ေ႐ႊျပည္သာမီးေဘးသင့္ျပည္သူေတြ ျပန္လည္ေနရာခ်ထားေရးအတြက္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ႀကိဳးပမ္းေန

ရန္ကုန္၊ ႏိုဝင္ဘာ ၂၇-၂၀၁၉
ေအာင္ထူးႏိုင္(VOM)

ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ျဖစ္ပြားခဲ့တဲ့ မီးေလာင္မႈေၾကာင့္ မီးေဘးသင့္ျပည္သူ ၉၀၀ ေက်ာ္အတြက္ ျပန္လည္ေနရာခ်ထားေရးနဲ႔ပတ္သက္ၿပီး ေ႐ႊျပည္သာမဲဆႏၵနယ္ အမွတ္(၁) မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးရန္ေအာင္မင္းက ႀကိဳးစားေနတယ္လို႔ သိရပါတယ္။

“မီးေလာင္တဲ့ေန႔က တိုင္းေဒသႀကီးအစိုးရက ဝန္ႀကီးႏွစ္ပါးဆင္းလာတယ္။ အဲဒီမွာ ကြၽန္ေတာ္ ႏႈတ္နဲ႔တင္ျပခဲ့တာေတာ့ ကြၽန္ေတာ္တို႔ ေ႐ႊျပည္သာမွာ က်ဴးေက်ာ္အိမ္ရာအတြက္ ၂၆၄ လုံး အေကာင္အထည္ေဖာ္ေနတာ ရွိတယ္။ အဲဒါၿပီးသြားရင္ ေနာက္ထပ္အေကာင္အထည္ဖို႔ ရွိေသးတယ္။ အဲဒီမွာေတာ့ အခုမီးေဘးသင့္တဲ့ျပည္သူေတြအတြက္ ဦးစားေပးအေနနဲ႔ ထည့္ခ်င္တယ္ဆိုၿပီး ကြၽန္ေတာ္ေျပာထားတယ္။ ႏႈတ္နဲ႔ေတာ့ ကြၽန္ေတာ္တင္ျပၿပီးသြားၿပီ။ စာနဲ႔ကြၽန္ေတာ္ထပ္ၿပီးတင္ျပမယ္” လို႔ ဦးရန္ေအာင္မင္းကေျပာပါတယ္။

သူရဲ႕ တင္ျပခ်က္ဟာ ၉၀ ရာခိုင္ႏႈန္းေလာက္ ျဖစ္ႏိုင္ေခ်ရွိၿပီး မီးေဘးသင့္ ျပည္သူေတြကိုလည္း အိမ္ရာပုံစံခ်ထားေပးတာတို႔၊ ေခ်းေငြေပးတာတို႔အတြက္လည္း ရွင္းျပထားၿပီးျဖစ္တယ္လို႔ ဦးရန္ေအာင္မင္းက ဆက္ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက ေ႐ႊျပည္သာၿမိဳ႕နယ္ အမွတ္(၁၈)ရပ္ကြက္ ဆိပ္ကမ္းသာလမ္းရွိ အမွတ္(၆၂) မွာ မီးေလာင္မႈ ျဖစ္ပြားခဲ့တာျဖစ္ၿပီး မီးေလာင္မႈေၾကာင့္ က်ဴးေက်ာ္ေနအိမ္ ၂၄၀ ေက်ာ္ မီးေလာင္ပ်က္စီးခဲ့ကာ လူဦးေရ ၉၀၀ ေက်ာ္ မီးေဘးသင့္ခဲ့တယ္လို႔ သိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #ေရႊျပည္သာ #မီးေဘးသင့္

Unicode

ရွှေပြည်သာမီးဘေးသင့်ပြည်သူတွေ ပြန်လည်နေရာချထားရေးအတွက် တိုင်းလွှတ်တော်ကိုယ်စားလှယ် ကြိုးပမ်းနေ

ရန်ကုန်၊ နိုဝင်ဘာ ၂၇-၂၀၁၉
အောင်ထူးနိုင်(VOM)

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူ ၉၀၀ ကျော်အတွက် ပြန်လည်နေရာချထားရေးနဲ့ပတ်သက်ပြီး ရွှေပြည်သာမဲဆန္ဒနယ် အမှတ်(၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက ကြိုးစားနေတယ်လို့ သိရပါတယ်။

“မီးလောင်တဲ့နေ့က တိုင်းဒေသကြီးအစိုးရက ဝန်ကြီးနှစ်ပါးဆင်းလာတယ်။ အဲဒီမှာ ကျွန်တော် နှုတ်နဲ့တင်ပြခဲ့တာတော့ ကျွန်တော်တို့ ရွှေပြည်သာမှာ ကျူးကျော်အိမ်ရာအတွက် ၂၆၄ လုံး အကောင်အထည်ဖော်နေတာ ရှိတယ်။ အဲဒါပြီးသွားရင် နောက်ထပ်အကောင်အထည်ဖို့ ရှိသေးတယ်။ အဲဒီမှာတော့ အခုမီးဘေးသင့်တဲ့ပြည်သူတွေအတွက် ဦးစားပေးအနေနဲ့ ထည့်ချင်တယ်ဆိုပြီး ကျွန်တော်ပြောထားတယ်။ နှုတ်နဲ့တော့ ကျွန်တော်တင်ပြပြီးသွားပြီ။ စာနဲ့ကျွန်တော်ထပ်ပြီးတင်ပြမယ်” လို့ ဦးရန်အောင်မင်းကပြောပါတယ်။

သူရဲ့ တင်ပြချက်ဟာ ၉၀ ရာခိုင်နှုန်းလောက် ဖြစ်နိုင်ချေရှိပြီး မီးဘေးသင့် ပြည်သူတွေကိုလည်း အိမ်ရာပုံစံချထားပေးတာတို့၊ ချေးငွေပေးတာတို့အတွက်လည်း ရှင်းပြထားပြီးဖြစ်တယ်လို့ ဦးရန်အောင်မင်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေပြည်သာမြို့နယ် အမှတ်(၁၈)ရပ်ကွက် ဆိပ်ကမ်းသာလမ်းရှိ အမှတ်(၆၂) မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် ကျူးကျော်နေအိမ် ၂၄၀ ကျော် မီးလောင်ပျက်စီးခဲ့ကာ လူဦးရေ ၉၀၀ ကျော် မီးဘေးသင့်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #ရွှေပြည်သာ #မီးဘေးသင့်

Related posts

Leave a Comment

VOM News

FREE
VIEW