ေရနံယိုဖိတ္မႈျဖစ္ခဲ့ရင္ ထိခိုက္လြယ္တဲ့ေနရာေတြသိႏိုင္ဖို႔ တိုင္းနဲ႔ျပည္နယ္ ၆ ခုကို ကြင္းဆင္းေလ့လာ

ရန္ကုန္ နိုဝင္ဘာ ၂၃-၂၀၁၉
သိဂီ ၤ( VOM)

ျမန္မာ့ပင္လယ္ျပင္နယ္နိမိတ္အတြင္း ေရနံယိုဖိတ္မွုျဖစ္ပြားခဲ့ရင္ ထိခိုက္လြယ္မယ့္ ေနရာေတြကို ႀကိဳတင္သိနိုင္ဖို႔ တိုင္းနဲ႔ျပည္နယ္(၆)ခုကို ကြင္းဆင္းေလ့လာတာေတြ စတင္လုပ္ေဆာင္ေနျပီလို႕ သားငွက္ထိန္းသိမ္းေရးအဖြဲ႕ ျမန္မာနိုင္ငံအစီအစဥ္(WCS)ကေန သိရပါတယ္။

ကြင္းဆင္းေလ့လာတာၿပီးရင္ ေရနံယိုဖိတ္မႈေႀကာင့္ ထိခိုက္မႈျမင့္မားနိုင္မယ့္ ေနရာေတြကိုသိရွိနိုင္ျပီး ထိန္းသိမ္းကာကြယ္သင့္တဲ့ ဥပေဒပိုင္းဆိုင္ရာအပါအဝင္ အႀကံျပဳခ်က္ေတြကို တိတိက်က် ထုတ္ျပန္နိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

“ေနာက္ႏွစ္ေလာက္ထဲမွာဆိုရင္ တိတိက်က်ထုတ္ျပန္နိုင္ပါမယ္။ ဘယ္ေနရာကထိခိုက္မႈ ျမင့္မားနိုင္တဲ့ေနရာ၊ ဘယ္ေနရာကေတာ့ ဘယ္လိုအမ်ိဳးအစားေတြကို ဦးစားေပးထိခိုက္နိုင္တယ္။ဘယ္လို ထိန္းသိမ္းကာကြယ္ ေရးလုပ္မလဲ၊ ေလ်ွာ့ခ်ေရး လုပ္ဆိုတာေတြ၊ ဥပေဒေတြ၊ ဘယ္လိုထုတ္ျပန္သင့္တယ္ဆိုတဲ႕အႀကံေပးခ်က္ေတြ လုပ္သြားဖို့ရွိတယ္။ ခုကေတာ့ ေလ့လာေနတုန္းျဖစ္တယ္။ “လို႕ သားငွက္ထိန္းသိမ္းေရးအဖြဲ႕ ျမန္မာနိုင္ငံအစီအစဥ္ (WCS)ရဲ႕ အဏၰဝါပညာရွင္ ဦးေသာင္းထြဋ္ကေျပာပါတယ္။

လက္ရွိမွာ ကနဦးေလ့လာေနဆဲသာျဖစ္ၿပီး ပထမဆုံးေလ့လာမႈကို ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ့နယ္ မေဒးကၽြန္းတစ္ဝိုက္မွာ ျပဳလုပ္ခဲ့ပါတယ္။

ကြင္းဆင္းေလ့လာမွုေတြအရ မေဒးကၽြန္းတစ္ဝိုက္မွာငါးေတြရဲ႕ ငါးေန ငါးထိုင္ ဧရိယာ၊ ငါးသယံဇာတေတြရဲ႕မ်ိဳးစိတ္တည္ရွိမွု၊ ဆိပ္ကမ္း၊ ကမ္းေျခ၊ လိပ္ေသာင္၊ ပင္လယ္ငွက္မ်ိဳးစိတ္ေတြ ေပါက္ဖြားရာ ေနရာနဲ႔ ထိခိုက္နိုင္ေျခရွိတဲ့ေနရာေတြကို ေဖာ္ထုတ္နိုင္ခဲ့တယ္လို႔ သိရပါတယ္။

လာမယ့္ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလေနာက္ဆုံးပတ္မွာ ဒုတိယအေနနဲ႔ တိုင္းႏွင့္ျပည္နယ္ (၆)ခုထဲက တနသၤာရီတိုင္းေဒသႀကီး ထားဝယ္ခရိုင္ရွိ ကမ္းရိုးတန္းေဒသသုံးခုျဖစ္တဲဲ့ ေရျဖဴ ၊ ေလာင္းလုံ ၊ သရက္ေခ်ာင္း ကို လုပ္ေဆာင္ဖို႔ လ်ာထာၿပီး တိုင္းႏွင့္ျပည္နယ္ ၆ ခုက တနသၤာရီတိုင္း၊ ဧရာဝတီတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ရခိုင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္ တုိ႔ကို ကြင္းဆင္းေလ့လာသြားမွာ ျဖစ္ပါတယ္။

ခုလို ႀကိဳတင္ေလ့လာေဆာင္ရြက္ခ်က္ေတြဟာ နိုင္ငံအဆင့္ ဆီယိုဖိတ္မွဳတုံ႔ျပန္ေဆာင္ရြက္ေရးစီမံခ်က္ရဲ႕ တစ္စိတ္တစ္ပိုင္းပါဝင္သလို ကမ္းရိုးတန္းေဒသေတြမွာ ေရနံယိုဖိတ္မွဳျဖစ္စဥ္ေတြ ျဖစ္ပြားခဲ့ရင္ အလ်င္အျမန္ တုံ႔ျပန္ေျဖရွင္းနိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #ေရနံယိုဖိတ္မွဳ #ကြင္းဆင္း

Unicode

ရေနံယိုဖိတ်မှုဖြစ်ခဲ့ရင် ထိခိုက်လွယ်တဲ့နေရာတွေသိနိုင်ဖို့ တိုင်းနဲ့ပြည်နယ် ၆ ခုကို ကွင်းဆင်းလေ့လာ

ရန်ကုန် နိုဝင်ဘာ ၂၃-၂၀၁၉
သိဂီ ၤ( VOM)

မြန်မာ့ပင်လယ်ပြင်နယ်နိမိတ်အတွင်း ရေနံယိုဖိတ်မှုဖြစ်ပွားခဲ့ရင် ထိခိုက်လွယ်မယ့် နေရာတွေကို ကြိုတင်သိနိုင်ဖို့ တိုင်းနဲ့ပြည်နယ်(၆)ခုကို ကွင်းဆင်းလေ့လာတာတွေ စတင်လုပ်ဆောင်နေပြီလို့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီအစဉ်(WCS)ကနေ သိရပါတယ်။

ကွင်းဆင်းလေ့လာတာပြီးရင် ရေနံယိုဖိတ်မှုကြောင့် ထိခိုက်မှုမြင့်မားနိုင်မယ့် နေရာတွေကိုသိရှိနိုင်ပြီး ထိန်းသိမ်းကာကွယ်သင့်တဲ့ ဥပဒေပိုင်းဆိုင်ရာအပါအဝင် အကြံပြုချက်တွေကို တိတိကျကျ ထုတ်ပြန်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

“နောက်နှစ်လောက်ထဲမှာဆိုရင် တိတိကျကျထုတ်ပြန်နိုင်ပါမယ်။ ဘယ်နေရာကထိခိုက်မှု မြင့်မားနိုင်တဲ့နေရာ၊ ဘယ်နေရာကတော့ ဘယ်လိုအမျိုးအစားတွေကို ဦးစားပေးထိခိုက်နိုင်တယ်။ဘယ်လို ထိန်းသိမ်းကာကွယ် ရေးလုပ်မလဲ၊ လျှော့ချရေး လုပ်ဆိုတာတွေ၊ ဥပဒေတွေ၊ ဘယ်လိုထုတ်ပြန်သင့်တယ်ဆိုတဲ့အကြံပေးချက်တွေ လုပ်သွားဖို့ရှိတယ်။ ခုကတော့ လေ့လာနေတုန်းဖြစ်တယ်။ “လို့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီအစဉ် (WCS)ရဲ့ အဏ္ဏဝါပညာရှင် ဦးသောင်းထွဋ်ကပြောပါတယ်။

လက်ရှိမှာ ကနဦးလေ့လာနေဆဲသာဖြစ်ပြီး ပထမဆုံးလေ့လာမှုကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းတစ်ဝိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

ကွင်းဆင်းလေ့လာမှုတွေအရ မဒေးကျွန်းတစ်ဝိုက်မှာငါးတွေရဲ့ ငါးနေ ငါးထိုင် ဧရိယာ၊ ငါးသယံဇာတတွေရဲ့မျိုးစိတ်တည်ရှိမှု၊ ဆိပ်ကမ်း၊ ကမ်းခြေ၊ လိပ်သောင်၊ ပင်လယ်ငှက်မျိုးစိတ်တွေ ပေါက်ဖွားရာ နေရာနဲ့ ထိခိုက်နိုင်ခြေရှိတဲ့နေရာတွေကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လာမယ့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်မှာ ဒုတိယအနေနဲ့ တိုင်းနှင့်ပြည်နယ် (၆)ခုထဲက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိ ကမ်းရိုးတန်းဒေသသုံးခုဖြစ်တဲ့ ရေဖြူ ၊ လောင်းလုံ ၊ သရက်ချောင်း ကို လုပ်ဆောင်ဖို့ လျာထာပြီး တိုင်းနှင့်ပြည်နယ် ၆ ခုက တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့ကို ကွင်းဆင်းလေ့လာသွားမှာ ဖြစ်ပါတယ်။

ခုလို ကြိုတင်လေ့လာဆောင်ရွက်ချက်တွေဟာ နိုင်ငံအဆင့် ဆီယိုဖိတ်မှုတုံ့ပြန်ဆောင်ရွက်ရေးစီမံချက်ရဲ့ တစ်စိတ်တစ်ပိုင်းပါဝင်သလို ကမ်းရိုးတန်းဒေသတွေမှာ ရေနံယိုဖိတ်မှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ရင် အလျင်အမြန် တုံ့ပြန်ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #ရေနံယိုဖိတ်မှု #ကွင်းဆင်း

Related posts

Leave a Comment

VOM News

FREE
VIEW