နွားထိုးကြီးမြို့မှာတွေ့တဲ့ ရှေးဟောင်းရုပ်အလောင်းတွေကို အဆောက်အဦးဆောက်ပြီး သီးသန့်ထားမယ်

နွားထိုးကြီး ၊ ဒီဇင်ဘာ ၂၈-၂၀၁၉
သူရိန်(VOM)

နွားထိုးကြီးမြို့နယ်မှာ သံခေတ်ကလို့ယူဆရတဲ့ ရုပ်အလောင်း (၇) လောင်းကို ရှေးဟောင်းသုတေသနဦးစီးဌာနက အဆောက်အဦးဆောက်ပြီး သီးသန့်ထားရှိမယ်လို့ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂) ဦးစိန်ကျော်မိုးရဲ့ ပြောပြချက်အရ သိရပါတယ်။

“တူးဖော်ရရှိတဲ့ ရုပ်အလောင်း (၇) လောင်းကို မန္တလေးတိုင်းမှာရှိတဲ့ ရှေးဟောင်းသုတေသနဦးစီးဌာနကနေပြီးတော့ အဆောက်အဦးဆောက်လုပ်ပြီးတော့ အဆောင်အယောင်တွေနဲ့ ထားရှိသွားမယ်။ လက်ရှိကတော့ သူတို့လည်း တိုးချဲ့ရှာဖွေနေဆဲပဲ။ ဘာမှတော့ ထပ်တွေ့တာ မရှိသေးဘူး”လို့ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂) ဦးစိန်ကျော်မိုးက ပြောပါတယ်။

ဒီဇင်ဘာလ ၂၇ ရက် မနက်ပိုင်းက နွားထိုးကြီးမြို့နယ်၊ ကြီးကြီးကျေးရွာရဲ့အနောက်ဘက် တစ်မိုင်ခန့်အကွာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် (၃၃၀) အနီးမှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက သုတေသနပြုလုပ်ပြီးတူးဖော်ခဲ့ရာ သံခေတ်ကလို့ယူဆရတဲ့ ရုပ်အလောင်း (၇) လောင်းကို တူးဖော်ရရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း၊ ရွှေဘိုမြို့ရှိ ဟန်လင်းမြို့ဟောင်းမှာလည်း ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ နောက်ဆုံးပျူခေတ်အထိမြှုပ်နှံထားတဲ့ ရုပ်အလောင်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို တူးဖော်တွေ့ရှိခဲ့ပြီး အများပြည်သူလေ့လာနိုင်ဖို့ လက်ရှိမှာ ပြတိုက်အဖြစ်ဖွင့်လှစ်ပြသထားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #နွားထိုးကြီး #ရုပ်အလောင်း #ရှေးဟောင်း

Zawgyi

ႏြားထိုးႀကီးၿမိဳ႕မွာေတြ႕တဲ့ ေရွးေဟာင္း႐ုပ္အေလာင္းေတြကို အေဆာက္အဦးေဆာက္ၿပီး သီးသန္႔ထားမယ္

ႏြားထိုးႀကီး ၊ ဒီဇင္ဘာ ၂၈-၂၀၁၉
သူရိန္(VOM)

ႏြားထိုးႀကီးၿမိဳ႕နယ္မွာ သံေခတ္ကလို႔ယူဆရတဲ့ ႐ုပ္အေလာင္း (၇) ေလာင္းကို ေရွးေဟာင္းသုေတသနဦးစီးဌာနက အေဆာက္အဦးေဆာက္ၿပီး သီးသန္႔ထားရွိမယ္လို႔ မႏၲေလးတိုင္းေဒသႀကီး၊ ႏြားထိုးႀကီးၿမိဳ႕နယ္မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္(၂) ဦးစိန္ေက်ာ္မိုးရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

“တူးေဖာ္ရရွိတဲ့ ႐ုပ္အေလာင္း (၇) ေလာင္းကို မႏၲေလးတိုင္းမွာရွိတဲ့ ေရွးေဟာင္းသုေတသနဦးစီးဌာနကေနၿပီးေတာ့ အေဆာက္အဦးေဆာက္လုပ္ၿပီးေတာ့ အေဆာင္အေယာင္ေတြနဲ႔ ထားရွိသြားမယ္။ လက္ရွိကေတာ့ သူတို႔လည္း တိုးခ်ဲ႕ရွာေဖြေနဆဲပဲ။ ဘာမွေတာ့ ထပ္ေတြ႕တာ မရွိေသးဘူး”လို႔ မႏၲေလးတိုင္းေဒသႀကီး၊ ႏြားထိုးႀကီးၿမိဳ႕နယ္မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္(၂) ဦးစိန္ေက်ာ္မိုးက ေျပာပါတယ္။

ဒီဇင္ဘာလ ၂၇ ရက္ မနက္ပိုင္းက ႏြားထိုးႀကီးၿမိဳ႕နယ္၊ ႀကီးႀကီးေက်း႐ြာရဲ႕အေနာက္ဘက္ တစ္မိုင္ခန္႔အကြာ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး မိုင္တိုင္ (၃၃၀) အနီးမွာ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္းသုေတသနနဲ႔ အမ်ိဳးသားျပတိုက္ဦးစီးဌာနက သုေတသနျပဳလုပ္ၿပီးတူးေဖာ္ခဲ့ရာ သံေခတ္ကလို႔ယူဆရတဲ့ ႐ုပ္အေလာင္း (၇) ေလာင္းကို တူးေဖာ္ရရွိခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ မႏၲေလးတိုင္း၊ ေ႐ႊဘိုၿမိဳ႕ရွိ ဟန္လင္းၿမိဳ႕ေဟာင္းမွာလည္း ေက်ာက္ေခတ္၊ ေၾကးေခတ္၊ သံေခတ္၊ ေနာက္ဆုံးပ်ဴေခတ္အထိျမႇဳပ္ႏွံထားတဲ့ ႐ုပ္အေလာင္းေတြနဲ႔ အသုံးအေဆာင္ပစၥည္းေတြကို တူးေဖာ္ေတြ႕ရွိခဲ့ၿပီး အမ်ားျပည္သူေလ့လာႏိုင္ဖို႔ လက္ရွိမွာ ျပတိုက္အျဖစ္ဖြင့္လွစ္ျပသထားတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ႏြားထိုးႀကီး #ရုပ္အေလာင္း #ေရွးေဟာင္း

Related posts

Leave a Comment

VOM News

FREE
VIEW