ေဆးေၿခာက္ႏြယ္ဝင္ Hemp မ်ိဳးစိပ္ပင္ကုိ ၿမန္မာေတာင္သူေတြ စုိက္ပ်ိဳးခြင့္ရဖုိ႔ သက္ဆိုင္ရာဌာနေတြက ညိိွနိုင္းေန

ေနျပည္ေတာ္၊ နိုဝင္ဘာ ၂၈-၂၀၁၉
သီရိ(VOM)

ေဆးေၿခာက္ႏြယ္ဝင္ Hemp မ်ိဳးစိပ္ပင္ကုိ ၿမန္မာေတာင္သူေတြ စုိက္ပ်ိဳးခြင့္ရဖုိ႔ ၿပည္သူ႔လႊတ္ေတာ္ စုိက္ပ်ိဳးေရး၊ ေမြးၿမဴေရးႏွင့္ ေက်းလတ္လူမႈဘဝဖြံ႔ၿဖိဳးေရးေကာ္မတီက ျပည္ထဲေရးဝန္ၾကီးဌာနနဲ႔ ၾကိဳးပမ္းညွိႏိႈင္း ေဆာင္ရြက္ေနတယ္လုိ႔ နုိဝင္ဘာလ ၂၇ ရက္ေန႔က ၿပဳလုပ္တဲ့ ဒုတိယအၾကိမ္၊ ၿပည္သူ႔လႊတ္ေတာ္ ၁၄ ၾကိမ္ေၿမာက္ပံုမွန္အစည္းအေဝး အ႒မေန႔အစည္းအေဝးအၿပီး လႊတ္ေတာ္အေဆာက္အဦးအတြင္း သတင္းမီဒီယာေတြကုိ က်ိဳက္လတ္မဲဆႏၵနယ္က ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးရန္လင္းက ေျပာၾကားခဲ့တာၿဖစ္ပါတယ္။

“ဒီကေန႔မနက္ပဲ က်န္းမာေရး၀န္ႀကီးနဲ႔ေတြ႔ၿပီးေတာ့ မူးယစ္ေဆး၀ါးဥပေဒကို ျပင္ဆင္ဖို႔အတြက္ Industrial hemp ကို Hemp က ေဆးေျခာက္ႏြယ္ပင္ ျဖစ္ပါတယ္။ ေဆးေျခာက္မ်ိဳးႏြယ္ထဲမွာပါတဲ့အပင္ ကြ်န္ေတာ္တို႔ ႏိုင္ငံရဲ႕ လက္ရွိမူးယစ္ေဆး၀ါး ဥပေဒအရဆုိရင္ သူကေဆးေျခာက္ပင္ထဲမွာပါပါတယ္။ ႏိုင္ငံျခား ေတြမွာက်ေတာ့ ေဆးေျခာက္ထဲမွာပါတဲ့ မူးယစ္ေဆး၀ါး THC လုိ႔ေခၚတဲ့ ေဆးရွိပါတယ္။ အ့ဲဒီေဆးက .၃ ရာခိုင္ ႏႈန္းထက္ နည္းလို႔ရွိရင္ မူးယစ္ေစတဲ့စြမ္းအင္ မရွိပါဘူး။ အဲ့လိုမ်ိဳးေၾကာင့္ မူးယစ္ေစတဲ့စြမ္းအင္ .၃ ရာခိုင္ႏႈန္း သည္ THC ပါ၀င္မႈထက္နည္းတဲ့ ေဆးေျခာက္ပင္မ်ားကို သူက industrial hemp လို႔ သီးျခားခြဲထုတ္လိုက္ပါ တယ္။ ကြ်န္ေတာ္တို႔ ႏိုင္ငံမွာ မခြဲထုတ္ရေသးတဲ့အတြက္ မခြဲထုတ္ရေသးဘူးဆုိတာလည္း ျပည္ထဲေရးဌာနမွာ ဒီအပင္ကိုTHC ဘယ္ေလာက္ ပါလဲဆုိတာကိုစမ္းသပ္ဖို႔ စစ္ေဆးဖို႔ အလြယ္တကူ ပစ(စ)ည္းေတြ လိုေနပါေသး တယ္။ ေဆးေျခာက္ပင္ေတြ သယ္လာတယ္။ ဘယ္ဟာက Hemp ဘယ္ဟာက ေဆးေျခာက္ဆုိတာ မခြဲျခားႏိုင္ ေသးပါဘူး။ အဲ့တာေၾကာင့္မို႔လို႔ ဒါေလးကို မၾကာခင္မွာ ဥပေဒအရ ပထမ တစ္မ်ိဳးေဆးေျခာက္ပင္ေတြထဲကေန ဒီအပင္ကို ေလ်ာ္ပင္ ျဖစ္ေအာင္ ကြ်န္ေတ္ာတုိ႔ဆြဲထုတ္ဖို႔ လုပ္ေနပါတယ္”လုိ႔ ဦးရန္လင္းကေျပာပါတယ္။

Hemp ပင္ဟာ စုိက္သက္ ေလးလေလာက္ၾကာၿပီး ၿမန္မာ့ ေရ၊ ေၿမ၊ ရာသီဥတုနဲ႔လည္းကုိက္ညီတယ္။ ေရ၊ ေၿမၾသဇာနဲ႔ ပုိးသတ္ေဆးေတြကုိ အမ်ားၾကီး အသံုးမၿပဳရလို႔ ေတာင္သူအတြက္အက်ိဳးအၿမတ္မ်ားတဲ့ အပင္ တစ္မ်ိဳးၿဖစ္တယ္လို႔ သိရပါတယ္။

“သူက စိုက္တဲ့အခါမွာ ဒီအတို္င္း သီးႏွံပင္ေေတြလုိစိုက္လို႔မရပါဘူး။ ပထမဆုံးစိုက္မယ့္ သူစိုက္မယ့္ေျမ ဧရိယာ အက်ယ္အ၀န္းကို သက္ဆုိင္ရာ စိုက္ပ်ိဳးေရးဌာနကိုသြားၿပီး မွတ္ပုံတင္ရပါတယ္ ။ ဒီ hemp စိုက္ခ်င္ပါတယ္။ အဲ့ဒီေတာ့ စိုက္တဲ့အခါမွာလည္း အစုိးရက အသိအမွတ္ၿပဳထားတဲ့ ကုမၸဏီက မ်ိဳးေစ့ကိုပဲ၀ယ္ရပါတယ္။ ေနာက္အဲ့သီးႏွံစိုက္ခင္းကိုလည္း အစိုးရအေနနဲ႔ အခ်ိန္မေရြး၀င္ၿပီး စစ္ခြင့္ရွိပါတယ္။ ေနာက္တစ္ခါ ထြက္လာ တဲ့ ကုန္ေခ်ာကိုလည္း FDA က ဒီထဲမွာ THC ပါ၀င္မႈ ဘယ္ေလာက္ပါလဲဆုိတာကို စမ္းသပ္ပါေသးတယ္.။ ၿပီးမွ ေရာင္းခ်လို႔ရပါတယ္” လို႔ ဦးရန္လင္းက ရွင္းၿပခဲ့တာျဖစ္ပါတယ္။

ဒီအပင္ကေနၿပီး လူသံုးကုန္ပစၥည္းမ်ားစြာ ထုတ္လုပ္နုိင္မွာၿဖစ္ၿပီး ျပည္ပမွာ အိမ္နံရံ၊ ကား ဒတ္ဘုတ္၊ စကၠဴအေနနဲ႔ ထုတ္လုပ္သံုးစြဲတာေတြ၊ Export လုပ္တာေတြ ရွိေနတဲ့အၿပင္ အခုဆုိရင္ Adidas က ဖိနပ္ေတြပါ ထုတ္လုိ႔ရၿပီၿဖစ္ကာ မၾကာခင္မွာ hemp က ရတဲ့ စကၠဴနဲ႔ဲ အေမရိကန္ေဒၚလာ ျပန္ထုတ္မယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #ေနျပည္ေတာ္ #ေဆးေျခာက္ႏြယ္ဝင္ #ျမန္မာေတာင္သူ

Unicode

ဆေးခြောက်နွယ်ဝင် Hemp မျိုးစိပ်ပင်ကို မြန်မာတောင်သူတွေ စိုက်ပျိုးခွင့်ရဖို့ သက်ဆိုင်ရာဌာနတွေက ညှိနိုင်းနေ

နေပြည်တော်၊ နိုဝင်ဘာ ၂၈-၂၀၁၉
သီရိ(VOM)

ဆေးခြောက်နွယ်ဝင် Hemp မျိုးစိပ်ပင်ကို မြန်မာတောင်သူတွေ စိုက်ပျိုးခွင့်ရဖို့ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလတ်လူမှုဘဝဖွံ့ဖြိုးရေးကော်မတီက ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကြိုးပမ်းညှိနှိုင်း ဆောင်ရွက်နေတယ်လို့ နိုဝင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်တဲ့ ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့အစည်းအဝေးအပြီး လွှတ်တော်အဆောက်အဦးအတွင်း သတင်းမီဒီယာတွေကို ကျိုက်လတ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရန်လင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒီကနေ့မနက်ပဲ ကျန်းမာရေးဝန်ကြီးနဲ့တွေ့ပြီးတော့ မူးယစ်ဆေးဝါးဥပဒေကို ပြင်ဆင်ဖို့အတွက် Industrial hemp ကို Hemp က ဆေးခြောက်နွယ်ပင် ဖြစ်ပါတယ်။ ဆေးခြောက်မျိုးနွယ်ထဲမှာပါတဲ့အပင် ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိမူးယစ်ဆေးဝါး ဥပဒေအရဆိုရင် သူကဆေးခြောက်ပင်ထဲမှာပါပါတယ်။ နိုင်ငံခြား တွေမှာကျတော့ ဆေးခြောက်ထဲမှာပါတဲ့ မူးယစ်ဆေးဝါး THC လို့ခေါ်တဲ့ ဆေးရှိပါတယ်။ အဲ့ဒီဆေးက .၃ ရာခိုင် နှုန်းထက် နည်းလို့ရှိရင် မူးယစ်စေတဲ့စွမ်းအင် မရှိပါဘူး။ အဲ့လိုမျိုးကြောင့် မူးယစ်စေတဲ့စွမ်းအင် .၃ ရာခိုင်နှုန်း သည် THC ပါဝင်မှုထက်နည်းတဲ့ ဆေးခြောက်ပင်များကို သူက industrial hemp လို့ သီးခြားခွဲထုတ်လိုက်ပါ တယ်။ ကျွန်တော်တို့ နိုင်ငံမှာ မခွဲထုတ်ရသေးတဲ့အတွက် မခွဲထုတ်ရသေးဘူးဆိုတာလည်း ပြည်ထဲရေးဌာနမှာ ဒီအပင်ကိုTHC ဘယ်လောက် ပါလဲဆိုတာကိုစမ်းသပ်ဖို့ စစ်ဆေးဖို့ အလွယ်တကူ ပစ(စ)ည်းတွေ လိုနေပါသေး တယ်။ ဆေးခြောက်ပင်တွေ သယ်လာတယ်။ ဘယ်ဟာက Hemp ဘယ်ဟာက ဆေးခြောက်ဆိုတာ မခွဲခြားနိုင် သေးပါဘူး။ အဲ့တာကြောင့်မို့လို့ ဒါလေးကို မကြာခင်မှာ ဥပဒေအရ ပထမ တစ်မျိုးဆေးခြောက်ပင်တွေထဲကနေ ဒီအပင်ကို လျော်ပင် ဖြစ်အောင် ကျွန်တေ်ာတို့ဆွဲထုတ်ဖို့ လုပ်နေပါတယ်”လို့ ဦးရန်လင်းကပြောပါတယ်။

Hemp ပင်ဟာ စိုက်သက် လေးလလောက်ကြာပြီး မြန်မာ့ ရေ၊ မြေ၊ ရာသီဥတုနဲ့လည်းကိုက်ညီတယ်။ ရေ၊ မြေသြဇာနဲ့ ပိုးသတ်ဆေးတွေကို အများကြီး အသုံးမပြုရလို့ တောင်သူအတွက်အကျိုးအမြတ်များတဲ့ အပင် တစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။

“သူက စိုက်တဲ့အခါမှာ ဒီအတိုင်း သီးနှံပင်ေတွေလိုစိုက်လို့မရပါဘူး။ ပထမဆုံးစိုက်မယ့် သူစိုက်မယ့်မြေ ဧရိယာ အကျယ်အဝန်းကို သက်ဆိုင်ရာ စိုက်ပျိုးရေးဌာနကိုသွားပြီး မှတ်ပုံတင်ရပါတယ် ။ ဒီ hemp စိုက်ချင်ပါတယ်။ အဲ့ဒီတော့ စိုက်တဲ့အခါမှာလည်း အစိုးရက အသိအမှတ်ပြုထားတဲ့ ကုမ္ပဏီက မျိုးစေ့ကိုပဲဝယ်ရပါတယ်။ နောက်အဲ့သီးနှံစိုက်ခင်းကိုလည်း အစိုးရအနေနဲ့ အချိန်မရွေးဝင်ပြီး စစ်ခွင့်ရှိပါတယ်။ နောက်တစ်ခါ ထွက်လာ တဲ့ ကုန်ချောကိုလည်း FDA က ဒီထဲမှာ THC ပါဝင်မှု ဘယ်လောက်ပါလဲဆိုတာကို စမ်းသပ်ပါသေးတယ်.။ ပြီးမှ ရောင်းချလို့ရပါတယ်” လို့ ဦးရန်လင်းက ရှင်းပြခဲ့တာဖြစ်ပါတယ်။

ဒီအပင်ကနေပြီး လူသုံးကုန်ပစ္စည်းများစွာ ထုတ်လုပ်နိုင်မှာဖြစ်ပြီး ပြည်ပမှာ အိမ်နံရံ၊ ကား ဒတ်ဘုတ်၊ စက္ကူအနေနဲ့ ထုတ်လုပ်သုံးစွဲတာတွေ၊ Export လုပ်တာတွေ ရှိနေတဲ့အပြင် အခုဆိုရင် Adidas က ဖိနပ်တွေပါ ထုတ်လို့ရပြီဖြစ်ကာ မကြာခင်မှာ hemp က ရတဲ့ စက္ကူနဲ့ဲ အမေရိကန်ဒေါ်လာ ပြန်ထုတ်မယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #နေပြည်တော် #ဆေးခြောက်နွယ်ဝင် #မြန်မာတောင်သူ

Related posts

Leave a Comment

VOM News

FREE
VIEW