ဖ်ာပုံေဒသက က်ားေဖာင္လုပ္ငန္းေတြကို လူ႔အခြင့္အေရးေကာ္မရွင္က စစ္ေဆးမယ္

ဖ်ာပံု၊ ႏိုဝင္ဘာ ၂၈-၂၀၁၉
ခ်မ္းၿငိမ္း(VOM)

ဧရာဝတီတိုင္းေဒသႀကီး ဖ်ာပုံၿမိဳ႕နယ္အတြင္းမွာ လုပ္ကိုင္ေနတဲ့ က်ားေဖာင္လုပ္ငန္းေတြကို ျမန္မာႏိုင္ငံလူ႔အခြင့္ေရးေကာ္မရွင္က စစ္ေဆးေတာ့မယ္လို႔ သိရပါတယ္။

ပင္လယ္ျပင္မွာ ငါးဖမ္းလုပ္ငန္းေဆာင္႐ြက္ေနတဲ့ က်ားေဖာင္ေတြမွာ လူ႔အခြင့္ေရးနဲ႔ပတ္သက္တဲ့ က်ဴးလြန္မႈေတြ ရွိေနတဲ့အတြက္ က်ားေဖာင္လုပ္ငန္းေတြကို စစ္ေဆးေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။

“ ဖ်ာပုံေဒသက်ားေဖာင္လုပ္ငန္းေတြကို ကြင္းဆင္း စစ္ေဆးေတာ့မွာပါ။ ဒဂုံတကၠသိုလ္က ေက်ာင္းသားေလး လူကုန္ကူးခံရၿပီး က်ားေဖာင္ေပၚမွာ ညႇင္ပန္းႏွိပ္စက္ခံရတယ္။ ဖ်ာပုံၿမိဳ႕က က်ားေဖာင္းေတြမွာ အလားတူ လူ႕အခြင့္ေရးခ်ိဳးေဖာက္တာေတြ ခံေနရတယ္။ ဒါေတြကို ဘယ္လိုကာကြယ္ရမလဲဆိုတာ အ‌ေျဖထုတ္ဖို႔ ကြင္းဆင္းစစ္ေဆးတာပါ ” လို႔ လူ႔အခြင့္ေရးေကာ္မရွင္အဖြဲ႔ဝင္ ဦးယုလြင္ေအာင္ကေျပာပါတယ္။

ဖ်ာပုံေဒသက က်ားေဖာင္လုပ္ငန္းေတြကို ဒီဇင္ဘာလ ၂ရက္ေန႔မွာ စတင္ကြင္းဆင္းမွာျဖစ္ၿပီး တစ္ပတ္ခန႔္ၾကာေအာင္ စစ္ဆးသြားမယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက တကၠသိုလ္ေက်ာင္းသားတစ္ဦးျဖစ္တဲ့ ကိုျမတ္သူရထြန္းမွာ လူကုန္ကူခံရကာ က်ားေဖာင္ေပၚမွာ ညႇင္းပန္းႏွိပ္စက္ခံရကာ နား၊ မ်က္ႏွာနဲ႔ ေျခလက္အဂၤါေတြမွာ ျပတ္ရွဒဏ္ရာ၊ ဘယ္လက္ လက္ဖ်ံ႐ိုးက်ိဳးတာနဲ႔ ေျခလက္ေယာင္ရမ္းျခင္းတို႔ကို ရရွိခဲ့တဲ့အတြက္ မိသားစုေတြရဲ႕စုံးစမ္းမႈနဲ႔ ျပန္လည္ကယ္တင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

#voiceofmyanmar #ဖ်ာပံု #က်ားေဖာင္လုပ္ငန္း #လူ႔အခြင့္အေရးေကာ္မရွင္

Unicode

ဖျာပုံဒေသက ကျားဖောင်လုပ်ငန်းတွေကို လူ့အခွင့်အရေးကော်မရှင်က စစ်ဆေးမယ်

ဖျာပုံ၊ နိုဝင်ဘာ ၂၈-၂၀၁၉
ချမ်းငြိမ်း(VOM)

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်းမှာ လုပ်ကိုင်နေတဲ့ ကျားဖောင်လုပ်ငန်းတွေကို မြန်မာနိုင်ငံလူ့အခွင့်ရေးကော်မရှင်က စစ်ဆေးတော့မယ်လို့ သိရပါတယ်။

ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်ငန်းဆောင်ရွက်နေတဲ့ ကျားဖောင်တွေမှာ လူ့အခွင့်ရေးနဲ့ပတ်သက်တဲ့ ကျူးလွန်မှုတွေ ရှိနေတဲ့အတွက် ကျားဖောင်လုပ်ငန်းတွေကို စစ်ဆေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။

“ ဖျာပုံဒေသကျားဖောင်လုပ်ငန်းတွေကို ကွင်းဆင်း စစ်ဆေးတော့မှာပါ။ ဒဂုံတက္ကသိုလ်က ကျောင်းသားလေး လူကုန်ကူးခံရပြီး ကျားဖောင်ပေါ်မှာ ညှင်ပန်းနှိပ်စက်ခံရတယ်။ ဖျာပုံမြို့က ကျားဖောင်းတွေမှာ အလားတူ လူ့အခွင့်ရေးချိုးဖောက်တာတွေ ခံနေရတယ်။ ဒါတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာ အ‌ဖြေထုတ်ဖို့ ကွင်းဆင်းစစ်ဆေးတာပါ ” လို့ လူ့အခွင့်ရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်ကပြောပါတယ်။

ဖျာပုံဒေသက ကျားဖောင်လုပ်ငန်းတွေကို ဒီဇင်ဘာလ ၂ရက်နေ့မှာ စတင်ကွင်းဆင်းမှာဖြစ်ပြီး တစ်ပတ်ခန့်ကြာအောင် စစ်ဆးသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုမြတ်သူရထွန်းမှာ လူကုန်ကူခံရကာ ကျားဖောင်ပေါ်မှာ ညှင်းပန်းနှိပ်စက်ခံရကာ နား၊ မျက်နှာနဲ့ ခြေလက်အင်္ဂါတွေမှာ ပြတ်ရှဒဏ်ရာ၊ ဘယ်လက် လက်ဖျံရိုးကျိုးတာနဲ့ ခြေလက်ယောင်ရမ်းခြင်းတို့ကို ရရှိခဲ့တဲ့အတွက် မိသားစုတွေရဲ့စုံးစမ်းမှုနဲ့ ပြန်လည်ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar #ဖျာပုံ #ကျားဖောင်လုပ်ငန်း #လူ့အခွင့်အရေးကော်မရှင်

Related posts

Leave a Comment

VOM News

FREE
VIEW