လုပ္ငန္းခြင္ဝင္တဲ့ေနရာမွာ အငယ္ဆံုးအသက္ သတ္မွတ္ႏိုင္တဲ့ျပဌာန္းခ်က္(၁၃၈)ကုိ ျမန္မာပါဝင္ႏိုင္ေရး လႊတ္ေတာ္မွာ လက္ခံေဆြးေႏြးမယ္

ေနၿပည္ေတာ္၊ နုိဝင္ဘာ ၂၆-၂၀၁၉
သီရိ(VOM)

လုပ္ငန္းခြင္ဝင္ေရာက္ရာမွာ အငယ္ဆံုးအသက္ကုိသတ္မွတ္ႏိုင္မယ့္ ျပဌာန္းခ်က္ (၁၃၈)ကို ျမန္မာႏုိင္ငံက ပါဝင္ႏိုင္ဖို႔အတြက္ ၿပည္ေထာင္စုလႊတ္ေတာ္ကုိ အလုပ္သမား၊ လူဝင္မႈၾကီးၾကပ္ေရးနဲ႔ ၿပည္သူ႔အင္အားဝန္ၾကီးဌာန ျပည္ေထာင္စုဝန္ၾကီး ဦးသိန္းေဆြက တင္ၿပခဲ့ၿပီး ပါဝင္ေဆြးေႏြးလုိသူေတြ အမည္စာရင္းေပးသြင္းဖုိ႔ လႊတ္ေတာ္နာယက ဦးတီခြန္ၿမတ္က ဒီကေန႔လႊတ္ေတာ္မွာ ေၾကၿငာခဲ့ပါတယ္။

ဒီၿပဌာန္းခ်က္အမွတ္ ၁၃၈ ကုိ လက္ခံက်င့္သံုးနုိင္ေရးနဲ႔ပက္သက္ၿပီး သက္ဆုိင္ရာဝန္ၾကီးဌာနေတြရဲ့ သေဘာထားမွတ္ခ်က္ေတြကို အလုပ္သမား၊ လူဝင္မႈၾကီးၾကပ္ေရးနဲ႔ ၿပည္သူ႔အင္အားဝန္ၾကီးဌာနက ေတာင္းခံခဲ့ တယ္လို႔ ၿပည္ေထာင္စုဝန္ၾကီးက လႊတ္ေတာ္ကုိတင္ၿပတာျဖစ္ပါတယ္။

“ဝန္ၾကီးဌာနအားလံုးက လက္ခံက်င့္သံုးသင့္ေၾကာင္း ၿပန္ၾကားခဲ့တဲ့အတြက္ သက္ဆုိင္ရာ လုပ္ထံုး၊ လုပ္နည္းေတြနဲ႔အညီ နုိင္ငံၿခားေရးရာမူဝါဒေကာ္မတီနဲ႔ ၿပည္ေထာင္စုအစုိးရအဖြဲ႔သုိ႔ ဆက္လက္တင္ၿပၿပီးေတာ့မွ အတည္ၿပဳခ်က္ရယူၿပီးလည္း ၿဖစ္ပါတယ္”လို႔ အလုပ္သမား၊ လူဝင္မႈၾကီးၾကပ္ေရးနဲ႔ ၿပည္သူ႔အင္အားဝန္ၾကီးဌာန ျပည္ေထာင္စုဝန္ၾကီး ဦးသိန္းေဆြကေျပာပါတယ္။

ဒီ ျပဌာန္းခ်က္အမွတ္ ၁၃၈ ကုိ က်န္တဲ့အာဆီယံနုိင္ငံအားလံုးက အတည္ၿပဳလက္ခံကာ က်င့္သံုးေနၿပီၿဖစ္တယ္လို႔လည္း သိရပါတယ္။

ၿမန္မာနုိင္ငံအေနနဲ႔ကေတာ့ ILO ႏွစ္တစ္ရာၿပည့္အထိမ္းအမွတ္မွာ ဒီ ျပဌာန္းခ်က္ကုိ လက္ခံက်င့္သံုးနုိင္မယ္ဆိုရင္ ILO နဲ႔ ၿမန္မာနုိင္ငံတုိရဲ့႔ ပူးေပါင္းေဆာင္ရြက္မႈက အခုထက္ ပုိမုိအက်ိဳးရွိေစမယ္ လုိ႔ ဦးသိန္းေဆြက သံုးသပ္ေျပာဆိုထားတာျဖစ္ပါတယ္။

အငယ္ဆံုးအသက္ၿပဌာန္းခ်က္အမွတ္ ၁၃၈/(၁၉၇၃) မွာ၊ အပုိဒ္ေပါင္း (၁၈) ခုပါဝင္ၿပီး ကေလးအလုပ္ သမားေတြပေပ်ာက္ေရးကုိ ထိေရာက္စြာေဆာင္ရြက္နုိင္ဖုိ႔၊ စီးပြားေရးတိုးတက္ေစဖုိ႔၊ လူငယ္ေတြရဲ့ ရုပ္ပုိင္းနဲ႔ စိတ္ပုိင္းဆုိင္ရာ ၿပည့္ဝစြာတိုးတက္မႈနဲ႔ အညီ အလုပ္အကုိင္အခြင့္အလမ္းေတြရရွိေစဖုိ႔ ရည္ရြယ္ၿပဌာန္းထား တာၿဖစ္တယ္လုိ႔လည္း သိရပါတယ္။

ျပဌာန္းခ်က္ကုိ လက္ခံက်င့္သံုးမယ္ဆုိရင္ ရရွိလာမယ့္ အက်ိဳးေက်းဇူးေတြကေတာ့ အလုပ္လုပ္ကုိင္နုိင္တဲ့ အငယ္ဆံုးအသက္ကုိ ၁၅ ႏွစ္ထက္မငယ္ရလို႔ သတ္မွတ္ထားေပမယ့္လည္း စီးပြားေရးန႔ဲ ပညာေရးဝန္ ေဆာင္မႈေတြ လံုေလာက္၊ ဖြံ႔ၿဖိဳးမႈမရွိေသးတဲ့ အဖြဲ႔ဝင္ေတြအတြက္ ကနဦးမွာ အငယ္ဆံုးအသက္ကုိ ၁၄ ႏွစ္ သတ္မွတ္နုိင္မွာျဖစ္ပါတယ္။

ဒါ့အၿပင္ ေဘးအႏၱရာယ္ကင္းရွင္းေရးနဲ႔ က်န္းမာေရး ၊ ဒါမွမဟုတ္ အက်င့္စာရိတၱကို ထိခိုက္ေစတဲ့ သ ေဘာသဘာဝရွိတဲ့ လုပ္ငန္းေတြအတြက္ ၁၈ ႏွစ္သတ္မွတ္နုိင္ၿခင္း၊ ေဘးအႏၱရာယ္ကင္းရွင္းေရးနဲ႔ က်န္းမာေရး ဒါမွမဟုတ္ အက်င့္စာရိတၱမထိခုိက္ေစရန္ ကာကြယ္ေပးထားၿခင္း၊ အသက္ေမြးဝမ္းေက်ာင္းပညာကုိ သင္ၾကား ခြင့္ရရွိရင္ ၁၆ ႏွစ္ ၿပည့္ၿပီးသူေတြကုိ အလုပ္လုပ္ခြင့္ၿပဳနုိင္ၿခင္း၊ က်န္းမာေရး သို႔မဟုတ္ ဖြံ႔ၿဖိဳးမႈကုိ အႏၱရာယ္ မ ၿဖစ္ေစတဲ့ ေက်ာင္းတက္ေရာက္မႈကုိ မထိခုိက္ေစတဲ့ သက္ဆုိင္ရာအာဏာပုိင္ေတြက ခြင့္ၿပဳထားတဲ့ အသက္ ေမြးဝမ္းေက်ာင္းသင္တန္း သုိ႔မဟုတ္ သင္တန္းအစီအစဥ္ေတြပါဝင္မႈကုိ မထိခုိက္ေစတဲ့ ေပါ့ပါးတဲ့ လုပ္ငန္းေတြ မွာ အသက္ ၁၃ ႏွစ္ကေန ၁၅ ႏွစ္အထိ ၿပည္တြင္းဥပေဒေတြ ဒါမွမဟုတ္ နည္းဥပေဒေတြမွာ ၿပဌာန္းၿပီး အလုပ္ လုပ္ကုိင္ခြင့္ ၿပဳႏုိင္ၿခင္းတုိ႔ကိုလည္း ခံစားနုိင္မွာၿဖစ္တယ္လိုု႔ ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေျပာပါတယ္။

စီးပြားေရးနဲ႔ ပညာေရးဝန္ေဆာင္မႈေတြကုိ လံုေလာက္စြာဖြံ႔ၿဖိဳးမႈမရွိတဲ့ အဖြဲ႔ဝင္နုိင္ငံေတြအတြက္ ေပါ့ပါးတဲ့ လုပ္ငန္းေတြမွာ အသက္ ၁၃ ႏွစ္ကေန ၁၅ ႏွစ္အထိအစား အသက္ ၁၂ ႏွစ္ကေန ၁၄ ႏွစ္အထိ အလုပ္ လုပ္ကုိင္ဖို႔ ခြင့္ၿပဳနုိင္ၿခင္း၊ နုိင္ငံရဲ့ စီးပြားေရးဖြ႔ံၿဖိဳးတုိးတက္မႈအေၿခအေနေပၚမူတည္ၿပီး အလုပ္လုပ္ကုိင္နုိင္တ့ဲ အ နိမ့္ဆံုးအသက္ကို သတ္မွတ္နုိင္ၿခင္းနဲ႔ ယင္းႏွင့့္ ဆက္ႏြယ္မႈရွိတဲ့ ကေလးသူငယ္ေတြကုိ အဆိုးရြားဆံုးပံုစံနဲ႔ ခုိင္း ေစၿခင္းဆုိင္ရာ ၿပဌာန္းခ်က္အမွတ္ ၁၈၂ ကို လက္ခံက်င့္သံုးထာတဲ့အတြက္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ ရာမွာ ဝန္ၾကီးဌာနအေပၚ ဝန္ထုတ္ဝန္ပိုးမၿဖစ္ေစနုိင္ၿခင္း စတဲ့အက်ိဳးေက်းဇူးေတြလည္း ရရွိမွာၿဖစ္ပါတယ္။

ေဆြးေႏြးလိုတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အေနနဲ႔ ၂၈.၁၁.၂၀၁၉ ရက္ ညေန ၄ နာရီ ေနာက္ဆံုး ထားၿပီး ၿပည္ေထာင္စုလႊတ္ေတာ္ရံုး ညႊန္ၾကားေရးမႈးခ်ဳပ္ဆီ အမည္စာရင္းေပးသြင္းနုိင္တယ္လုိ႔ ဒီကေန႔မနက္ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္(၁၄)ႀကိမ္ေျမာက ္ပုံမွန္အစည္းအေဝး၊ အဌမေန႔မွာ လႊတ္ေတာ္ နာယက ဦးတီခြန္ၿမတ္က ေၾကၿငာခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #ေနျပည္ေတာ္ #လုပ္ငန္းခြင္ #အသက္ျပဌာန္းခ်က္

Unicode

လုပ်ငန်းခွင်ဝင်တဲ့နေရာမှာ အငယ်ဆုံးအသက် သတ်မှတ်နိုင်တဲ့ပြဌာန်းချက်(၁၃၈)ကို မြန်မာပါဝင်နိုင်ရေး လွှတ်တော်မှာ လက်ခံဆွေးနွေးမယ်

နေပြည်တော်၊ နိုဝင်ဘာ ၂၆-၂၀၁၉
သီရိ(VOM)

လုပ်ငန်းခွင်ဝင်ရောက်ရာမှာ အငယ်ဆုံးအသက်ကိုသတ်မှတ်နိုင်မယ့် ပြဌာန်းချက် (၁၃၈)ကို မြန်မာနိုင်ငံက ပါဝင်နိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက တင်ပြခဲ့ပြီး ပါဝင်ဆွေးနွေးလိုသူတွေ အမည်စာရင်းပေးသွင်းဖို့ လွှတ်တော်နာယက ဦးတီခွန်မြတ်က ဒီကနေ့လွှတ်တော်မှာ ကြေငြာခဲ့ပါတယ်။

ဒီပြဌာန်းချက်အမှတ် ၁၃၈ ကို လက်ခံကျင့်သုံးနိုင်ရေးနဲ့ပက်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ သဘောထားမှတ်ချက်တွေကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက တောင်းခံခဲ့ တယ်လို့ ပြည်ထောင်စုဝန်ကြီးက လွှတ်တော်ကိုတင်ပြတာဖြစ်ပါတယ်။

“ဝန်ကြီးဌာနအားလုံးက လက်ခံကျင့်သုံးသင့်ကြောင်း ပြန်ကြားခဲ့တဲ့အတွက် သက်ဆိုင်ရာ လုပ်ထုံး၊ လုပ်နည်းတွေနဲ့အညီ နိုင်ငံခြားရေးရာမူဝါဒကော်မတီနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြပြီးတော့မှ အတည်ပြုချက်ရယူပြီးလည်း ဖြစ်ပါတယ်”လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောပါတယ်။

ဒီ ပြဌာန်းချက်အမှတ် ၁၃၈ ကို ကျန်တဲ့အာဆီယံနိုင်ငံအားလုံးက အတည်ပြုလက်ခံကာ ကျင့်သုံးနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ကတော့ ILO နှစ်တစ်ရာပြည့်အထိမ်းအမှတ်မှာ ဒီ ပြဌာန်းချက်ကို လက်ခံကျင့်သုံးနိုင်မယ်ဆိုရင် ILO နဲ့ မြန်မာနိုင်ငံတိုရဲ့ ပူးပေါင်းဆောင်ရွက်မှုက အခုထက် ပိုမိုအကျိုးရှိစေမယ် လို့ ဦးသိန်းဆွေက သုံးသပ်ပြောဆိုထားတာဖြစ်ပါတယ်။

အငယ်ဆုံးအသက်ပြဌာန်းချက်အမှတ် ၁၃၈/(၁၉၇၃) မှာ၊ အပိုဒ်ပေါင်း (၁၈) ခုပါဝင်ပြီး ကလေးအလုပ် သမားတွေပပျောက်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်ဖို့၊ စီးပွားရေးတိုးတက်စေဖို့၊ လူငယ်တွေရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြည့်ဝစွာတိုးတက်မှုနဲ့ အညီ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိစေဖို့ ရည်ရွယ်ပြဌာန်းထား တာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြဌာန်းချက်ကို လက်ခံကျင့်သုံးမယ်ဆိုရင် ရရှိလာမယ့် အကျိုးကျေးဇူးတွေကတော့ အလုပ်လုပ်ကိုင်နိုင်တဲ့ အငယ်ဆုံးအသက်ကို ၁၅ နှစ်ထက်မငယ်ရလို့ သတ်မှတ်ထားပေမယ့်လည်း စီးပွားရေးနဲ့ ပညာရေးဝန် ဆောင်မှုတွေ လုံလောက်၊ ဖွံ့ဖြိုးမှုမရှိသေးတဲ့ အဖွဲ့ဝင်တွေအတွက် ကနဦးမှာ အငယ်ဆုံးအသက်ကို ၁၄ နှစ် သတ်မှတ်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေး ၊ ဒါမှမဟုတ် အကျင့်စာရိတ္တကို ထိခိုက်စေတဲ့ သ ဘောသဘာဝရှိတဲ့ လုပ်ငန်းတွေအတွက် ၁၈ နှစ်သတ်မှတ်နိုင်ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေး ဒါမှမဟုတ် အကျင့်စာရိတ္တမထိခိုက်စေရန် ကာကွယ်ပေးထားခြင်း၊ အသက်မွေးဝမ်းကျောင်းပညာကို သင်ကြား ခွင့်ရရှိရင် ၁၆ နှစ် ပြည့်ပြီးသူတွေကို အလုပ်လုပ်ခွင့်ပြုနိုင်ခြင်း၊ ကျန်းမာရေး သို့မဟုတ် ဖွံ့ဖြိုးမှုကို အန္တရာယ် မ ဖြစ်စေတဲ့ ကျောင်းတက်ရောက်မှုကို မထိခိုက်စေတဲ့ သက်ဆိုင်ရာအာဏာပိုင်တွေက ခွင့်ပြုထားတဲ့ အသက် မွေးဝမ်းကျောင်းသင်တန်း သို့မဟုတ် သင်တန်းအစီအစဉ်တွေပါဝင်မှုကို မထိခိုက်စေတဲ့ ပေါ့ပါးတဲ့ လုပ်ငန်းတွေ မှာ အသက် ၁၃ နှစ်ကနေ ၁၅ နှစ်အထိ ပြည်တွင်းဥပဒေတွေ ဒါမှမဟုတ် နည်းဥပဒေတွေမှာ ပြဌာန်းပြီး အလုပ် လုပ်ကိုင်ခွင့် ပြုနိုင်ခြင်းတို့ကိုလည်း ခံစားနိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

စီးပွားရေးနဲ့ ပညာရေးဝန်ဆောင်မှုတွေကို လုံလောက်စွာဖွံ့ဖြိုးမှုမရှိတဲ့ အဖွဲ့ဝင်နိုင်ငံတွေအတွက် ပေါ့ပါးတဲ့ လုပ်ငန်းတွေမှာ အသက် ၁၃ နှစ်ကနေ ၁၅ နှစ်အထိအစား အသက် ၁၂ နှစ်ကနေ ၁၄ နှစ်အထိ အလုပ် လုပ်ကိုင်ဖို့ ခွင့်ပြုနိုင်ခြင်း၊ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေပေါ်မူတည်ပြီး အလုပ်လုပ်ကိုင်နိုင်တဲ့ အ နိမ့်ဆုံးအသက်ကို သတ်မှတ်နိုင်ခြင်းနဲ့ ယင်းနှင့် ဆက်နွယ်မှုရှိတဲ့ ကလေးသူငယ်တွေကို အဆိုးရွားဆုံးပုံစံနဲ့ ခိုင်း စေခြင်းဆိုင်ရာ ပြဌာန်းချက်အမှတ် ၁၈၂ ကို လက်ခံကျင့်သုံးထာတဲ့အတွက် အကောင်အထည်ဖော်ဆောင်ရွက် ရာမှာ ဝန်ကြီးဌာနအပေါ် ဝန်ထုတ်ဝန်ပိုးမဖြစ်စေနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေလည်း ရရှိမှာဖြစ်ပါတယ်။

ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ၂၈.၁၁.၂၀၁၉ ရက် ညနေ ၄ နာရီ နောက်ဆုံး ထားပြီး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှုးချုပ်ဆီ အမည်စာရင်းပေးသွင်းနိုင်တယ်လို့ ဒီကနေ့မနက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၄)ကြိမ်မြောက ်ပုံမှန်အစည်းအဝေး၊ အဌမနေ့မှာ လွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေငြာခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #နေပြည်တော် #လုပ်ငန်းခွင် #အသက်ပြဌာန်းချက်

Related posts

Leave a Comment

VOM News

FREE
VIEW