မေလးရွားနုိင္ငံမွာ ဆူမားတြားၾကံ႕မ်ိဳးစိတ္ လံုး၀မ်ိဳးသုန္းေပ်ာက္ကြယ္ျပီ

မေလးရွားနုိင္ငံမွာ ဆူမားတြားၾကံ႕မ်ိဳးစိတ္ လံုး၀မ်ိဳးသုန္းေပ်ာက္ကြယ္ျပီ

ကြာလာလမ္ပူ၊ နို၀င္ဘာ-၂၄-၂၀၁၉
မ်ိဳးဆက္ (VOM)

မေလးရွားနုိင္ငံမွာ က်န္ရိွေနတဲ႔ တစ္ေကာင္တည္းေသာ ဆူမားတြားၾကံ႕ဟာ ေသဆံုးသြားျပီျဖစ္တာေၾကာင္႔ နိုင္ငံအတြင္းမွာ ဆူမားတြားၾကံ႕မ်ိဳးစိတ္ လံုး၀မ်ိဳးသုန္း ေပ်ာက္ကြယ္သြားျပီျဖစ္ပါတယ္။

အသက္ ၂၅ နွစ္အရြယ္ရိွျပီျဖစ္တဲ႔ အိုင္မန္လို႔အမည္ရတဲ႔ ဆူမားတြားၾကံ႕မဟာ မေလးရွားနိုင္ငံ ေဘာ္နီယိုကြ်န္းေပၚမွာ နုိ၀င္ဘာ ၂၃ ရက္က ကင္ဆာေရာဂါနဲ႔ ေသဆံုးသြားတာျဖစ္ပါတယ္။
ယခုနွစ္ေမလအတြင္းမွာ မေလးရွားနုိင္ငံရဲ႕ ေနာက္ဆံုးဆူမားတြားၾကံ႕ထီး ေသဆံုးခဲ႔ပါတယ္။ ဆူမားတြားၾကံ႕ေတြဟာ အာရွတစ္၀န္းမွာ တစ္ခ်ိန္က ပ်ံ႕နွံ႔က်က္စားခဲ႔ေပမယ္႔လည္း ယခုအခါမွာေတာ႔ ေကာင္ေရ ၁၀၀ ေအာက္သာက်န္ရိွေတာ႔ျပီး မ်ိဳးသုန္းေပ်ာက္ကြယ္မယ္႔ အႏၱရာယ္နဲ႔ ရင္ဆိုင္ေနရပါတယ္။

တိရိစာၦန္ေတြေသဆံုးတာဟာ သဘာ၀တစ္ခုျဖစ္ေပမယ္႔ အိုင္မန္ေသဆံုးမႈကေတာ႔ အထိတ္တလန္႔ျဖစ္စရာလို႔ ဆာဘတ္ျပည္နယ္ ခရီးသြား ၊ ယဥ္ေက်းမႈနဲ႔ သဘာ၀ပတ္၀န္းက်င္၀န္ၾကီး ခရစ္စတင္းလီယူကေျပာပါတယ္။

အုိင္မန္က ၂၀၁၄ ခုနွစ္ကဖမ္းဆီးရမိျပီးကတည္းက ေသဆံုးသြားခ်ိန္အထိ အေကာင္းဆံုးဂရုစိုက္မႈေတြနဲ႔ စိတ္၀င္စားမႈေတြ ခံခဲ႔ရတယ္လို႔ ခရစ္စတင္းကဆိုပါတယ္။

ကမၻာေပၚမွာ ၾကံ႕မ်ိဳးစိတ္ငါးမ်ိဳးကို ဒီေန႔အခ်ိန္ထိေတြ႔ျမင္နုိင္ျပီး မ်ိဳးစိတ္နွစ္ခုကို အာဖရိကနဲ႔ က်န္သံုးမ်ိဳးကို အာရွတိုက္မွာေတြ႔ေနရပါတယ္။ အာရွတိုက္က မ်ိဳးစိတ္ေတြထဲမွာေတာ႔ မ်ိဳးသုန္းေပ်ာက္ကြယ္လုျဖစ္ေနတဲ႔ ဆူမားတြားၾကံ႕ေတြ ပါ၀င္ေနပါတယ္။

Ref : BBC
Photo : AFP
#vocieofmyanmar #မေလးရွား #ဆူမားတြားၾကံ႕

Unicode

မလေးရှားနိုင်ငံမှာ ဆူမားတွားကြံ့မျိုးစိတ် လုံးဝမျိုးသုန်းပျောက်ကွယ်ပြီ

ကွာလာလမ်ပူ၊ နိုဝင်ဘာ-၂၄-၂၀၁၉
မျိုးဆက် (VOM)

မလေးရှားနိုင်ငံမှာ ကျန်ရှိနေတဲ့ တစ်ကောင်တည်းသော ဆူမားတွားကြံ့ဟာ သေဆုံးသွားပြီဖြစ်တာကြောင့် နိုင်ငံအတွင်းမှာ ဆူမားတွားကြံ့မျိုးစိတ် လုံးဝမျိုးသုန်း ပျောက်ကွယ်သွားပြီဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိုင်မန်လို့အမည်ရတဲ့ ဆူမားတွားကြံ့မဟာ မလေးရှားနိုင်ငံ ဘော်နီယိုကျွန်းပေါ်မှာ နိုဝင်ဘာ ၂၃ ရက်က ကင်ဆာရောဂါနဲ့ သေဆုံးသွားတာဖြစ်ပါတယ်။
ယခုနှစ်မေလအတွင်းမှာ မလေးရှားနိုင်ငံရဲ့ နောက်ဆုံးဆူမားတွားကြံ့ထီး သေဆုံးခဲ့ပါတယ်။ ဆူမားတွားကြံ့တွေဟာ အာရှတစ်ဝန်းမှာ တစ်ချိန်က ပျံ့နှံ့ကျက်စားခဲ့ပေမယ့်လည်း ယခုအခါမှာတော့ ကောင်ရေ ၁၀၀ အောက်သာကျန်ရှိတော့ပြီး မျိုးသုန်းပျောက်ကွယ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

တိရိစ္ဆာန်တွေသေဆုံးတာဟာ သဘာဝတစ်ခုဖြစ်ပေမယ့် အိုင်မန်သေဆုံးမှုကတော့ အထိတ်တလန့်ဖြစ်စရာလို့ ဆာဘတ်ပြည်နယ် ခရီးသွား ၊ ယဉ်ကျေးမှုနဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီး ခရစ်စတင်းလီယူကပြောပါတယ်။

အိုင်မန်က ၂၀၁၄ ခုနှစ်ကဖမ်းဆီးရမိပြီးကတည်းက သေဆုံးသွားချိန်အထိ အကောင်းဆုံးဂရုစိုက်မှုတွေနဲ့ စိတ်ဝင်စားမှုတွေ ခံခဲ့ရတယ်လို့ ခရစ်စတင်းကဆိုပါတယ်။

ကမ္ဘာပေါ်မှာ ကြံ့မျိုးစိတ်ငါးမျိုးကို ဒီနေ့အချိန်ထိတွေ့မြင်နိုင်ပြီး မျိုးစိတ်နှစ်ခုကို အာဖရိကနဲ့ ကျန်သုံးမျိုးကို အာရှတိုက်မှာတွေ့နေရပါတယ်။ အာရှတိုက်က မျိုးစိတ်တွေထဲမှာတော့ မျိုးသုန်းပျောက်ကွယ်လုဖြစ်နေတဲ့ ဆူမားတွားကြံ့တွေ ပါဝင်နေပါတယ်။

Ref : BBC
Photo : AFP
#vocieofmyanmar #မလေးရှား #ဆူမားတွားကြံ့

Related posts

Leave a Comment

VOM News

FREE
VIEW