ဘဂၤလားေဒ႔ရွ္တပ္ခ်ဳပ္ရဲ႕ ျမန္မာနိုင္ငံခရီးစဥ္အတြင္း ရိုဟင္ဂ်ာအေရး ေဆြးေႏြးမည္

ဒါကာ၊ နို၀င္ဘာ ၂၈-၂၀၁၉
မ်ိဳးဆက္(VOM)

ဘဂၤလားေဒ႔ရွ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ၾကီးအဇစ္အာမက္ရဲ႕ ျမန္မာနုိ္င္ငံခရီးစဥ္အတြင္းမွာ ရိုဟင္ဂ်ာအေရး ေျဖရွင္းေရးန႔ဲပတ္သက္ျပီး နွစ္နိုင္ငံအၾကား ေနာက္ထပ္ေဆြးေႏြးညိွႏိႈင္းမႈ ပံုစံတစ္မ်ိဳးကို လုပ္ေဆာင္သြားမယ္လို႔ ဘဂၤလားေဒ႔ရွ္နုိင္ငံျခားေရးဝန္ၾကီး ေဒါက္တာေအေကအဗၺဒူမိုမန္က ေျပာပါတယ္။

ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ ခရီးစဥ္မွာ ရိုစင္ဂ်ာအၾကပ္အတည္းကို ေျဖရွင္းေရးအတြက္ ရလဒ္ေကာင္းေတြ ေဆာင္ယူလာလိမ္႔မယ္လို႔ နိုင္ငံေတာ္ဧည္႔ေဂဟာမွာျပဳလုပ္တဲ႔ သတင္းစာရွင္းလင္းပြဲမွာ မိုမန္က သတင္းေထာက္ေတြကို ေျပာပါတယ္။

ဘဂၤလားေဒ႔ရွ္အေနျဖင္႔ ျမန္မာနုိင္ငံနဲ႔ နွစ္နုိင္ငံခ်စ္ၾကည္ရင္းနွီးမႈကို ထိန္းသိမ္းထားဆဲျဖစ္ေၾကာင္း၊ ရိုဟင္ဂ်ာအေရးနဲ႔ပတ္သက္ျပီး ျမန္မာနိုင္ငံနဲ႔အတူ ေတြ႔ဆံုညိွႏိႈင္းေဆြးေႏြးမႈကတစ္ဆင္႔ ေျဖရွင္းလိုတယ္လို႔ သူကေျပာပါတယ္။

ရိုဟင္ဂ်ာျပသနာကို ျမန္မာနို္င္ငံကဖန္တီးခဲ႔တာျဖစ္ျပီး ျပသနာေျဖရွင္းဟာလည္း ျမန္မာနိုင္ငံေပၚမူတည္ ေနတယ္လို႔ ေျပာပါတယ္။

ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ ျမန္မာနုိင္ငံခရီးစဥ္ဟာ ရိုဟင္ဂ်ာေတြေနရပ္ျပန္ေရးစတင္ဖို႔ ဘဂၤလားေဒ႔ရွ္ရဲ႕အားထုတ္မႈေတြအတြက္ အျပဳသေဘာေဆာင္တဲ႔ဖြံျဖိဳးတိုးတက္မႈေတြ ေဆာင္က်ဥ္းလာမယ္လို႔ မိုမန္ကေျပာပါတယ္။

ဘဂၤလားေဒ႔ရွ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ၾကီးအဇစ္အာမက္ဟာ ျမန္မာနိုင္ငံကို လာမယ္႔လအေစာပိုင္းမွာ လာေရာက္မွာျဖစ္ျပီး တစ္ပတ္ၾကာေနထိုင္ျပီး ျမန္မာနိုင္ငံက တာဝန္ရိွသူေတြနဲ႔ ေတြ႔ဆံုဖို႔ စီစဥ္ထားပါတယ္။

Ref : BBS Photo : Prothomalo
#voiceofmyanmar #ဒါကာ #ဘဂၤလားေဒ႔ရွ္တပ္ခ်ဳပ္ #ျမန္မာႏိုင္ငံ

Unicode

ဘင်္ဂလားဒေ့ရှ်တပ်ချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရိုဟင်ဂျာအရေး ဆွေးနွေးမည်

ဒါကာ၊ နိုဝင်ဘာ ၂၈-၂၀၁၉
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးအဇစ်အာမက်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ရိုဟင်ဂျာအရေး ဖြေရှင်းရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား နောက်ထပ်ဆွေးနွေးညှိနှိုင်းမှု ပုံစံတစ်မျိုးကို လုပ်ဆောင်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူမိုမန်က ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရဲ့ ခရီးစဉ်မှာ ရိုစင်ဂျာအကြပ်အတည်းကို ဖြေရှင်းရေးအတွက် ရလဒ်ကောင်းတွေ ဆောင်ယူလာလိမ့်မယ်လို့ နိုင်ငံတော်ဧည့်ဂေဟာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မိုမန်က သတင်းထောက်တွေကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အနေဖြင့် မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းထားဆဲဖြစ်ကြောင်း၊ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့အတူ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုကတစ်ဆင့် ဖြေရှင်းလိုတယ်လို့ သူကပြောပါတယ်။

ရိုဟင်ဂျာပြသနာကို မြန်မာနိုင်ငံကဖန်တီးခဲ့တာဖြစ်ပြီး ပြသနာဖြေရှင်းဟာလည်း မြန်မာနိုင်ငံပေါ်မူတည် နေတယ်လို့ ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ရိုဟင်ဂျာတွေနေရပ်ပြန်ရေးစတင်ဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့အားထုတ်မှုတွေအတွက် အပြုသဘောဆောင်တဲ့ဖွံဖြိုးတိုးတက်မှုတွေ ဆောင်ကျဉ်းလာမယ်လို့ မိုမန်ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးအဇစ်အာမက်ဟာ မြန်မာနိုင်ငံကို လာမယ့်လအစောပိုင်းမှာ လာရောက်မှာဖြစ်ပြီး တစ်ပတ်ကြာနေထိုင်ပြီး မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

Ref : BBS Photo : Prothomalo
#voiceofmyanmar #ဒါကာ #ဘင်္ဂလားဒေ့ရှ်တပ်ချုပ် #မြန်မာနိုင်ငံ

Related posts

Leave a Comment

VOM News

FREE
VIEW