ICJကို သွားရောက်ဖြေရှင်းမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အဖွဲ့ကို ထောက်ခံပွဲ နေပြည်တော်မှာပြုလုပ်
Read More
ကြံကားများ တန်ပိုကင်းလွှတ်ခွင့်ရရှိရေး ကြံတောင်သူ ၂၀၀၀ ကျော် နဲ့ ကြံသယ်ကား အစီး ၅၀၀ ခန့် ဆန္ဒပြ
ထီးချိုင့်၊ ဒီဇင်ဘာ ၇-၂၀၁၉ အောင်ကြီး(VOM) ကသာ မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ မဘိမ်းမြို့နယ်၊ တကောင်း မြို့နယ်တို့က ကြံစိုက်တောင်သူတွေဟာ ဒေသထွက်ကြံသီးနှံတွေ သယ်ယူတဲ့ကြံကားတွေကို တန်ပိုနဲ့ ဖြတ်သန်းသွားလာခွင့်ပြုဖို့အတွက် ဒီကနေ့မနက်ပိုင်းက ဒေသခံတောင်သူ၂၀၀၀ကျော်၊ ကြံသယ်ကားအစီး ၅၀၀ခန့်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။ ကြံသယ်ကား အစီးရေ ၄၉၀ကို စက်ရုံပို့ဖို့အတွက် ကြံတွေတင်ဆောင် သယ်ယူလာကာ စီတန်းပြီး ထီးချိုင့်မြို့နယ် မြတောင်လမ်းခွဲကနေ တန်ပိုစစ်ဆေးရေးဂိတ်ထိ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ တန်ပိုတင်ဆောင်ခွင့်ရရှိရေး၊ ဒေသထွက်ကုန်ကြံသီးနှံများသယ်ဆောင်ရာတွင် လမ်းတံတားကြေးကင်းလွှတ်ခွင့် ရရှိရေး ၊ ကြံတောင်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရန် ကြံ၊ သကြားဈေးကွက် ဖော်ဆောင်ပေးရေး စတဲ့ကြွေးကြော်ချက်တွေနဲ့ မြတောင်တန်ပိုစစ်ဆေးရေးဂိတ်က တံတားပေါ်ကို ပထမဆုံး ၁၂ဘီးကြံသယ်ယာဉ် တန်ပိုစစ်ဆေးခံရင်း စီတန်းလှည့်လည်ခဲ့ကြတာ ဖြစ်ပါတယ်။ တန်ပိုကင်းလွှတ်ခွင့် တောင်းဆိုပွဲကို ဦးဆောင်တဲ့ ကြံတောင်သူတွေနဲ့ လမ်းတံတားဝန်ရှိသူ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားတို့ တန်ပိုစစ်ဆေးရေးဂိတ်ရုံးမှာ ဆန္ဒပြနေချိန် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြပါတယ်။…
Read More
ရန်ကုန်မြို့မှာ ဆိုက်ကားတွေကို ဖမ်းဆီးတဲ့အခါ လုံးဝပြန်မပေးတော့ဘဲ ဖျက်ဆီးပစ်မယ်
ရန်ကုန် ဒီဇင်ဘာ ၇-၂၀၁၉ သိဂီ ၤ(VOM) တာမွေမြို့နယ်အတွင်းက တရားမဝင် လိုင်စင်မဲ့ဆိုက်ကားပေါင်း အစီး ၇၀၀၀ လောက်ရှိနေတဲ့အတွက် ရှင်းလင်းဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီကနေသိရပါတယ်။ ဆိုက်ကားတွေရှင်းလင်းဖမ်ဆီးရာမှာ လူကိုအရေးယူမှုမရှိပေမယ့် ဖမ်းဆီးလိုက်တဲ့ ဆိုက်ကားကိုတော့ လုံးဝ ပြန်လည်ပေးတာမျိုးမလုပ်ဘဲ အပြီးဖျက်ဆီးပစ်နေတာ ဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးနေတာဟာ ဥပဒေဘောင်အတွင်း တရားဝင်လိုင်စင်ပြုလုပ် အခွန်ဆောင်လုပ်ကိုင်နေတဲ့ ဆိုက်ကားသမားတွေအတွက် တရားမျှတအောင် လုပ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။ ” ဖမ်းဆီးလိုက်တဲ့ ဆိုက်ကားတွေကိုပြန်မပေးဘူး။ ခံဝန်ကတိနဲ့လည်းမပေးဘူး။ ဖျက်ဆီးပစ်မှာပါ။ စားဝတ်နေရေး အဆင်မပြေလို့ဆိုတာနဲ့တော့ ကိုယ်လုပ်တဲ့အလုပ်က တရားမဝင်ဖြစ်လို့တော့မရဘူး၊ တရားမဝင်ဆိုက်ကားတွေကို အရေးမယူဘူးဆိုရင် ဥပဒေဘောင်းအတွင်းလုပ်နေတဲ့ ဆိုက်ကားသမားတွေအပေါ် စားဝတ်နေရေးဒုက္ခရောက်စေမယ်၊ ဒါကြောင့် တရားမဝင်ဆိုက်ကားတွေကို ရှင်းရမယ်၊ မရှင်းရင်ဥပဒေအတွင်း နေထိုင်သူကို အကာအကွယ်ပေးရမယ့် ဝတ္တရားပျက်ကွက်သလိုဖြစ်မယ်” လို့ တာမွေမြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးအောင်မျိုးလင်းကပြောပါတယ်။ တရားဝင်လိုင်စင်ပြုလုပ် ပြေးဆွဲနေတဲ့ ဆိုက်ကားက ၈၅၀ လောက်သာရှိပြီး…
Read More
ICJ က မြန်မာနိုင်ငံကိုတရားစွဲဆိုထားတဲ့အပေါ် သူရဦးရွှေမန်းရဲ့ သုံးသပ်ပြောကြားချက်
Read More
အလယ်တန်းပြ ဆရာမတစ်ဦးကို ကျောင်းအုပ်ဆရာမကြီးက ကြိမ်လုံးနဲ့ ရိုက်ခဲ့တယ်ဆိုတဲ့ကိစ္စ ခုံရုံးဖွဲ့ စစ်ဆေးသွားမယ်
ရန်ကုန်၊ ဒီဇင်ဘာ ၇-၂၀၁၉ ချမ်းငြိမ်း(VOM) အလယ်တန်းပြ ဆရာမတစ်ဦးကို ကျောင်းအုပ်ဆရာမကြီးက ကြိမ်လုံးနဲ့ရိုက်ခဲ့တယ်ဆိုတဲ့ကိစ္စကို ခုံရုံးဖွဲ့ စစ်ဆေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးကနေသိရပါတယ်။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် အထက (၅)ကျောင်းက အလယ်တန်းပြဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်မူမူကို ကျောင်းအုပ်ဆရာမကြီးက ကျောင်းသားကျောင်းသူတွေရှေ့မှာ ကြိမ်လုံးနဲ့ ရိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “အခုက ဒီကိစ္စကို ခုံရုံးအဖွဲ့နဲ့ စစ်ဆေးဖို့ တိုင်းပညာရေးမှူးက လက်မှတ်ထိုးလိုက်ပါပြီ။ စစ်တာကတော့ ခရိုင်ပညာရေးမှူးနဲ့ အဖွဲ့က စစ်မှာပါ၊ ဒီကိစ္စကို အမြန်ဆုံး စစ်ဆေးသွားမှာပါ၊ လာမယ့် တနင်္လာနေ့မှာ စတင်စစ်ဆေးနိုင်ဖို့ စီစဉ်ထားတယ်”လို့ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီဇင်ဘာ ၃ရက်နေ့ မနက်ပိုင်းက ဆဋ္ဌမတန်း (G-7D) ကို တာဝန်ယူသင်ကြားတဲ့ ဆရာမက ခွင့်ယူတဲ့အတွက် ဆရာမဒေါ်မူမူက အစားထိုးသင်ကြားနေတဲ့အချိန်မှာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေမြင့်က အတန်းတွေကို လှည့်လည်ဆူပူကြိမ်းမောင်းရင်း ဆရာမဒေါ်မူမူစာသင်နေတဲ့ အတန်းအတွင်းကို…
Read More
နမ်ဆန်ယန်ကျေးရွားအနီး တိုက်ပွဲဆက်မဖြစ်ဖို့ တပ်မတော်ဘက်က အာမခံချက်ပေး
Unicode နမ်ဆန်ယန်ကျေးရွားအနီး တိုက်ပွဲဆက်မဖြစ်ဖို့ တပ်မတော်ဘက်က အာမခံချက်ပေး ဝိုင်းမော်-ဒီဇင်ဘာ ၇-၂၀၁၉ ရန်အောင်ထွန်း (VOM) ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က နေရပ်ပြန်စစ်ရှောင်ပြည်သူတွေစိတ်မပူဖို့ နမ်ဆန်ယန်ကျေးရွာအနီးမှာ တိုက်ပွဲထပ်မဖြစ်ဖို့ တပ်မတော်ဘက်က ဒီဇင်ဘာ ၅ ရက်နေ့က အကြောင်းပြန်ထားတယ်လို့ နန်ဆမ်ယန် နေရပ်ပြန်အရေး အကျိုးဆောင် ဦးဖော်လားကမ်ဖန်က ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က နန်ဆမ်ယန်နဲ့ ၄ မိုင်အကွာမှာ တပ်မတော်နဲ့ KIO တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းကြောင့် ပြန်လည်အခြေချနေထိုင်သူတွေ စိုးရိမ်ပြီး နေရပ်စွန့်ခွာဖို့ ပြင်ဆင်ခဲ့ကြရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နေရပ်ပြန်စစ်ရှောင်တွေ ပြန်လည်ထူထောင် အခြေချနေထိုင်တဲ့ ကျေးရွာတွေ အနီးမှာ နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့တွေ တိုက်ပွဲမပြုလုပ်ဖို့ ဆွေးနွေးပြီး အပစ်အခတ်မဲ့ဇုန် ဖော်ဆောင်ပေးစေချင်တယ်လို့ နန်ဆမ်ယန်ကျေးရွား ကျောင်းထိုင် ဘုန်းတော်ကြီး ဖာသာဂေါ့လိုယုံဝါ ကပြောပါတယ်။ ဦးဖော်လားကမ်ဖန်အနေနဲ့ နိုင်ဝင်ဘာ ၂၉ ရက်နေ့…
Read More
VOM News
FREE
VIEW