ဖြဲ႔စည္းပံုၿပင္ဆင္ေရးကို အခန္း(၁၂)ပါ ျပဌာန္းခ်က္ေတြေက်ာ္လြန္လုပ္ေဆာင္ဖုိ႔ မစဥ္းစားနဲ႔ဆုိၿပီး ၿပည္ခုိင္ၿဖိဳးပါတီကုိယ္စားလွယ္က စိန္ေခၚေျပာဆို

ေနၿပည္ေတာ္၊ နုိဝင္ဘာ ၂၆-၂၀၁၉
သီရိ (VOM)

ဖြဲ႔စည္းပံုျပင္ဆင္ေရးကို အခန္း(၁၂)ပါ ျပဌာန္းခ်က္ေတြ ေက်ာ္လြန္လုပ္ေဆာင္ဖုိ႔ မစဥ္းစားနဲ႔ဆုိၿပီး ၿပည္ခုိင္ၿဖိဳးပါတီကုိယ္စားလွယ္ မင္းကင္းအမတ္ ဦးေမာင္ျမင့္က ဒီကေန႔မနက္ျပဳလုပ္တဲ့ ၿပည္ေထာင္စု လႊတ္ေတာ္အစည္းအေဝးမွာ စိန္ေခၚေျပာဆုိလုိက္ပါတယ္။

ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္အပါအဝင္ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၄ ဦး ေပးပို႔တင္ျပထားတဲ့ ဖြဲ႔စည္းပံုအ ေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္ထားတဲ့ ဥပေဒမူၾကမ္းနဲ႔စပ္လ်ဥ္းၿပီး ျပည္ေထာင္စုလႊတ္ေတာ္မွာ ဖြဲ႔စည္း ထားတဲ့ ဖြဲ႔စည္းပံုအေၿခခံဥပေဒ (၂၀၀၈ ခုႏွစ္) ေလ့လာစိစစ္ေရးပူးေပါင္းေကာ္မတီရဲ့ အစီရင္ခံစာအေပၚ ေဆြး ေႏြးရာမွာ ခုလိုေၿပာဆုိခဲ့တာၿဖစ္ပါတယ္။

“အားလံုးကိုစိန္ေခၚခ်င္တာကေတာ့ ဖြဲ႔စည္းပံုအေျခခံဥပေဒ အခန္း၁၂ကိုေက်ာ္လြန္ျပီးေတာ့မွ လုပ္ေဆာင္ဖို႔ မစဥ္းစားပါနဲ႔ဆိုတဲ့ အခ်က္ပဲျဖစ္ပါတယ္”လုိ႔ ဦးေမာင္ျမင့္ကေျပာခဲ့တာ ျဖစ္ပါတယ္။

ေလ့လာစိစစ္ေရးပူးေပါင္းေကာ္မတီအစီရင္ခံစာမွာ ဖြဲ႔စည္းပံုအေၿခခံဥပေဒ (၂၀၀၈ခုႏွစ္) တစ္ခုလံုးအေပၚ သံုးသပ္၊ ေလ့လာေရးဆြဲၿပီး၊ လႊတ္ေတာ္ကုိတင္ၿပလာမယ့္ ဥပေဒမူၾကမ္းေတြကုိ တၿပိဳင္တည္းယွဥ္တဲြဲၿပီးမွ ၿပည့္စံုစြာ ၿပင္ဆင္ထားတဲ့ ဥပေဒမူၾကမ္းေတြအၿဖစ္နဲ႔ လႊတ္ေတာ္ကုိတင္သြင္းနုိင္ဖုိ႔ ေဆာင္ရြက္သင့္တယ္ဆိုၿပီး သေဘာထားမွတ္ခ်က္ၿပဳထားပါတယ္။

သေဘာကေတာ့ ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္အပါအဝင္ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၄ ဦး ေပးပို႔တင္ျပထားတဲ့ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္ထားတဲ့ ဥပေဒမူၾကမ္းကို ေလ့လာစိစစ္ေရးပူးေပါင္း ေကာ္မတီေအာက္ထည့္သြင္းၿပီး ေဆာင္ရြက္ဖုိ႔ျဖစ္ပါတယ္။

ဦးေမာင္ၿမင့္က ၿပင္ဆင္ေရးပူးေပါင္းေကာ္မတီကိုဖြဲ႔စည္းစဥ္က ၄၅ ဦးေကာ္မတီပါဝင္တယ္ဆုိၿပီး လူသိ မ်ားခဲ့ေပမယ့္ အခုေတာ့ ေကာ္မတီရဲ့ လုပ္ေဆာင္ခ်က္ေတြကို မေက်နပ္၊ သေဘာထားမမွ်သူေတြ ရွိလာၿပီး ေကာ္မတီဝင္အၿဖစ္က ႏုတ္ထြက္ကုန္လုိ႔ အခုအခ်ိန္မွာ ေကာ္မတီဟာ တစ္ၿခမ္းပဲ့သြားၿပီလုိ႔ မွတ္ခ်က္ၿပဳ ေဆြး ေႏြးခဲ့ပါတယ္။

ဖြဲ႔စည္ပံုအေၿခခံဥပေဒအခန္း (၁၂) မွာပါတဲ့ ပုဒ္မ ၄၃၃ ႏွင့္ ၄၃၄၊ နည္းဥပေဒ ၁၃၃ ေတြ အရ တရားဝင္တင္သြင္းတဲ့ ဥပေဒမူၾကမ္းကုိ အကြဲအၿပဲၿဖစ္ေနတဲ့ ေကာ္မတီေအာက္သြင္းခံရတာကလည္း Awkward နုိင္တယ္လို႔ ဦးေမာင္ျမင့္က သံုးသပ္ေျပာဆိုခဲ့ပါတယ္။

“ကြၽန္ေတာ္ေဝဖန္တင္ျပလိုတာကေတာ့ ပူးေပါင္းေကာ္မတီဟာ သူ႔အလုပ္ေတာ့ လုပ္ေကာင္းလုပ္ပါ လိမ့္မယ္။ ဒါေပမယ့္ ဘယ္ရက္မွာ ျပည္ေထာင္စုလႊတ္ေတာ္ကို အၿပီးတင္ျပမယ္ဆိုတဲ့ Target မ႐ွိတဲ့အတြက္ ကြၽန္ေတာ္တို႔က ကမၻာဦးလူေတြ ေနနဲ႔ လကို ေမ်ွာ္ေနရသလိုျဖစ္ေနတာပါ။ လုပ္ငန္းရဲ႕ ႏူးညံ့သိမ္ေမြ႔မႈ၊ ခက္ခဲ႐ႈပ္ ေထြးမႈတို႔ကို ကိုယ္စားလွယ္အားလံုးနားလည္ၾကပါတယ္။ ဒါေပမယ့္ နားမလည္တာကေတာ့ လုပ္ငန္းစဥ္ရဲ႕ Time Line ကို မထုတ္ျပန္တဲ့ ကိစၥပါပဲ။ ဒါေၾကာင့္ Time line ကို ထုတ္ျပန္ေပးဖို႔ တိုက္တြန္းတင္ျပခ်င္ပါတယ္” လို႔လည္း ဦးေမာင္ျမင့္က ေျပာဆုိခဲ့ပါေသးတယ္။

ဒါ့အျပင္ ဖြ႔ဲစည္းပံုအေၿခခံဥပေဒပါ အခန္း (၁၂)က ၿပဌာန္းခ်က္ေတြကိုေက်ာ္လြန္ၿပီး လႊတ္ေတာ္ျပင္ပက လူထုအားနဲ႔ ျပင္မယ္ဆုိၿပီး ၾကံဳးဝါးေနသူေတြကုိလည္း ေတြ႔ၿမင္ေနရလို႔ ၿပင္ဆင္ေရးကိစၥအတြင္းအၿပင္ ပူးေပါင္း လုပ္ေဆာင္ခ်င္သူေတြ ရွိနုိင္တယ္လုိ႔ေျပာပါတယ္။

“ (၂၁) ရာစုပင္လံုကေန ဖိအားေပးၿပီး အေျခခံဥပေဒကို ျပင္ဆင္ခ်င္သူေတြလည္း႐ွိပါတယ္။ ဒါေၾကာင့္ ဒီလႊတ္ေတာ္ႀကီးမွာပဲ ကြၽန္ေတာ္က လႊတ္ေတာ္ဆိုတာ (၂၁) ရာစုပင္လံုရဲ႕ အမိုးေအာက္မွာ အဖီခ်ထားတဲ့ တဲ မဟုတ္ပါဘူး ဆိုၿပီးေတာ့ ကြၽန္ေတာ္နာနာက်ည္းက်ည္းနဲ႔ ေျပာခဲ့ဖူးပါတယ္။ အဲ့ဒီလူေတြ ဖြဲ႔စည္းပံုအေျခခံဥပေဒ ကိုျပင္ဆင္လိုတဲ့ ႏိုင္ငံေရးနည္းလမ္း႐ွိပါတယ္။ ဒါေပမယ့္ျဖတ္လမ္းနည္းနဲ႔ စည္းေက်ာ္ေဘာင္ေက်ာ္ျပင္မွာကို ေတာ့ အားမေပးပါဘူး။ က်ြန္ေတာ္တို႔ ျပင္ႏို္င္တာေတြ၊ ျပင္သင့္တာေတြကို အခန္း ၁၂ နဲ႔အညီ စနစ္တက်ျပင္ ဆင္ၾကပါစို႔လို႔ေျပာၾကားရင္းနိဂံုးခ်ဳပ္အပ္ပါတယ္”လို႔ ျပည္ခုိင္ၿဖိဳးပါတီကုိယ္စားလွယ္ မင္းကင္းအမတ္ ဦးေမာင္ျမင့္က တင္ျပေဆြးေႏြးေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

#voiceofmyanmar #ေနျပည္ေတာ္ #ဦးျမင့္ေမာင္ #စိန္ေခၚ

Unicode

ဖွဲ့စည်းပုံပြင်ဆင်ရေးကို အခန်း(၁၂)ပါ ပြဌာန်းချက်တွေကျော်လွန်လုပ်ဆောင်ဖို့ မစဉ်းစားနဲ့ဆိုပြီး ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်က စိန်ခေါ်ပြောဆို

နေပြည်တော်၊ နိုဝင်ဘာ ၂၆-၂၀၁၉
သီရိ (VOM)

ဖွဲ့စည်းပုံပြင်ဆင်ရေးကို အခန်း(၁၂)ပါ ပြဌာန်းချက်တွေ ကျော်လွန်လုပ်ဆောင်ဖို့ မစဉ်းစားနဲ့ဆိုပြီး ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် မင်းကင်းအမတ် ဦးမောင်မြင့်က ဒီကနေ့မနက်ပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ စိန်ခေါ်ပြောဆိုလိုက်ပါတယ်။

ဗိုလ်မှူးချုပ်မောင်မောင်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦး ပေးပို့တင်ပြထားတဲ့ ဖွဲ့စည်းပုံအ ခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်ထားတဲ့ ဥပဒေမူကြမ်းနဲ့စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်း ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ် ဆွေး နွေးရာမှာ ခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

“အားလုံးကိုစိန်ခေါ်ချင်တာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း၁၂ကိုကျော်လွန်ပြီးတော့မှ လုပ်ဆောင်ဖို့ မစဉ်းစားပါနဲ့ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်”လို့ ဦးမောင်မြင့်ကပြောခဲ့တာ ဖြစ်ပါတယ်။

လေ့လာစိစစ်ရေးပူးပေါင်းကော်မတီအစီရင်ခံစာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) တစ်ခုလုံးအပေါ် သုံးသပ်၊ လေ့လာရေးဆွဲပြီး၊ လွှတ်တော်ကိုတင်ပြလာမယ့် ဥပဒေမူကြမ်းတွေကို တပြိုင်တည်းယှဉ်တွဲပြီးမှ ပြည့်စုံစွာ ပြင်ဆင်ထားတဲ့ ဥပဒေမူကြမ်းတွေအဖြစ်နဲ့ လွှတ်တော်ကိုတင်သွင်းနိုင်ဖို့ ဆောင်ရွက်သင့်တယ်ဆိုပြီး သဘောထားမှတ်ချက်ပြုထားပါတယ်။

သဘောကတော့ ဗိုလ်မှူးချုပ်မောင်မောင်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦး ပေးပို့တင်ပြထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်ထားတဲ့ ဥပဒေမူကြမ်းကို လေ့လာစိစစ်ရေးပူးပေါင်း ကော်မတီအောက်ထည့်သွင်းပြီး ဆောင်ရွက်ဖို့ဖြစ်ပါတယ်။

ဦးမောင်မြင့်က ပြင်ဆင်ရေးပူးပေါင်းကော်မတီကိုဖွဲ့စည်းစဉ်က ၄၅ ဦးကော်မတီပါဝင်တယ်ဆိုပြီး လူသိ များခဲ့ပေမယ့် အခုတော့ ကော်မတီရဲ့ လုပ်ဆောင်ချက်တွေကို မကျေနပ်၊ သဘောထားမမျှသူတွေ ရှိလာပြီး ကော်မတီဝင်အဖြစ်က နုတ်ထွက်ကုန်လို့ အခုအချိန်မှာ ကော်မတီဟာ တစ်ခြမ်းပဲ့သွားပြီလို့ မှတ်ချက်ပြု ဆွေး နွေးခဲ့ပါတယ်။

ဖွဲ့စည်ပုံအခြေခံဥပဒေအခန်း (၁၂) မှာပါတဲ့ ပုဒ်မ ၄၃၃ နှင့် ၄၃၄၊ နည်းဥပဒေ ၁၃၃ တွေ အရ တရားဝင်တင်သွင်းတဲ့ ဥပဒေမူကြမ်းကို အကွဲအပြဲဖြစ်နေတဲ့ ကော်မတီအောက်သွင်းခံရတာကလည်း Awkward နိုင်တယ်လို့ ဦးမောင်မြင့်က သုံးသပ်ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်ဝေဖန်တင်ပြလိုတာကတော့ ပူးပေါင်းကော်မတီဟာ သူ့အလုပ်တော့ လုပ်ကောင်းလုပ်ပါ လိမ့်မယ်။ ဒါပေမယ့် ဘယ်ရက်မှာ ပြည်ထောင်စုလွှတ်တော်ကို အပြီးတင်ပြမယ်ဆိုတဲ့ Target မရှိတဲ့အတွက် ကျွန်တော်တို့က ကမ္ဘာဦးလူတွေ နေနဲ့ လကို မျှော်နေရသလိုဖြစ်နေတာပါ။ လုပ်ငန်းရဲ့ နူးညံ့သိမ်မွေ့မှု၊ ခက်ခဲရှုပ် ထွေးမှုတို့ကို ကိုယ်စားလှယ်အားလုံးနားလည်ကြပါတယ်။ ဒါပေမယ့် နားမလည်တာကတော့ လုပ်ငန်းစဉ်ရဲ့ Time Line ကို မထုတ်ပြန်တဲ့ ကိစ္စပါပဲ။ ဒါကြောင့် Time line ကို ထုတ်ပြန်ပေးဖို့ တိုက်တွန်းတင်ပြချင်ပါတယ်” လို့လည်း ဦးမောင်မြင့်က ပြောဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် ဖွ့ဲစည်းပုံအခြေခံဥပဒေပါ အခန်း (၁၂)က ပြဌာန်းချက်တွေကိုကျော်လွန်ပြီး လွှတ်တော်ပြင်ပက လူထုအားနဲ့ ပြင်မယ်ဆိုပြီး ကြုံးဝါးနေသူတွေကိုလည်း တွေ့မြင်နေရလို့ ပြင်ဆင်ရေးကိစ္စအတွင်းအပြင် ပူးပေါင်း လုပ်ဆောင်ချင်သူတွေ ရှိနိုင်တယ်လို့ပြောပါတယ်။

“ (၂၁) ရာစုပင်လုံကနေ ဖိအားပေးပြီး အခြေခံဥပဒေကို ပြင်ဆင်ချင်သူတွေလည်းရှိပါတယ်။ ဒါကြောင့် ဒီလွှတ်တော်ကြီးမှာပဲ ကျွန်တော်က လွှတ်တော်ဆိုတာ (၂၁) ရာစုပင်လုံရဲ့ အမိုးအောက်မှာ အဖီချထားတဲ့ တဲ မဟုတ်ပါဘူး ဆိုပြီးတော့ ကျွန်တော်နာနာကျည်းကျည်းနဲ့ ပြောခဲ့ဖူးပါတယ်။ အဲ့ဒီလူတွေ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြင်ဆင်လိုတဲ့ နိုင်ငံရေးနည်းလမ်းရှိပါတယ်။ ဒါပေမယ့်ဖြတ်လမ်းနည်းနဲ့ စည်းကျော်ဘောင်ကျော်ပြင်မှာကို တော့ အားမပေးပါဘူး။ ကျွန်တော်တို့ ပြင်နိုင်တာတွေ၊ ပြင်သင့်တာတွေကို အခန်း ၁၂ နဲ့အညီ စနစ်တကျပြင် ဆင်ကြပါစို့လို့ပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ်”လို့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် မင်းကင်းအမတ် ဦးမောင်မြင့်က တင်ပြဆွေးနွေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar #နေပြည်တော် #ဦးမြင့်မောင် #စိန်ခေါ်

Related posts

Leave a Comment

VOM News

FREE
VIEW