စစ္ဆင္ေရးအတြင္ ရဟတ္ယာဥ္နွစ္စင္းတိုက္မိလို႔ ျပင္သစ္တပ္ဖြဲ႔၀င္ ၁၃ ဦးေသဆံုး

ပါရီ၊ နို၀င္ဘာ-၂၇-၂၀၁၉
မ်ိဳးဆက္ (VOM)

မာလီရိွ ဂ်ီဟတ္ေတြအေပၚျပဳလုပ္တဲ့ စစ္ဆင္ေရးတစ္ခုအတြင္း ရဟတ္ယာဥ္နွစ္စင္းတိုက္မိသြားတာေၾကာင္႔ ျပင္သစ္ တပ္ဖြဲ႔ဝင္ ၁၃ ဥိီးေသဆံုးသြားတယ္လို႔ ျပင္သစ္သမၼတရံုးက ထုတ္ျပန္ပါတယ္။

၁၉၈၀ ျပည္႔နွစ္ေတြကတည္းက ျပင္သစ္စစ္တပ္အတြက္ အၾကီးအက်ယ္ဆံုးရံႈးမႈအျဖစ္ ဒီျဖစ္စဥ္နဲ႔ပတ္သက္ျပီး အလြန္ဝမ္းနည္းရေၾကာင္း ျပင္သစ္သမၼတတ အီမန္န်ဴရယ္မာခရိုက ထုတ္ေဖာ္ေျပာဆိုပါတယ္။

ရဟတ္ယာဥ္နွစ္စင္းဟာ တစ္စင္းနွင္႔တစ္စင္း ဘယ္လိုတိုက္မိခဲ႔တယ္ ဆိုတာနဲ႔ပတ္သက္ျပီး စံုစမ္းစစ္ေဆးမႈတစ္ရပ္ စတင္ေနျပီျဖစ္ပါတယ္။

မာလီနိုင္ငံေျမာက္ပိုင္းေဒသေတြကို စစ္ေသြၾကြေတြက သိမ္းပိုက္ျပီးေနာက္ ၂၀၁၃ ခုနွစ္ကတည္းက မာလီနုိင္ငံမွာ ျပင္သစ္တပ္ဖြဲ႔၀င္ေထာင္ေပါင္းမ်ားစြာကို ျဖန္႔ၾကက္ခ်ထားခဲ႔တာျဖစ္ပါတယ္။

အဲဒီနယ္ေျမေတြကို မာလီစစ္ဘက္က ျပန္လည္သိမ္းပိုက္နိုင္ခဲ႔ေပမယ္႔လည္း လံုျခံဳေရးအေျခအေန ေကာင္းမြန္ျခင္းမရိွပဲ အိမ္နီးခ်င္းနိုင္ငံေတြကို အၾကမ္းဖက္မႈေတြ ျပန္႔နွံ႕ျဖစ္ေပၚေနပါတယ္။

ျပင္သစ္နုိင္ငံဟာ ဂ်ီဟတ္ေတြကို တိုက္ထုတ္ရန္ေနတဲ႔ မာလီ၊ ေမာရစ္တီးနား၊ ဘာကီနာဖာဆိုနဲ႔ ခ်ဒ္နုိင္ငံတို႔ရဲ႕ တပ္ဖြဲ႔ဝင္ေတြကို ေထာက္ပံ့မႈေတြေပးနုိင္ဖို႔ လက္ရိွအခ်ိန္ထိ တပ္ဖြဲ႔ဝင္ ၄၅၀၀ ကိုျဖန္႔ၾကက္ခ်ထားေပးခဲ႔ပါတယ္။

Ref : BBC Photo :AFP
#voiceofmyanmar #ပါရီ #ရဟတ္ယာဥ္တိုက္ #တပ္ဖြဲ႕ဝင္က်

Unicode

စစ်ဆင်ရေးအတွင် ရဟတ်ယာဉ်နှစ်စင်းတိုက်မိလို့ ပြင်သစ်တပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံး

ပါရီ၊ နိုဝင်ဘာ-၂၇-၂၀၁၉
မျိုးဆက် (VOM)

မာလီရှိ ဂျီဟတ်တွေအပေါ်ပြုလုပ်တဲ့ စစ်ဆင်ရေးတစ်ခုအတွင်း ရဟတ်ယာဉ်နှစ်စင်းတိုက်မိသွားတာကြောင့် ပြင်သစ် တပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးသွားတယ်လို့ ပြင်သစ်သမ္မတရုံးက ထုတ်ပြန်ပါတယ်။

၁၉၈၀ ပြည့်နှစ်တွေကတည်းက ပြင်သစ်စစ်တပ်အတွက် အကြီးအကျယ်ဆုံးရှုံးမှုအဖြစ် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အလွန်ဝမ်းနည်းရကြောင်း ပြင်သစ်သမ္မတတ အီမန်နျူရယ်မာခရိုက ထုတ်ဖော်ပြောဆိုပါတယ်။

ရဟတ်ယာဉ်နှစ်စင်းဟာ တစ်စင်းနှင့်တစ်စင်း ဘယ်လိုတိုက်မိခဲ့တယ် ဆိုတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်နေပြီဖြစ်ပါတယ်။

မာလီနိုင်ငံမြောက်ပိုင်းဒေသတွေကို စစ်သွေကြွတွေက သိမ်းပိုက်ပြီးနောက် ၂၀၁၃ ခုနှစ်ကတည်းက မာလီနိုင်ငံမှာ ပြင်သစ်တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို ဖြန့်ကြက်ချထားခဲ့တာဖြစ်ပါတယ်။

အဲဒီနယ်မြေတွေကို မာလီစစ်ဘက်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမယ့်လည်း လုံခြုံရေးအခြေအနေ ကောင်းမွန်ခြင်းမရှိပဲ အိမ်နီးချင်းနိုင်ငံတွေကို အကြမ်းဖက်မှုတွေ ပြန့်နှံ့ဖြစ်ပေါ်နေပါတယ်။

ပြင်သစ်နိုင်ငံဟာ ဂျီဟတ်တွေကို တိုက်ထုတ်ရန်နေတဲ့ မာလီ၊ မောရစ်တီးနား၊ ဘာကီနာဖာဆိုနဲ့ ချဒ်နိုင်ငံတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ထောက်ပံ့မှုတွေပေးနိုင်ဖို့ လက်ရှိအချိန်ထိ တပ်ဖွဲ့ဝင် ၄၅၀၀ ကိုဖြန့်ကြက်ချထားပေးခဲ့ပါတယ်။

Ref : BBC Photo :AFP
#voiceofmyanmar #ပါရီ #ရဟတ်ယာဉ်တိုက် #တပ်ဖွဲ့ဝင်ကျ

Related posts

Leave a Comment

VOM News

FREE
VIEW