နွစ္နိုင္ငံနယ္စပ္အနီး ေျမာက္ကိုရီးယားရဲ႕ စစ္ေရးေလ႔က်င္႔မႈ ေတာင္ကိုရိီးယားေ၀ဖန္

ဆိုးလ္၊ နို၀င္ဘာ-၂၆-၂၀၁၉
မ်ိဳးဆက္ (VOM)

နွစ္နိုင္ငံအၾကားရိွ ေရေၾကာင္းနယ္နိမိတ္အနီးမွာ ေျမာက္ကိုရိီးယားရဲ႕ စစ္ေရးေလ႔က်င့္မႈျပဳလုပ္ျခင္းဟာ ကိုရီးယားနွစ္နုိင္ငံရဲ႕ စစ္ေရးသေဘာတူညီခ်က္တစ္ရပ္ကို ခ်ိဳးေဖာက္တာျဖစ္တယ္လို႔ ေတာင္ကိုရီးယားက ေ၀ဖန္ေျပာဆိုလိုက္ပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ံဳအန္ဟာ နယ္စပ္အနီးပင္လယ္ဝါမွာရိွတဲ့ ခ်န္ဂရင္ကြ်န္းကိုသြားေရာက္တဲ႔ ခရီးစဥ္အတြင္း စစ္ေရးေလ႔က်င္႔မႈေတြကို အမိန္႔ေပးခဲ႔တယ္လို႔ ေျမာက္ကိုရီးယားနိုင္ငံပိုင္ သတင္းဌာနက နို၀င္ဘာ ၂၅ ရက္မွာ ေဖာ္ျပထားပါတယ္။

အဲဒီစစ္ေရးေလ႔က်င္႔မႈဟာ မလိုလားအပ္တဲ႔ ကိစၥသာျဖစ္ၿပီး ၊ေတာင္ကိုရီးယားနဲ႔ ေျမာက္ကိုရီးယားတို႔ လက္ရိွအခ်ိန္ထိ လိုက္နာက်င္႔သံုးခဲ႔တဲ႔ သေဘာတူညီမႈတစ္ရပ္ကို ခ်ိဳးေဖာက္တာျဖစ္တယ္လို႔ ေတာင္ကိုရီးယားကာကြယ္ေရးဝန္ၾကီးဌာန ေျပာေရးဆိုခြင္႔ရိွသူတစ္ဦးကေျပာပါတယ္။

ရရိွထားခဲ႔တဲ႔ သေဘာတူစာခ်ဳပ္ကို အျပည္႔အဝလိုက္နာဖို႔နဲ႔ နယ္စပ္ေဒသေတြမွာ စစ္ေရးလႈပ္ရွားမႈအားလံုးကို ခ်က္ခ်င္းရပ္တန္႔ဖို႔ ေျမာက္ကိုရီးယားကို ေတာင္းဆိုထားတယ္လို႔ သူကေျပာပါတယ္။

၂၀၁၈ ခုနွစ္စက္တင္ဘာလအတြင္းေျမာက္ကိုရီးယားနုိင္ငံ ျပံဳးယမ္းမွာ ျပဳလုပ္တဲ႔ နွစ္နိုင္ငံထိပ္သီးေဆြးေႏြးပြဲမွာ သေဘာတူ လက္မွတ္ေရးထိုးခဲ႔တဲ့ အဲ့ဒီစစ္ေရးသေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ျခင္းအတြက္ ေျမာက္ကိုရီးယားအေပၚ ေတာင္ကိုရီးယားရဲ႕ ပထမဆံုးအၾကိမ္ ျပစ္တင္ေျပာဆိုလိုက္တာလည္းျဖစ္ပါတယ္။

Ref : NHK Photo :AP
#voiceofmyanmar #ဆိုးလ္ #ေျမာက္ကိုရီးယား #စစ္ေရးေလ့က်င့္မွဳ

Unicode

နှစ်နိုင်ငံနယ်စပ်အနီး မြောက်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှု တောင်ကိုရီးယားဝေဖန်

ဆိုးလ်၊ နိုဝင်ဘာ-၂၆-၂၀၁၉
မျိုးဆက် (VOM)

နှစ်နိုင်ငံအကြားရှိ ရေကြောင်းနယ်နိမိတ်အနီးမှာ မြောက်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခြင်းဟာ ကိုရီးယားနှစ်နိုင်ငံရဲ့ စစ်ရေးသဘောတူညီချက်တစ်ရပ်ကို ချိုးဖောက်တာဖြစ်တယ်လို့ တောင်ကိုရီးယားက ဝေဖန်ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာ နယ်စပ်အနီးပင်လယ်ဝါမှာရှိတဲ့ ချန်ဂရင်ကျွန်းကိုသွားရောက်တဲ့ ခရီးစဉ်အတွင်း စစ်ရေးလေ့ကျင့်မှုတွေကို အမိန့်ပေးခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက နိုဝင်ဘာ ၂၅ ရက်မှာ ဖော်ပြထားပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုဟာ မလိုလားအပ်တဲ့ ကိစ္စသာဖြစ်ပြီး ၊တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ လက်ရှိအချိန်ထိ လိုက်နာကျင့်သုံးခဲ့တဲ့ သဘောတူညီမှုတစ်ရပ်ကို ချိုးဖောက်တာဖြစ်တယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။

ရရှိထားခဲ့တဲ့ သဘောတူစာချုပ်ကို အပြည့်အဝလိုက်နာဖို့နဲ့ နယ်စပ်ဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုအားလုံးကို ချက်ချင်းရပ်တန့်ဖို့ မြောက်ကိုရီးယားကို တောင်းဆိုထားတယ်လို့ သူကပြောပါတယ်။

၂၀၁၈ ခုနှစ်စက်တင်ဘာလအတွင်းမြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမှာ ပြုလုပ်တဲ့ နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲမှာ သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ အဲ့ဒီစစ်ရေးသဘောတူညီချက်ကို ချိုးဖောက်ခြင်းအတွက် မြောက်ကိုရီးယားအပေါ် တောင်ကိုရီးယားရဲ့ ပထမဆုံးအကြိမ် ပြစ်တင်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။

Ref : NHK Photo :AP
#voiceofmyanmar #ဆိုးလ် #မြောက်ကိုရီးယား #စစ်ရေးလေ့ကျင့်မှု

Related posts

Leave a Comment

VOM News

FREE
VIEW