စီမံကိန္း၊ ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာနအျဖစ္ ျပင္ဆင္ဖြဲ႕စည္းေရး ျပည္ေထာင္စုလႊတ္ေတာ္ အတည္ျပဳ

ေနျပည္ေတာ္၊ ႏို၀င္ဘာ ၂၆-၂၀၁၉
ကိုထြန္း(VOM)

ေနျပည္ေတာ္မွာ ဒီကေန႔မနက္ျပဳလုပ္တဲ့ ဒုတိယအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္၊ (၁၄)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး၊ အဌမေန႔မွာ စက္မႈဝန္ႀကီးဌာန နဲ႔ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနတို႔ကို ပူးေပါင္းၿပီး စီမံကိန္း၊ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာနအျဖစ္ ျပင္ဆင္သတ္မွတ္ ဖြဲ႕စည္းေရးကိစၥကို လႊတ္ေတာ္က သေဘာတူအတည္ျပဳခဲ့ပါတယ္။

ခုလိုအတည္ျပဳခဲ့တာကို စက္ခလုပ္အသုံးျပဳ ဆႏၵျပဳနည္းလမ္းနဲ႔ ေဆာင္႐ြက္ခဲ့ၿပီး ေထာက္ခံမဲ(၃၄၉)မဲ၊ ကန္႔ကြက္မဲ(၂၂၂)မဲ၊ ၾကားေနမဲ(၂)မဲျဖစ္ကာ ေထာက္ခံဆႏၵမဲမ်ားတဲ့အတြက္ အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။

စက္မႈဝန္ႀကီးဌာန နဲ႔ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနတို႔ပူးေပါင္းကာ စီမံကိန္း၊ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာနအျဖစ္ ျပင္ဆင္သတ္မွတ္ဖြဲ႕စည္းေရးနဲ႔ ပက္သက္ၿပီး ျပည္ေထာင္စုဝန္ႀကီးဦးစိုးဝင္းက ရွင္းလင္းေျပာၾကားကာ ျပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က လႊတ္ေတာ္ရဲ႕ အဆုံးအျဖတ္ရယူၿပီး ျပင္ဆင္သတ္မွတ္ ဖြဲ႕စည္းေရးကိစၥကို သေဘာတူခဲ့ၾကတာျဖစ္ပါတယ္။

#voiceofmyanmar #ေနျပည္ေတာ္ #၀န္ႀကီးဌာန

Unicode

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းရေး ပြည်ထောင်စုလွှတ်တော် အတည်ပြု

နေပြည်တော်၊ နိုဝင်ဘာ ၂၆-၂၀၁၉
ကိုထွန်း(VOM)

နေပြည်တော်မှာ ဒီကနေ့မနက်ပြုလုပ်တဲ့ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်၊ (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊ အဌမနေ့မှာ စက်မှုဝန်ကြီးဌာန နဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ပူးပေါင်းပြီး စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်သတ်မှတ် ဖွဲ့စည်းရေးကိစ္စကို လွှတ်တော်က သဘောတူအတည်ပြုခဲ့ပါတယ်။

ခုလိုအတည်ပြုခဲ့တာကို စက်ခလုပ်အသုံးပြု ဆန္ဒပြုနည်းလမ်းနဲ့ ဆောင်ရွက်ခဲ့ပြီး ထောက်ခံမဲ(၃၄၉)မဲ၊ ကန့်ကွက်မဲ(၂၂၂)မဲ၊ ကြားနေမဲ(၂)မဲဖြစ်ကာ ထောက်ခံဆန္ဒမဲများတဲ့အတွက် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

စက်မှုဝန်ကြီးဌာန နဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ပူးပေါင်းကာ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်သတ်မှတ်ဖွဲ့စည်းရေးနဲ့ ပက်သက်ပြီး ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းက ရှင်းလင်းပြောကြားကာ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူပြီး ပြင်ဆင်သတ်မှတ် ဖွဲ့စည်းရေးကိစ္စကို သဘောတူခဲ့ကြတာဖြစ်ပါတယ်။

#voiceofmyanmar #နေပြည်တော် #ဝန်ကြီးဌာန

Related posts

Leave a Comment

VOM News

FREE
VIEW