ငါးဖမ္းနည္းက ရိုးရာငါးဖမ္းနည္းျဖစ္ၿပီး လုပ္ငန္းအတြက္ လူလ္ုိအပ္လရင္ ပြဲစားနဲ႕ရွာတာေတြလည္းရွိနိုင္

ရန္ကုန္ နိုဝင္ဘာ ၂၆-၂၀၁၉
သိဂီ ၤ(VOM)

ဧရာဝတီတိုင္းထဲက ပင္လယ္ျပင္က်ားေဖာင္ ငါးဖမ္းေရလုပ္ငန္းမွာ ျဖစ္ခဲ့တာနဲ႔ပတ္သက္လို့ အမွားအမွန္မသိေပမယ့္ ငါးဖမ္းနည္းကေတာ ေခတ္မီငါးဖမ္းနည္းမဟုတ္ပဲ ရိုးရာငါးဖမ္းနည္းသာျဖစ္ၿပီး လုပ္ငန္းအတြက္ လူလ္ု္ိအပ္လာရင္ ပြဲစားနဲ႕ရွာတာေတြလည္းရွိနိုင္တယ္လို႕ ျမန္မာနိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမွဴး ဦးဝင္းႀကိဳင္က သတင္းမီဒီယာေတြကို အခုလိုေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

ဒီလို ပြဲစားနဲ႔လူရွာေဖြမႈေတြကေန လူကုန္ကူးမႈမျဖစ္ေအာင္ေဖာ္ထုတ္ဖို႔ အေရးယူရမယ့္အပိုင္းကို ဖ်ာပုံမွာ အုပ္ခ်ဳပ္ေရးအပိုင္းက ခရိုင္ေထြအုပ္ ၿမိဳ့နယ္အုပ္ခ်ဳပ္ေရး နယ္ေျမခံရဲေတြအျပင္ လူကုန္ကူးမွုတိုက္ဖ်က္ေရးဌာန အလုပ္သမားဝန္ႀကီးဌာန ေတြလုပ္ေဆာင္ရမွာျဖစ္တယ္လို႕ ဒီကေန႔ ရန္ကုန္မွာ ျမန္မာနိုင္ငံငါးလုပ္ငန္းအဖြဲ႕ ခ်ဳပ္က ဦးေဆာင္ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲဲ့တာပါ။

” ဘာျပႆနာပဲျဖစ္ျဖစ္ သက္ဆိုင္ရာ႐ုံးေတြရွိတယ္။ အဲဒါေတြနဲ႔ရွင္းလို့ရတယ္။ လုပ္ငန္းႀကီးတစ္ခုလုံးကေတာ့ အဆိုးရြားဆုံးျဖစ္ေနပါၿပီလို႔ ပုံေဖာ္လိုက္တဲ့အခါမွာ ကၽြန္ေတာ္တို႔တိုင္းျပည္ရဲ့ စီးပြားေရးမွာ လာ ေရာက္ထိခိုက္နိုင္တယ္။ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အမွန္အမွားကိုေတာ့ ကၽြန္ေတာ္တို႔မသိဘူး။ ျမန္မာနိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ရဲ့ ဦးေဆာင္မွုေအာက္မွာေတာ့ ရွိတယ္။ ဒီလုပ္ငန္းက ေခတ္မွီငါးဖမ္းနည္းမဟုတ္ဘဲ ရိုးရာ ငါးဖမ္းနည္းပဲျဖစ္တယ္။ အဲဒီလုပ္ငန္းေတြမွာ ရာဇဝတ္မွုေတြမရွိဘူးလို႔လည္း မေျပာလိုဘူး။ ရွိမယ္။ လူကုန္ကူးမွုလည္း ရွိမယ္။ သေဘာက လူလိုေတာ့ ပြဲစားေတြနဲ႔ ရွာရတဲ့အခါက်ေတာ့ ဒီဟာေတြကရွိမွာပဲ။” လ္ုိ႕ ဦးဝင္းႀကိဳင္က ေျပာပါတယ္။

ဒါေတြကို မေျဖရွင္းဘဲ ငါးေဖာင္လုပ္ငန္းႀကီးတစ္ခုလုံးက အဆိုးရြားဆုံးျဖစ္ေနပါၿပီလို႔ ပုံေဖာ္လိုက္မယ္ဆိုရင္ ျမန္မာနိုင္ငံရဲ႕ ငပိ၊ ငါးေျခာက္၊ ငံျပာရည္ ေရထြက္ပစၥည္းက႑ရဲ႕ ၆၅ ရာခိုင္နႈန္းကို ေထာက္ပံ့ေပးေနတဲ့ ေရထြက္ပစၥည္း ျပည္ပပို႔ကုန္လုပ္ငန္း ထိခိုက္လာနိုင္တယ္လို႔လည္း ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

လက္ရွိ Social Media ေတြအျပင္ ျပည္တြင္း၊ ျပည္ပ သတင္းဌာနေတြရဲ့ ေဆာင္းပါး၊ သတင္းေရးသား ေဖာ္ျပခ်က္ေတြေၾကာင့္ နိုင္ငံတကာမွာ ပ်ံႏွံ႔ၿပီး စီးပြားေရးပိတ္ဆို႔မွုေတြ ျဖစ္လာမွာကို စိုးရိမ္ေနရတယ္ဆိုတာကို “ အခုဝိုင္းၿပီးေရးေနၾကတာက ဖ်ာပုံပင္လယ္ျပင္အျဖစ္က ငရဲခန္းႀကီးလိုျဖစ္ၿပီး၊ မတရားခိုင္းေစမွုေတြ၊ ညႇင္းပန္းႏွိပ္စက္မွုေတြ၊ လူကုန္ကူးမွုေတြနဲ႔ အင္မတန္မွ ယိုးဒယား၊ အင္ဒိုနီးရွားကၽြန္းေပၚမွာလုပ္သလို ေဒသႀကီးပုံစံျဖစ္ေနတယ္။ ဒီလို အေရးအသားေတြက ဒီမွာတင္ေရးသားယုံမဟုတ္ဘဲ နိုင္ငံတကာကို ေရာက္သြားတဲ့အခါ ကၽြန္ေတာ္တို႔နိုင္ငံက ေရလုပ္ငန္းကေရလုပ္သားေတြအေပၚ ညႇင္းပန္းႏွိပ္စက္ၿပီး၊ လူအခြင့္အေရးခ်ိဳးေဖာက္ ထုတ္လုပ္ေနပါတယ္လို႔ စြပ္စြဲခဲ့ရင္ ဒီအေရးအသားေတြဟာ မီးေလာင္ရာေလပင့္ ျဖစ္ပါတယ္။ တိုင္းျပည္ရဲ့စီးပြားေရး နဲ႔ ေရလုပ္ငန္းရဲ့ စီးပြားေရးကို ထိလာနိုင္တယ္။ ” လို႔ ျမန္မာနိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမွဴး ဦးဝင္းႀကိဳင္က သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တာပါ။

လက္ရွိ အေနာက္နိုင္ငံေတြက ျမန္မာနိုင္ငံရဲ့ ရခိုင္အေရးေပၚမွာ စီးပြားေရးပိတ္ဆို႔မွုေတြလုပ္ဖို႔ မ်က္ေစာင္းထိုး ေနတာေတြရွိေနတဲ့အတြက္ သတိထားေနရခ်ိန္ ၊ ခုလိုျဖစ္ရပ္မ်ိဳးရဲ႕ သက္ေရာက္မႈက ေျဖေလ်ာ့ေပးမွုေတြကို ႐ုပ္သိမ္းသြားနိုင္တာေႀကာင့္ စိုးရိမ္တယ္လို႔လည္း ေျပာဆိုခဲ့ပါေသးတယ္။

ဖ်ာပုံၿမိဳ့နယ္ ငါးဖမ္းက်ားေဖာင္တစ္စီးမွာ အလုပ္လုပ္ဖို႔အတြက္ ပြဲစားရဲဲ႕ေရာင္းစားျခင္းခံလိုက္ရတဲ့ ဒဂုံတကၠသိုလ္ ေနာက္ဆုံးႏွစ္ေက်ာင္းသားတစ္ဦးကို တစ္လခြဲအၾကာမွာ သူ႕မိသားစု က ေငြက်ပ္ ၇ သိန္းနဲ႕ ျပန္လည္ ကယ္ဆယ္ရွာေဖြခဲ့တဲ့ျဖစ္စဥ္ လြန္ခဲ့တဲ့ရက္ပိုင္းက ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

ဒီျဖစ္ရပ္ေႀကာင့္ က်ားေဖာင္လုပ္ငန္းအေပၚ ျပင္းထန္တဲ႕ေဝဖန္ရႈံ႕ခ်မႈေတြရွိခဲ့သလို က်ားေဖာင္လုပ္ငန္းကို စိစစ္ေဆးကာ ဥပေဒအရ အေရးယူေပးဖို႔ လူသိန္းဂဏန္းေက်ာ္က လူမႈကြန္ယက္ကေန ေတာင္းဆိုတာေတြလည္း ျဖစ္ေပၚခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #ရန္ကုန္ #ေရလုပ္ငန္း #က်ားေဖာင္

Unicode

ငါးဖမ်းနည်းက ရိုးရာငါးဖမ်းနည်းဖြစ်ပြီး လုပ်ငန်းအတွက် လူလိုအပ်လရင် ပွဲစားနဲ့ရှာတာတွေလည်းရှိနိုင်

ရန်ကုန် နိုဝင်ဘာ ၂၆-၂၀၁၉
သိဂီ ၤ(VOM)

ဧရာဝတီတိုင်းထဲက ပင်လယ်ပြင်ကျားဖောင် ငါးဖမ်းရေလုပ်ငန်းမှာ ဖြစ်ခဲ့တာနဲ့ပတ်သက်လို့ အမှားအမှန်မသိပေမယ့် ငါးဖမ်းနည်းကတော ခေတ်မီငါးဖမ်းနည်းမဟုတ်ပဲ ရိုးရာငါးဖမ်းနည်းသာဖြစ်ပြီး လုပ်ငန်းအတွက် လူလ်ိုအပ်လာရင် ပွဲစားနဲ့ရှာတာတွေလည်းရှိနိုင်တယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က သတင်းမီဒီယာတွေကို အခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီလို ပွဲစားနဲ့လူရှာဖွေမှုတွေကနေ လူကုန်ကူးမှုမဖြစ်အောင်ဖော်ထုတ်ဖို့ အရေးယူရမယ့်အပိုင်းကို ဖျာပုံမှာ အုပ်ချုပ်ရေးအပိုင်းက ခရိုင်ထွေအုပ် မြို့နယ်အုပ်ချုပ်ရေး နယ်မြေခံရဲတွေအပြင် လူကုန်ကူးမှုတိုက်ဖျက်ရေးဌာန အလုပ်သမားဝန်ကြီးဌာန တွေလုပ်ဆောင်ရမှာဖြစ်တယ်လို့ ဒီကနေ့ ရန်ကုန်မှာ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ်က ဦးဆောင်ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

” ဘာပြဿနာပဲဖြစ်ဖြစ် သက်ဆိုင်ရာရုံးတွေရှိတယ်။ အဲဒါတွေနဲ့ရှင်းလို့ရတယ်။ လုပ်ငန်းကြီးတစ်ခုလုံးကတော့ အဆိုးရွားဆုံးဖြစ်နေပါပြီလို့ ပုံဖော်လိုက်တဲ့အခါမှာ ကျွန်တော်တို့တိုင်းပြည်ရဲ့ စီးပွားရေးမှာ လာ ရောက်ထိခိုက်နိုင်တယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှန်အမှားကိုတော့ ကျွန်တော်တို့မသိဘူး။ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုအောက်မှာတော့ ရှိတယ်။ ဒီလုပ်ငန်းက ခေတ်မှီငါးဖမ်းနည်းမဟုတ်ဘဲ ရိုးရာ ငါးဖမ်းနည်းပဲဖြစ်တယ်။ အဲဒီလုပ်ငန်းတွေမှာ ရာဇဝတ်မှုတွေမရှိဘူးလို့လည်း မပြောလိုဘူး။ ရှိမယ်။ လူကုန်ကူးမှုလည်း ရှိမယ်။ သဘောက လူလိုတော့ ပွဲစားတွေနဲ့ ရှာရတဲ့အခါကျတော့ ဒီဟာတွေကရှိမှာပဲ။” လို့ ဦးဝင်းကြိုင်က ပြောပါတယ်။

ဒါတွေကို မဖြေရှင်းဘဲ ငါးဖောင်လုပ်ငန်းကြီးတစ်ခုလုံးက အဆိုးရွားဆုံးဖြစ်နေပါပြီလို့ ပုံဖော်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ငပိ၊ ငါးခြောက်၊ ငံပြာရည် ရေထွက်ပစ္စည်းကဏ္ဍရဲ့ ၆၅ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနေတဲ့ ရေထွက်ပစ္စည်း ပြည်ပပို့ကုန်လုပ်ငန်း ထိခိုက်လာနိုင်တယ်လို့လည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ Social Media တွေအပြင် ပြည်တွင်း၊ ပြည်ပ သတင်းဌာနတွေရဲ့ ဆောင်းပါး၊ သတင်းရေးသား ဖော်ပြချက်တွေကြောင့် နိုင်ငံတကာမှာ ပျံနှံ့ပြီး စီးပွားရေးပိတ်ဆို့မှုတွေ ဖြစ်လာမှာကို စိုးရိမ်နေရတယ်ဆိုတာကို “ အခုဝိုင်းပြီးရေးနေကြတာက ဖျာပုံပင်လယ်ပြင်အဖြစ်က ငရဲခန်းကြီးလိုဖြစ်ပြီး၊ မတရားခိုင်းစေမှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ၊ လူကုန်ကူးမှုတွေနဲ့ အင်မတန်မှ ယိုးဒယား၊ အင်ဒိုနီးရှားကျွန်းပေါ်မှာလုပ်သလို ဒေသကြီးပုံစံဖြစ်နေတယ်။ ဒီလို အရေးအသားတွေက ဒီမှာတင်ရေးသားယုံမဟုတ်ဘဲ နိုင်ငံတကာကို ရောက်သွားတဲ့အခါ ကျွန်တော်တို့နိုင်ငံက ရေလုပ်ငန်းကရေလုပ်သားတွေအပေါ် ညှင်းပန်းနှိပ်စက်ပြီး၊ လူအခွင့်အရေးချိုးဖောက် ထုတ်လုပ်နေပါတယ်လို့ စွပ်စွဲခဲ့ရင် ဒီအရေးအသားတွေဟာ မီးလောင်ရာလေပင့် ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့စီးပွားရေး နဲ့ ရေလုပ်ငန်းရဲ့ စီးပွားရေးကို ထိလာနိုင်တယ်။ ” လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

လက်ရှိ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ ရခိုင်အရေးပေါ်မှာ စီးပွားရေးပိတ်ဆို့မှုတွေလုပ်ဖို့ မျက်စောင်းထိုး နေတာတွေရှိနေတဲ့အတွက် သတိထားနေရချိန် ၊ ခုလိုဖြစ်ရပ်မျိုးရဲ့ သက်ရောက်မှုက ဖြေလျော့ပေးမှုတွေကို ရုပ်သိမ်းသွားနိုင်တာကြောင့် စိုးရိမ်တယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။

ဖျာပုံမြို့နယ် ငါးဖမ်းကျားဖောင်တစ်စီးမှာ အလုပ်လုပ်ဖို့အတွက် ပွဲစားရဲ့ရောင်းစားခြင်းခံလိုက်ရတဲ့ ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးကို တစ်လခွဲအကြာမှာ သူ့မိသားစု က ငွေကျပ် ၇ သိန်းနဲ့ ပြန်လည် ကယ်ဆယ်ရှာဖွေခဲ့တဲ့ဖြစ်စဉ် လွန်ခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကြောင့် ကျားဖောင်လုပ်ငန်းအပေါ် ပြင်းထန်တဲ့ဝေဖန်ရှုံ့ချမှုတွေရှိခဲ့သလို ကျားဖောင်လုပ်ငန်းကို စိစစ်ဆေးကာ ဥပဒေအရ အရေးယူပေးဖို့ လူသိန်းဂဏန်းကျော်က လူမှုကွန်ယက်ကနေ တောင်းဆိုတာတွေလည်း ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #ရန်ကုန် #ရေလုပ်ငန်း #ကျားဖောင်

Related posts

Leave a Comment

VOM News

FREE
VIEW