ေကာ့မိေက်းရြာကို ႏိုင္ငံေတာ္အစိုးရရဲ႕ ေထာက္ပံ့မႈနဲ႔ မီးရရွိဖို႔ ေတာင္းဆိုသြားမယ္

ေကာ့ကရိတ္၊ ႏိုဝင္ဘာ ၂၇-၂၀၁၉
မိုးယံ(VOM)

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္၊ ေကာ့ဘိန္းေက်း႐ြာအုပ္စု၊ ေကာ့မိေက်း႐ြာက ေဒသခံေတြဟာ ေက်းရြာတြင္း မီးလင္းေရးကို ႏိုင္ငံေတာ္အစိုးရရဲ႕ ေထာက္ပံ့မႈနဲ႔ မီးရရွိဖို႔ ေတာင္းဆိုသြားမယ္လို႔ ေဒသခံေတြကေနသိရပါတယ္။

ေက်းရြာတြင္းဖြဲ႔ထားတဲ့ မီးလင္းေရးေကာ္မတီက ေက်းရြာပိုင္ေငြေတြကို အလြဲသံုးစားလုပ္တဲ့အတြက္ ဒီကေန႔မနက္ပိုင္းက ေကာ့မိေက်းရြာမွာ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့ပါတယ္။

အခုလိုမီးလင္းေရးေကာ္မတီနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈေတြ မၾကာခဏျဖစ္ေနတဲ့အတြက္ ႏိုင္ငံေတာ္အစိုးရရဲ႕ ေထာက္ပံ့မႈနဲ႔ မီးရရွိဖို႔ေတာင္းဆိုသြားမယ္လို႔ တက္ေရာက္လာတဲ့ ေဒသခံတိုင္းရင္းသား ၅၀၀ ဝန္းက်င္က သတင္းစာရွင္းပြဲမွာ ေတာင္းဆိုခဲ့ၾကပါတယ္။

“ေကာ္မတီအေဟာင္းက တာဝန္ရွိတဲ့လူေတြက သူတို႔ကိုင္တြယ္ခဲ့တဲ့ကာလက မီးလင္းေရးရန္ပုံေငြေတြ ဘယ္လိုသုံးစြဲခဲ့တယ္၊ ဘယ္ေလာက္က်န္တယ္ဆိုတာကို ပြင့္လင္းျမင္သာေအာင္ ႐ြာသားေတြကို ရွင္းျပမႈ မလုပ္ခဲ့ဘူး၊ ေငြအလြဲသုံးစားမႈေတြရွိတယ္၊ ဒါကိုသူတို႔ရွင္းရမယ္၊ ကြၽန္ေတာ္ရွင္းရမဲ့အပိုင္းက ပြင့္လင္းျမင္သာစြာရွင္းၿပီးသားပါ၊ ကြၽန္ေတာ္တာဝန္ယူခဲ့တဲ့၇လေက်ာ္ထဲက သူတို႔ဆီက ေငြတစ္ျပားမွ ေကာက္လို႔မရဘူး၊ စိုက္ေငြခ်ည္းပဲ အခုကြၽန္ေတာ္တို႔ေကာ္မတီသစ္က မြန္ျပည္သစ္ပါတီက ဒီႏွစ္ဇန္နဝါရီ ၂၉ရက္က ဖြဲ႕ေပးထားတာပါ ဒါေပမဲ့ လုပ္ပိုင္ခြင့္မရွိပါဘူး၊ အာဏာပိုင္ေတြနဲ႔ အမ်ားလက္ခံတဲ့ မီးလင္းေရးေကာ္မတီအသစ္ အျမန္ေပၚေပါက္ဖို႔လိုတယ္၊ ႐ြာအတြက္ ေရရွည္မွာမေကာင္းဘူး ႐ြာကိုစည္းလုံးညီၫြတ္ေစခ်င္တယ္လို႔”လက္ရွိ မီးလင္းေရးေကာ္မတီ ဥကၠဌဦးမင္းထြန္းေ႐ႊကေျပာပါတယ္။

လက္ရိွ ေကာ့မိေက်းရြာမွာ အိမ္ေျခ ၇၀၀ေက်ာ္ရိွတဲ့အနက္ အိမ္ေျခ၆၆၈လုံးမီးလင္းေနေပမယ့္လည္း သက္ဆိုင္ရာဌာနဆိုင္ရာေတြက တာဝန္ယူၿပီး လုပ္ေဆာင္ေပးတာေတြ မရိွဘူးလုိ႔ သိရပါတယ္။

” ဘုန္းႀကီးက‌ေတာ့ ႐ြာသားအားလုံးညီၫြတ္ေစခ်င္တယ္၊ မီးလင္းေရးကိစၥ ျပႆနာေတြ အျမန္ပီးျပတ္ေစခ်င္တယ္၊ အားလုံးလက္ခံႏိုင္တဲ့ ေကာ္မတီတစ္ရပ္လည္း အျမန္ေပၚေပါက္ေစခ်င္တယ္၊ ဒီလိုမွမဟုတ္ရင္ ေနာင္အခါ ႐ြာက ပိုဆိုးတဲ့ျပႆနာေတြ ေပၚေပါက္လာႏိုင္တယ္၊ ဒါမွမဟုတ္ရင္လည္း မီးလင္းေရးေကာ္မတီေတြကို ဖ်က္သိမ္းၿပီး၊ ဌာနဆိုင္ရာေတြကပဲ တိုက္႐ိုက္တာဝန္ယူေစခ်င္တယ္လို႔ ” ေကာ့မိေက်း႐ြာ ဘုန္းေတာ္ႀကီးေက်ာင္းမွ ဆရာေတာ္ဦးပညာသာမိကမိန႔္ပါတယ္။

ေကာ့မိေက်း႐ြာဟာ ၂၀၀၇ခုႏွစ္အထိ လွ်ပ္စစ္မီးမရရိွဘဲ ၂၀၀၉ခုႏွစ္ ႏွစ္ဆန္းပိုင္းမွာ ႐ြာဦးဘုန္းေတာ္ႀကီးေက်ာင္းမွ ဦးပုဇင္းဦးပါေမာကၡ က ကိုယ္ထူကိုယ္ထ မီးလင္းေရးေကာ္မတီကိုဖြဲ႕စည္းခဲ့တာျဖစ္ပါတယ္။

ယင္းေနာက္ပိုင္း ေငြအလြဲသုံးစားမႈေတြ ျဖစ္တဲ့အတြက္ ႐ြာသားေတြက ၂၀၁၉ဇန္နဝါရီ၇ရက္မွာ မြန္ျပည္သစ္ပါတီကို အကူအညီေတာင္းခံၾကပါတယ္။

မြန္ျပည္သစ္ပါတီက အဖြဲ႕တစ္ဖြဲ႕ေရာက္လာၿပီး ေကာ္မတီဝင္မ်ားထံမွ ေငြစာရင္းေတြကို စစ္ေဆးကာ ေကာ္မတီသစ္အဖြဲ႕တစ္ဖြဲ႔ကိုဖြဲ႕စည္းေပးခဲ့ပါတယ္။

ယင္းေကာ္မတီသစ္မွာ စာရင္းပိတ္လက္က်န္ေငြ သိန္း(၄၈၉)ကို မီးလင္းေရးရန္ပုံေငြအျဖစ္ မြန္ျပည္သစ္ပါတီက ထိန္းသိမ္းခဲ့တာျဖစ္ၿပီး အဆိုပါေကာ္မတီမွ ဆက္လက္လုပ္ေဆာင္ခဲ့ကာ ေဒသခံအခ်ိဳ႕ကလည္း ေကာ္မတီကိုအသိအမွတ္မျပဳတဲ့အတြက္ ခရိုင္ေထြအုပ္႐ုံးက ေကာ္မတီသစ္ဖြဲ႕စည္းဖို႔ ႏိုဝင္ဘာလ ၁၄ရက္ေန႔ကို ရက္သတ္မွတ္ၿပီး ေကာ္မတီသစ္ဖြဲ႔စည္းဖို႔ ၫႊန္ၾကားခဲ့တာျဖစ္ပါတယ္။

ႏိုဝင္ဘာလ ၁၃ရက္က ေကာ္မတီေဟာင္းေတြဦးစီးကာ ႐ြားသားအခ်ိဳနဲ႔ ပူးေပါင္းၿပီး ေကာ္မတီသစ္ကို အလိုမရွိေၾကာင္း ဆႏၵေဖာ္ထုတ္ခဲ့ၾကေပမယ့္လည္း ယခုအခ်ိန္ထိ ေကာ္မတီအသစ္ မေ႐ြးခ်ယ္ရေသးဘူးလို႔ သိရပါတယ္။

#voiceofmyanmar #ေကာ့ကရိတ္ #ေကာ့မိရြာ #မီးလင္းေရးေကာ္မတီ

Unicode

ကော့မိကျေးရွာကို နိုင်ငံတော်အစိုးရရဲ့ ထောက်ပံ့မှုနဲ့ မီးရရှိဖို့ တောင်းဆိုသွားမယ်

ကော့ကရိတ်၊ နိုဝင်ဘာ ၂၇-၂၀၁၉
မိုးယံ(VOM)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာအုပ်စု၊ ကော့မိကျေးရွာက ဒေသခံတွေဟာ ကျေးရွာတွင်း မီးလင်းရေးကို နိုင်ငံတော်အစိုးရရဲ့ ထောက်ပံ့မှုနဲ့ မီးရရှိဖို့ တောင်းဆိုသွားမယ်လို့ ဒေသခံတွေကနေသိရပါတယ်။

ကျေးရွာတွင်းဖွဲ့ထားတဲ့ မီးလင်းရေးကော်မတီက ကျေးရွာပိုင်ငွေတွေကို အလွဲသုံးစားလုပ်တဲ့အတွက် ဒီကနေ့မနက်ပိုင်းက ကော့မိကျေးရွာမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

အခုလိုမီးလင်းရေးကော်မတီနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ မကြာခဏဖြစ်နေတဲ့အတွက် နိုင်ငံတော်အစိုးရရဲ့ ထောက်ပံ့မှုနဲ့ မီးရရှိဖို့တောင်းဆိုသွားမယ်လို့ တက်ရောက်လာတဲ့ ဒေသခံတိုင်းရင်းသား ၅၀၀ ဝန်းကျင်က သတင်းစာရှင်းပွဲမှာ တောင်းဆိုခဲ့ကြပါတယ်။

“ကော်မတီအဟောင်းက တာဝန်ရှိတဲ့လူတွေက သူတို့ကိုင်တွယ်ခဲ့တဲ့ကာလက မီးလင်းရေးရန်ပုံငွေတွေ ဘယ်လိုသုံးစွဲခဲ့တယ်၊ ဘယ်လောက်ကျန်တယ်ဆိုတာကို ပွင့်လင်းမြင်သာအောင် ရွာသားတွေကို ရှင်းပြမှု မလုပ်ခဲ့ဘူး၊ ငွေအလွဲသုံးစားမှုတွေရှိတယ်၊ ဒါကိုသူတို့ရှင်းရမယ်၊ ကျွန်တော်ရှင်းရမဲ့အပိုင်းက ပွင့်လင်းမြင်သာစွာရှင်းပြီးသားပါ၊ ကျွန်တော်တာဝန်ယူခဲ့တဲ့၇လကျော်ထဲက သူတို့ဆီက ငွေတစ်ပြားမှ ကောက်လို့မရဘူး၊ စိုက်ငွေချည်းပဲ အခုကျွန်တော်တို့ကော်မတီသစ်က မွန်ပြည်သစ်ပါတီက ဒီနှစ်ဇန်နဝါရီ ၂၉ရက်က ဖွဲ့ပေးထားတာပါ ဒါပေမဲ့ လုပ်ပိုင်ခွင့်မရှိပါဘူး၊ အာဏာပိုင်တွေနဲ့ အများလက်ခံတဲ့ မီးလင်းရေးကော်မတီအသစ် အမြန်ပေါ်ပေါက်ဖို့လိုတယ်၊ ရွာအတွက် ရေရှည်မှာမကောင်းဘူး ရွာကိုစည်းလုံးညီညွတ်စေချင်တယ်လို့”လက်ရှိ မီးလင်းရေးကော်မတီ ဥက္ကဌဦးမင်းထွန်းရွှေကပြောပါတယ်။

လက်ရှိ ကော့မိကျေးရွာမှာ အိမ်ခြေ ၇၀၀ကျော်ရှိတဲ့အနက် အိမ်ခြေ၆၆၈လုံးမီးလင်းနေပေမယ့်လည်း သက်ဆိုင်ရာဌာနဆိုင်ရာတွေက တာဝန်ယူပြီး လုပ်ဆောင်ပေးတာတွေ မရှိဘူးလို့ သိရပါတယ်။

” ဘုန်းကြီးက‌တော့ ရွာသားအားလုံးညီညွတ်စေချင်တယ်၊ မီးလင်းရေးကိစ္စ ပြဿနာတွေ အမြန်ပီးပြတ်စေချင်တယ်၊ အားလုံးလက်ခံနိုင်တဲ့ ကော်မတီတစ်ရပ်လည်း အမြန်ပေါ်ပေါက်စေချင်တယ်၊ ဒီလိုမှမဟုတ်ရင် နောင်အခါ ရွာက ပိုဆိုးတဲ့ပြဿနာတွေ ပေါ်ပေါက်လာနိုင်တယ်၊ ဒါမှမဟုတ်ရင်လည်း မီးလင်းရေးကော်မတီတွေကို ဖျက်သိမ်းပြီး၊ ဌာနဆိုင်ရာတွေကပဲ တိုက်ရိုက်တာဝန်ယူစေချင်တယ်လို့ ” ကော့မိကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဦးပညာသာမိကမိန့်ပါတယ်။

ကော့မိကျေးရွာဟာ ၂၀၀၇ခုနှစ်အထိ လျှပ်စစ်မီးမရရှိဘဲ ၂၀၀၉ခုနှစ် နှစ်ဆန်းပိုင်းမှာ ရွာဦးဘုန်းတော်ကြီးကျောင်းမှ ဦးပုဇင်းဦးပါမောက္ခ က ကိုယ်ထူကိုယ်ထ မီးလင်းရေးကော်မတီကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ယင်းနောက်ပိုင်း ငွေအလွဲသုံးစားမှုတွေ ဖြစ်တဲ့အတွက် ရွာသားတွေက ၂၀၁၉ဇန်နဝါရီ၇ရက်မှာ မွန်ပြည်သစ်ပါတီကို အကူအညီတောင်းခံကြပါတယ်။

မွန်ပြည်သစ်ပါတီက အဖွဲ့တစ်ဖွဲ့ရောက်လာပြီး ကော်မတီဝင်များထံမှ ငွေစာရင်းတွေကို စစ်ဆေးကာ ကော်မတီသစ်အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းပေးခဲ့ပါတယ်။

ယင်းကော်မတီသစ်မှာ စာရင်းပိတ်လက်ကျန်ငွေ သိန်း(၄၈၉)ကို မီးလင်းရေးရန်ပုံငွေအဖြစ် မွန်ပြည်သစ်ပါတီက ထိန်းသိမ်းခဲ့တာဖြစ်ပြီး အဆိုပါကော်မတီမှ ဆက်လက်လုပ်ဆောင်ခဲ့ကာ ဒေသခံအချို့ကလည်း ကော်မတီကိုအသိအမှတ်မပြုတဲ့အတွက် ခရိုင်ထွေအုပ်ရုံးက ကော်မတီသစ်ဖွဲ့စည်းဖို့ နိုဝင်ဘာလ ၁၄ရက်နေ့ကို ရက်သတ်မှတ်ပြီး ကော်မတီသစ်ဖွဲ့စည်းဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၃ရက်က ကော်မတီဟောင်းတွေဦးစီးကာ ရွားသားအချိုနဲ့ ပူးပေါင်းပြီး ကော်မတီသစ်ကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပေမယ့်လည်း ယခုအချိန်ထိ ကော်မတီအသစ် မရွေးချယ်ရသေးဘူးလို့ သိရပါတယ်။

#voiceofmyanmar #ကော့ကရိတ် #ကော့မိရွာ #မီးလင်းရေးကော်မတီ

Related posts

Leave a Comment

VOM News

FREE
VIEW