ျပင္ဦးလြင္ၿမိဳ႕က စနစ္တက်မရိွတဲ့ ၾကက္ျခံေတြကုိ စီမံခန္႔ခြဲမွဳနည္းလမ္းနဲ႔ အေရးယူမယ္

ေနၿပည္ေတာ္၊ နုိဝင္ဘာ ၂၅-၂၀၁၉
သီရိ(VOM)

ၾကက္ေကာင္ေရ သိန္းေလးဆယ္ေလာက္ေမြးၿမဴထားတဲ့ ၿပင္ဦးလြင္ၿမိဳ႕ရိွ ေက်းရြာမ်ားက ၾကက္ၿခံေတြကို စနစ္တက်ေမြးၿမဴထိန္းေက်ာင္းေဆာင္ရြက္ဖုိ႔ ကြင္းဆင္းစီမံေဆာင္ရြက္ေနၿပီး စနစ္တက်မရိွတဲ့ ၾကက္ျခံေတြကုိ စီမံခန္႔ခြဲမွဳနည္းလမ္းနဲ႔ အေရးယူမယ္လို႔ ဒီကေန႔မနက္ပိုင္းက ေနျပည္ေတာ္မွာျပဳလုပ္တဲ့ အမ်ိဳးသားလႊတ္ေတာ္ အစည္းအေဝးမွာ စုိက္ပ်ိဳးေရး၊ ေမြးၿမဴေရးနဲ႔ ဆည္ေၿမာင္းဝန္ၾကီးဌာနမွ ဒုတိယဝန္ၾကီး ဦးလွေက်ာ္က ေၿပာၾကားခဲ့တာျဖစ္ပါတယ္။

“ၾကက္တုပ္ေကြးမ်ားကဲ့သုိ႔ ကူးစက္ေဝဒနာမ်ားစ တင္ေပါက္ဖြားရာ ေနရာဆိုးမ်ားအၿဖစ္၊ ေဒသခံၿပည္သူ မ်ားအတြက္ စုိးရိမ္ထိတ္လန္႔စရာၿဖစ္လာခဲ့ပါတယ္။ အဆုိပါ ေက်းရြာမ်ားအနီမွာ ၾကက္ေမြးၿမဴေရးၿခံမ်ားတိုးပြား မ်ားၿပားလာၿခင္းဟာ ေဒသခံေက်းရြာမ်ားအတြက္ အက်ိဳးလံုးဝမရရွိေစဘဲ ကူးစက္ေရာဂါမ်ား ၿပန္ပြားရာ ပင္မအ ေၿခခံေနရာမ်ားၿဖစ္လာခဲ့တာေၾကာင့္ ရာသီေၿပာင္း ကူးစက္ေဝဒနာမ်ားနွင့္ ၾကက္ငွက္တုပ္ေကြးမ်ား ႏွစ္စဥ္ေပၚ ေပါက္ လာေနေၾကာင္း ၾကားသိရပါတယ္။ ေဒသခံေက်းရြာမ်ားရဲ့ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႈးေတြက ေမြးၿမဴေရးၿခံပုိင္ရွင္မ်ားထံက ရြာကုိ ဝင္ေၾကး သိန္းခ်ီရယူေနၾကၿပီး မိမိ ကုိယ္က်ိဳးအတြက္ လစ္လ်ဴရႈေပးၿပီး ခြင့္ၿပဳထားၾကေတာ့ တိ၊ ေမြး၊ ကု ဌာနမ်ားက သတ္မွတ္ထား ရွိတဲ့ စည္းကမ္းခ်က္မ်ားနဲ႔ ေမြးၿမဴေရးၿခံမ်ားကုိ လူေနေက်းရြာမ်ားနဲ႔ သီးသန္႔ သံုးမုိင္အကြာ အေဝးမွာ ၿခံခတ္ေမြး ၿမဴၾကရန္ၿဖစ္ေပမယ့္ စနစ္တက် သန္႔ရွင္းေရးလုပ္ေဆာင္ၾကရန္နဲ႔ တိရိစာၦန္မ်ားနဲ႔လည္း က်န္းမာေရးၿပည့္စံုမယ့္ အစီအစဥ္မ်ား၊ စည္းကမ္းသတ္မွတ္ခ်က္မ်ားေရးဆြဲထားေပမယ့္ မိမိတုိ႔ေဆာင္ရြက္ရ မယ့္ ေဒသပတ္ဝန္က်င္ သန္႔ရွင္းေရးကို လံုးဝမလုပ္ေဆာင္ၾကေတာ့ဘဲ ေက်းရြာအုပ္ခ်ဳပ္ေရးပိုင္းနဲ႔ အဆင္ေၿပေရးကိုသာ ဦးစားေပးလုပ္ ေဆာင္ေနၾကတာမုိ႔ အေၿခအေနက တစ္ေန႔တၿခားဆိုးရြားလာေနၾကၿခင္းၿဖစ္ပါတယ္” လို႔ မႏၱေလးတုိင္းေဒသၾကီး၊ မဲဆႏၵနယ္အမွတ္ (၃)က အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ေဒါက္တာေက်ာ္သန္းထြန္းက တင္သြင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

ျပင္ဦးလြင္ၿမိဳ႕နယ္မွာ လက္ရွိစာရင္းအရ ၾကက္ၿခံေပါင္း ၃၀၆ ၿခံ၊ ၾကက္ေကာင္ေရ သိန္းေလးဆယ္ခန္႔ရွိေနၿပီး ၾကက္ေမြးၿမဴေရးၿခံေတြေၾကာင့္ ပတ္ဝန္းက်င္ေန ၿပည္သူေတြရဲ့ က်န္းမာေရးထိခိုက္မႈမရွိေစဖုိ႔အတြက္ ၿပင္ဦးလြင္ၿမိဳ႕နယ္အတြင္းမွာ စီမံခန္႔ခြဲမႈေကာ္မတီကို ဖြဲ႔ စည္းၿပီးေတာ့မွ ေမြးၿမဴေရးၿခံေတြကုိ စနစ္တက်ေမြးၿမဴထိန္းေက်ာင္းေဆာင္ရြက္ဖုိ႔ ကြင္းဆင္းစီမံေဆာင္ရြက္ လွ်က္ရိွတယ္လို႔လည္း သိရပါတယ္။

“၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လကစၿပီး ယေန႔အခ်ိန္အထိ အပတ္စဥ္ ဗုဒၶဟူးေန႔တုိင္း ၾကက္ေမြးၿမဴေရး ၿခံအမ်ားဆံုးရွိတဲ့ ရပ္ကြက္ေနေက်းရြာေတြကုိ ဦးစားေပးကြင္းဆင္းေဆာင္ရြက္လွ်က္ရွိပါတယ္။ ေမြးၿမဴေရးၿခံ ေတြကုိ ေကာင္းမြန္တဲ့ ေမြးၿမဴေရးက်င့္စဥ္မ်ားနဲ႔အတူ လုိက္နာေဆာင္ရြက္ၾကေရး ရွင္းလင္းေဟာေၿပာ ပညာ ေပးမႈေတြကိုလည္း တစ္ပါတည္းေဆာင္ရြက္လွ်က္ရွိတဲ့ အေၿခအေနၿဖစ္ပါတယ္။ ကြင္းဆင္းစစ္ေဆးစဥ္ အနံအသက္ဆိုး ၿပီးေတာ့ ယင္ေကာင္ေတြ ေပါမ်ားတဲ့ ေမြးၿမဴေရးၿခံေတြ ေတြ႔ခဲ့လို႔ရွိရင္ တစ္လအတြင္း ညႊန္ၾကားခ်က္နဲ႔အညီ ေဆာင္ရြက္ သြားဖုိ႔အတြက္ ၿခံပုိင္ရွင္ေတြကုိ ကတိခံဝန္ခ်က္ လက္မွတ္ေရးထိုးေစၿပီးေတာ့ အကယ္၍ တစ္လ ၿပည့္တဲ့ေန႔ကေန လိုက္နာေဆာင္ရြက္ၿခင္းမရွိရင္ေတာ့ အဆုိပါၿခံကုိ စီမံခန္႔ခြဲမႈ နည္းလမ္းနဲ႔ အေရးယူေဆာင္ ရြက္သြားဖုိ႔ၿဖစ္ပါတယ္”လုိ႔ စုိက္ပ်ိဳးေရး၊ ေမြးၿမဴေရးနဲ႔ ဆည္ေၿမာင္းဝန္ၾကီးဌာနမွ ဒုတိယဝန္ၾကီး ဦးလွေက်ာ္က ရွင္းလင္းေၿဖၾကားခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #ေနျပည္ေတာ္ #ျပင္ဦးလြင္ #ၾကက္ျခံ

Unicode

ပြင်ဦးလွင်မြို့က စနစ်တကျမရှိတဲ့ ကြက်ခြံတွေကို စီမံခန့်ခွဲမှုနည်းလမ်းနဲ့ အရေးယူမယ်

နေပြည်တော်၊ နိုဝင်ဘာ ၂၅-၂၀၁၉
သီရိ(VOM)

ကြက်ကောင်ရေ သိန်းလေးဆယ်လောက်မွေးမြူထားတဲ့ ပြင်ဦးလွင်မြို့ရှိ ကျေးရွာများက ကြက်ခြံတွေကို စနစ်တကျမွေးမြူထိန်းကျောင်းဆောင်ရွက်ဖို့ ကွင်းဆင်းစီမံဆောင်ရွက်နေပြီး စနစ်တကျမရှိတဲ့ ကြက်ခြံတွေကို စီမံခန့်ခွဲမှုနည်းလမ်းနဲ့ အရေးယူမယ်လို့ ဒီကနေ့မနက်ပိုင်းက နေပြည်တော်မှာပြုလုပ်တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကြက်တုပ်ကွေးများကဲ့သို့ ကူးစက်ဝေဒနာများစ တင်ပေါက်ဖွားရာ နေရာဆိုးများအဖြစ်၊ ဒေသခံပြည်သူ များအတွက် စိုးရိမ်ထိတ်လန့်စရာဖြစ်လာခဲ့ပါတယ်။ အဆိုပါ ကျေးရွာများအနီမှာ ကြက်မွေးမြူရေးခြံများတိုးပွား များပြားလာခြင်းဟာ ဒေသခံကျေးရွာများအတွက် အကျိုးလုံးဝမရရှိစေဘဲ ကူးစက်ရောဂါများ ပြန်ပွားရာ ပင်မအ ခြေခံနေရာများဖြစ်လာခဲ့တာကြောင့် ရာသီပြောင်း ကူးစက်ဝေဒနာများနှင့် ကြက်ငှက်တုပ်ကွေးများ နှစ်စဉ်ပေါ် ပေါက် လာနေကြောင်း ကြားသိရပါတယ်။ ဒေသခံကျေးရွာများရဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေက မွေးမြူရေးခြံပိုင်ရှင်များထံက ရွာကို ဝင်ကြေး သိန်းချီရယူနေကြပြီး မိမိ ကိုယ်ကျိုးအတွက် လစ်လျူရှုပေးပြီး ခွင့်ပြုထားကြတော့ တိ၊ မွေး၊ ကု ဌာနများက သတ်မှတ်ထား ရှိတဲ့ စည်းကမ်းချက်များနဲ့ မွေးမြူရေးခြံများကို လူနေကျေးရွာများနဲ့ သီးသန့် သုံးမိုင်အကွာ အဝေးမှာ ခြံခတ်မွေး မြူကြရန်ဖြစ်ပေမယ့် စနစ်တကျ သန့်ရှင်းရေးလုပ်ဆောင်ကြရန်နဲ့ တိရိစ္ဆာန်များနဲ့လည်း ကျန်းမာရေးပြည့်စုံမယ့် အစီအစဉ်များ၊ စည်းကမ်းသတ်မှတ်ချက်များရေးဆွဲထားပေမယ့် မိမိတို့ဆောင်ရွက်ရ မယ့် ဒေသပတ်ဝန်ကျင် သန့်ရှင်းရေးကို လုံးဝမလုပ်ဆောင်ကြတော့ဘဲ ကျေးရွာအုပ်ချုပ်ရေးပိုင်းနဲ့ အဆင်ပြေရေးကိုသာ ဦးစားပေးလုပ် ဆောင်နေကြတာမို့ အခြေအနေက တစ်နေ့တခြားဆိုးရွားလာနေကြခြင်းဖြစ်ပါတယ်” လို့ မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၃)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်သန်းထွန်းက တင်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ပြင်ဦးလွင်မြို့နယ်မှာ လက်ရှိစာရင်းအရ ကြက်ခြံပေါင်း ၃၀၆ ခြံ၊ ကြက်ကောင်ရေ သိန်းလေးဆယ်ခန့်ရှိနေပြီး ကြက်မွေးမြူရေးခြံတွေကြောင့် ပတ်ဝန်းကျင်နေ ပြည်သူတွေရဲ့ ကျန်းမာရေးထိခိုက်မှုမရှိစေဖို့အတွက် ပြင်ဦးလွင်မြို့နယ်အတွင်းမှာ စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့ စည်းပြီးတော့မှ မွေးမြူရေးခြံတွေကို စနစ်တကျမွေးမြူထိန်းကျောင်းဆောင်ရွက်ဖို့ ကွင်းဆင်းစီမံဆောင်ရွက် လျှက်ရှိတယ်လို့လည်း သိရပါတယ်။

“၂၀၁၉ ခုနှစ်၊ သြဂုတ်လကစပြီး ယနေ့အချိန်အထိ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကြက်မွေးမြူရေး ခြံအများဆုံးရှိတဲ့ ရပ်ကွက်နေကျေးရွာတွေကို ဦးစားပေးကွင်းဆင်းဆောင်ရွက်လျှက်ရှိပါတယ်။ မွေးမြူရေးခြံ တွေကို ကောင်းမွန်တဲ့ မွေးမြူရေးကျင့်စဉ်များနဲ့အတူ လိုက်နာဆောင်ရွက်ကြရေး ရှင်းလင်းဟောပြော ပညာ ပေးမှုတွေကိုလည်း တစ်ပါတည်းဆောင်ရွက်လျှက်ရှိတဲ့ အခြေအနေဖြစ်ပါတယ်။ ကွင်းဆင်းစစ်ဆေးစဉ် အနံအသက်ဆိုး ပြီးတော့ ယင်ကောင်တွေ ပေါများတဲ့ မွေးမြူရေးခြံတွေ တွေ့ခဲ့လို့ရှိရင် တစ်လအတွင်း ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက် သွားဖို့အတွက် ခြံပိုင်ရှင်တွေကို ကတိခံဝန်ချက် လက်မှတ်ရေးထိုးစေပြီးတော့ အကယ်၍ တစ်လ ပြည့်တဲ့နေ့ကနေ လိုက်နာဆောင်ရွက်ခြင်းမရှိရင်တော့ အဆိုပါခြံကို စီမံခန့်ခွဲမှု နည်းလမ်းနဲ့ အရေးယူဆောင် ရွက်သွားဖို့ဖြစ်ပါတယ်”လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းဖြေကြားခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #နေပြည်တော် #ပြင်ဦးလွင် #ကြက်ခြံ

Related posts

Leave a Comment

VOM News

FREE
VIEW