ကြက်နဲ့ငါးတွဲဖက်မွေးမြူတဲ့စနစ်ကိုဖျက်သိမ်းလိုက်ရင် လူ ၄သောင်း ဝန်းကျင် စားဝတ်နေရေး ထိခိုက်နိုင်

Unicode

 

ကြက်နဲ့ငါးတွဲဖက်မွေးမြူတဲ့စနစ်ကိုဖျက်သိမ်းလိုက်ရင် လူ ၄သောင်း ဝန်းကျင် စားဝတ်နေရေး ထိခိုက်နိုင်

ရန်ကုန် ဒီဇင်ဘာ ၈-၂၀၁၉
သိဂီ ၤ(VOM)

ကြက်နှင့်ငါးတွဲဖက်မွေးမြူတဲ့ စနစ်ကို မဖျက်သိမ်း မပိတ်ခင်မှာ စားသုံးသူကို ထိခိုက်ခြင်း ရှိမရှိ အရင်စနစ်တကျလေ့လာဆန်းစစ်မှုမလုပ်ဘဲ ချက်ချင်းရပ်လိုက်မယ်ဆိုရင် စားနပ်ရိက္ခာဖူလုံရေးကို ထိခိုက်နိုင်တဲ့အပြင် လုပ်ငန်းရှင်ရဲ့ ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးများ ပျက်စီးဆုံးရှုံးမှာဖြစ်သလို အလုပ်သမား တွေနဲ သူတို့ကို မှီခိုနေသူ အပါအဝင် အားလုံးပေါင်း ၄၀၀၀၀ဝန်းကျင်လောက်ထိခိုက်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်ထင် ကပြောပါတယ်။

” ကြက်/ ငါး တွဲဖက်မွေးမြူရေးစနစ်ကြောင့် စားသုံးသူထိခိုက်နိုင်ခြင်း ရှိ/မရှိကို စနစ်တကျ လေ့လာဆန်းစစ်ခြင်းမှုပြုလုပ်ပြီး ငါးမွေးမြူရေးကို အစာကျွေးပြီး သီးခြားရပ်တည်လာနိုင်အောင် ငါးမျိုးကောင်းမျိုးသန့်တွေထုတ်လုပ်ပေးခြင်း၊ မွေးမြူရေးစနစ်တွေ ပြောင်းလဲပေးခြင်း၊ ဈေးကွက်ရှာဖွေပေးခြင်းတွေပြုလုပ်ပေးပြီး တဖြည်းဖြည်း စနစ်ပြောင်းလဲပေးစေချင်တယ်။” လို့ ဒေါက်တာကျော်ထင် ကဆိုပါတယ်။

ဒီနေ့ UMFCCI မှာပြုလုပ်ခဲ့တဲ့ နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (၃၁ ကြိမ်မြောက်)မှာပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကြက်မွေးမြူရေးအတွက်လည်း မြေနေရာအခက်အခဲ ဖြစ်လာပြီး ခုထက် မွေးမြူတဲ့အကောင်ရေလည်း လျော့ပါးသွားမှာဖြစ်ပါတယ်။ လက်ရှိ ကြက်/ငါးတွဲဖက်မွေးမြူရေးစနစ်နဲ မွေးမြူထားတဲ ကြက်ကောင်ရေ စုစုပေါင်း အသားစားကြက် (၁၃၅၀၀၀၀)၊ ဥစားကြက်က (၂၉၀၁၉၀၀)၊ Semi Broiler (၁၄၆၅၅၀၀) ခန့် မွေးမြူမှုရှိတယ်လို့သိရပါတယ်။

ဒီလုပ်ငန်းကို လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်က (၂၁၁)ဦး၊ လုပ်ကိုင်နေတဲ့ ဝန်ထမ်းနှင့်အလုပ်သမားက (၆၃၃၀)ဦးရှိပြီး အလုပ်သမားများကို မှီခိုနေသောမိသားစု က (၃၁၆၅၀)ဦး ခန့်မှန်းခြေ (၃၇၉၈၀) ဦးရှိနေပါတယ်။

ငါးကန်နှင့် ကြက်မွေးမြူရေးတွဲဖက်မွေးမြူရေးကို ရန်ကုန်တိုင်း ပဲခူး ဧရာဝတီတိုင်းဒေသကြီးမှာအများဆုံးမွေးမြူပြီး တခြား ဒေသတွေမှာလည်းလုပ်ဆောင်နေပါတယ်။

#voiceofmyanmar #ကြက်မွေးမြူရေး #ကြက်နဲ့ငါးတွဲဖက်မွေးမြူရေးလုပ်ငန်း

Zawgyi

ၾကက္နဲ႕ငါးတြဲဖက္ေမြးျမဴတဲဲ႕စနစ္ကိုဖ်က္သိမ္းလိုက္ရင္ လူ ၄ေသာင္း ဝန္းက်င္ စားဝတ္ေနေရး ထိခိုက္နိုင္

ရန္ကုန္ ဒီဇင္ဘာ ၈-၂၀၁၉
သိဂီ ၤ(VOM)

ၾကက္ႏွင့္ငါးတြဲဖက္ေမြးျမဴတဲ႕ စနစ္ကို မဖ်က္သိမ္း မပိတ္ခင္မွာ စားသုံးသူကို ထိခိုက္ျခင္း ရွိမရွိ အရင္စနစ္တက်ေလ့လာဆန္းစစ္မွဳမလုပ္ဘဲ ခ်က္ခ်င္းရပ္လိုက္မယ္ဆိုရင္ စားနပ္ရိကၡာဖူလုံေရးကို ထိခိုက္နိုင္တဲ႕အျပင္ လုပ္ငန္းရွင္ရဲ႕ ရင္းႏွီးျမႇုပ္ႏွံမွု အရင္းအႏွီးမ်ား ပ်က္စီးဆုံးရွုံးမွာျဖစ္သလို အလုပ္သမား ေတြနဲ သူတို႕ကို မွီခ္ုိေနသူ အပါအဝင္ အားလုံးေပါင္း ၄၀၀၀၀ဝန္းက်င္ေလာက္ထိခိုက္သြားမွာျဖစ္တယ္လို႕႕ ျမန္မာနိုင္ငံ ေမြးျမဴေရးလုပ္ငန္းအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒ ေဒါက္တာေက်ာ္ထင္ ကေျပာပါတယ္။

” ၾကက္/ ငါး တြဲဖက္ေမြးျမဴေရးစနစ္ေၾကာင့္ စားသုံးသူထိခိုက္နိုင္ျခင္း ရွိ/မရွိကို စနစ္တက် ေလ့လာဆန္းစစ္ျခင္းမႈၿပဳလုပ္ၿပီး ငါးေမြးျမဴေရးကို အစာေကၽြးျပီး သီးျခားရပ္တည္လာနိုင္ေအာင္ ငါးမ်ိဳးေကာင္းမ်ိဳးသန႔္ေတြထုတ္လုပ္ေပးျခင္း၊ ေမြးျမဴေရးစနစ္ေတြ ေျပာင္းလဲေပးျခင္း၊ ေဈးကြက္ရွာေဖြေပးျခင္းေတြျပဳလုပ္ေပးျပီး တျဖည္းျဖည္း စနစ္ေျပာင္းလဲေပးေစခ်င္တယ္။” လို႕ ေဒါက္တာေက်ာ္ထင္ ကဆိုပါတယ္။

ဒီေန့ UMFCCI မွာျပဳလုပ္ခဲ႕တဲ႕ နိုင္ငံေတာ္ ဒုတိယသမၼတ (၁) ဦးျမင့္ေဆြ ဦးေဆာင္ေသာ ပုဂၢလိကက႑ဖြံ့ၿဖိဳးတိုးတက္ေရးေကာ္မတီႏွင့္ ပုဂၢလိကလုပ္ငန္းရွင္မ်ား ပုံမွန္ေတြ႕ဆုံပြဲ (၃၁ ႀကိမ္ေျမာက္)မွာေျပာဆိုခဲ႕တာျဖစ္ပါတယ္။

ဒါ့အျပင္ ၾကက္ေမြးျမဴေရးအတြက္လည္း ေျမေနရာအခက္အခဲ ျဖစ္လာျပီး ခုထက္ ေမြးျမဴတဲ႕အေကာင္ေရလည္း ေလ်ာ့ပါးသြားမွာျဖစ္ပါတယ္။ လက္ရွိ ၾကက္/ငါးတြဲဖက္ေမြးျမဴေရးစနစ္နဲဲ ေမြးျမဴထားတဲ ၾကက္ေကာင္ေရ စုစုေပါင္း အသားစားၾကက္ (၁၃၅၀၀၀၀)၊ ဥစားၾကက္က (၂၉၀၁၉၀၀)၊ Semi Broiler (၁၄၆၅၅၀၀) ခန႔္ ေမြးျမဴမႈရွိတယ္လို႕သိရပါတယ္။

ဒီလုပ္ငန္းကို လုပ္ကိုင္ေနတဲ႕ လုပ္ငန္းရွင္က (၂၁၁)ဦး၊ လုပ္ကိုင္ေနတဲဲ႕ ဝန္ထမ္းႏွင့္အလုပ္သမားက (၆၃၃၀)ဦးရွိျပီး အလုပ္သမားမ်ားကို မွီခိုေနေသာမိသားစု က (၃၁၆၅၀)ဦး ခန႔္မွန္းေျခ (၃၇၉၈၀) ဦးရွိေနပါတယ္။

ငါးကန္ႏွင့္ ႀကက္ေမြးျမဴေရးတြဲဖက္ေမြးျမဴေရးကို ရန္ကုန္တိုင္း ပဲခူး ဧရာဝတီတိုင္းေဒသႀကီးမွာအမ်ားဆုံးေမြးျမဴၿပီး တျခား ေဒသေတြမွာလည္းလုပ္ေဆာင္ေနပါတယ္။

ဓါတ္ပံုု ေကာင္းထက္ၾကက္ေမြးျမဴေရး

#voiceofmyanmar #ၾကက္ေမြးျမဴေရး #ၾကက္နဲ႕ငါးတြဲဖက္ေမြးျမဴေရးလုုပ္ငန္း

Related posts

Leave a Comment

VOM News

FREE
VIEW