ေဆး‌ေျခာက္တရားဝင္ျဖစ္ေရးဦးေဆာင္ေတာင္းဆိုသူကိုတရား႐ုံးမွာစတင္စစ္ေဆးမယ္

ေဆး‌ေျခာက္တရားဝင္ျဖစ္ေရးဦးေဆာင္ေတာင္းဆိုသူကိုတရား႐ုံးမွာစတင္စစ္ေဆးမယ္

 

ရန္ကုုန္ -နိုုဝင္ဘာ ၂၄-၂၀၁၉

ခ်မ္းျငိမ္း(VOM)

 

ေဆး‌ေျခာက္တရားဝင္ျဖစ္ေရးဦးေဆာင္ဆႏၵေဖာ္ထုတ္သူကိုႏိုဝင္ဘာလ၂၅ရက္မွာေက်ာက္တံတားၿမိဳ႕နယ္တရား႐ုံးမွာစတင္စစ္ေဆးမယ္လို႔သိရပါတယ္။

 

ႏိုဝင္ဘာလ၁၁ရက္ကေဆးေျခာက္တရား၀င္ျဖစ္ေရးအတြက္ရန္ကုန္ၿမိဳ႕မဟာဗႏၶဳလပန္းၿခံမွာေဆးေျခာက္တရားဝင္ျဖစ္ေျမာက္ေရးလိုလားသူမ်ား(NJ)ေတာင္းဆိုခဲ့တဲ့အတြက္ ဦး‌ေဆာင္သူ ကိုစိန္လွ‌ေမာင္ကို အခုလိုၿငိမ္းစုစီပုဒ္မ၁၉နဲ႔အမႈဖြင့္ခံထားရတာျဖစ္ပါတယ္။

 

“မနက္ျဖန္မွာမနက္၁၀နာရီမွာရဲစခန္းကအမႈဖြင့္ထားတဲ့ပုဒ္မ၁၉နဲ႔ဖြင့္ထားတာကိုတရား႐ုံးမွာစရင္ဆိုင္ရမွာပါ။တရား႐ုံးမွာထုတ္ျပန္ခ်က္ထုတ္ဖို႔ရွိမယ္။ကမ္ပိန္းလုပ္ဖို႔ေတြလည္းရွိပါတယ္လို႔ “ ေဆးေျခာက္တရားဝင္ျဖစ္ေျမာက္ေရးလိုလားသူမ်ား(NJ) ျပန္ၾကားေရးကိုမ်ိဳးကေျပာပါတယ္။

 

ေဆး‌ေျခာက္ကိုတရားဝင္ခြင့္ျပဳေပးပါကဘိန္းစိုက္ပ်ိဳးထုတ္လုုပ္မႈကိုေလ်ာ့ခ်ႏိုင္မွာျဖစ္သလိုစီပြားေရးအရေရာအခြန္ပါတိုးရႏိုင္တဲ့အတြက္ေတာင္းဆိုတာပါလို႔ဦးေဆာင္သူေတြက‌ေျပာပါတယ္။

 

ဦးေဆာင္သူကိုစိန္လွေမာင္အပါအဝင္အျခားသူတစ္ဦးကိုလည္းၿငိမ္းစုစီပုဒ္မ၁၉နဲ႔အမႈဖြင့္တာျဖစ္တယ္လို႔ေက်ာက္တံတားရဲစခန္းမွသိရပါတယ္။

 

ႏိုဝင္ဘာလ၂၅႐ုံးခ်ိန္းမွာ  စတင္စစ္ေဆးမွာမိမိတစ္ဦးတည္းကိုသာစစ္ေဆးမွာျဖစ္ၿပီးေတာ့အမႈဖြင့္ခံထားရတဲ့ေနာက္တစ္ဦးမွာဘယ္သူဘယ္ဝါျဖစ္တယ္ဆိုတာကိုမသိရေသးပါဘူးလို႔အမႈဖြင့္ခံထားရတဲ့ကိုစိန္လွေမာင္က‌‌ေျပာပါတယ္။

 

#voiceofmyanamr #ေဆးေျခာက္တရားဝင္ျဖစ္ေရး #ပုုဒ္မ၁၉

Unicode

ဆေးခြောက်တရားဝင်ဖြစ်ရေး ဦးဆောင်တောင်းဆိုသူကို တရားရုံးမှာစတင်စစ်ဆေးမယ်

ရန်ကုန် -နိုဝင်ဘာ ၂၄-၂၀၁၉
ချမ်းငြိမ်း(VOM)

ဆေးခြောက်တရားဝင်ဖြစ်ရေး ဦးဆောင်ဆန္ဒဖော်ထုတ်သူကို နိုဝင်ဘာလ ၂၅ရက်မှာ ကျောက်တံတားမြို့နယ် တရားရုံးမှာ စတင်စစ်ဆေးမယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၁ရက်က ဆေးခြောက်တရားဝင်ဖြစ်ရေးအတွက် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေး လိုလားသူများ(NJ)တောင်းဆိုခဲ့တဲ့အတွက် ဦးဆောင်သူ ကိုစိန်လှမောင်ကို အခုလို ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံထားရတာ ဖြစ်ပါတယ်။

“မနက်ဖြန်မှာ မနက် ၁၀နာရီမှာ ရဲစခန်းက အမှုဖွင့်ထားတဲ့ ပုဒ်မ ၁၉နဲ့ဖွင့်ထားတာကို တရားရုံးမှာ စရင်ဆိုင်ရမှာပါ။ တရားရုံးမှာ ထုတ်ပြန်ချက် ထုတ်ဖို့ရှိမယ်။ ကမ်ပိန်းလုပ်ဖို့တွေ လည်းရှိပါတယ်လို့ “ ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေး လိုလားသူများ(NJ) ပြန်ကြားရေး ကိုမျိုးက ပြောပါတယ်။

ဆေးခြောက်ကို တရားဝင်ခွင့်ပြုပေးပါက ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို လျော့ချနိုင်မှာဖြစ်သလို စီပွားရေးအရရော အခွန်ပါတိုးရနိုင်တဲ့အတွက် တောင်းဆိုတာပါလို့ ဦးဆောင်သူတွေကပြောပါတယ်။

ဦးဆောင်သူ ကိုစိန်လှမောင်အပါအဝင် အခြားသူတစ်ဦးကိုလည်း ငြိမ်းစုစီ ပုဒ်မ ၁၉နဲ့အမှုဖွင့်တာ ဖြစ်တယ်လို့ ကျောက်တံတားရဲစခန်းမှ သိရပါတယ်။

နိုဝင်ဘာလ ၂၅ ရုံးချိန်းမှာ စတင်စစ်ဆေးမှာ မိမိတစ်ဦးတည်းကိုသာ စစ်ဆေးမှာဖြစ်ပြီးတော့ အမှုဖွင့်ခံထားရတဲ့ နောက်တစ်ဦးမှာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို မသိရသေးပါဘူးလို့ အမှုဖွင့် ခံထားရတဲ့ ကိုစိန်လှမောင် ကပြောပါတယ်။

#voiceofmyanamr #ဆေးခြောက်တရားဝင်ဖြစ်ရေး #ပုဒ်မ၁၉

Related posts

Leave a Comment

VOM News

FREE
VIEW