ဟိုမိန္းမွာဖမ္းဆီးရမိတဲ့ လက္နက္အမ်ားစုဟာ တ႐ုတ္ႏိုင္ငံလုပ္ေတြျဖစ္ေန

ဟိုမိန္းမွာဖမ္းဆီးရမိတဲ့ လက္နက္အမ်ားစုဟာ တ႐ုတ္ႏိုင္ငံလုပ္ေတြျဖစ္ေန

 

ေနျပည္ေတာ္ – နိုုဝင္ဘာ ၂၄-၂၀၁၉

ခ်မ္းၿငိမ္း (VOM)

 

တပ္မေတာ္က သိမ္းဆည္းရမိထားတဲ႕ TNLA အဖြဲ႕ဝွက္ထားတဲ့လက္နက္ေတြဟာတ႐ုတ္ႏိုင္ငံလုပ္ လက္နက္အမ်ားဆုံးပါ၀င္တယ္လို႔တပ္မေတာ္သတင္းအမွန္ျပန္ၾကားေရးအဖြဲ႕ ဒုတိယဥကၠဌဗိုလ္ခ်ဳပ္ထြန္းထြန္းညီကေျပာပါတယ္။

 

ႏိုဝင္ဘာလ၂၄ရက္ဒီကေန႕မနက္ကေနျပည္ေတာ္တပ္မေတာ္စစ္သမိုင္းျပတိုက္မွာက်င္းပတဲ့သတင္းစာရွင္းလင္းပြဲမွာ‌ေျပာၾကားလိုက္တာပါ။

 

အသစ္လားအေဟာင္းလား စိစစ္ေနတာရွိပါတယ္။ ဒါနဲ႔ပါတ္သက္ၿပီးေတာ္ေတာ္မ်ားမ်ားကတ႐ုတ္ႏိုင္ငံလုပ္ လက္နက္ေတြပါေနတာေတြ႕ရတယ္။ FN 6 ဆိုရင္‌ေျမျပင္ကေနေဝဟင္ပစ္တဲ့ေလယာဥ္ပစ္လက္နက္မ်ိဳးျဖစ္ပါတယ္။FN6 ကthird gengeration ျဖစ္တာေပါ့။၂၀၀၀ခုႏွစ္ေနာက္ပိုင္းမွာထြက္လာတဲ့လက္နက္အမ်ိဳးအစားျဖစ္ပါတယ္။တျခားႏိုင္ငံေတြကိုတင္ပို႔တဲ့အမ်ိဳးအစားျဖစ္တာကို  ေတြ႕ရမွာျဖစ္ပါတယ္။ ဒီလက္နက္ေတြ၀ယ္ဖို႔ပိုက္ဆံဘယ္ကရလဲမွန္းဆၾကည့္ရင္သိႏိုင္ပါတယ္လို႔ဗိုလ္ခ်ဳပ္ထြန္းထြန္ညီကေျပာပါတယ္။

 

ဒီလိုလက္နက္ကိုက္အဖြဲ႕အစည္းေပၚေပါက္လာတာလည္းသိပ္မၾကာေသးဘူး။သူ႔မွာတျခားဝင္ေငြရစီးပြားေရးလုပ္ငန္းလည္းမရွိဘူး။လက္နက္ဆိုတာကေတာ့ပုဂၢလိကစီးပြားေရးအေနနဲ႔ေရာင္းလို႔ဝယ္လို႔ရတဲ့ကိစၥမဟုတ္ဘူး။ဒီတန္ဖိုးေတြကမ်ားပါတယ္။ဒီလက္နက္ခဲယမ္းတန္ဖိုးေတြကကမာၻေဈးအမ်ားဆုံးပစၥည္းျဖစ္တယ္။ ေဈးအမ်ားဆုံးပစၥည္းျဖစ္တဲ့အတြက္ဝယ္ရတာလည္းခက္တယ္။ တန္ဖိုးလည္းမ်ားတယ္ လြယ္လြယ္ကူကူနဲ႔ ဝယ္လို႔တပ္ဆင္လိုု႕မရတဲ့အေပၚမွာ ေငြရလြယ္ေအာင္လိုု ႔မူးယစ္ေဆးဝါးလုပ္တာသယံဇာတေတြေရာင္းတာအျခားေသာနည္းလမ္းေတြနဲ႔ဝယ္တာေတြရွိမယ္။တန္ဖိုးကေတာ့မ်ားတယ္လို႔ပဲေျပာခ်င္ပါတယ္လို႔သူက‌ေျပာပါတယ္။

 

ပေလာင္ကိုယ္ပိုင္အုပ္ခ်ဴပ္ခြင့္ရေဒသ၊နမ့္ဆန္ၿမိဳ႕နယ္၊ဟိုမိန္း‌ေက်း႐ြာမွာႏိုဝင္ဘာ၂၂ရက္ေန႔ညေနပိုင္းကTNLAအဖြဲ႕သိုဝွက္ထားတဲ့လက္နက္၊ခဲယမ္း၊ စစ္ဝတ္စုံ‌ေတြကိုတပ္မေတာ္ဘက္ကနယ္ေျမရွင္းလင္းေရးလုပ္တဲ့အခ်ိန္မွာေနရာ၃ခုကေန သိမ္းဆည္းရမိခဲ့တာျဖစ္ပါတယ္။

 

အဲဒီလိုထိေတြ႕ပစ္ခတ္မႈေတြျဖစ္ပြားခဲ့တဲ့ေနရာေတြကိုတပ္မေတာ္မွအေသးစိတ္ရွင္းလင္းခဲ့ရာႏိုဝင္ဘာလ၂၂ရက္၊နံနက္ပိုင္းအခ်ိန္ကဟိုမိန္းေက်း႐ြာရဲ႕အေရွ႕ေတာင္ဘက္မွာTNLAရဲ႕လက္နက္သိုဝွက္သိမ္းဆည္းရာေနရာ(၃)ခုကိုေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

 

အီလိုဖမ္းဆီရမိခဲ့တဲ့လက္နက္ေတြကေတာ့FN-6 ပခုံးထမ္းေလယာဥ္ပစ္လက္နက္၁လက္၊လက္ပစ္ဗုံး၃၇လုံး၊TNLA ယူနီေဖာင္းမ်ိဳးစုံထည့္ထားတဲ့အိတ္အႀကီး၇၇အိတ္၊အမ္(၂၂)ေသနတ္၃၉လက္၊K-12 ေသနတ္၆၉လက္၊အမ္(၁၆)ေသနတ္၉လက္၊စက္ေသနတ္အလတ္စား၂၉လက္၊အာရ္ပီဂ်ီ(၇) ၁၆လက္၊အာရ္ပီဂ်ီ(၂) ၅လက္၊၁၂ဗို႔ဆလိုက္၂လက္၊၇.၆၂မီလီမီတာက်ည္၄၃၁၆၀ေတာင့္၊ဒသမ၅က်ည္၃၀၀၀ေတာင့္၊အမ္(၂၂) က်ည္၁၀၅ေတာင့္၊အမ္(၂၂) က်ည္အိမ္၁၄၀၀ခု၊ယမ္းေပ်ာ့၂၀ပုံး၊လက္ပစ္ဗုံး၈၄၃လုံး၊၆၀မမဗုံးသီး၉၈လုံး၊၆၀မမထိပ္ဖူး၉၀လုံး၊၄၀မမဗုံးသီး၁၄၈လုံး၊အားျမႇင့္ယမ္းဗူး၈၈၅ဗူးတို႔ကိုေတြ႕ရွိသိမ္းဆည္းရမိခဲ့တာျဖစ္တယ္လို႔သိရပါတယ္။

 

‌ေျမျပင္ကေနေဝဟင္ထိပစ္ႏိုင္တဲ့ဘFN 6 လက္နက္ကတစ္လက္ကိုအေမရိကန္ေဒၚလာ ၇၅၀၀၀ကေန၉၀၀၀၀ေလာက္အထိေပါက္ေဈးရွိတယ္လို႔သိရပါတယ္။

 

#voiceofmyanmar #TNLA  #သိမ္းဆည္းရမိတဲ႕လက္နက္အေၾကာင္းရွင္းလင္း #တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး

Unicode

ဟိုမိန်းမှာဖမ်းဆီးရမိတဲ့ လက်နက်အများစုဟာ တရုတ်နိုင်ငံလုပ်တွေ ဖြစ်နေ

နေပြည်တော် – နိုဝင်ဘာ ၂၄-၂၀၁၉
ချမ်းငြိမ်း (VOM)

တပ်မတော်က သိမ်းဆည်းရမိထားတဲ့ TNLA အဖွဲ့ ဝှက်ထားတဲ့ လက်နက်တွေဟာ တရုတ်နိုင်ငံလုပ် လက်နက်အများဆုံးပါဝင်တယ်လို့ တပ်မတော် သတင်းအမှန် ပြန်ကြားရေးအဖွဲ့ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ် ထွန်းထွန်းညီ က ပြောပါတယ်။

နိုဝင်ဘာလ ၂၄ ရက် ဒီကနေ့မနက်က နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

အသစ်လားအဟောင်းလား စိစစ်နေတာရှိပါတယ်။ ဒါနဲ့ပါတ်သက်ပြီး တော်တော်များများက တရုတ်နိုင်ငံလုပ် လက်နက် တွေပါနေတာတွေ့ရတယ်။ FN 6 ဆိုရင်မြေပြင်ကနေ ဝေဟင်ပစ်တဲ့လေယာဉ်ပစ် လက်နက်မျိုးဖြစ်ပါတယ်။ FN6 က third gengeration ဖြစ်တာပေါ့။ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ထွက်လာတဲ့ လက်နက်အမျိုးအစား ဖြစ်ပါ တယ်။ တခြားနိုင်ငံတွေကို တင်ပို့တဲ့ အမျိုးအစားဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလက်နက်တွေဝယ်ဖို့ ပိုက်ဆံဘယ်ကရလဲမှန်းဆကြည့်ရင်သိနိုင်ပါတယ်လို့ဗိုလ်ချုပ်ထွန်းထွန်ညီကပြောပါတယ်။

ဒီလိုလက်နက်ကိုက်အဖွဲ့အစည်းပေါ်ပေါက်လာတာလည်း သိပ်မကြာသေးဘူး။ သူ့မှာတခြားဝင်ငွေရစီးပွားရေးလုပ်ငန်း လည်း မရှိဘူး။ လက်နက်ဆိုတာကတော့ ပုဂ္ဂလိက စီးပွားရေး အနေနဲ့ ရောင်းလို့ဝယ်လို့ရတဲ့ကိစ္စမဟုတ်ဘူး။ ဒီတန်ဖိုးတွေကများပါတယ်။ ဒီလက်နက်ခဲယမ်းတန်ဖိုးတွေက ကမ္ဘာဈေး အများဆုံးပစ္စည်းဖြစ်တယ်။ ဈေးအများဆုံးပစ္စည်းဖြစ်တဲ့အတွက် ဝယ်ရတာလည်းခက်တယ်။ တန်ဖိုးလည်းများတယ် လွယ်လွယ်ကူကူနဲ့ ဝယ်လို့တပ်ဆင်လို့မရတဲ့အပေါ်မှာ ဝယ်ရလွယ်အောင်လို့ မူးယစ်ဆေးဝါးလုပ်တာ သယံဇာတတွေရောင်းတာ အခြားသောနည်းလမ်းတွေနဲ့ ဝယ်တာတွေရှိမယ်။ တန်ဖိုးကတော့ များတယ်လို့ပဲပြောချင်ပါတယ်လို့ သူကပြောပါတယ်။

ပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ဟိုမိန်းကျေးရွာမှာ နိုဝင်ဘာ၂၂ရက်နေ့ညနေပိုင်းက TNLAအဖွဲ့သိုဝှက်ထားတဲ့ လက်နက်၊ခဲယမ်း၊ စစ်ဝတ်စုံတွေကို တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးလုပ်တဲ့ အချိန်မှာ နေရာ၃ခုကနေ သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

အဲဒီလို ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့နေရာတွေကို တပ်မတော်မှ အသေးစိတ်ရှင်းလင်းခဲ့ရာ နိုဝင်ဘာလ ၂၂ရက်၊ နံနက်ပိုင်းအချိန်က ဟိုမိန်းကျေးရွာရဲ့ အရှေ့တောင်ဘက်မှာ TNLAရဲ့လက်နက်သိုဝှက်သိမ်းဆည်းရာ နေရာ(၃)ခုကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အီလိုဖမ်းဆီရမိခဲ့တဲ့လက်နက်တွေကတော့ FN-6 ပခုံးထမ်း လေယာဉ်ပစ်လက်နက် ၁လက်၊ လက်ပစ်ဗုံး ၃၇ လုံး၊ TNLA ယူနီဖောင်းမျိုးစုံ ထည့်ထားတဲ့ အိတ်အကြီး ၇၇အိတ်၊ အမ်(၂၂)သေနတ် ၃၉ လက်၊ K-12 သေနတ် ၆၉လက်၊ အမ်(၁၆)သေနတ် ၉ လက်၊ စက်သေနတ်အလတ်စား ၂၉ လက်၊ အာရ်ပီဂျီ(၇) ၁၆လက်၊ အာရ်ပီဂျီ(၂) ၅လက်၊ ၁၂ ဗို့ဆလိုက် ၂လက်၊ ၇.၆၂ မီလီမီတာ ကျည် ၄၃၁၆၀တောင့်၊ ဒသမ ၅ ကျည် ၃၀၀၀တောင့်၊ အမ်(၂၂) ကျည် ၁၀၅တောင့်၊ အမ်(၂၂) ကျည်အိမ် ၁၄၀၀ခု၊ ယမ်းပျော့ ၂၀ပုံး၊ လက်ပစ်ဗုံး ၈၄၃လုံး၊ ၆၀မမဗုံးသီး ၉၈လုံး၊ ၆၀မမထိပ်ဖူး ၉၀လုံး၊ ၄၀မမဗုံးသီး ၁၄၈လုံး၊ အားမြှင့်ယမ်းဗူး ၈၈၅ဗူးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြေပြင်ကနေ ဝေဟင်ထိပစ်နိုင်တဲ့ဘFN 6 လက်နက်က တစ်လက်ကို အမေရိကန်ဒေါ်လာ ၇၅၀၀၀ကနေ ၉ ၀၀၀၀လောက်အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #TNLA #သိမ်းဆည်းရမိတဲ့လက်နက်အကြောင်းရှင်းလင်း #တပ်မတော်သတင်းမှန်ပြန်ကြားရေး

Related posts

Leave a Comment

VOM News

FREE
VIEW