ကြံကားများ တန်ပိုကင်းလွှတ်ခွင့်ရရှိရေး ကြံတောင်သူ ၂၀၀၀ ကျော် နဲ့ ကြံသယ်ကား အစီး ၅၀၀ ခန့် ဆန္ဒပြ

ထီးချိုင့်၊ ဒီဇင်ဘာ ၇-၂၀၁၉
အောင်ကြီး(VOM)

ကသာ မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ မဘိမ်းမြို့နယ်၊ တကောင်း မြို့နယ်တို့က ကြံစိုက်တောင်သူတွေဟာ ဒေသထွက်ကြံသီးနှံတွေ သယ်ယူတဲ့ကြံကားတွေကို တန်ပိုနဲ့ ဖြတ်သန်းသွားလာခွင့်ပြုဖို့အတွက် ဒီကနေ့မနက်ပိုင်းက ဒေသခံတောင်သူ၂၀၀၀ကျော်၊ ကြံသယ်ကားအစီး ၅၀၀ခန့်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ကြံသယ်ကား အစီးရေ ၄၉၀ကို စက်ရုံပို့ဖို့အတွက် ကြံတွေတင်ဆောင် သယ်ယူလာကာ စီတန်းပြီး ထီးချိုင့်မြို့နယ် မြတောင်လမ်းခွဲကနေ တန်ပိုစစ်ဆေးရေးဂိတ်ထိ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

တန်ပိုတင်ဆောင်ခွင့်ရရှိရေး၊ ဒေသထွက်ကုန်ကြံသီးနှံများသယ်ဆောင်ရာတွင် လမ်းတံတားကြေးကင်းလွှတ်ခွင့် ရရှိရေး ၊ ကြံတောင်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရန် ကြံ၊ သကြားဈေးကွက် ဖော်ဆောင်ပေးရေး စတဲ့ကြွေးကြော်ချက်တွေနဲ့ မြတောင်တန်ပိုစစ်ဆေးရေးဂိတ်က တံတားပေါ်ကို ပထမဆုံး ၁၂ဘီးကြံသယ်ယာဉ် တန်ပိုစစ်ဆေးခံရင်း စီတန်းလှည့်လည်ခဲ့ကြတာ ဖြစ်ပါတယ်။

တန်ပိုကင်းလွှတ်ခွင့် တောင်းဆိုပွဲကို ဦးဆောင်တဲ့ ကြံတောင်သူတွေနဲ့ လမ်းတံတားဝန်ရှိသူ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားတို့ တန်ပိုစစ်ဆေးရေးဂိတ်ရုံးမှာ ဆန္ဒပြနေချိန် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြပါတယ်။

တွေ့ဆုံမှုမှာ တောင်သူတွေ တန်ပိုကင်းလွှတ်ခွင့် မရရှိဘဲ၊ လက်ရှိ ပထမဆုံးဖြတ်သန်းမှုတန်ချိန်ကို မှတ်တမ်းယူထားကာ နောက်တစ်ခေါက် ကြံတင်ဆောင်ရာမှာ သက်မှတ်တန်ချိန်အတိုင်းသာ တင်ဆောင်ဖြတ်သန်းခွင့်ပြုမှာဖြစ်ပြီး တန်ပိုဒဏ်ကြေး၊ လမ်းကြေး ကောက်ခံခြင်းမရှိဘူးလို့ ကသာခရိုင် လမ်းတံတားအင်ဂျင်နီယာမှူးကြီး ဦးဗိုလ်မင်းက တောင်သူတွေကို ပြန်လည်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးခွင့်ပြုချက်အပေါ် ကြံတောင်သူတွေက ကြေနပ်မှုမရှိတဲ့အတွက် တံတားပေါ်ကနေ နောက်ဆုတ်ကာ ဖြတ်သန်းခြင်းမလုပ်တော့ဘဲ ကြံကားတွေကို စီးတန်းရပ်ထားကြတယ်လို့ သိရပါတယ်။

“ ကြံတောင်သူများမှာ စက်ရုံသို့ အရောက်ပို့စနစ်ဖြင့်သာ ကြံတစ်တန် ကျပ် ၃၉၀၀၀ ဈေးသာရရှိပြီး၊ ကြံခုတ် လုပ်သားခ၊ ကြံတင်ကြံသယ်ကားခများဖြင့် တွက်ချက်ပါက သက်မှတ်တန်ချိန် အတိုင်းတင်ပို့ပါက တွက်ခြေမ ကိုက်ဆုံးရှုံးနေသဖြင့် ယခုလို ကင်းလွတ်ခွင့်တောင်းဆိုနေခြင်းဖြစ်ပါတယ်၊ ခွင့်ပြုလို့ မရပါက ဒီအတိုင်းရပ် တန့်ထားမှာဖြစ်တယ်”လို့ ဆန္ဒပြပွဲဦးဆောင်သော ကြံတောင်သူ ဦးလီလီထွန်းကပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ် ၊ရှမ်းပြည်နယ် မဘိမ်းမြို့နယ်၊ မန္တလေးတိုင်း တကောင်းမြို့နယ် တွေက ကြံရာသီချိန် ဒေသထွက်သီးနှံကြံသယ်ယူတဲ့ကားတွေကို လမ်း၊တံတား တန်ပိုကြေးကောက်ရာတွင် ယခင်နှစ်များအတိုင်း ကင်းလွှတ်ခွင့်ပြုဖို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးအစိုးရကို တင်ပြ ထားပေမယ့် ခွင့်ပြုချက်မရလို့ ခုလို ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြတောင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ ကြံဈေးက ကျဆင်းနေတဲ့ နှစ် ၊ အထွက်နှုန်းကလည်း ကျတဲ့ နှစ် ၊ တောင်သူတွေ ဘယ်လိုမှ အဆင်မပြေလို့၊ တန်ပိုကင်းလွတ်ခွင့်ပြုရေးကို ပြည်တောင်စုအဆင့်ထိ အဆင့်ဆင့် တင်ပြတယ်။ အဆင်မပြေဘူး။ သက်မှတ်တန်ချိန်အတိုင်းတင်ဆောင် ဖြတ်သန်းခွင့်ရတယ်ဆိုတာကလည်း အရင်တစ်ခေါက်စာကို နှစ်ခေါက် သယ်မှ ရမယ့် ခွင့်ပြုချက်၊ ကြံခုတ် တင်ဆောင် သယ်ပို့ခ ၂ဆကုန်မယ်။ တန်ပိုကင်းလွတ်မပေးတာက ကျွန်တော်တို့ ကြံတောင်သူတွေ သေတာနဲ့ရှင်တာ အတူတူပဲ၊ ဘယ်လိုမှ အဆင်မပြေဖြစ်နေ တယ်။ ပြည်ထောင်ဝန်ကြီးနဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ဆွေးနွေးဖို့ရှိတယ်။ ဒီကြားထဲ ၃ ရက်ကို ခုတ်ပြီးသားကြံတွေ ခြောက်မှာစိုးလို့ ခွင့်တောင်းတာကို မရဘူးဖြစ်နေတယ်။ ဒီအတိုင်း ရပ်ထားရတယ်”လို့ တောင်သူ ဦးလီလီထွန်းကပြောပါတယ်။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က တန်ပိုကင်းလွှတ်ခွင့် တင်ပြမှုအပေါ် တန်ပိုတင်ဆောင်ခြင်းကို ခွင့်မပြုဘဲ ကြံရာသီကာလအတွင်း စက်မှုကုန်ကြမ်းသီးနှံ သယ်ယူလာတဲ့ ယာဉ်တွေကို သတ်မှတ်တန်ချိန်အတိုင်းသာ တင်ဆောင်သွားဖို့နဲ့ ကြံသယ်ယာဉ်တွေရဲ့ အသွားအပြန် လမ်းတံတားအသုံးပြုခကိုလည်း ကြံသယ်ပို့ရာသီဖြစ်တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ် မတ်လ အထိ သက်မှတ်ကာလအတွင်း (ယာယီ)ကင်းလွတ်ခွင့်ပြုပေးသွားမယ်လို့သာ ပြည်ထောင်စုဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းက စစ်ကိုင်းတိုင်းအစိုးရကို ဒီဇင်ဘာ ၄ ရက်နေ့က အကြောင်းကြားထားတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းဒေသရှိ ဂရိတ်ဝေါလ်ဝေမာ သကြားစက်ရုံကို မြတောင် ၊ နီတာ၊ ပေါက်နက်၊ ကိုးတဲ ၊ ကမ်းနီ၊ ချိတ်သင်း၊ ကြက်တကောင်း ၊ အင်ဒေါင်းကျေးရွာအုပ်စု နဲ့ ကသာ မြို့နယ် အင်းရွာ၊ ဒိုးပင်၊ အလယ်ကျွန်း၊ ကျောက်ထုံးကြီးပလွေရွှေ၊ စကားကုန်း၊ ငါးတဲကြီး၊ ဘွတ်ကျေးရွာအုပ်စု၊ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ကြာညှပ်၊ တကောင်း၊ ဖုန်ကုန်း၊ ဥသျှစ်ကုန်းကျေးရွာအုပ်စု၊ ရှမ်းပြည်နယ် မဘိမ်းမြို့နယ် ငါးအိုး၊ ခပ်ခုံကျေးရွာအုပ်စုအတွင်းရှိ ကြံတောင်သူ ၄၅၀၀ ကျော်ခန့်က ကြံစိုက်ဧက ၈၀၀၀၀ ကျော်ကို စိုက်ပျိုးထုတ်လုပ်လျှက်ရှိပြီး ကြံရာသီမှာ ၆ဘီး ၊ ၁၀ဘီး၊ ၁၂ဘီး မော်တော်ယာဉ်တွေနဲ့ ခုတ်သိမ်းကာ စက်ရုံကိုအချိန်မှီ နှစ်စဉ်တင်ပို့နေတယ်လို့ သိရပါတယ်။

မောင်းကုန်းစက်ရုံဒေသမှာ ကြံတစ်တန်ကို ကျပ်၃၉၀၀၀၊ ထောက်ပံ့ကြေး ၁၀၀၀ နဲ့သာ စက်ရုံကိုအရောက်ပို့ စနစ်နဲ့ ကြံံတောင်သူတွေကို စရန်ပေး စာချုပ်ချုပ်ဆိုထားပြီး ယခင်နှစ်များက ကြံကားတွေကို တန်ပိုကင်း လွှတ်ခွင့်ပေးခဲ့ပေမယ့် အခုနှစ်မှာ ခွင့်ပြုချက်မပေးတော့တဲ့အတွက် စက်ရုံနဲ့ တောင်သူတွေ အခက်အခဲဖြစ်နေရတယ်လို့ သိရပါတယ်။

#voiceofmyanmar #ထီးချိုင့် #ကြံတောင်သူ #ဆန္ဒပြ

Zawgyi

ႀကံကားမ်ား တန္ပိုကင္းလႊတ္ခြင့္ရရွိေရး ႀကံေတာင္သူ ၂၀၀၀ ေက်ာ္ နဲ႔ ႀကံသယ္ကား အစီး ၅၀၀ ခန႔္ ဆႏၵျပ

ထီးခ်ိဳင့္၊ ဒီဇင္ဘာ ၇-၂၀၁၉
ေအာင္ႀကီး(VOM)

ကသာ ၿမိဳ႕နယ္၊ ထီးခ်ိဳင့္ၿမိဳ႕နယ္၊ မဘိမ္းၿမိဳ႕နယ္၊ တေကာင္း ၿမိဳ႕နယ္တို႔က ႀကံစိုက္ေတာင္သူေတြဟာ ေဒသထြက္ႀကံသီးႏွံေတြ သယ္ယူတဲ့ႀကံကားေတြကို တန္ပိုနဲ႔ ျဖတ္သန္းသြားလာခြင့္ျပဳဖို႔အတြက္ ဒီကေန႔မနက္ပိုင္းက ေဒသခံေတာင္သူ၂၀၀၀ေက်ာ္၊ ႀကံသယ္ကားအစီး ၅၀၀ခန႔္နဲ႔ ဆႏၵျပခဲ့ၾကပါတယ္။

ႀကံသယ္ကား အစီးေရ ၄၉၀ကို စက္႐ုံပို႔ဖို႔အတြက္ ႀကံေတြတင္ေဆာင္ သယ္ယူလာကာ စီတန္းၿပီး ထီးခ်ိဳင့္ၿမိဳ႕နယ္ ျမေတာင္လမ္းခြဲကေန တန္ပိုစစ္ေဆးေရးဂိတ္ထိ ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။

တန္ပိုတင္ေဆာင္ခြင့္ရရွိေရး၊ ေဒသထြက္ကုန္ႀကံသီးႏွံမ်ားသယ္ေဆာင္ရာတြင္ လမ္းတံတားေၾကးကင္းလႊတ္ခြင့္ ရရွိေရး ၊ ႀကံေတာင္သူမ်ား၏ ဘဝဖြံ႕ၿဖိဳးတိုးတက္ရန္ ႀကံ၊ သၾကားေဈးကြက္ ေဖာ္ေဆာင္ေပးေရး စတဲ့ေႂကြးေၾကာ္ခ်က္ေတြနဲ႔ ျမေတာင္တန္ပိုစစ္ေဆးေရးဂိတ္က တံတားေပၚကို ပထမဆုံး ၁၂ဘီးႀကံသယ္ယာဥ္ တန္ပိုစစ္ေဆးခံရင္း စီတန္းလွည့္လည္ခဲ့ၾကတာ ျဖစ္ပါတယ္။

တန္ပိုကင္းလႊတ္ခြင့္ ေတာင္းဆိုပြဲကို ဦးေဆာင္တဲ့ ႀကံေတာင္သူေတြနဲ႔ လမ္းတံတားဝန္ရွိသူ၊ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး၊ လႊတ္ေတာ္ကိုယ္စားတို႔ တန္ပိုစစ္ေဆးေရးဂိတ္႐ုံးမွာ ဆႏၵျပေနခ်ိန္ ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ခဲ့ၾကပါတယ္။

ေတြ႕ဆုံမႈမွာ ေတာင္သူေတြ တန္ပိုကင္းလႊတ္ခြင့္ မရရွိဘဲ၊ လက္ရွိ ပထမဆုံးျဖတ္သန္းမႈတန္ခ်ိန္ကို မွတ္တမ္းယူထားကာ ေနာက္တစ္ေခါက္ ႀကံတင္ေဆာင္ရာမွာ သက္မွတ္တန္ခ်ိန္အတိုင္းသာ တင္ေဆာင္ျဖတ္သန္းခြင့္ျပဳမွာျဖစ္ၿပီး တန္ပိုဒဏ္ေၾကး၊ လမ္းေၾကး ေကာက္ခံျခင္းမရွိဘူးလို႔ ကသာခ႐ိုင္ လမ္းတံတားအင္ဂ်င္နီယာမႉးႀကီး ဦးဗိုလ္မင္းက ေတာင္သူေတြကို ျပန္လည္ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ေဆြးေႏြးခြင့္ျပဳခ်က္အေပၚ ႀကံေတာင္သူေတြက ေၾကနပ္မႈမရွိတဲ့အတြက္ တံတားေပၚကေန ေနာက္ဆုတ္ကာ ျဖတ္သန္းျခင္းမလုပ္ေတာ့ဘဲ ႀကံကားေတြကို စီးတန္းရပ္ထားၾကတယ္လို႔ သိရပါတယ္။

“ ႀကံေတာင္သူမ်ားမွာ စက္႐ုံသို႔ အေရာက္ပို႔စနစ္ျဖင့္သာ ႀကံတစ္တန္ က်ပ္ ၃၉၀၀၀ ေဈးသာရရွိၿပီး၊ ႀကံခုတ္ လုပ္သားခ၊ ႀကံတင္ႀကံသယ္ကားခမ်ားျဖင့္ တြက္ခ်က္ပါက သက္မွတ္တန္ခ်ိန္ အတိုင္းတင္ပို႔ပါက တြက္ေျခမ ကိုက္ဆုံးရႈံးေနသျဖင့္ ယခုလို ကင္းလြတ္ခြင့္ေတာင္းဆိုေနျခင္းျဖစ္ပါတယ္၊ ခြင့္ျပဳလို႔ မရပါက ဒီအတိုင္းရပ္ တန႔္ထားမွာျဖစ္တယ္”လို႔ ဆႏၵျပပြဲဦးေဆာင္ေသာ ႀကံေတာင္သူ ဦးလီလီထြန္းကေျပာပါတယ္။

စစ္ကိုင္းတိုင္း၊ ကသာၿမိဳ႕နယ္၊ ထီးခ်ိဳင့္ၿမိဳ႕နယ္ ၊ရွမ္းျပည္နယ္ မဘိမ္းၿမိဳ႕နယ္၊ မႏၲေလးတိုင္း တေကာင္းၿမိဳ႕နယ္ ေတြက ႀကံရာသီခ်ိန္ ေဒသထြက္သီးႏွံႀကံသယ္ယူတဲ့ကားေတြကို လမ္း၊တံတား တန္ပိုေၾကးေကာက္ရာတြင္ ယခင္ႏွစ္မ်ားအတိုင္း ကင္းလႊတ္ခြင့္ျပဳဖို႔အတြက္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနနဲ႔ တိုင္းေဒသႀကီးအစိုးရကို တင္ျပ ထားေပမယ့္ ခြင့္ျပဳခ်က္မရလို႔ ခုလို ဆႏၵျပရတာျဖစ္တယ္လို႔ ဆႏၵျပေတာင္သူေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

“ ႀကံေဈးက က်ဆင္းေနတဲ့ ႏွစ္ ၊ အထြက္ႏႈန္းကလည္း က်တဲ့ ႏွစ္ ၊ ေတာင္သူေတြ ဘယ္လိုမွ အဆင္မေျပလို႔၊ တန္ပိုကင္းလြတ္ခြင့္ျပဳေရးကို ျပည္ေတာင္စုအဆင့္ထိ အဆင့္ဆင့္ တင္ျပတယ္။ အဆင္မေျပဘူး။ သက္မွတ္တန္ခ်ိန္အတိုင္းတင္ေဆာင္ ျဖတ္သန္းခြင့္ရတယ္ဆိုတာကလည္း အရင္တစ္ေခါက္စာကို ႏွစ္ေခါက္ သယ္မွ ရမယ့္ ခြင့္ျပဳခ်က္၊ ႀကံခုတ္ တင္ေဆာင္ သယ္ပို႔ခ ၂ဆကုန္မယ္။ တန္ပိုကင္းလြတ္မေပးတာက ကြၽန္ေတာ္တို႔ ႀကံေတာင္သူေတြ ေသတာနဲ႔ရွင္တာ အတူတူပဲ၊ ဘယ္လိုမွ အဆင္မေျပျဖစ္ေန တယ္။ ျပည္ေထာင္ဝန္ႀကီးနဲ႔ ဒီဇင္ဘာ ၁၀ ရက္ေန႔ ေဆြးေႏြးဖို႔ရွိတယ္။ ဒီၾကားထဲ ၃ ရက္ကို ခုတ္ၿပီးသားႀကံေတြ ေျခာက္မွာစိုးလို႔ ခြင့္ေတာင္းတာကို မရဘူးျဖစ္ေနတယ္။ ဒီအတိုင္း ရပ္ထားရတယ္”လို႔ ေတာင္သူ ဦးလီလီထြန္းကေျပာပါတယ္။

စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕က တန္ပိုကင္းလႊတ္ခြင့္ တင္ျပမႈအေပၚ တန္ပိုတင္ေဆာင္ျခင္းကို ခြင့္မျပဳဘဲ ႀကံရာသီကာလအတြင္း စက္မႈကုန္ၾကမ္းသီးႏွံ သယ္ယူလာတဲ့ ယာဥ္ေတြကို သတ္မွတ္တန္ခ်ိန္အတိုင္းသာ တင္ေဆာင္သြားဖို႔နဲ႔ ႀကံသယ္ယာဥ္ေတြရဲ႕ အသြားအျပန္ လမ္းတံတားအသုံးျပဳခကိုလည္း ႀကံသယ္ပို႔ရာသီျဖစ္တဲ့ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလမွ ၂၀၂၀ ခုႏွစ္ မတ္လ အထိ သက္မွတ္ကာလအတြင္း (ယာယီ)ကင္းလြတ္ခြင့္ျပဳေပးသြားမယ္လို႔သာ ျပည္ေထာင္စုေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးေက်ာ္လင္းက စစ္ကိုင္းတိုင္းအစိုးရကို ဒီဇင္ဘာ ၄ ရက္ေန႔က အေၾကာင္းၾကားထားတာ ျဖစ္ပါတယ္။

စစ္ကိုင္းတိုင္း၊ ကသာခ႐ိုင္၊ ထီးခ်ိဳင့္ၿမိဳ႕နယ္၊ ေမာင္းကုန္းေဒသရွိ ဂရိတ္ေဝါလ္ေဝမာ သၾကားစက္႐ုံကို ျမေတာင္ ၊ နီတာ၊ ေပါက္နက္၊ ကိုးတဲ ၊ ကမ္းနီ၊ ခ်ိတ္သင္း၊ ၾကက္တေကာင္း ၊ အင္ေဒါင္းေက်း႐ြာအုပ္စု နဲ႔ ကသာ ၿမိဳ႕နယ္ အင္း႐ြာ၊ ဒိုးပင္၊ အလယ္ကြၽန္း၊ ေက်ာက္ထုံးႀကီးပေလြေ႐ႊ၊ စကားကုန္း၊ ငါးတဲႀကီး၊ ဘြတ္ေက်း႐ြာအုပ္စု၊ မႏၲေလးတိုင္း၊ သပိတ္က်င္းၿမိဳ႕နယ္ ၾကာညႇပ္၊ တေကာင္း၊ ဖုန္ကုန္း၊ ဥသွ်စ္ကုန္းေက်း႐ြာအုပ္စု၊ ရွမ္းျပည္နယ္ မဘိမ္းၿမိဳ႕နယ္ ငါးအိုး၊ ခပ္ခုံေက်း႐ြာအုပ္စုအတြင္းရွိ ႀကံေတာင္သူ ၄၅၀၀ ေက်ာ္ခန႔္က ႀကံစိုက္ဧက ၈၀၀၀၀ ေက်ာ္ကို စိုက္ပ်ိဳးထုတ္လုပ္လွ်က္ရွိၿပီး ႀကံရာသီမွာ ၆ဘီး ၊ ၁၀ဘီး၊ ၁၂ဘီး ေမာ္ေတာ္ယာဥ္ေတြနဲ႔ ခုတ္သိမ္းကာ စက္႐ုံကိုအခ်ိန္မွီ ႏွစ္စဥ္တင္ပို႔ေနတယ္လို႔ သိရပါတယ္။

ေမာင္းကုန္းစက္႐ုံေဒသမွာ ႀကံတစ္တန္ကို က်ပ္၃၉၀၀၀၊ ေထာက္ပံ့ေၾကး ၁၀၀၀ နဲ႔သာ စက္႐ုံကိုအေရာက္ပို႔ စနစ္နဲ႔ ႀကံံေတာင္သူေတြကို စရန္ေပး စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး ယခင္ႏွစ္မ်ားက ႀကံကားေတြကို တန္ပိုကင္း လႊတ္ခြင့္ေပးခဲ့ေပမယ့္ အခုႏွစ္မွာ ခြင့္ျပဳခ်က္မေပးေတာ့တဲ့အတြက္ စက္႐ုံနဲ႔ ေတာင္သူေတြ အခက္အခဲျဖစ္ေနရတယ္လို႔ သိရပါတယ္။

#voiceofmyanmar #ထီးခ်ိဳင့္ #ႀကံေတာင္သူ #ဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW