သမၼတနဲ႔ အတိုင္ပင္ခံတုိ႔ ရရွိထားတဲ့ အသံုးအေဆာင္ေတြကို မဲဆြယ္စည္းရံုးတဲ့ေနရာမွာ မသံုးရဘူးလုိ႔ ဥပေဒၿပဌာန္းခ်က္မရွိ

ေနၿပည္ေတာ္၊ နုိဝင္ဘာ ၂၇-၂၀၁၉
သီရိ (VOM)

နုိင္ငံေတာ္သမၼတနဲ႔ နုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္တုိ႔ကုိ နုိင္ငံေတာ္က ေပးအပ္ခ်ီးၿမွင့္ထားတဲ့ အသံုးအ ေဆာင္ပစၥည္းေတြကုိ အသံုမျပဳရဘူးလုိ႔ ဥပေဒအရ တားၿမစ္ထားတာမရွိဘူးလုိ႔ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ဝင္ ဦးၿမင့္နုိင္က ေၿပာပါတယ္။

“ေရြးေကာက္ပဲြဥပေဒ ပုဒ္မ ၁၀ ဌ မွာ နုိင္ငံေတာ္ရဲ့ ေငြေၾကး၊ ပစၥည္း၊ ေၿမတစ္စံုတစ္ရာကုိ တရားဝင္ပုိင္ ဆုိင္ သံုးစြဲခြင့္ရထားလို႔ရွိရင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရွိတယ္လုိ႔ ၿပဌာန္းထားတယ္။ နိုင္ငံေတာ္ရဲ့ ေငြေၾကး၊ ပစၥည္း၊ ေၿမအိမ္၊ အေဆာက္အဦး၊ ယာဥ္ေတြကုိ နုိင္ငံေတာ္အက်ိဳးအတြက္ေဆာင္ရြက္သလုိ တရားဝင္ရရွိထားတ့ဲ သူ ေတြဆုိရင္ ေရြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္နုိင္တယ္္လုိ႔ ေၿပာတာေပါ့။ ဆုိေတာ့ နုိင္ငံေတာ္သမၼတတို႔ နုိင္ငံေတာ္အတုိင္ပင္ခံတုိ႔ကို ေပးအပ္ခ်ီးၿမွင့္ထားတဲ့ ကားေတြ၊ ေမာ္ ေတာ္ကားေပါ့။ ဒါသူတို႔ လံုၿခံဳေရးအတြက္ နုိင္ငံေတာ္ကေန စီစဥ္ေပးထားတာကိုး။ ဆုိတဲ့အခါၾကေတာ့ သူတို႔ လံုၿခံဳေရးအတြက္ စီစဥ္ထားတဲ့ကိစၥကုိ ဒါကုိ ဥပေဒအရ မလုပ္ရဘူးလုိ႔ တားၿမစ္ထားတာမရွိပါဘူး။ ဒါ နုိင္ငံေတာ္ ရဲ့ လံုၿခံဳေရး နုိင္ငံေတာ္က စီမံေပးထားတာကုိး။ နုိင္ငံေတာ္သမၼတနဲ႔ နုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္တုိ႔ရဲ့ လံုၿခံဳ ေရး။ ဒီကားနဲ႔ပဲ သြားရမယ္။ ဒါေတြကုိ မသံုးရဘူးလို႔ ပိတ္ပင္ထားတာမရွိပါဘူး”လုိ႔ ဦးၿမင့္နုိင္ကေျပာပါတယ္။

နုိဝင္ဘာလ ၂၄ ရက္ေန႔က ေနၿပည္ေတာ္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ရံုး သတင္းစာရွင္းလင္းပြဲမွာ သတင္းမီဒီယာေတြကုိေျပာဆုိခဲ့တာ ၿဖစ္ပါတယ္။

လာမယ့္ ေရြးေကာက္ပြဲကာလအတြက္ ေကာက္ယူထားတဲ့ အေျခခံမဲစာရင္း အေရအတြက္မွာ ၃၇ သန္းေက်ာ္ရွိၿပီး ဒီ ပမာဏဟာ ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲကာလက ေကာက္ယူခဲ့တဲ့ ပမာဏထက္ ၃ သန္းေလာက္ တုိးလာၿဖစ္ပါတယ္။

၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲကာလမွာ ေကာက္ယူထားတဲ့ ပမာဏကေတာ့ ၃၄ သန္းေက်ာ္ရွိခဲ့ၿပီး လက္ ရွိေကာက္ယူထားတဲ့ ၃၇ သန္းဆုိတဲ့ အေရအတြက္ထဲမွာ တပ္မေတာ္သားေတြနဲ႔ အတူေနမိသားစုေတြရဲ့ မဲစာ ရင္းေတာ့ မပါေသးဘူးလုိ႔ သိရပါတယ္။

တပ္မေတာ္သားေတြက မၾကာခဏေျပာင္းေရႊ႕ေနသူလည္းရွိေနေတာ့ ေရြးေကာက္ပြဲနီးကပ္လာတဲ့အ ခ်ိန္ေရာက္မွ အေၿခခံမဲစာရင္းကုိ ေကာက္ယူသြားမွာၿဖစ္တယ္လို႔ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ဝင္ ဦးၿမင့္နုိင္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #ေနျပည္ေတာ္ #ေရြးေကာက္ပြဲေကာ္မရွင္

Unicode

သမ္မတနဲ့ အတိုင်ပင်ခံတို့ ရရှိထားတဲ့ အသုံးအဆောင်တွေကို မဲဆွယ်စည်းရုံးတဲ့နေရာမှာ မသုံးရဘူးလို့ ဥပဒေပြဌာန်းချက်မရှိ

နေပြည်တော်၊ နိုဝင်ဘာ ၂၇-၂၀၁၉
သီရိ (VOM)

နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို နိုင်ငံတော်က ပေးအပ်ချီးမြှင့်ထားတဲ့ အသုံးအ ဆောင်ပစ္စည်းတွေကို အသုံမပြုရဘူးလို့ ဥပဒေအရ တားမြစ်ထားတာမရှိဘူးလို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။

“ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀ ဌ မှာ နိုင်ငံတော်ရဲ့ ငွေကြေး၊ ပစ္စည်း၊ မြေတစ်စုံတစ်ရာကို တရားဝင်ပိုင် ဆိုင် သုံးစွဲခွင့်ရထားလို့ရှိရင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိတယ်လို့ ပြဌာန်းထားတယ်။ နိုင်ငံတော်ရဲ့ ငွေကြေး၊ ပစ္စည်း၊ မြေအိမ်၊ အဆောက်အဦး၊ ယာဉ်တွေကို နိုင်ငံတော်အကျိုးအတွက်ဆောင်ရွက်သလို တရားဝင်ရရှိထားတဲ့ သူ တွေဆိုရင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ ပြောတာပေါ့။ ဆိုတော့ နိုင်ငံတော်သမ္မတတို့ နိုင်ငံတော်အတိုင်ပင်ခံတို့ကို ပေးအပ်ချီးမြှင့်ထားတဲ့ ကားတွေ၊ မော် တော်ကားပေါ့။ ဒါသူတို့ လုံခြုံရေးအတွက် နိုင်ငံတော်ကနေ စီစဉ်ပေးထားတာကိုး။ ဆိုတဲ့အခါကြတော့ သူတို့ လုံခြုံရေးအတွက် စီစဉ်ထားတဲ့ကိစ္စကို ဒါကို ဥပဒေအရ မလုပ်ရဘူးလို့ တားမြစ်ထားတာမရှိပါဘူး။ ဒါ နိုင်ငံတော် ရဲ့ လုံခြုံရေး နိုင်ငံတော်က စီမံပေးထားတာကိုး။ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့ လုံခြုံ ရေး။ ဒီကားနဲ့ပဲ သွားရမယ်။ ဒါတွေကို မသုံးရဘူးလို့ ပိတ်ပင်ထားတာမရှိပါဘူး”လို့ ဦးမြင့်နိုင်ကပြောပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့က နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာတွေကိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ရွေးကောက်ပွဲကာလအတွက် ကောက်ယူထားတဲ့ အခြေခံမဲစာရင်း အရေအတွက်မှာ ၃၇ သန်းကျော်ရှိပြီး ဒီ ပမာဏဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလက ကောက်ယူခဲ့တဲ့ ပမာဏထက် ၃ သန်းလောက် တိုးလာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလမှာ ကောက်ယူထားတဲ့ ပမာဏကတော့ ၃၄ သန်းကျော်ရှိခဲ့ပြီး လက် ရှိကောက်ယူထားတဲ့ ၃၇ သန်းဆိုတဲ့ အရေအတွက်ထဲမှာ တပ်မတော်သားတွေနဲ့ အတူနေမိသားစုတွေရဲ့ မဲစာ ရင်းတော့ မပါသေးဘူးလို့ သိရပါတယ်။

တပ်မတော်သားတွေက မကြာခဏပြောင်းရွှေ့နေသူလည်းရှိနေတော့ ရွေးကောက်ပွဲနီးကပ်လာတဲ့အ ချိန်ရောက်မှ အခြေခံမဲစာရင်းကို ကောက်ယူသွားမှာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #နေပြည်တော် #ရွေးကောက်ပွဲကော်မရှင်

Related posts

Leave a Comment

VOM News

FREE
VIEW