ပလက်ဝမြို့နယ်မှာ စက်လှေတစ်စင်းပျောက်ဆုံး
ပလက်ဝမြို့နယ်မှာ စက်လှေတစ်စင်းပျောက်ဆုံး ပလက်ဝ၊ ဒီဇင်ဘာ-၅ ၊ ၂၀၁၉ မင်းရန်နိုင်(VOM) ပလက်ဝမြို့နယ်ထဲမှာ ပလက်ဝနဲ့ တောင်ပြိုကျေးရွာ ပြေးဆွဲနေတဲ့ စက်လှေတစ်စင်း ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။ “စက်လှေပျောက်သွားတယ်ဆိုတာတော့ ဟုတ်ပါတယ်။ တောင်ပြိုဘက်က ဆင်းလာချိန်မှာ ဖြစ်သွားတယ်လို့ သိရတယ်။ စက်လှေပေါ်မှာ လူဘယ်နှယောက်ပါသွားတယ်ဆိုတာတော့ မသိရသေးဘူး”လို့ စက်လှေပိုင်ရှင်ဖြစ်သူက ပြောပါတယ်။ ဒီစက်လှေပျောက်ဆုံးမှုဟာ ရခိုင့်လက်နက်ကိုင်အဖွဲ့(AA) က ဖမ်းဆီးသွားသလားဆိုတာကို အတည်ပြုနိုင်ဖို့အတွက် AA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို တယ်လီဖုန်းကတစ်ဆင့် ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ခရီးသည်တင်စက်လှေတွေကို AA အဖွဲ့က အရင်က ဖမ်းဆီးခဲ့တာတွေ ရှိခဲ့ဖူးပြီး ပလက်ဝမြို့နယ် ကျီးလေကျေးရွာအနီးမှာလည်း စက်လှေတစ်စီးဖမ်းဆီးခံရဖူးကြောင်း အမည်မဖော်လိုတဲ့ ပလက်ဝမြို့နယ်နေ ဒေသခံတစ်ဦးက ပြောပါတယ်။ #voiceofmyanmar #ပလက်ဝ #AA #စက်လှေတစ်စီးပျောက်ဆုံးနေ   Zawgyi ပလက်ဝမြို့နယ်မှာ စက်လှေတစ်စင်းပျောက်ဆုံး ပလက်ဝ၊…
Read More
၂၁ ရာစုပင်လုံကို မတ်လကုန်မှာ ကျင်းပဖို့ သဘောတူထားပေမယ့် ဒီနေ့အချိန်အထိ ပြင်ဆင်မှုမရှိသေး
၂၁ ရာစုပင်လုံကို မတ်လကုန်မှာ ကျင်းပဖို့ သဘောတူထားပေမယ့် ဒီနေ့အချိန်အထိ ပြင်ဆင်မှုမရှိသေး ရန်ကုန်၊ ဒီဇင်ဘာ – ၅ ၊ ၂၀၁၉ အောင်ထူးနိုင်(VOM) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးကို လာမယ့်နှစ် မတ်လအကုန်မှာ ကျင်းပဖို့ သဘောတူထားပေမယ့် ဒီနေ့အထိ ပြင်ဆင်မှု ဘာမှမရှိသေးဘူးလို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) မှ သိရပါတယ်။ “ကျွန်တော်တို့ တရားဝင်ဘာမှမသိရသေးဘူး။ ကျွန်တော်တို့ကို တရားဝင်အကြောင်းကြားတာ လောလောဆယ် ဘာမှ မရှိဘူး။ ကျွန်တော်တို့ နိုင်ငံရေးပါတီအစုအဖွဲ့ကတော့ ဘာမှ မသိရသေးဘူး။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်ဘက်က ဘာတွေညှိနေတယ်ဆိုတာလည်း ကျွန်တော်တို့ အသေးစိတ်မသိရသေးဘူး” လို့ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ UPDJC အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့…
Read More
နယ်စပ်ဂိတ်အတုလုပ်ပြီး ရုရှားကနေ တစ်ခြားနိုင်ငံရောက်ပြီဆိုကာ လိမ်လည်လူကုန်ကူးသူ အဖမ်းခံရ
မော်စကို၊ ဒီဇင်ဘာ-၅-၂၀၁၉ မျိုးဆက် (VOM) ရုရှားနိုင်ငံမှာ နယ်စပ်ဖြတ်ကျော်ဂိတ်အတု တည်ဆောက်ပြီး ရွှေ့ပြောင်းလုပ်သားလေးဦးကို ဖင်လန်နိုင်ငံ အတွင်း ရောက်ရှိသွားပြီလို့ ထင်မှတ်အောင် လုပ်ဆောင်သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။ ဖန်တီးထားတဲ့ နယ်စပ်ဖြတ်ကျော်ဂိတ်အတုကို ရောက်ရှိချိန်မှာ လူကုန်ကူးသူအမျိုးသားဟာ အီးယူနိုင်ငံဖြစ်တဲ့ ဖင်လန်နိုင်ငံအတွင်း ရောက်ရှိပြီလို့ ရွှေ့ပြောင်းလုပ်သားတွေက ယုံကြည်စေရန်လုပ်ဆောင်ပြီး သူတို့ကို ထားရစ်ခဲ့ပါတယ်။ ဒါပေမယ့်အဲဒီနေရာဟာ ဗိုင်ဘာ့ဂ်ရှိ ရွှံ့ညွှန်တောကြီးဖြစ်နေပါတယ်။ သိပ်မကြာခင်အချိန်မှာပဲ အဲဒီဒေသက အမှန်တကယ်နယ်ခြားဖြတ်ကျော်ဂိတ်က တပ်ဖွဲ့ဝင်တွေက လူကုန်ကူးခံရတဲ့ တောင်အာရှသားလေးဦးကို ရပ်တန့်စေခဲ့ပြီး သူတို့ဟာ ဖင်လန်နိုင်မှာမဟုတ်ပဲ ရုရှားနိုင်ငံအတွင်းမှာ ရှိနေဆဲဖြစ်တယ်ဆိုတာ ရှင်းပြခဲ့ပါတယ်။ သူတို့ဟာ တစ်ဦးကို ဒေါ်လာ ၁၁၀၀၀ စီ လူကုန်ကူးသူအမျိုးသားကို ပေးခဲ့ရပြီး လက်ရှိမှာတော့ လူကုန်ကူးသူအပါအဝင် အမျိုးသားငါးဦးစလုံးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းတွေက ဖော်ပြထားသည်။ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပြစ်မှုတွေအတွက် ရွှေ့ပြောင်းလုပ်သားတွေကို စိန့်ပီတာစဘာ့ဂ်တရားရုံးက ဒါဏ်ငွေချမှတ်ခဲ့ပြီး သူတို့ိုကို ပြည်နှင်ဒါဏ်ပေးဖို့…
Read More
တိုက်ပေါ်ကပြုတ်ကျသေမှ လျော်ကြေး ၆သိန်းရတဲ့ ဥပဒေဟာ ဆောက်လုပ်ရေးလုပ်ငန်းအပေါ် လွှမ်းခြုံမှုမရှိသေး
ရန်ကုန်၊ ဒီဇင်ဘာ၅-၂၀၁၉ သိဂီၤ(VOM) ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်သားတစ်ဦးသေဆုံးသွားခဲ့ရင် အလုပ်သမားလျော်ကြေးဥပဒေအရ ၆သိန်းသာရတဲ့အတွက် အဲ့ဒီဥပဒေဟာ ဆောက်လုပ်ရေးလုပ်ငန်းငန်းခွင်အတွက် လွှမ်းခြုံမှုမရှိဘူးလို့ မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (BWFM)ကနေ သိရပါတယ်။ ဒါကြောင့်အလုပ်ရှင်တွေ၊ အလုပ်သမားတွေ ပူးပေါင်းပြီး၂၀၁၉ခုနှစ်မတ်လမှာ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းလိုက်တဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်ရေးနှင့် ကျန်းမာရေးဥပဒေကို နည်းဥပဒေအမြန်ဆုံးထွက်ရှိအောင် လုပ်သွားမှာဖြစ်ပြီး နည်းဥပဒေမှာ ပြစ်မှုပြစ်ဒဏ်တွေကို အလုပ်ရှင်၊ အလုပ်သမားမျှတမှုရှိအောင် ထည့်သွင်းရေးဆွဲနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့သိရပါတယ်။ “ဆောက်လုပ်ရေးလို့ပြောလိုက်ရင် အင်ဖော်မယ်ထဲပါသွားတယ်၊ ပြင်ဆင်တဲ့ဥပဒေပဲပြောပြော အဲ့ဒီမှာပါတာတွေက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်ရေးကို လွှမ်းခြုံမှုမရှိဘူး၊ ဥပဒေထဲမှာ ပြီးပြည့်စုံတဲ့ဥပဒေဆိုတာတော့မရှိဘူး၊ ဒါကိုလက်ခံတယ်၊ ဒါကြောင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်ရေးဥပဒေကို အလုပ်ရှင်အလုပ်သမားပြန်လည်သုံးသပ်မယ်။ အကုန်လုံး လေးစားလိုက်နာနိုင်မယ့်ဟာမျိုးဖြစ်အောင်ပါ။ နည်းဥပဒေအပိုင်းတွေပါမယ်။ ခုလက်ရှိကတော့ ဆောက်လုပ်ရေးလုပ်သားတစ်ယောက် အမြင့်ကပြုတ်ကျမယ်၊ ကိုယ်လက်အဂ်ါကျိုးသွားတယ်ဆိုရင် ဘယ်အလုပ်သမားဝန်ကြီးဌာနကိုမှ တိုင်လို့မရဘူး၊ ကျွန်တော်တို့ဘယ်ဥပဒေနဲ့ တိုင်လို့ရလဲဆိုတော့ အလုပ်သမားလျော်ကြေးဥပဒေအရပဲ တိုင်ခွင့်ရှိပါတယ်၊ အဲ့ဒါကလည်း အလုပ်သမားတစ်ယောက်လုံးသေမှ၆သိန်းပဲရှိတယ်”လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်…
Read More
ရွှေတိဂုံဘုရာပေါ်မှာ သက်တမ်းရှိ(G)လိုင်စင် ကိုင်ဆောင်တဲ့ ဧည့်လမ်းညွှန်သာအသုံးပြုရန် ထုတ်ပြန်
Unicode ရွှေတိဂုံဘုရာပေါ်မှာ သက်တမ်းရှိ(G)လိုင်စင် ကိုင်ဆောင်တဲ့ ဧည့်လမ်းညွှန်သာအသုံးပြုရန် ထုတ်ပြန် ရန်ကုန် ဒီဇင်ဘာ ၅-၂၀၁၉ သိ ဂီ ၤ( VOM) ရွှေတိဂုံစေတီတော်ပေါ်မှာ နိုင်ငံခြားသားတွေကို ဝန်ဆောင်မှုပေးမယ့် ဧည့်လမ်းညွှန်တွေအနေနဲ သက်တမ်းရှိ(G)လိုင်စင် (တစ်နိုင်ငံလုံးမှာ ဧည်လမ်းညွှန်လုပ်ကိုင်ခွင့်ရှိသူ National Tour Guide Licenceရှိဖို့လို အပ်ကြောင်း ဒီလိုင်စင်ကိုင်ဆောင်သူတွေသာ ဧည့်လမ်းညွှန်အဖြစ် လိုက်ပါဆောင်ရွက်ရမယ်လို့ ဂေါပကအဖွဲ့နဲ့မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းက ဆုံးဖြတ်လိုက်ပါတယ်။ ဒီဇင်ဘာလ ၃ ရက်နေ့က ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ရန်ကုန်တိုင်း) နှင့်မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းl ရွှေတိဂုံဘုရားဂေါပကအဖွဲ့ဝင်များ ကမ္ဘာလှည့်ခရီးသွားလုံခြုံရေးရဲတပ်ဖွဲ့တို့တွေ့ဆုံဆွေးနွေးခဲ့မှုအပြီး ခုလိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ “လိုင်စင်ပယ်ဖျက်ခံထားရသူတွေကိုကုမ္ပဏီကသုံးနေတာတွေရှိတယ်။ဒါဟာ လိုင်စင်သက်တမ်းရှိထားသူ အမြဲတမ်းသက်တမ်းတိုးနေသူတွေအတွက် တရားမျှတမှုမရှိဘူး။ဒါကြောင့် ဒါကိုပြန်အသက်သွင်းတာဖြစ်တယ်။နောက် ကုမ္ပဏီတွေကိုလည်း အသိပေးတာဖြစ်တယ် သုံးခဲ့ရင် သုံးတဲ့ကုမ္ပဏီမှာတာဝန်ရှိတယ်။ ဒါကြောင့်ကိုယ်တာဝန်ပေးမယ့် guide ကို တချက်စိစစ်ပေးပါ။ ဥပဒေမှာရှိပြီးသားကို ထပ်ပြီး ပံ့ပိုးတဲ့သဘာဖြစ်တယ်။ စည်းကမ်းလျော့ရဲလာတာတွေကို လိုက်နာအောင်ထောက်ပြအသိပေးတာဖြစ်တယ်။” လို့ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းရဲ့ဥက္ကဋ္ဌဦးအောင်ထွန်းလင်းကပြောပါတယ်။ တကယ်လို့ စစ်ဆေးတဲ့အခါ…
Read More
“ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ဒီလွှတ်တော်သက်တမ်းမှာ အပြီးသတ်ဆောင်ရွက်မယ်ဆိုတဲ့ စကားကို ဘဝင်မကျသလို သဘောလည်းမတူဘူးလို့ ပြည်ခိုင်ဖြိုးအမတ် လွှတ်တေ်ာအစည်းအဝေးမှာပြော”
“ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ဒီလွှတ်တော်သက်တမ်းမှာ အပြီးသတ်ဆောင်ရွက်မယ်ဆိုတဲ့ စကားကို ဘဝင်မကျသလို သဘောလည်းမတူဘူးလို့ ပြည်ခိုင်ဖြိုးအမတ် လွှတ်တေ်ာအစည်းအဝေးမှာပြော” နေပြည်တော်၊ ဒီဇင်ဘာ ၅-၂၀၁၉ သီရိ(VOM) အခုလွှတ်တော်သက်တမ်းအတွင်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ အပြီးသတ်ဆောင်ရွက်မယ့်ကိစ္စက လွှတ်တော်နာယကတစ်ဦးတည်းနဲ့ လုပ်လို့ရတာမဟုတ်လို့ နာယကအနေနဲ့ ဒီလိုပြောဆိုတာကို ဘဝင်မကျ သလို သဘောမတူဘူးလို့ ပြည်ခိုင်ဖြိုးပါတီဝင် မင်းကင်းအမတ်က ဦးမောင်မြင့်က ဒီနေ့ ပြည်ထောင်စုလွှတ် တော်အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။ “ပြီးခဲ့တဲ့ ရက်ကတော့ ပြည်ထောင်စုလွှတ်တော်နာယကကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ရှိ လွှတ်တော်သက်တမ်းမှာ ပြင်မယ်ဆိုတဲ့ စကားသံကို ကျနော်ကြားလိုက်ရပါတယ်။ အခြေခံဥပဒေကို ပြင်နိုင် ခြင်း၊ မပြင်နိုင်ခြင်းဆိုတာ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ဆန္ဒမဲနဲ့ပဲ ဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်။ နာယ ကကြီး တစ်ယောက်တည်းကတော့ လုပ်လို့မရပါဘူးခ။ ဒါကြောင့် ဒီလို တုံးတိတိကြီးပြောတာကိုတော့ ဘဝင်မ ကျ သဘောမတူပါဘူး”လို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီလို Time Line ထုတ်ပြန်ရမယ့်ကိစ္စက…
Read More
ကုန်တင်သင်္ဘောတွေကို ကာကွယ်ဖို့ အရှေ့အလယ်ပိုင်းသို့ ဂျပန်ရေတပ်စေလွှတ်မည်
တိုကျို၊ ဒီဇင်ဘာ-၅-၂၀၁၉ မျိုးဆက် (VOM) သုတေသနနဲ့ ထောက်လှမ်းရေးအချက်အလက် စုဆောင်းမှုတွေအတွက် စစ်တပ်ကိုဖြန်ကြက်ခွင့်ပြုထားတဲ့ ဥပဒေအရ ဂျပန်ကုန်တင်သင်္ဘောတွေကို စောင့်ရှောက်ဖို့ အရှေ့အလယ်ပိုင်းဒေသကို ဂျပန်ရေတပ်ဖွဲ့ဝင် ၂၇၀ ကိုစေလွှတ်ရေး ဂျပန်နိုင်ငံက စီစဉ်နေပါတယ်။ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအဘေးဟာလည်း ဆော်ဒီအာရေဗျနဲ့ ယူအေအီး အပါအဝင် အရှေ့အလယ်ပိုင်း နိုင်ငတွေကို ဇန်နဝါရီလမှာ သွားရောကဖို့ စဉ်းစားနေပါတယ်။ အမေရိကန်နဲ့ အီရန်တို့နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားတဲ့ ဂျပန်နိုင်ငံအနေနဲ့ ဒေသအတွင်း ကုန်တင်သင်္ဘောတွေကို ကာကွယ်ဖို့ အမေရိကန်ဦးဆောင်တဲ့ ဘယ်လိုညွှန့်ပေါင်းအဖွဲ့မှာမှ ပါဝင်ခြင်းမပြုဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ နှစ်စဉ်သက်တမ်းတိုးနိုင်တဲ့ အဲဒီအစီအစဉ်မှာ အစိုးရအနေနဲ့ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးရေတပ်မှ အစောင့်သင်္ဘောတစ်စင်းနဲ့ ကင်းလှည့်လေယာဉ်တစ်စင်းကို ဖြန့်ကြက်ဖို့ အဆိုပြုသွားမှာဖြစ်ပြီး နှစ်ကုန်တွင် အပြီးသတ်အကောင်အထည်ဖော်ဖို့ စီစဉ်ထားပါတယ်။ ယခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးဟာ နိုင်ငံတကာကုန်တင်သင်္ဘောတွေ တိုက်ခိုက်ခဲ့တာကြောင့့် ထိခိုက်ခဲ့ရပြီး ဂျပန်ရဲ့ အနောက်မဟာမိတ်နိုင်ငံတွေကတော့ ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အီရန်အပေါ်…
Read More
ကိုယ်စားလှယ်အရည်အချင်း လိမ်လည်စာရင်းသွင်း မခံရစေဖို့ တပ်မတော်သားကိုယ်စားလှယ်က ထောက်ပြ
Read More
ပြစ်မှုပြစ်ဒဏ် မမျှတတဲ့အတွက် ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂများ သပိတ်မှောက်မယ်
ရန်ကုန်၊ ဒီဇင်ဘာ ၅-၂၀၁၉ ချမ်းငြိမ်း(VOM) ရန်ကုန်စီးပွားရေးတက္ကသိုလ်က ကျောင်းသားတစ်ဦးဟာ ၂၀၁၈ခုနှစ်က ရန်ဖြစ်၊ လက်သီးနဲ့ထိုးတဲ့အတွက် ပြစ်မှု ၊ပြစ်ဒဏ် မမျှတဘဲ ကျောင်းကနေ ထုတ်ပယ်တာကို ခံခဲ့ရတာဖြစ်တယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ကနေ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂတွေဟာ ဒီဇင်ဘာ၄ရက်နေ့က ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွာသာကြီးနယ်မြေမှာ ကျောင်းသားကျောင်းသူ ၅၀ခန့်က တောင်းဆိုမှုတွေနဲ့အတူ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ တောင်းဆိုချက်တွေကို ၄၈နာရီအတွင်း ကျောင်းအုပ်ချုပ်ရေး နဲ့ ပညာရေးဝန်ကြီးဌာနက အကြောင်းပြန်ပေးဖို့ တောင်းဆိုထားပြီး ၊ အကြောင်းပြန်ခြင်းမရှိဘူးဆိုရင် သပိတ်စခန်းဖွင့်ကာ သပိတ်မှောက် တောင်းဆိုသွားမယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။ “မနှစ်ကဒီအချိန်တုန်းက ကျောင်းသားတစ်ယောက်ကနေ ကျောင်းသားတစ်ယောက်ကို လက်သီးနဲ့ထိုးတယ်။ နောက်နေ့ကျတော့ ခုံရုံးဖွဲ့စစ်တယ်။ အဲဒီမှာ ကျောင်းကနေ အဲဒီကျောင်းသားကို စာသင်ခွင့်ရပ်စဲလိုက်တယ်။ ကျောင်းကတာဝန်ရှိသူတွေက ကျောင်းကနေ တစ်နှစ်ပဲနားတာ။ ပြန်တက်ရမယ့်ဆိုတော့ အဲဒီကျောင်းသားက ရန်ကုန်မှာ…
Read More
တမူးမြို့မှာ အသက်(၃)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရမှုဖြစ်ပွား
တမူး၊ ဒီဇင်ဘာ ၅-၂၀၁၉ ဂေါင်ဂေါင်(VOM) တမူးခရိုင်၊ တမူးမြို့၊ ခမ်းဘတ်မြို့နယ်ခွဲ၊ ကျွန်းတော်ရေရှင်ကျေးရွာမှာ တရွာထဲနေ အသက် ၁၃နှစ်အရွယ် မောင်ချစ်ဦးဆိုသူက အသက်၃နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တယ်လို့ ကျွန်းတော်ရေရှင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပေါင်ဒါလ်မန်ရဲ့ပြောပြချက်အရ သိရပါတယ်။ “ ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး သက်ငယ်မုဒိန်းမှုနဲ့ဖွင့်ထားတဲ့အတွက် တရားဥပဒေအတိုင်း ဆောင်ရွက်သွားမယ်၊ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အတိုင်း အပြစ်ပေးသွားရမှာဖြစ်တယ်”လို့ ခမ်းဘတ်ရဲစခန်းမှ စခန်းမှူးဦးထွန်းအောင်ကျော်ကပြောပါတယ်။ ဒီဇင်ဘာ၃ရက် မနက်ပိုင်းက ကလေးရဲ့မိခင် ကောက်စိုက်သွားချိန် သားနှစ်ယောက်ကို သမီးငယ်နှင့်ထားခဲ့ရပြီး မိခင်မရှိချိန် မောင်ချစ်ဦးဆိုသူ ရောက်လာကာ ကလေးမလေးရဲ့အကိုဖြစ်သူကို ဂျင်ပေးမယ်ဟုပြောကာ ရေခတ်ခိုင်းခဲ့ပါတယ်။ ကမလေးရဲ့အကိုလတ်ကိုလဲ ပဲသီးသွားကောက်ခိုင်းပြီး ကလေးမလေးကို သားမယားပြုကျင့်ခဲ့တာဖြစ်ပါတယ်။ ဒီလိုပြုလုပ်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး သားအလတ်ကောင် ၆နှစ်သားကိုလဲ မောင်ချစ်ဦးမှ ယောက်ျားချင်းအဓမ္မပြုကျင့်တာရှိခဲ့တယ်လို့ ကလေးငယ်ရဲ့ မိခင်ဖြစ်သူကပြောပြချက်အရ သိရပါတယ်။ မိခင်ဖြစ်သူကလည်း “ ကျွန်မကလေးတွေရဲ့ စားဝတ်နေရေးကြောင့်သာ အလုပ်သွားလုပ်ရတာပါ၊ သားသမီးလေးယောက်ကို…
Read More
VOM News
FREE
VIEW