ေအေအအဖြဲ႕က ဖမ္းထားတဲ႕ ဦးေဝွ႔တင္းအပါအဝင္အရပ္သားျပည္သူေတြကိုု ခ်က္ခ်င္းလႊတ္ေပးဖိုု႕အရပ္ဘက္အဖြဲ႕အစည္း၁၇ဖြဲ႕ေတာင္းဆို

ေအေအအဖြဲ႕က ဖမ္းထားတဲ႕ ဦးေဝွ႔တင္းအပါအဝင္အရပ္သားျပည္သူေတြကိုု ခ်က္ခ်င္းလႊတ္ေပးဖိုု႕အရပ္ဘက္အဖြဲ႕အစည္း၁၇ဖြဲ႕ေတာင္းဆို

 

နိုုဝင္ဘာ ၂၄-၂၀၁၉

ခ်မ္းျငိမ္း(VOM)

 

အမ်ိဳးသားလြတ္ေတာ္ကိုယ္စားလွယ္ဦးေဝွ႔တင္းအပါအဝင္အရပ္သားျပည္သူေတြကိုု ခ်က္ခ်င္းျပန္လႊတ္ေပးဖိုု႕  ေအေအအဖြဲ႕ကိုုရည္ညြန္းျပီး အရပ္ဘက္အဖြဲ႕အစည္း၁၇ဖြဲ႕ကႏိုဝဝင္ဘာလ၂၃ရက္ေန႕ကေတာင္းဆိုလိုက္ပါတယ္။

 

ဦးေဝွ႔တင္းမွာေအေအလက္နက္ကိုင္အဖြဲ႕မွဖမ္းဆီးေခၚေဆာင္သြားသည္မွာႏိုဝင္ဘာလ၃ရက္ကျဖစ္ၿပီးပလက္ဝၿမိဳ႕နယ္ကခ်င္းအရပ္သား၁၃ဦးကိုဖမ္းဆီးထားသည္မွာလည္းကာလၾကာျမင့္ေနၿပီျဖစ္တယ္လို႔အရပ္ဘက္အဖြဲ႕အစည္းေတြကသိရပါတယ္။

 

“ဦးေဝွ႔တင္းတစ္ေယာက္တည္းမဟုတ္ပါဘူး။ခ်င္းျပည္နယ္ပလက္ဝၿမိဳ႕ကအရပ္သားေတြဖမ္းထားတဲ့ကိစၥကနိင္ငံတကာဥေပေဒေတြကိုခ်ိဳးေဖာက္သလိုလူ႔အခြင့္ေရးကိုလည္းခ်ိဳးေဖာက္ရာေရာက္ပါတယ္။ေေအအတစ္ဖြဲ႕တည္းပဲမဟုတ္ပါဘူး။  တပ္မေတာ္ဘက္ကလည္းရခိုင္ေတြကိုဖမ္းထားတာေတြရွိပါတယ္။လက္နက္ကိုင္အဖြဲ႕အခ်င္းခ်င္းဘယ္ေလာက္ပဲတိုက္တိုက္ျပည္သူေတြခံေနရတဲ့ကိစၥေတြဘယ္ဘက္ကလုပ္လုပ္ကြၽန္ေတာ္တို႔လက္မခံႏိုင္ဘူးလို႔” SYNERGY- Social Harmony Organization က အမႈေဆာင္ဒါ႐ိုက္တာကိုေက်ာ္သက္ေအာင္ကေျပာပါတယ္။

 

 

ေေအအလက္နက္ကိုင္အဖြဲ႕မွဖမ္းဆီးထားတဲ့ဦးေဝွ႔တင္းအပါအဝင္အရပ္သားျပည္သူမ်ားမ်ားရဲ႕ေဘးကင္းလံုၿခံမႈကိုအထူးစိုးရိမ္ေၾကာင္းနဲ႔ေဘးကင္းလံုၿခံဳမႈကိုအာမခံႏိုင္တဲ့ဗီဒီယိုမွတ္တမ္းမ်ားသက္ဆိုင္မိသားစုမ်ားနဲ႔ျပည္သူမ်ားထံမီဒီယာမ်ားမွတဆင့္အသိေပးရန္လည္းအရ္ဘက္အဖြဲ႕အစည္းမ်ားကေတာင္းဆိုထားတာရွိပါတယ္။

 

ျပည္သူ႔လႊတ္ေတာ္ဒုတိယဥကၠဌဦးထြန္းထြန္းဟိန္ကလည္းအမ်ိဳးသားလႊတ္ေတာ္ဦးေဝွ႔တင္းရဲ႕ အသက္အႏၲရာယ္စိုးရိမ္တယ္လို႔ေျပာဆိုထားပါတယ္။

 

ဦးေဝွ႔တင္းဖမ္းဆီးခံရမႈနဲ႔ပတ္သက္ၿပီးျပည္ေထာင္စုလႊတ္ေတာ္မွာ  ကန႔္ကြက္တဲ့အေရးႀကီးအဆိုတစ္ရပ္လည္းတင္သြင္းထားပါတယ္။

 

ေအေအလက္နက္ကိုင္အဖြဲ႕ေျပာေရးဆိုခြင့္ရွိသူခိုင္သုခကဖမ္းဆီးထားတဲ့သူေတြကိုအကုန္ျပန္လႊတ္ေပးၿပီးျဖစ္ကာဦးေဝွ႔တင္းကိုစစ္ေဆးစရာရွိေေနသးအတြက္ထိန္းသိမ္းထားတယ္လို႔မီဒီယာေတြကိုေျဖဆိုထားပါတယ္။

 

#voiceofmyanmar #ဦးေဝွ႕တင္း #ေအေအ #အရပ္ဘက္အဖြဲ႕အစည္းေတြေတာင္းဆိုု

 

Unicode

အေအေအဖွဲ့က ဖမ်းထားတဲ့ ဦးဝှေ့တင်းအပါအဝင် အရပ်သားပြည်သူတွေကို ချက်ချင်းလွှတ် ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၇ဖွဲ့တောင်းဆို

နိုဝင်ဘာ ၂၄-၂၀၁၉
ချမ်းငြိမ်း(VOM)

အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် အရပ်သားပြည်သူတွေကို ချက်ချင်းပြန်လွှတ် ပေးဖို့ အေအေအဖွဲ့ကိုရည်ညွန်းပြီး အရပ်ဘက်အဖွဲ့အစည်း ၁၇ဖွဲ့က နိုဝဝင်ဘာလ၂၃ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

ဦးဝှေ့တင်းမှာ အေအေလက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ နိုဝင်ဘာလ ၃ရက်က ဖြစ်ပြီး ပလက်ဝမြို့နယ်က ချင်း အရပ်သား၁၃ဦးကို ဖမ်းဆီးထားသည်မှာလည်း ကာလ ကြာမြင့်နေပြီဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက သိရပါတယ်။

“ဦးဝှေ့တင်းတစ် ယောက်တည်းမဟုတ်ပါဘူး။ ချင်းပြည်နယ် ပလက်ဝမြို့က အရပ်သားတွေဖမ်းထားတဲ့ကိစ္စက နိင်ငံတကာဥပေဒေ တွေကို ချိုးဖောက်သလို လူ့အခွင့်ရေးကိုလည်း ချိုးဖောက်ရာရောက်ပါတယ်။ ေအေအတစ်ဖွဲ့တည်းပဲမဟုတ်ပါဘူး။ တပ်မတော်ဘက်ကလည်း ရခိုင် တွေကိုဖမ်းထားတာတွေရှိပါတယ်။ လက်နက်ကိုင်အဖွဲ့အချင်းချင်း ဘယ် လောက်ပဲတိုက်တိုက် ပြည်သူတွေခံနေရတဲ့ကိစ္စ တွေ ဘယ်ဘက်ကလုပ်လုပ် ကျွန် တော်တို့လက်မခံနိုင်ဘူးလို့ ” SYNERGY- Social Harmony Organization က အမှုဆောင်ဒါရိုက်တာ ကိုကျော်သက်အောင် က ပြောပါတယ်။

ေအေအလက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးထားတဲ့ ဦးဝှေ့တင်းအပါအဝင် အရပ်သားပြည်သူများများရဲ့ ဘေးကင်းလုံခြံမှုကို အထူးစိုးရိမ်ကြောင်းနဲ့ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်တဲ့ ဗီဒီယိုမှတ်တမ်းများ သက်ဆိုင်မိသားစုများနဲ့ပြည်သူများထံ မီဒီယာများမှတဆင့် အသိပေးရန်လည်း အရ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားတာရှိပါတယ်။

ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ ဦးထွန်းထွန်းဟိန်ကလည်း အမျိုးသားလွှတ်တော် ဦးဝှေ့တင်းရဲ့ အသက်အန္တရာယ် စိုးရိမ်တယ်လို့ ပြောဆိုထားပါတယ်။

ဦးဝှေ့တင်း ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး ပြည် ထောင်စုလွှတ်တော်မှာ ကန့်ကွက်တဲ့ အရေးကြီးအဆိုတစ်ရပ်လည်း တင်သွင်းထားပါတယ်။

အေအေလက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဖမ်းဆီးထားတဲ့သူတွေကို အကုန် ပြန်လွှတ် ပေးပြီးဖြစ်ကာ ဦးဝှေ့တင်းကို စစ် ဆေးစရာရှိေနေသးအတွက် ထိန်းသိမ်းထားတယ်လို့ မီဒီယာတွေကိုဖြေဆိုထားပါတယ်။

#voiceofmyanmar #ဦးဝှေ့တင်း #အေအေ #အရပ်ဘက်အဖွဲ့အစည်းတွေတောင်းဆို

Related posts

Leave a Comment

VOM News

FREE
VIEW