ကျောက်မျက်ရတနာထွက်တဲ့ မိုးကုတ်မှာ စီးပွားရေးကျပ်တည်းနေ

မန္တလေး၊ ဒီဇင်ဘာ ၁၄ ၊ ၂၀၁၉ အောင်ထူးနိုင်(VOM) ပတ္တမြား၊ နီလာအစရှိတဲ့ ကျောက်မျက်ရတနာထွက်ရှိရာ မိုးကုတ်မြို့မှာ စီးပွားရေးကျပ်တည်းနေပြီလို့ မိုးကုတ်ဒေသခံတွေက ပြောပါတယ်။ “ မြို့မှာ အခက်အခဲတွေ အများကြီးရှိတယ်။ ဒီရဲ့ အကျိုးသက်ရောက်မှုက ဘာတွေဖြစ်လာသလဲဆိုရင် မြို့မှာ စီးပွားရေး ကျပ်တည်းတဲ့အခါကြတော့ ထွက်ပေါက်အနေနဲ့ မူးယစ်ဆေးတွေ အစားထိုးလာတယ်” လို့ မိုးကုတ်မြို့နေ ကျောက်မျက်ရတနာအကြံပေးကော်မတီအဖွဲ့ဝင် ဦးစိုးမြင့်က ပြောပါတယ်။ လူငယ်အများစုဟာ မူးယစ်ဆေးရောင်းဝယ်လာကြပြီး ငွေရှာလာကြတဲ့အပြင် ဆိုင်ကယ်ခိုးမှုတွေလည်း များလာတယ်လို့ သိရပါတယ်။ ဒီလိုအကျိုးဆက်တွေ ဖြစ်လာတာဟာ မိုးကုတ်ဒေသခံတွေအတွက် ကျောက်မျက်တူးဖော်ဖို့ နေရာမရရှိတာ၊ လုပ်ကွက်မရရှိတာ စတဲ့အကြောင်းတရားတွေကြောင့် မိုးကုတ်မြို့နေပြည်သူတွေအတွက် အဆင်မပြေတော့တဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ “ လုပ်ပိုင်ခွင့်တွေက အပြည့်အဝမရဘူးဆိုရင်တောင် လုပ်ငန်းရှင်က သုံးချိုးလောက်ယူပြီး၊ ဒေသခံတွေအတွက် တစ်ချိုးလောက် လုပ်စားပိုင်ခွင့်ရမယ်ဆိုရင် ကျွန်မတို့အတွက် အသက်ရှုချောင်မှာပါ”လို့ မိုးကုတ်ဒေသခံဖြစ်တဲ့ ဒေါ်ယဉ်ယဉ်မေက…

Read More

အပစ်ရပ်လက်မှတ်ထိုးဖို့ KIA ဘက်က ရာနှုန်းပြည့်အာမခံတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ယုံကြည်

နမ့်ဆန်ယန်၊ ဒီဇင်ဘာ ၁၄-၂၀၁၉ ရန်အောင်ထွန်း (VOM) ကချင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေအားလုံး နေရပ်ပြန်နိုင်ရေးအတွက် တပ်မတော်နဲ့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (Biletral) လက်မှတ်ထိုးဖို့ KIA ဘက်က ရာနှုန်းပြည့်အာမခံတယ်လို့ ကချင်ပြည်နယ်ကနေ ပထမဦးဆုံး စစ်ဘေးရှောင်တွေ နေရပ်ပြန်တဲ့ နမ့်ဆန်ယန်ရွာသားတွေရဲ့ပြောကြားချက်အရ သိရပါတယ်။ မြစ်ကြီးနားမြို့ Plamn Spring Hotel မှာ ဒီဇင်ဘာ ၆ ရက်က ပြုလုပ်တဲ့ “နမ့်ဆန်ယန်နေရပ်ပြန် စစ်ရှောင်ပြည်သူများ၏ အတွေ့အကြုံကို ဆန်းစစ်ကြည့်ခြင်း အစီရင်ခံစာတင်ပြခြင်း” အခမ်းအနားမှာ နန်ဆမ်ယန်ကျေးရွာ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာဂေါ့လိုယုံဝါ ကပြောခဲ့တာဖြစ်ပါတယ်။ ဖာသာအနေနဲ့ ဘယ်အစည်းအဝေးမှာ ပြောတယ်ဆိုတာ အတိအကျမပြောလိုပေမဲ့၊ KIA ဘက်ကတော့ တစ်ရာ ရာခိုင်နှုန်းပါ၊ ဖာသာတို့သိတယ်၊ အခုဒီမှာပဲ‌ပြောလိုက်ရအောင်၊ KIO အနေနဲ့ကတော့ အခုဒီမှာ IDP တွေ တရွရွဖြစ်နေပြီ ၊ အဲ့ဒါကြောင့်မို့ ဒီ…

Read More
VOM News

FREE
VIEW