာ္လင္းထြဋ္(ခ)ဖိုးသား၊ မေကခိုင္ထြန္းနဲ႔မဆုရတနာျမင့္တိုကို အလုပ္နဲ႔ေထာင္ဒဏ္တစ္ႏွစ္ ခ်မွတ္ထားတာလည္း ျဖစ္ပါတယ္။

“တရား႐ုံးေတြက ႏိုင္ငံေတာ္ကို ကိုယ္စားျပဳတယ္။ ႏိုင္ငံေတာ္ကို ကိုယ္စားျပဳတဲ့ တရား႐ုံးေတြက ျပည္သူကို မ်က္ႏွာမမူဘဲ စစ္တပ္ကို မ်က္ႏွာမူၿပီး ခ်တဲ့အမိန႔္ျဖစ္တယ္”လို႔ ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႔ဝင္ ကိုေဇယ်ာလြင္ပ ႏို၀င္ဘာ၁၈ရက္ အမိန္႔ခ်အၿပီးမွာ ေျပာခဲ့ပါတယ္။

ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၆(ဃ)နဲ႔ ဗိုလ္တေထာင္ၿမိဳ႕နယ္နဲ႔ မရမ္းကုန္းၿမိဳ႕နယ္တရား႐ုံးတို႔မွာ အပတ္စဥ္႐ုံးထုတ္စစ္ေဆးေနတာျဖစ္ၿပီး ဧရာ၀တီတိုင္းက အမႈေတြကေတာ့ အမႈဖြင့္ထားတဲ့ အဆင့္မွာပဲ ရွိေနေသးတာျဖစ္ပါတယ္။

ဒီလိုတရားစြဲဆိုၿပီး အမိန႔္ခ်မွတ္ေနတာေတြက ဥပေဒနဲ႔မညီတာေတြရွိေနတဲ့အတြက္ ႏိုင္ငံေတာ္သမၼတနဲ႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္တို႔ကို တင္ျပသြားမယ္လို႔ ေက်ာင္းသားေခါင္းေဆာင္မ်ားနဲ႔ ႏိုင္ငံေရးအင္အားစုေတြက သံုးသပ္ေျပာဆိုထားတာလည္း ျဖစ္ပါတယ္။

#voiceofmyanmar #ရန္ကုန္ #ေဒါင္းမ်ုိဳးဆက္ #တရားစြဲ

Unicode

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို တပ်မတော်က တရားရုံး၆ခုမှာ အမှုဖွင့်ထား

ရန်ကုန်၊ နိုဝင်ဘာ ၂၃-၂၀၁၉
ချမ်းငြိမ်း(VOM)

ပြီးခဲ့တဲ့ သင်္ကြန်ကာလက သံချပ်ထိုးဖျော်ဖြေခဲ့တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို တပ်မတော်ဘက်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းတို့မှာ ပုဒ်မ ၅၀၅(က)၊ ၆၆(ဃ)အမူရှစ်ခုနဲ့ တရားရုံး(၆)ခုမှာ အမှုဖွင့်ထားတယ်လို့ ဒေါင်းတို့မျိုးဆက်အဖွဲ့ကနေ သိရပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေကို မရမ်းကုန်းမြို့နယ်တရားရုံးမှာပုဒ်မ ၅၀၅(က)နဲ့၆၆(ဃ) ၊ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ၅၀၅(က)နဲ့၆၆(ဃ)၊ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်တရားရုံးမှာ၅၀၅(က) ၊ ဖျာပုံတရားရုံးမှာ ၅၀၅(က)၊ မအူပင်တရားရုံးမှာ ၅၀၅(က)၊ ပုသိမ်တရားရုံးမှာ ၆၆(ဃ)နဲ့တရားစွဲဆိုထားတာဖြစ်ပါတယ်။

သံချပ်အဖွဲ့ဝင်များဖြစ်တဲ့ ကိုဇေယျာလွင် ၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း (ခ)ဒီရေ၊ ကိုဇော်လင်းထွဋ်(ခ)ဖိုးသား၊ မကေခိုင်ထွန်း ၅ဦးကို မရမ်းကုန်းတရားရုံးက ပုဒ်မ ၅၀၅(က)နဲ့ အောက်တိုဘာ ၃၀ရက်မှာ အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်၊ နိုဝင်ဘာ ၁၈ရက်က ဗိုလ်တထောင်မြို့နယ် တရားရုံးကကိုဇေယျာလွင် ၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း (ခ)ဒီရေ၊ ကိုဇော်လင်းထွဋ်(ခ)ဖိုးသား၊ မကေခိုင်ထွန်းနဲ့မဆုရတနာမြင့်တိုကို အလုပ်နဲ့ထောင်ဒဏ်တစ်နှစ် ချမှတ်ထားတာလည်း ဖြစ်ပါတယ်။

“တရားရုံးတွေက နိုင်ငံတော်ကို ကိုယ်စားပြုတယ်။ နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ တရားရုံးတွေက ပြည်သူကို မျက်နှာမမူဘဲ စစ်တပ်ကို မျက်နှာမူပြီး ချတဲ့အမိန့်ဖြစ်တယ်”လို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်ပ နိုဝင်ဘာ၁၈ရက် အမိန့်ချအပြီးမှာ ပြောခဲ့ပါတယ်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ ဗိုလ်တထောင်မြို့နယ်နဲ့ မရမ်းကုန်းမြို့နယ်တရားရုံးတို့မှာ အပတ်စဉ်ရုံးထုတ်စစ်ဆေးနေတာဖြစ်ပြီး ဧရာဝတီတိုင်းက အမှုတွေကတော့ အမှုဖွင့်ထားတဲ့ အဆင့်မှာပဲ ရှိနေသေးတာဖြစ်ပါတယ်။

ဒီလိုတရားစွဲဆိုပြီး အမိန့်ချမှတ်နေတာတွေက ဥပဒေနဲ့မညီတာတွေရှိနေတဲ့အတွက် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို တင်ပြသွားမယ်လို့ ကျောင်းသားခေါင်းဆောင်များနဲ့ နိုင်ငံရေးအင်အားစုတွေက သုံးသပ်ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #ရန်ကုန် #ဒေါင်းမျိုးဆက် #တရားစွဲ

Related posts

Leave a Comment

VOM News

FREE
VIEW