ရန်ကုန်မြို့မှာ ဆိုက်ကားတွေကို ဖမ်းဆီးတဲ့အခါ လုံးဝပြန်မပေးတော့ဘဲ ဖျက်ဆီးပစ်မယ်

ရန်ကုန် ဒီဇင်ဘာ ၇-၂၀၁၉
သိဂီ ၤ(VOM)

တာမွေမြို့နယ်အတွင်းက တရားမဝင် လိုင်စင်မဲ့ဆိုက်ကားပေါင်း အစီး ၇၀၀၀ လောက်ရှိနေတဲ့အတွက် ရှင်းလင်းဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီကနေသိရပါတယ်။

ဆိုက်ကားတွေရှင်းလင်းဖမ်ဆီးရာမှာ လူကိုအရေးယူမှုမရှိပေမယ့် ဖမ်းဆီးလိုက်တဲ့ ဆိုက်ကားကိုတော့ လုံးဝ ပြန်လည်ပေးတာမျိုးမလုပ်ဘဲ အပြီးဖျက်ဆီးပစ်နေတာ ဖြစ်ပါတယ်။

ဒီလိုဖမ်းဆီးနေတာဟာ ဥပဒေဘောင်အတွင်း တရားဝင်လိုင်စင်ပြုလုပ် အခွန်ဆောင်လုပ်ကိုင်နေတဲ့ ဆိုက်ကားသမားတွေအတွက် တရားမျှတအောင် လုပ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

” ဖမ်းဆီးလိုက်တဲ့ ဆိုက်ကားတွေကိုပြန်မပေးဘူး။ ခံဝန်ကတိနဲ့လည်းမပေးဘူး။ ဖျက်ဆီးပစ်မှာပါ။ စားဝတ်နေရေး အဆင်မပြေလို့ဆိုတာနဲ့တော့ ကိုယ်လုပ်တဲ့အလုပ်က တရားမဝင်ဖြစ်လို့တော့မရဘူး၊ တရားမဝင်ဆိုက်ကားတွေကို အရေးမယူဘူးဆိုရင် ဥပဒေဘောင်းအတွင်းလုပ်နေတဲ့ ဆိုက်ကားသမားတွေအပေါ် စားဝတ်နေရေးဒုက္ခရောက်စေမယ်၊ ဒါကြောင့် တရားမဝင်ဆိုက်ကားတွေကို ရှင်းရမယ်၊ မရှင်းရင်ဥပဒေအတွင်း နေထိုင်သူကို အကာအကွယ်ပေးရမယ့် ဝတ္တရားပျက်ကွက်သလိုဖြစ်မယ်” လို့ တာမွေမြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးအောင်မျိုးလင်းကပြောပါတယ်။

တရားဝင်လိုင်စင်ပြုလုပ် ပြေးဆွဲနေတဲ့ ဆိုက်ကားက ၈၅၀ လောက်သာရှိပြီး အဲ့ဒီအစီးရေကိုသာ တရားဝင်ထားရှိတော့မှာဖြစ်တဲ့အတွက် အနှေးယာဉ်တွေကိုနောက်ထပ် လိုင်စင်လုပ်ပေးဖို့မရှိတော့တဲ့အပြင် လိုင်စင်မဲ့တွေကို တင်းတင်းကြပ်ကြပ်လုပ်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

” တစ်ကြိမ်ကိုတော့ သတိပေးခံဝန်နဲ့ ပြန်ပေးသင့်ပါတယ်။ တချိုက အပိုင်မဟုတ်ဘူးလေ။ အုံနာကြေး တစ်နေ့ ၁၀၀၀ နဲ့လုပ်နေကြတာ။ ဒါမျိုးအဖမ်းခံလိုက်ရရင် တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်စေပါတယ်” လို့ ဆိုက်ကားနင်းနေတဲ့ ဦးအောင်မိုးကပြောပါတယ်။

လိုင်စင်မဲ့ဆိုက်ကားတွေကို နေ့စဉ် ဖမ်းဆီးရှင်းလင်းမှုတွေလုပ်ဖို့အတွက် လတ်တလောမှာ အမျိုးသားဝန်ထမ်းအင်အား နည်းပါးနေပြီး ဖမ်းဆီးရမိမယ့် ဆိုက်ကားတွေ ကျူးကျော်ဈေးသည်တွေရဲ့ပစ္စည်းတွေကို သိမ်းဆည်းမယ့် နေရာအခက်အခဲလည်းရှိနေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ပထမပတ်မှာ ဆိုက်ကား ၅ စီးဝန်းကျင်သာ ဖမ်းဆီးခဲ့ပြီး စည်ပင်ဌာနအနေနဲ့ ပြည်သူအမုန်းခံပြီး တ တရားဥပဒေအတိုင်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #စည်ပင် #ဆိုက်ကား

Zawgyi

ရန္ကုန္ၿမိဳ႕မွာ ဆိုက္ကားေတြကို ဖမ္းဆီးတဲ့အခါ လုံးဝျပန္မေပးေတာ့ဘဲ ဖ်က္ဆီးပစ္မယ္

ရန္ကုန္ ဒီဇင္ဘာ ၇-၂၀၁၉
သိဂီ ၤ(VOM)

တာေမြၿမိဳ႕နယ္အတြင္းက တရားမဝင္ လိုင္စင္မဲ့ဆိုက္ကားေပါင္း အစီး ၇၀၀၀ ေလာက္ရွိေနတဲ့အတြက္ ရွင္းလင္းဖမ္းဆီးမႈေတြ လုပ္ေနတယ္လို႔ တာေမြၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီကေနသိရပါတယ္။

ဆိုက္ကားေတြရွင္းလင္းဖမ္ဆီးရာမွာ လူကိုအေရးယူမႈမရွိေပမယ့္ ဖမ္းဆီးလိုက္တဲ့ ဆိုက္ကားကိုေတာ့ လုံးဝ ျပန္လည္ေပးတာမ်ိဳးမလုပ္ဘဲ အၿပီးဖ်က္ဆီးပစ္ေနတာ ျဖစ္ပါတယ္။

ဒီလိုဖမ္းဆီးေနတာဟာ ဥပေဒေဘာင္အတြင္း တရားဝင္လိုင္စင္ျပဳလုပ္ အခြန္ေဆာင္လုပ္ကိုင္ေနတဲ့ ဆိုက္ကားသမားေတြအတြက္ တရားမွ်တေအာင္ လုပ္ေပးတာျဖစ္တယ္လို႔ သိရပါတယ္။

” ဖမ္းဆီးလိုက္တဲ့ ဆိုက္ကားေတြကိုျပန္မေပးဘူး။ ခံဝန္ကတိနဲ႔လည္းမေပးဘူး။ ဖ်က္ဆီးပစ္မွာပါ။ စားဝတ္ေနေရး အဆင္မေျပလို႔ဆိုတာနဲ႔ေတာ့ ကိုယ္လုပ္တဲ့အလုပ္က တရားမဝင္ျဖစ္လို႔ေတာ့မရဘူး၊ တရားမဝင္ဆိုက္ကားေတြကို အေရးမယူဘူးဆိုရင္ ဥပေဒေဘာင္းအတြင္းလုပ္ေနတဲ့ ဆိုက္ကားသမားေတြအေပၚ စားဝတ္ေနေရးဒုကၡေရာက္ေစမယ္၊ ဒါေၾကာင့္ တရားမဝင္ဆိုက္ကားေတြကို ရွင္းရမယ္၊ မရွင္းရင္ဥပေဒအတြင္း ေနထိုင္သူကို အကာအကြယ္ေပးရမယ့္ ဝတၱရားပ်က္ကြက္သလိုျဖစ္မယ္” လို႔ တာေမြၿမိဳ႕နယ္စည္ပင္ဥကၠ႒ ဦးေအာင္မ်ိဳးလင္းကေျပာပါတယ္။

တရားဝင္လိုင္စင္ျပဳလုပ္ ေျပးဆြဲေနတဲ့ ဆိုက္ကားက ၈၅၀ ေလာက္သာရွိၿပီး အဲ့ဒီအစီးေရကိုသာ တရားဝင္ထားရွိေတာ့မွာျဖစ္တဲ့အတြက္ အေႏွးယာဥ္ေတြကိုေနာက္ထပ္ လိုင္စင္လုပ္ေပးဖို႔မရွိေတာ့တဲ့အျပင္ လိုင္စင္မဲ့ေတြကို တင္းတင္းၾကပ္ၾကပ္လုပ္သြားေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။

” တစ္ႀကိမ္ကိုေတာ့ သတိေပးခံဝန္နဲ႔ ျပန္ေပးသင့္ပါတယ္။ တခ်ိဳက အပိုင္မဟုတ္ဘူးေလ။ အုံနာေၾကး တစ္ေန႔ ၁၀၀၀ နဲ႔လုပ္ေနၾကတာ။ ဒါမ်ိဳးအဖမ္းခံလိုက္ရရင္ တစ္ပူေပၚႏွစ္ပူဆင့္ျဖစ္ေစပါတယ္” လို႔ ဆိုက္ကားနင္းေနတဲ့ ဦးေအာင္မိုးကေျပာပါတယ္။

လိုင္စင္မဲ့ဆိုက္ကားေတြကို ေန႔စဥ္ ဖမ္းဆီးရွင္းလင္းမႈေတြလုပ္ဖို႔အတြက္ လတ္တေလာမွာ အမ်ိဳးသားဝန္ထမ္းအင္အား နည္းပါးေနၿပီး ဖမ္းဆီးရမိမယ့္ ဆိုက္ကားေတြ က်ဴးေက်ာ္ေဈးသည္ေတြရဲ႕ပစၥည္းေတြကို သိမ္းဆည္းမယ့္ ေနရာအခက္အခဲလည္းရွိေနတယ္လို႔ သိရပါတယ္။

ဒီဇင္ဘာလ ပထမပတ္မွာ ဆိုက္ကား ၅ စီးဝန္းက်င္သာ ဖမ္းဆီးခဲ့ၿပီး စည္ပင္ဌာနအေနနဲ႔ ျပည္သူအမုန္းခံၿပီး တ တရားဥပေဒအတိုင္း လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #စည္ပင္ #ဆိုက္ကား

Related posts

Leave a Comment

VOM News

FREE
VIEW