ျမန္မာနိုင္ငံမွာ ဓါတုလက္နက္ေတြ သိုေလွာင္ထားတယ္လို႔ အေမရိကန္စြပ္စြဲ

သည္ဟိဂ္၊ နို၀င္ဘာ-၂၆-၂၀၁၉
မ်ိဳးဆက္ (VOM)

ျမန္မာနိုင္ငံဟာ ဓါတုေဗဒလက္နက္ေတြကို တားျမစ္ပိတ္ပင္ထားတဲ႔ ကမၻာလံုးဆိုင္ရာ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ေနျပီး ၁၉၈၀ ျပည္႔နွစ္ေတြအတြင္းက ဓါတုလက္နက္ေတြကို သိုေလွာင္ထားဖြယ္ရိွတယ္လို႔ အေမရိကန္က နို၀င္ဘာ ၂၅ ရက္မွာေျပာဆိုလိုက္ပါတယ္။

Mustard gas လို႔ေခၚတဲ႔ လူ႔အေရျပားကိုေလာင္ကြ်မ္းေစနိုင္တဲ႔အရာေတြကိုထုတ္လုပ္ခဲ႔တဲ႔ ျမန္မာနုိ္င္ငံက သမိုင္း၀င္စက္ရံုတစ္ရံုမွ အဲဒီပစၥည္းေတြရိွေနနိုင္ေသးတယ္လို႔ နယ္သာလန္နိုင္ငံ သည္ဟိဂ္ျမိဳ႕မွာက်င္းပတဲ႔ ဓါတုလက္နက္ထိန္းခ်ဳပ္တားျမစ္ေရးအဖြဲ႔ရဲ႕ နွစ္ပတ္လည္အစည္းအေဝးမွာ အေမရိကန္ထိပ္တန္း တာ၀န္ရိွသူတစ္ဦးက ေျပာပါတယ္။

ျမန္မာနိုင္ငံဟာ ဓါတုလက္ေတြ ထုတ္လုပ္ျခင္း၊ သိုေလွာင္ျခင္းနဲ႔ အသံုးျပဳျခင္းေတြကို ပိတ္ပင္ထားတဲ႔ ဓါတုလက္နက္ကြန္ဗင္းရွင္း (CWC) ကို ၂၀၁၅ ခုနွစ္မွာ တရား၀င္ ၀င္ေရာက္ခဲ႔တာျဖစ္ပါတယ္။

ျမန္မာနုိင္ငံက ဓါတုလက္နက္ထုတ္လုပ္ေရး သမိုင္း၀င္စက္ရံုမွာ ဓါတုလက္နက္ေတြ သိုေလွာင္သိမ္းဆည္းထားနုိင္ေျခနဲ႔ပတ္သက္ျပီး အေမရိကန္အေနနဲ႔ လြန္စြာစိုးရိမ္ပူပန္ေနတယ္လို႔ အေမရိကန္နိုင္ငံျခားေရး၀န္ၾကီးဌာန ထိပ္တန္းတာ၀န္ရိွသူ ေသာမက္ဒီနန္နိုက အစည္းအေ၀းမွာေျပာပါတယ္။

ဆာလဖာဓါတ္ေငြ႔အစီအစဥ္နဲ႔ ဓါတုလက္နက္ေတြ ထုတ္လုပ္တဲ႔ စက္ရံုအပါအ၀င္ ၁၉၈၀ျပည္႔နွစ္ေတြအတြင္း ဓါတုလက္နက္အစီအစဥ္တစ္ခု ရိွခဲ႔တယ္ဆိုတာကို မိမိတို႔ သတင္းရရိွထားေၾကာင္း၊ ယခင္ကရိွထားခဲ႔တဲ႔ လက္နက္အစီအစဥ္ကို မေၾကညာျခင္းနွင္႔ လက္နက္စက္ရံုကို မဖ်က္စီးခဲ႔တာေၾကာင္႔ CWC သေဘာတူညီခ်က္ကို ျမန္မာနုိင္ငံက မလိုက္နာဘူးဆိုတာကို ရရိွထားတဲ႔ သတင္းအခ်က္အလက္ေတြကို အေျခခံျပီး အေမရိကန္က သတ္မွတ္ထားေၾကာင္း သူကေျပာပါတယ္။

ဓါတုလက္နက္အသံုးျပဳမႈနဲ႔ပတ္သက္တဲ႔စြပ္စြဲခ်က္ေတြကို ယခင္ကလည္း ျမန္မာနုိင္ငံရင္ဆိုင္ခဲ႔ရဖူးပါတယ္။ နိုင္ငံေျမာက္ပိုင္းက ေၾကးနီသတၱဳတြင္းတစ္ခုမွာ ဆႏၵျပသူေတြကိုျဖိဳခြဲရာမွာ ေဖာ႔စ္ဖရက္အသံုးျပဳခဲ႔ေၾကာင္း ၂၀၁၃ ခုနွစ္ ပါလီမန္မွတ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။

Ref : Japan Time Photo : Reuters
#voiceofmyanmar #အေမရိကန္ #ျမန္မာ #ဓါတုလက္နက္

Unicode

မြန်မာနိုင်ငံမှာ ဓါတုလက်နက်တွေ သိုလှောင်ထားတယ်လို့ အမေရိကန်စွပ်စွဲ

သည်ဟိဂ်၊ နိုဝင်ဘာ-၂၆-၂၀၁၉
မျိုးဆက် (VOM)

မြန်မာနိုင်ငံဟာ ဓါတုဗေဒလက်နက်တွေကို တားမြစ်ပိတ်ပင်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်နေပြီး ၁၉၈၀ ပြည့်နှစ်တွေအတွင်းက ဓါတုလက်နက်တွေကို သိုလှောင်ထားဖွယ်ရှိတယ်လို့ အမေရိကန်က နိုဝင်ဘာ ၂၅ ရက်မှာပြောဆိုလိုက်ပါတယ်။

Mustard gas လို့ခေါ်တဲ့ လူ့အရေပြားကိုလောင်ကျွမ်းစေနိုင်တဲ့အရာတွေကိုထုတ်လုပ်ခဲ့တဲ့ မြန်မာနိုင်ငံက သမိုင်းဝင်စက်ရုံတစ်ရုံမှ အဲဒီပစ္စည်းတွေရှိနေနိုင်သေးတယ်လို့ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာကျင်းပတဲ့ ဓါတုလက်နက်ထိန်းချုပ်တားမြစ်ရေးအဖွဲ့ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ အမေရိကန်ထိပ်တန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံဟာ ဓါတုလက်တွေ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနဲ့ အသုံးပြုခြင်းတွေကို ပိတ်ပင်ထားတဲ့ ဓါတုလက်နက်ကွန်ဗင်းရှင်း (CWC) ကို ၂၀၁၅ ခုနှစ်မှာ တရားဝင် ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဓါတုလက်နက်ထုတ်လုပ်ရေး သမိုင်းဝင်စက်ရုံမှာ ဓါတုလက်နက်တွေ သိုလှောင်သိမ်းဆည်းထားနိုင်ခြေနဲ့ပတ်သက်ပြီး အမေရိကန်အနေနဲ့ လွန်စွာစိုးရိမ်ပူပန်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူ သောမက်ဒီနန်နိုက အစည်းအဝေးမှာပြောပါတယ်။

ဆာလဖာဓါတ်ငွေ့အစီအစဉ်နဲ့ ဓါတုလက်နက်တွေ ထုတ်လုပ်တဲ့ စက်ရုံအပါအဝင် ၁၉၈၀ပြည့်နှစ်တွေအတွင်း ဓါတုလက်နက်အစီအစဉ်တစ်ခု ရှိခဲ့တယ်ဆိုတာကို မိမိတို့ သတင်းရရှိထားကြောင်း၊ ယခင်ကရှိထားခဲ့တဲ့ လက်နက်အစီအစဉ်ကို မကြေညာခြင်းနှင့် လက်နက်စက်ရုံကို မဖျက်စီးခဲ့တာကြောင့် CWC သဘောတူညီချက်ကို မြန်မာနိုင်ငံက မလိုက်နာဘူးဆိုတာကို ရရှိထားတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး အမေရိကန်က သတ်မှတ်ထားကြောင်း သူကပြောပါတယ်။

ဓါတုလက်နက်အသုံးပြုမှုနဲ့ပတ်သက်တဲ့စွပ်စွဲချက်တွေကို ယခင်ကလည်း မြန်မာနိုင်ငံရင်ဆိုင်ခဲ့ရဖူးပါတယ်။ နိုင်ငံမြောက်ပိုင်းက ကြေးနီသတ္တုတွင်းတစ်ခုမှာ ဆန္ဒပြသူတွေကိုဖြိုခွဲရာမှာ ဖော့စ်ဖရက်အသုံးပြုခဲ့ကြောင်း ၂၀၁၃ ခုနှစ် ပါလီမန်မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

Ref : Japan Time Photo : Reuters
#voiceofmyanmar #အမေရိကန် #မြန်မာ #ဓါတုလက်နက်

Related posts

Leave a Comment

VOM News

FREE
VIEW