ကိုရဲရင့္ေက်ာ္အမႈ တရားလိုျပသက္ေသကို စစစ္

မႏၲေလး၊ ႏိုဝင္ဘာ ၂၇-၂၀၁၉
ျဖဴျဖဴ(VOM)

ၿပီးခဲ့တဲ့တစ္ႏွစ္ေက်ာ္က စစ္ပြဲေတြရပ္တန္႔ေရး ဆႏၵထုတ္ေဖာ္မႈမွာပါဝင္ခဲ့တဲ့ ဗကသေဟာင္း ကိုရဲရင့္ေက်ာ္အမႈနဲ႔ပတ္သက္ၿပီး ေအာင္ေျမသာစံၿမိဳ႕နယ္တရား႐ုံးမွာ ဒီကေန႔မွာ တရားလိုျပသက္ေသကို စတင္စစ္ေဆးခဲ့ပါတယ္။

အခု႐ုံးခ်ိန္းမွာ တရားလိုကို စတင္စစ္ေဆးရမွာျဖစ္ေပမယ့္ လာေရာက္ျခင္းမရွိတဲ့အေပၚ ကိုရဲရင့္ေက်ာ္က ” ဥပေဒေၾကာင္းအရ ထုေခ်ဖို႔ေမးဖို႔ ႐ုံးခ်ိန္းတစ္ခ်ိန္းနစ္နာသြားတာေပါ့။ တရားလိုေတာ့မလာဘူး၊ သက္ေသခံတဲ့သူပဲ ေရာက္လာတာေပါ့။ တရားလိုနဲ႔ေတြ႕မွ ဘာေၾကာင့္ က်ေနာ့္အေပၚစြဲဆိုလည္းဆိုတာ အေခ်အတင္ျပန္လည္ ထုေခ်ေမးခြန္းလုပ္လို႔ရမွာ ျဖစ္တဲ့အတြက္ ေလာေလာဆယ္ေတာ့ ျမင္တဲ့အတိုင္းပါပဲ။ ” လို႔ ေျပာပါတယ္။

တရား႐ုံးသတင္းျပန္ၾကားေရးအရာရွိကေတာ့ ဒီေန႔႐ုံးခ်ိန္းအတြက္ အမႈမွာပါဝင္တဲ့ တရားလိုရဲမႉးေဇာ္ႏိုင္အပါအဝင္ သက္ေသငါးဦးကို ဆင့္ဆိုခဲ့ေပမယ့္ တရားလိုနဲ႔ႏွစ္ဦးက နယ္ေျမ ေျပာင္းေ႐ႊ႕သြားၿပီး တစ္ဦးက ပင္စင္ယူသြားတဲ့အတြက္ က်န္တဲ့ လိုျပသက္ေသကိုသာ စစ္ေဆးရတာျဖစ္တယ္လို႔ ရွင္းျပပါတယ္။

ၿပီးခဲ့တဲ့၂၀၁၈ ခုႏွစ္ ေမလက မႏၲေလးၿမိဳ႕က်ဳံးေတာင္ဘက္ျခမ္းမွာ တိုင္းရင္းသားေဒသမ်ားမွာ ထိုးစစ္မ်ားရပ္ဆိုင္းေရးနဲ႔ စစ္နယ္ေျမအတြင္း ပိတ္မိေနတဲ့ ျပည္သူေတြ လႊတ္ေပးေရးအတြက္ ဖေယာင္းတိုင္မီးထြန္းၿပီး ဆုေတာင္းဆႏၵျပမႈနဲ႔ ပတ္သက္လို႔ ဗကသေကာ္မတီဝင္ေဟာင္းေတြ ျဖစ္တဲ့ ကိုသန္းထိုက္၊ ကိုရဲရင့္ေက်ာ္နဲ႔ ကိုႏွင္းေမာင္တို႔ကို ၿငိမ္းစုစီ ပုဒ္မ-၁၉ နဲ႔ အမွတ္ ၅ ၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္ခဲ့တာပါ။

အဲဒီေနာက္ ကိုသန္းထိုက္နဲ႔ ကိုႏွင္းေမာင္တို႔ကို ဖမ္းဆီးခဲ့ၿပီး ၿငိမ္းခ်မ္းစြာစုေဝးလွည့္လည္ခြင့္ ဥပေဒပုဒ္မ ၁၉ နဲ႔ ၂၀၁၈ ခုႏွစ္ ဇူလိုင္လအတြင္းမွာပဲ ေအာင္ေျမသာစံၿမိဳ႕နယ္တရား႐ုံးကေန ေထာင္ဒဏ္ ၃ လဆီက်ခံဖို႔ အမိန္႔ခ်ခဲ့ပါတယ္။

ဒီအမႈကေနလြတ္ေျမာက္ေနတဲ့ ကိုရဲရင့္ေက်ာ္ကိုေတာ့ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၁၉ ရက္က မဟာေအာင္ေျမၿမိဳ႕နယ္အတြင္းက လက္ဖက္ရည္ဆိုင္တစ္ခုမွာ ဖမ္းဆီးရမိခဲ့ၿပီး ကိုရဲရင့္ေက်ာ္ဟာလက္ရွိမွာေတာ့ ေအာင္ေျမသာစံၿမိဳ႕နယ္တရား႐ုံးမွာ အမႈရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။

လာမယ့္႐ုံးခ်ိန္းကို ဒီဇင္ဘာ ၄ ရက္ကို ခ်ိန္းဆိုလိုက္ၿပီး အဲဒီေန႔မွာစစ္ေဆးဖို႔ လိုျပသက္ေသ ၃ဦးကို ဆင့္ေခၚထားတယ္လို႔ ေအာင္ေျမသာစံၿမိဳ႕နယ္တရား႐ုံးကေန သိရပါတယ္။

#voiceofmyanmar #မႏၲေလး #ၿငိမ္းစုစီ #ဗကသ #ေအာင္ေျမသာစံၿမိဳ႕နယ္တရား႐ုံး

Unicode

ကိုရဲရင့်ကျော်အမှု တရားလိုပြသက်သေကို စစစ်

မန္တလေး၊ နိုဝင်ဘာ ၂၇-၂၀၁၉
ဖြူဖြူ(VOM)

ပြီးခဲ့တဲ့တစ်နှစ်ကျော်က စစ်ပွဲတွေရပ်တန့်ရေး ဆန္ဒထုတ်ဖော်မှုမှာပါဝင်ခဲ့တဲ့ ဗကသဟောင်း ကိုရဲရင့်ကျော်အမှုနဲ့ပတ်သက်ပြီး အောင်မြေသာစံမြို့နယ်တရားရုံးမှာ ဒီကနေ့မှာ တရားလိုပြသက်သေကို စတင်စစ်ဆေးခဲ့ပါတယ်။

အခုရုံးချိန်းမှာ တရားလိုကို စတင်စစ်ဆေးရမှာဖြစ်ပေမယ့် လာရောက်ခြင်းမရှိတဲ့အပေါ် ကိုရဲရင့်ကျော်က ” ဥပဒေကြောင်းအရ ထုချေဖို့မေးဖို့ ရုံးချိန်းတစ်ချိန်းနစ်နာသွားတာပေါ့။ တရားလိုတော့မလာဘူး၊ သက်သေခံတဲ့သူပဲ ရောက်လာတာပေါ့။ တရားလိုနဲ့တွေ့မှ ဘာကြောင့် ကျနော့်အပေါ်စွဲဆိုလည်းဆိုတာ အချေအတင်ပြန်လည် ထုချေမေးခွန်းလုပ်လို့ရမှာ ဖြစ်တဲ့အတွက် လောလောဆယ်တော့ မြင်တဲ့အတိုင်းပါပဲ။ ” လို့ ပြောပါတယ်။

တရားရုံးသတင်းပြန်ကြားရေးအရာရှိကတော့ ဒီနေ့ရုံးချိန်းအတွက် အမှုမှာပါဝင်တဲ့ တရားလိုရဲမှူးဇော်နိုင်အပါအဝင် သက်သေငါးဦးကို ဆင့်ဆိုခဲ့ပေမယ့် တရားလိုနဲ့နှစ်ဦးက နယ်မြေ ပြောင်းရွှေ့သွားပြီး တစ်ဦးက ပင်စင်ယူသွားတဲ့အတွက် ကျန်တဲ့ လိုပြသက်သေကိုသာ စစ်ဆေးရတာဖြစ်တယ်လို့ ရှင်းပြပါတယ်။

ပြီးခဲ့တဲ့၂၀၁၈ ခုနှစ် မေလက မန္တလေးမြို့ကျုံးတောင်ဘက်ခြမ်းမှာ တိုင်းရင်းသားဒေသများမှာ ထိုးစစ်များရပ်ဆိုင်းရေးနဲ့ စစ်နယ်မြေအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေ လွှတ်ပေးရေးအတွက် ဖယောင်းတိုင်မီးထွန်းပြီး ဆုတောင်းဆန္ဒပြမှုနဲ့ ပတ်သက်လို့ ဗကသကော်မတီဝင်ဟောင်းတွေ ဖြစ်တဲ့ ကိုသန်းထိုက်၊ ကိုရဲရင့်ကျော်နဲ့ ကိုနှင်းမောင်တို့ကို ငြိမ်းစုစီ ပုဒ်မ-၁၉ နဲ့ အမှတ် ၅ မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ။

အဲဒီနောက် ကိုသန်းထိုက်နဲ့ ကိုနှင်းမောင်တို့ကို ဖမ်းဆီးခဲ့ပြီး ငြိမ်းချမ်းစွာစုဝေးလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ နဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းမှာပဲ အောင်မြေသာစံမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၃ လဆီကျခံဖို့ အမိန့်ချခဲ့ပါတယ်။

ဒီအမှုကနေလွတ်မြောက်နေတဲ့ ကိုရဲရင့်ကျော်ကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်က မဟာအောင်မြေမြို့နယ်အတွင်းက လက်ဖက်ရည်ဆိုင်တစ်ခုမှာ ဖမ်းဆီးရမိခဲ့ပြီး ကိုရဲရင့်ကျော်ဟာလက်ရှိမှာတော့ အောင်မြေသာစံမြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

လာမယ့်ရုံးချိန်းကို ဒီဇင်ဘာ ၄ ရက်ကို ချိန်းဆိုလိုက်ပြီး အဲဒီနေ့မှာစစ်ဆေးဖို့ လိုပြသက်သေ ၃ဦးကို ဆင့်ခေါ်ထားတယ်လို့ အောင်မြေသာစံမြို့နယ်တရားရုံးကနေ သိရပါတယ်။

#voiceofmyanmar #မန္တလေး #ငြိမ်းစုစီ #ဗကသ #အောင်မြေသာစံမြို့နယ်တရားရုံး

Related posts

Leave a Comment

VOM News

FREE
VIEW