မူးယစ္ေဆးဝါးသယ္တာေတြကုိ ေဖာ္ထုတ္တဲ့ mobile x-ray ေမာ္ေတာ္ယာဥ္အသစ္ (၂)စီး ထပ္မံဝယ္ယူဖုိ႔ စီစဥ္ထား

ေနၿပည္ေတာ္၊ နုိဝင္ဘာ ၂၇-၂၀၁၉
သီရိ(VOM)

လာမယ့္ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္မွာ မူးယစ္ေဆးဝါးတရားမဝင္ သယ္ေဆာင္တာေတြကုိ ေဖာ္ထုတ္ ဖမ္းဆီးတဲ့ mobile x-ray ေမာ္ေတာ္ယာဥ္အသစ္ ၂ စီး ထပ္မံဝယ္ယူဖုိ႔ စီစဥ္ထားတယ္လုိ႔ ၿပည္ထဲေရးဝန္ၾကီး ဌာနက ဒုတိယဝန္ၾကီး ဗိုလ္ခ်ဳပ္ေအာင္သူက ဒီကေန႔မနက္ပိုင္း ေနၿပည္ေတာ္မွာ လုပ္ေနတဲ့ ၿပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွာ ေဝါမဲဆႏၵက ၿပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးတင္ေထြး ေမးၿမန္းတဲ့ေမးခြန္းကို ရွင္းလင္းခ်ိန္မွာ ထည့္သြင္းေၿပာၾကား လုိက္တာၿဖစ္ပါတယ္။

“လက္႐ွိတြင္ တရားမဝင္မူးယစ္ေဆးဝါးသယ္ေဆာင္မႈမ်ားကို ေဖာ္ထုတ္ဖမ္းဆီးႏို္င္ေရးအတြက္ mobile x-ray ေမာ္ေတာ္ယာဥ္ ၂ စီးနဲ႔ mini x-ray စက္ ၈လံုးအား ဝယ္ယူၿပီး မူးယစ္ေဆးဝါးႏွိမ္နင္းေရးလုပ္ငန္းမ်ားမွာ အေကာင္အထည္ေဖာ္ေဆာင္ရြက္လ်က္႐ွိတဲ့အျပင္၊ ၂၀၁၉-၂၀၂၀ဘ႑ာေရးႏွစ္မွာ mobile x-ray ေမာ္ေတာ္ ယာဥ္အသစ္ ၂ စီး ထပ္မံဝယ္ယူ ရန္စီစဥ္ထား႐ွိၿပီးျဖစ္ပါတယ္”လုိ႔ ဗိုလ္ခ်ဳပ္ေအာင္သူက ေျပာခဲ့တာျဖစ္ပါတယ္။

NLD ကုိယ္စားလွယ္ ဦးတင္ေထြးက ျမန္မာနုိင္ငံရဲတပ္ဖြဲ႔ကုိ လိုအပ္ခ်က္နဲ႔အညီ အင္အားတိုးခ်ဲ႕ဖြဲ႔စည္းဖုိ႔ နဲ႔ တပ္ဖြဲ႔ရဲ့ အေၿခခံလုိအပ္ခ်က္ေတြအပါအဝင္ လုပ္ငန္းစြမ္းေဆာင္ရည္ၿမင့္မားလာေစေရးေတြအတြက္ ဘယ္လို ေဆာင္ရြက္ထားလဲဆိုတာ သိလုိတယ္ဆိုတဲ့ ေမးခြန္းေမးၿမန္းခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ လံုျခံဳေရးရဲတပ္ဖြဲ႔ခြဲ ၂၇ ခုနဲ႔ နယ္ျခားေစာင့္လံုျခံဳေရး ရဲတပ္ဖြဲ႔ခြဲ ၈ ခု ဖြဲ႔စည္းထားၿပီးေတာ့ တစ္ႏိုင္ငံလံုးနဲ႔ ျခံဳၾကည့္မယ္ဆိုရင္ ရဲနဲ႔ ျပည္သူအခ်ိဳးဟာ ၁း၆၄၃ ဦး႐ွိေပမယ့္ ျပည္သူလူထုေနထိုင္မႈ ထူထပ္တဲ့ တိုင္းေဒသႀကီးမ်ားမွာ ရဲနဲ႔ ျပည္သူအခ်ိဳးဟာ ၁း၁၀၇၈ ဦးခန္႔႐ွိေနတယ္လုိ႔ ဒုတိယဝန္ၾကီးက သံုးသပ္ေျပာဆုိခဲ့ပါေသးတယ္။

ျမန္မာႏို္င္ငံရဲတပ္ဖြဲ႔မွာ ရဲေလ့က်င့္ေရးသင္တန္းေက်ာင္း ၇ေက်ာင္း ဖြင့္လွစ္ၿပီး သင္တန္းၫႊန္းတမ္းေတြကုိ ေခတ္နဲ႔ အညီေရးဆြဲေရး၊ အရာ႐ွိ၊ အျခားအဆင့္၊ တပ္ဖြဲ႔ဝင္မ်ားအတြက္ သင္ၾကားပို႔ခ်ေပးေနတာကို “ရပ္ရြာေအးခ်မ္းသာယာေရးနဲ႔ တရားဥပေဒစိုးမိုးေရးအတြက္ ႀကိဳတင္ကာကြယ္မႈကို အေျခခံၿပီးေတာ့မွ ရပ္ရြာ ေဒသ႐ွိ ျပည္သူမ်ား၏ တြန္းအားျဖင့္ လုပ္ေဆာင္တဲ့ ျပည္သူလူထု ပူးေပါင္းပါဝင္တဲ့ ရဲလုပ္ငန္းစဥ္ျဖင့္ အေကာင္ အထည္ေဖာ္ေဆာင္ရြက္လ်က္႐ွိတဲ့အျပင္ မႈခင္းထူထပ္တဲ့ မႏၱေလးတိုင္းေဒသႀကီး တိုင္းေဒသႀကီး police comment center ကိုဖြင့္လွစ္ၿပီး ၿမိဳ႕ေပၚ ၄ ၿမိဳ႕နယ္႐ွိ ယခင္ ၿပစ္မႈအမ်ားဆံုးျဖစ္ပြားေသာ ေနရာ ၂၁ ေနရာမွာ ေရြ႔လ်ားကင္မရာနဲ႔ ပံုေသကင္မရာ ၄၀လံုးအားလည္းေကာင္း၊ ရန္ကုန္တိုင္းေဒသႀကီးမွာ comment and control center ကိုဖြင့္လွစ္ၿပီးေတာ့မွ ရန္ကုန္ၿမိဳ႕ျပည္သူမ်ားသြားလာတဲ့ အမႈမ်ားျပားတဲ့ ေနရာ ၄၅ ေနရာကို CCTV ကင္မရာ ၃၁၄ လံုးအားတပ္ဆင္ၿပီး ျပည္သူမ်ားကိုၾကည့္႐ႈ ကာကြယ္ေပးလ်က္႐ွိပါတယ္”လုိ႔ ဗိုလ္ခ်ဳပ္ေအာင္သူက ျပန္လည္ေျပာဆိုခဲ့ပါေသးတယ္။

မႈခင္းၿဖစ္ပြားမႈ ႏွိဳင္းယွဥ္ခ်က္နဲ႔ ပက္သက္ၿပီးေတာ့ ဒုတိယဝန္ၾကီး ဗိုလ္ခ်ဳပ္ေအာင္သူက “ အရင္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီ္လကေန ေအာက္တိုဘာလအထိ မႈခင္းျဖစ္ပြားမႈနဲ႔ အခု ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလကေန ေအာက္တိုဘာလအထိ မႈခင္းျဖစ္ပြားမႈကို ႏိႈင္းယွဥ္ၾကည့္မယ္ဆုိရင္၊ အခု ၂၀၁၉ ခုႏွစ္မွာ လူသတ္မႈ ၁၆ မႈွွွွ၊ ဓားျပမႈ ၂ မႈ၊ ျပန္ေပးမႈ ၅ မႈ၊ လက္ နက္မႈ ၇ မႈတို႔အသီးသီးတိုးလာၿပီး လုယက္မႈ ၇၀ မႈ၊ မုဒိန္းမႈ ၂၂၈ မႈ၊ ေဖာက္ထြင္းမႈ ၃ မႈ၊ တိရိစာၦန္ခိုးမႈ ၇ မႈ၊ မတရားအသင္း ၃၂ မႈ ေလ်ာ့က်သြားတယ္”လုိ႔ ႏိူင္းယွဥ္ေၿပာခဲ့တာ ျဖစ္ပါတယ္။

#voiceofmyanmar #ေနျပည္ေတာ္ #X-Ray #မူးယစ္ေဆး

Unicode

မူးယစ်ဆေးဝါးသယ်တာတွေကို ဖော်ထုတ်တဲ့ mobile x-ray မော်တော်ယာဉ်အသစ် (၂)စီး ထပ်မံဝယ်ယူဖို့ စီစဉ်ထား

နေပြည်တော်၊ နိုဝင်ဘာ ၂၇-၂၀၁၉
သီရိ(VOM)

လာမယ့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ မူးယစ်ဆေးဝါးတရားမဝင် သယ်ဆောင်တာတွေကို ဖော်ထုတ် ဖမ်းဆီးတဲ့ mobile x-ray မော်တော်ယာဉ်အသစ် ၂ စီး ထပ်မံဝယ်ယူဖို့ စီစဉ်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီး ဌာနက ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ဒီကနေ့မနက်ပိုင်း နေပြည်တော်မှာ လုပ်နေတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဝေါမဲဆန္ဒက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး မေးမြန်းတဲ့မေးခွန်းကို ရှင်းလင်းချိန်မှာ ထည့်သွင်းပြောကြား လိုက်တာဖြစ်ပါတယ်။

“လက်ရှိတွင် တရားမဝင်မူးယစ်ဆေးဝါးသယ်ဆောင်မှုများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် mobile x-ray မော်တော်ယာဉ် ၂ စီးနဲ့ mini x-ray စက် ၈လုံးအား ဝယ်ယူပြီး မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်းများမှာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့အပြင်၊ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်မှာ mobile x-ray မော်တော် ယာဉ်အသစ် ၂ စီး ထပ်မံဝယ်ယူ ရန်စီစဉ်ထားရှိပြီးဖြစ်ပါတယ်”လို့ ဗိုလ်ချုပ်အောင်သူက ပြောခဲ့တာဖြစ်ပါတယ်။

NLD ကိုယ်စားလှယ် ဦးတင်ထွေးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လိုအပ်ချက်နဲ့အညီ အင်အားတိုးချဲ့ဖွဲ့စည်းဖို့ နဲ့ တပ်ဖွဲ့ရဲ့ အခြေခံလိုအပ်ချက်တွေအပါအဝင် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရေးတွေအတွက် ဘယ်လို ဆောင်ရွက်ထားလဲဆိုတာ သိလိုတယ်ဆိုတဲ့ မေးခွန်းမေးမြန်းခဲ့တာပါ။

မြန်မာနိုင်ငံမှာ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ ၂၇ ခုနဲ့ နယ်ခြားစောင့်လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ ၈ ခု ဖွဲ့စည်းထားပြီးတော့ တစ်နိုင်ငံလုံးနဲ့ ခြုံကြည့်မယ်ဆိုရင် ရဲနဲ့ ပြည်သူအချိုးဟာ ၁း၆၄၃ ဦးရှိပေမယ့် ပြည်သူလူထုနေထိုင်မှု ထူထပ်တဲ့ တိုင်းဒေသကြီးများမှာ ရဲနဲ့ ပြည်သူအချိုးဟာ ၁း၁၀၇၈ ဦးခန့်ရှိနေတယ်လို့ ဒုတိယဝန်ကြီးက သုံးသပ်ပြောဆိုခဲ့ပါသေးတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ရဲလေ့ကျင့်ရေးသင်တန်းကျောင်း ၇ကျောင်း ဖွင့်လှစ်ပြီး သင်တန်းညွှန်းတမ်းတွေကို ခေတ်နဲ့ အညီရေးဆွဲရေး၊ အရာရှိ၊ အခြားအဆင့်၊ တပ်ဖွဲ့ဝင်များအတွက် သင်ကြားပို့ချပေးနေတာကို “ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ကြိုတင်ကာကွယ်မှုကို အခြေခံပြီးတော့မှ ရပ်ရွာ ဒေသရှိ ပြည်သူများ၏ တွန်းအားဖြင့် လုပ်ဆောင်တဲ့ ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ ရဲလုပ်ငန်းစဉ်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့အပြင် မှုခင်းထူထပ်တဲ့ မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီး police comment center ကိုဖွင့်လှစ်ပြီး မြို့ပေါ် ၄ မြို့နယ်ရှိ ယခင် ပြစ်မှုအများဆုံးဖြစ်ပွားသော နေရာ ၂၁ နေရာမှာ ရွေ့လျားကင်မရာနဲ့ ပုံသေကင်မရာ ၄၀လုံးအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှာ comment and control center ကိုဖွင့်လှစ်ပြီးတော့မှ ရန်ကုန်မြို့ပြည်သူများသွားလာတဲ့ အမှုများပြားတဲ့ နေရာ ၄၅ နေရာကို CCTV ကင်မရာ ၃၁၄ လုံးအားတပ်ဆင်ပြီး ပြည်သူများကိုကြည့်ရှု ကာကွယ်ပေးလျက်ရှိပါတယ်”လို့ ဗိုလ်ချုပ်အောင်သူက ပြန်လည်ပြောဆိုခဲ့ပါသေးတယ်။

မှုခင်းဖြစ်ပွားမှု နှိုင်းယှဉ်ချက်နဲ့ ပက်သက်ပြီးတော့ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက “ အရင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ်လကနေ အောက်တိုဘာလအထိ မှုခင်းဖြစ်ပွားမှုနဲ့ အခု ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ မှုခင်းဖြစ်ပွားမှုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်၊ အခု ၂၀၁၉ ခုနှစ်မှာ လူသတ်မှု ၁၆ မှုှ၊ ဓားပြမှု ၂ မှု၊ ပြန်ပေးမှု ၅ မှု၊ လက် နက်မှု ၇ မှုတို့အသီးသီးတိုးလာပြီး လုယက်မှု ၇၀ မှု၊ မုဒိန်းမှု ၂၂၈ မှု၊ ဖောက်ထွင်းမှု ၃ မှု၊ တိရိစ္ဆာန်ခိုးမှု ၇ မှု၊ မတရားအသင်း ၃၂ မှု လျော့ကျသွားတယ်”လို့ နိူင်းယှဉ်ပြောခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar #နေပြည်တော် #X-Ray #မူးယစ်ဆေး

Related posts

Leave a Comment

VOM News

FREE
VIEW