တကၠဆက္ျပည္နယ္ ဓါတုေဗဒစက္ရံုေပါက္ကြဲမႈ လူေျခာက္ေသာင္းေက်ာ္ ေဘးလြတ္ရာေရႊ႕ေျပာင္း

ေအာ္စတင္၊ နို၀င္ဘာ-၂၈-၂၀၁၉
မ်ိဳးဆက္ (VOM)

အေမရိကန္နုိင္ငံ၊ တကၠဆက္ျပည္နယ္ရိွ ဓါတုေဗဒါစက္ရံုမွာ ေပါက္ကြဲမႈနွစ္ခု ျဖစ္ပြားခဲ႔တာေၾကာင္႔ အလုပ္သမားသံုးဦး ဒါဏ္ရာရရိွသြားျပီး ေဒသခံေျခာက္ေသာင္းေက်ာ္ကို ေဘးလြတ္ရာသို႔ေရႊ႕ေျပာင္းဖို႔ အာဏာပိုင္ေတြက အမိန္႔ထုတ္လိုက္ပါတယ္။

Port Neches ရိွ ဓါတုေဗဒစက္ရံုမွာျဖစ္ပြားခဲ႔တဲ႔ ပထမေပါက္ကြဲမႈကေတာ႔ နို၀င္ဘာ ၂၇ ရက္ နံနက္ ၁ နာရီဝန္းက်င္မွာ ျဖစ္ပြားခဲ႔ျပီး ဒုတိယေပါက္ကြဲမႈဟာ မီးျငိမ္းသတ္ေရးအားထုတ္ လုပ္ေဆာင္ေနစဥ္ ေနလည္ပိုင္းမွာ ျဖစ္ပြားခ႔ဲတာျဖစ္ပါတယ္။

စက္ရံုအလုပ္သမားသုံးဥိီး အေသးစားဒါဏ္ေတြရရိွသြားျပီး ေပါက္ကြဲမႈေၾကာင္႔ စက္ရံုအနီးနားရိွ ေနအိမ္ျပတင္းေပါက္မ်ား ပ်က္စီးသြားပါတယ္။

ေပါက္ကြဲမႈျဖစ္ပြားခ်ိန္တြင္ စက္ရံုအတြင္း၌ အလုပ္သမား ၂၇ ဦးရိွေနေၾကာင္း ေဒသခံတာဝန္ရိွသူတစ္ဦးကေျပာသည္။

ေပါက္ကြဲမႈမ်ား ထပ္မံျဖစ္ပြားမည္ကိုစိုးရိမ္တာေၾကာင္႔ စက္ရံုနဲ႔ေလးမိုင္အတြင္းရိွ ေဒသခံအားလံုးကို ေဘးလြတ္ရာသို႔ေရြ႕ေျပာင္းရန္ အာဏာပိုင္မ်ားက အမိန္႔ထုတ္ထားသည္။

ဟူစတန္အေရွ႕ဘက္ ၁၃၀ ကီလိုမီတာအကြာတြင္ရိွေသာ အဆိုပါစက္ရံုသည္ သားေရတုနွင္႔ အျခားေရနံဓါတု ထုတ္ကုန္မ်ား ထုတ္လုပ္သည္႔ စက္ရံုျဖစ္သည္။

Ref : NHK Photo : Reuters
#voiceofmyanmar #ေအာ္စတင္ #တကၠဆက္ျပည္နယ္ #ဓာတုစက္ရံု #ေပါက္ကြဲ

Unicode

တက္ကဆက်ပြည်နယ် ဓါတုဗေဒစက်ရုံပေါက်ကွဲမှု လူခြောက်သောင်းကျော် ဘေးလွတ်ရာရွှေ့ပြောင်း

အော်စတင်၊ နိုဝင်ဘာ-၂၈-၂၀၁၉
မျိုးဆက် (VOM)

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်ရှိ ဓါတုဗေဒါစက်ရုံမှာ ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့တာကြောင့် အလုပ်သမားသုံးဦး ဒါဏ်ရာရရှိသွားပြီး ဒေသခံခြောက်သောင်းကျော်ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတယ်။

Port Neches ရှိ ဓါတုဗေဒစက်ရုံမှာဖြစ်ပွားခဲ့တဲ့ ပထမပေါက်ကွဲမှုကတော့ နိုဝင်ဘာ ၂၇ ရက် နံနက် ၁ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့ပြီး ဒုတိယပေါက်ကွဲမှုဟာ မီးငြိမ်းသတ်ရေးအားထုတ် လုပ်ဆောင်နေစဉ် နေလည်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

စက်ရုံအလုပ်သမားသုံးဦး အသေးစားဒါဏ်တွေရရှိသွားပြီး ပေါက်ကွဲမှုကြောင့် စက်ရုံအနီးနားရှိ နေအိမ်ပြတင်းပေါက်များ ပျက်စီးသွားပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် စက်ရုံအတွင်း၌ အလုပ်သမား ၂၇ ဦးရှိနေကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးကပြောသည်။

ပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားမည်ကိုစိုးရိမ်တာကြောင့် စက်ရုံနဲ့လေးမိုင်အတွင်းရှိ ဒေသခံအားလုံးကို ဘေးလွတ်ရာသို့ရွေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ထားသည်။

ဟူစတန်အရှေ့ဘက် ၁၃၀ ကီလိုမီတာအကွာတွင်ရှိသော အဆိုပါစက်ရုံသည် သားရေတုနှင့် အခြားရေနံဓါတု ထုတ်ကုန်များ ထုတ်လုပ်သည့် စက်ရုံဖြစ်သည်။

Ref : NHK Photo : Reuters
#voiceofmyanmar #အော်စတင် #တက္ကဆက်ပြည်နယ် #ဓာတုစက်ရုံ #ပေါက်ကွဲ

Related posts

Leave a Comment

VOM News

FREE
VIEW