ဆီပေပါကားကနေ ဆီလှယ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့

မန္တလေး၊ ဒီဇင်ဘာ ၉-၂၀၁၉
ဟိန်းကို(VOM)

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ သမ္မတောကျေးရွားမှာ ဒီကနေ့မနက်ပိုင်းက ဆီပေပါကားကနေ ဆီလှယ်ရာမှ အပူလွန်ကဲပြီး မီးလောင်မှုစဖြစ်ခဲ့တယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာမှာ ဆီပေပါတွေ ပေါက်ကွဲပြီး ဆီဂိုဒေါင်ဘေးက RCလေးထပ်တိုက်‌လည်း မီးလောင်ဆုံးရှုံးခဲ့ပြီး ဆီပေပါ၊ ဆီးဘောက်ဆာကား၊ ဂိုဒေါင်တစ်လုံး မီးလောင်ပျက်စီးကာ တန်ဖိုးငွေ ၁၁၉သိန်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

ဆီပေပါတွေနဲ့ ဆီဘောက်ဆာကားတွေထားတဲ့ ဂိုဒေါင်တစ်ခုဖြစ်ပြီး မီးလောင်မှုကို Level3အဆင့်သက်မှတ်ကာ မီးငြိမ်းသတ်ယာဉ် အစီး၅၀ကျော်၊ မီးသတ်အင်အား ၂၅၀နဲ့မီးငြိမ်းသတ်ခဲ့ကြတာ ဖြစ်ပါတယ်။

မီးလောင်မှုမှာ မီးပေါ့စစွာ အသုံးပြုခဲ့တဲ့ ဆီဂိုဒေါင်က လုပ်သား ကိုအောင်သူ ဆိုသူကို နယ်မြေခံ ပုသိမ်ကြီးရဲစခန်းက ပုဒ်မ(၂၈၅)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #မန္တလေး #ပုသိမ်ကြီး #မီးလောင်မှု

Zawgyi

ဆီေပပါကားကေန ဆီလွယ္ရာမွ မီးေလာင္မႈျဖစ္ပြားခဲ့

မႏၲေလး၊ ဒီဇင္ဘာ ၉-၂၀၁၉
ဟိန္းကို(VOM)

မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ သမၼေတာေက်း႐ြားမွာ ဒီကေန႔မနက္ပိုင္းက ဆီေပပါကားကေန ဆီလွယ္ရာမွ အပူလြန္ကဲၿပီး မီးေလာင္မႈစျဖစ္ခဲ့တယ္လို႔ မႏၲေလးခ႐ိုင္မီးသတ္ဦးစီးဌာနကေန သိရပါတယ္။

မီးေလာင္မႈျဖစ္ပြားရာမွာ ဆီေပပါေတြ ေပါက္ကြဲၿပီး ဆီဂိုေဒါင္ေဘးက RCေလးထပ္တိုက္‌လည္း မီးေလာင္ဆုံးရႈံးခဲ့ၿပီး ဆီေပပါ၊ ဆီးေဘာက္ဆာကား၊ ဂိုေဒါင္တစ္လုံး မီးေလာင္ပ်က္စီးကာ တန္ဖိုးေငြ ၁၁၉သိန္း မီးေလာင္ဆုံးရႈံးခဲ့ပါတယ္။

ဆီေပပါေတြနဲ႔ ဆီေဘာက္ဆာကားေတြထားတဲ့ ဂိုေဒါင္တစ္ခုျဖစ္ၿပီး မီးေလာင္မႈကို Level3အဆင့္သက္မွတ္ကာ မီးၿငိမ္းသတ္ယာဥ္ အစီး၅၀ေက်ာ္၊ မီးသတ္အင္အား ၂၅၀နဲ႔မီးၿငိမ္းသတ္ခဲ့ၾကတာ ျဖစ္ပါတယ္။

မီးေလာင္မႈမွာ မီးေပါ့စစြာ အသုံးျပဳခဲ့တဲ့ ဆီဂိုေဒါင္က လုပ္သား ကိုေအာင္သူ ဆိုသူကို နယ္ေျမခံ ပုသိမ္ႀကီးရဲစခန္းက ပုဒ္မ(၂၈၅)နဲ႔ အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါတယ္။

#voiceofmyanmar #မႏၲေလး #ပုသိမ္ႀကီး #မီးေလာင္မႈ

Related posts

Leave a Comment

VOM News

FREE
VIEW