ကင္ညာမွာ မိုးၾကီးျပီး ေျမျပိဳမႈေတြေၾကာင္႔ လူ ၃၆ ဦးေသဆံုး

ကင္ညာမွာ မိုးၾကီးျပီး ေျမျပိဳမႈေတြေၾကာင္႔ လူ ၃၆ ဦးေသဆံုး

နိုင္ရိုဘီ၊ နို၀င္ဘာ-၂၄-၂၀၁၉
မ်ိဳးဆက္ (VOM)

အေရွ႕အာဖရိကနိုင္ငံျဖစ္တဲ႔ ကင္ညာမွာ မိုးသည္းထန္စြာရြာသြန္းျပီး ေျမျပိဳမႈေတြျဖစ္ပြားခဲ႔တာေၾကာင္႔ လူ ၃၆ ဦးေသဆံုးသြားတယ္လို႔ ကင္ညာ ျပည္ထဲေရး၀န္ၾကီးဌာနက ထုတ္ျပန္ပါတယ္။

ေျမျပိဳမႈေတြဟာ ျမိဳ႕ေတာ္နိုင္ရိုဘီရဲ႕ အေနာက္ေျမာက္ဘက္ ကီလိုမီတာ ၃၅၀ အကြာရိွ အေနာက္ပိုေကာ႔ခရိုင္မွာ နို၀င္ဘာ ၂၃ ရက္နံနက္အေစာပိုင္းက ျဖစ္ပြားခဲ႔တာျဖစ္ပါတယ္။

ကယ္ဆယ္ေရးလုပ္ငန္းေတြေဆာင္ရြက္ဖို႔ အဲဒီေဒသကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕၀င္ေတြကို ကင္ညာအစိုးရက ေစလႊတ္ထားပါတယ္။ ေနအိမ္အပ်က္အစီးေတြေအာက္ကေန ကေလးငယ္နွစ္ဦးကို အသက္ရွင္လ်က္ ကယ္ဆယ္နုိင္ခဲ႔ပါတယ္။

စံခ်ိန္တင္မိုးဟာ နို၀င္ဘာ ၂၂ ရက္ညေန ၄ နာရီမွစျပီး နာရီေပါင္း ၁၂ နာရီေက်ာ္ၾကာရြာသြန္းခဲတယ္လို႔ အေနာက္ပိုေကာ႔ခရို္င္အုပ္ခ်ဳပ္ေရးမွဴးက ေျပာဆိုျပီး ဒီလိုို႔ အျဖစ္မ်ိဳးကို မၾကံဳဖူးေၾကာင္း သူကဆိုပါတယ္။ ကင္ညနိုင္ငံ၏ အိမ္နီးခ်င္းနုိင္ငံေတြျဖစ္တဲ႔ တန္ဇန္းနီးယားနဲ႔ ဆိုမာလီယာနုိင္ငံေတြမွာလည္း ယခုနွစ္အေစာပိုင္းက ေရၾကီးေရလွ်ံမႈေတြ ျဖစ္ပြားခဲ႔ပါတယ္။

ဒါဟာ အိႏိၵယသမုဒၵရာအေနာက္ပိုင္းေဒသေတြမွာ အပူခ်ိနဟာ ဒီနွစ္အတြင္း ပံုမွန္ထက္ ပိုမိုျမင္႔မားေနတာေၾကာင္႔ အေရွ႕အာဖရိကမွာ ပံုမွန္ထက္ မိုးေရခ်ိန္ ပိုမိုရြာသြန္းေနတာျဖစ္တယ္လို႔ သိပၸံပညာရွင္ေတြက သတိေပးေျပာဆိုပါတယ္။

Ref : NHK
Photo : Getty Images
#voiceofmyanmar #ကင္ညာ #ေျမျပိဳမွဳ

Unicode

ကင်ညာမှာ မိုးကြီးပြီး မြေပြိုမှုတွေကြောင့် လူ ၃၆ ဦးသေဆုံး

နိုင်ရိုဘီ၊ နိုဝင်ဘာ-၂၄-၂၀၁၉
မျိုးဆက် (VOM)

အရှေ့အာဖရိကနိုင်ငံဖြစ်တဲ့ ကင်ညာမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုတွေဖြစ်ပွားခဲ့တာကြောင့် လူ ၃၆ ဦးသေဆုံးသွားတယ်လို့ ကင်ညာ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြေပြိုမှုတွေဟာ မြို့တော်နိုင်ရိုဘီရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၃၅၀ အကွာရှိ အနောက်ပိုကော့ခရိုင်မှာ နိုဝင်ဘာ ၂၃ ရက်နံနက်အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ အဲဒီဒေသကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကင်ညာအစိုးရက စေလွှတ်ထားပါတယ်။ နေအိမ်အပျက်အစီးတွေအောက်ကနေ ကလေးငယ်နှစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

စံချိန်တင်မိုးဟာ နိုဝင်ဘာ ၂၂ ရက်ညနေ ၄ နာရီမှစပြီး နာရီပေါင်း ၁၂ နာရီကျော်ကြာရွာသွန်းခဲတယ်လို့ အနောက်ပိုကော့ခရိုင်အုပ်ချုပ်ရေးမှူးက ပြောဆိုပြီး ဒီလို့ အဖြစ်မျိုးကို မကြုံဖူးကြောင်း သူကဆိုပါတယ်။ ကင်ညနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တန်ဇန်းနီးယားနဲ့ ဆိုမာလီယာနိုင်ငံတွေမှာလည်း ယခုနှစ်အစောပိုင်းက ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒါဟာ အိန္ဒိယသမုဒ္ဒရာအနောက်ပိုင်းဒေသတွေမှာ အပူချိနဟာ ဒီနှစ်အတွင်း ပုံမှန်ထက် ပိုမိုမြင့်မားနေတာကြောင့် အရှေ့အာဖရိကမှာ ပုံမှန်ထက် မိုးရေချိန် ပိုမိုရွာသွန်းနေတာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးပြောဆိုပါတယ်။

Ref : NHK
Photo : Getty Images
#voiceofmyanmar #ကင်ညာ #မြေပြိုမှု

Related posts

Leave a Comment

VOM News

FREE
VIEW