မႏၱေလးျမိဳ႕မွာ အိုင္စီေဂ်ကို အတိုင္ပင္ခံပုဂၢိဳလ္သြားေရာက္ ရင္ဆိုင္မယ့္ကိစၥ ေထာက္ခံအားေပးပြဲလုပ္မယ္

မႏၱေလး၊ႏိုဝင္ဘာ ၂၅-၂၀၁၉
ေနလင္း(VOM)

ဂမ္ဘီယာနိုင္ငံက ျမန္မာနိုင္ငံကို တရားစြဲဆိုထားတာနဲ႔ပက္သက္ၿပီး နုိုင္ငံေတာ္အတ္ိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုင္ သြားေရာက္ တရားရင္ဆိိုင္သြားမွာကို မႏၱေလးၿမိဳ႕ခံျပည္သူေတြက ေထာက္ခံအားေပးပြဲျပဳလုပ္မွာျဖစ္တယ္လို႔ သိရပါတယ္။

ဒီကေန႔ေနလည္ပိုင္းက ျဗဟၼစိုရ္လူမွဳကူညီေရးအသင္းရံုးမွာ မႏၱေလးၿမိဳ႕ခံ အရပ္ဖက္အဖြဲ႔အစည္းေတြနဲ႔ NLDပါတီဝင္ေတြက အစည္းအေဝးျပဳလုပ္ခဲ့ၾကၿပီး ၂၀၁၉ ဒီဇင္ဘာ ၁၀ရက္ နံနက္ ၁၀နာရီ၊ မႏၱေလးၿမိဳ႕၊ ခ်မ္းျမသာစည္ေလယာဥ္ကြင္းမွာ ျပဳလုပ္သြားမယ္လုိ႔ အတည္ျပဳဆံုးျဖတ္ခဲ့ၾကတာျဖစ္ပါတယ္။

“ က်ေနာ္တို႔ေခါင္းေဆာင္နဲ႔ တသားတည္းျဖစ္ေၾကာင္း ကမာၻကိုျပဖို႔ပါ၊ အန္အယ္ဒီတခုတည္းမဟုတ္၊ ျပည္ေထာင္စုႀကီးအတြက္ အမွတ္တမဲ့ေနသူေတြပါ ပါေအာင္ အနည္းဆုံး ၃ သိန္းပါေအာင္ ဝန္ထမ္းေတြပါပါေအာင္ႀကိဳးစားဖို႔ နဲ႔ ခ်မ္းျမသာစည္ေလဆိပ္ကို အသုံးျပဳဖို႔ ၿမိဳ႕ေတာ္ဝန္ကမွာထားပါတယ္ ”လို႔ မႏၱေလးတိုင္းNLDကၠဌ ဦးတင္ထြဋ္ဦးက ေျပာပါတယ္။

ယခုလုိေထာက္ခံပြဲက်င္းပတာကုိ NLDအေနနဲ႔ ပါတီစည္း႐ုံးေရးအတြက္ လုပ္တာမဟုတ္ပဲ တစ္မ်ိဳးသားလုံး လူထုေခါင္းေဆာင္ေနာက္က တသားတည္းရပ္တည္ဖို႔လိုတဲ့အတြက္ လူထုလိုအပ္ခ်က္အရ လုပ္ေဆာင္တာျဖစ္ၿပီး ေထာက္ခံပြဲကို NLDပါတီက ဦးေဆာင္က်င္းပတာ မဟုတ္ဘူးလို႔ ဦးတင္ထြဋ္ဦးက အစည္းအေဝးမွာ ထည့္သြင္းေျပာခဲ့တာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္မွာ ျဖစ္ပြားတဲ့ ဘဂၤလီအေရးနဲ႔ပတ္သတ္လို႔ ျမန္မာအစိုးရက လူမ်ိဳးတုန္းသတ္ျဖတ္တယ္ဆိုတဲ့ စြတ္စြဲခ်က္နဲ႔ ဂမ္ဘီယာႏိုင္ငံက အျပည္ျပည္ဆိုင္ရာတရား႐ုံးမွာ တရားစြဲဆိုတာျဖစ္ၿပီး ဒီကိစၥနဲ႔ပတ္သတ္လို႔ ႏိုင္ငံအက်ိဳးစီးပြားအတြက္ ရည္႐ြယ္ကာ အမႈကို သြားေရာက္ရင္ဆိုင္မွာျဖစ္တယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံကိုယ္တိုင္ ေျပာဆိုထားတာလဲ ျဖစ္ပါတယ္။

အျပည္ျပည္ဆိုင္ရာတရား႐ုံး အိုင္စီေဂ်မွာ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ သြားေရာက္ရင္ဆိုင္မယ့္အေပၚ ေထာက္ခံအားေပးပြဲျပဳလုပ္တာကို နိုဝင္ဘာ ၂၄ရက္ေန႕က မံုရြာၿမိဳ႕မွာ ပထမဦးဆံုးျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #မႏၱေလး #အတိုင္ပင္ခံ #ေထာက္ခံပြဲ

Unicode

မန္တလေးမြို့မှာ အိုင်စီဂျေကို အတိုင်ပင်ခံပုဂ္ဂိုလ်သွားရောက် ရင်ဆိုင်မယ့်ကိစ္စ ထောက်ခံအားပေးပွဲလုပ်မယ်

မန္တလေး၊နိုဝင်ဘာ ၂၅-၂၀၁၉
နေလင်း(VOM)

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတာနဲ့ပက်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် သွားရောက် တရားရင်ဆိုင်သွားမှာကို မန္တလေးမြို့ခံပြည်သူတွေက ထောက်ခံအားပေးပွဲပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့နေလည်ပိုင်းက ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းရုံးမှာ မန္တလေးမြို့ခံ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ NLDပါတီဝင်တွေက အစည်းအဝေးပြုလုပ်ခဲ့ကြပြီး ၂၀၁၉ ဒီဇင်ဘာ ၁၀ရက် နံနက် ၁၀နာရီ၊ မန္တလေးမြို့၊ ချမ်းမြသာစည်လေယာဉ်ကွင်းမှာ ပြုလုပ်သွားမယ်လို့ အတည်ပြုဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

“ ကျနော်တို့ခေါင်းဆောင်နဲ့ တသားတည်းဖြစ်ကြောင်း ကမ္ဘာကိုပြဖို့ပါ၊ အန်အယ်ဒီတခုတည်းမဟုတ်၊ ပြည်ထောင်စုကြီးအတွက် အမှတ်တမဲ့နေသူတွေပါ ပါအောင် အနည်းဆုံး ၃ သိန်းပါအောင် ဝန်ထမ်းတွေပါပါအောင်ကြိုးစားဖို့ နဲ့ ချမ်းမြသာစည်လေဆိပ်ကို အသုံးပြုဖို့ မြို့တော်ဝန်ကမှာထားပါတယ် ”လို့ မန္တလေးတိုင်းNLDက္ကဌ ဦးတင်ထွဋ်ဦးက ပြောပါတယ်။

ယခုလိုထောက်ခံပွဲကျင်းပတာကို NLDအနေနဲ့ ပါတီစည်းရုံးရေးအတွက် လုပ်တာမဟုတ်ပဲ တစ်မျိုးသားလုံး လူထုခေါင်းဆောင်နောက်က တသားတည်းရပ်တည်ဖို့လိုတဲ့အတွက် လူထုလိုအပ်ချက်အရ လုပ်ဆောင်တာဖြစ်ပြီး ထောက်ခံပွဲကို NLDပါတီက ဦးဆောင်ကျင်းပတာ မဟုတ်ဘူးလို့ ဦးတင်ထွဋ်ဦးက အစည်းအဝေးမှာ ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ဘင်္ဂလီအရေးနဲ့ပတ်သတ်လို့ မြန်မာအစိုးရက လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားစွဲဆိုတာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သတ်လို့ နိုင်ငံအကျိုးစီးပွားအတွက် ရည်ရွယ်ကာ အမှုကို သွားရောက်ရင်ဆိုင်မှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် ပြောဆိုထားတာလဲ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရင်ဆိုင်မယ့်အပေါ် ထောက်ခံအားပေးပွဲပြုလုပ်တာကို နိုဝင်ဘာ ၂၄ရက်နေ့က မုံရွာမြို့မှာ ပထမဦးဆုံးပြုလုပ်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #မန္တလေး #အတိုင်ပင်ခံ #ထောက်ခံပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW