စစ်ကိုင်းမြို့ပါရမိရပ်ရှိ အုန်းပင် ခေါက်ဆွဲစက် မီးလောင်

စစ်ကိုင်း ဇန်နဝါရီ ၃-၂၀၂၀
စောပြည့်ချမ်းသာ(VOM)

စစ်ကိုင်းမြို့ပါရမိရပ်ရှိ “အုန်းပင်”ခေါက်ဆွဲစက်မှာ ဒီကနေ့ ညနေပိုင်းက ခေါက်ဆွဲအခြောက်ခံဖို့အတွက် ထင်းနဲ့ ပေါင်းဖိုကို အပူပေးရာကနေ အပူလွန်ပြီး ခေါက်ဆွဲခြောက်တွေကို မီး ကူးစက်လောင်ကျွမ်းကနေ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်တဲ့နေရာကို စစ်ကိုင်းခရိုင်၊မြို့နယ် မီးသတ်တပ်ဖွဲ့တွေ အပြင် ဒေသအရန် မီးသတ်တပ်ဖွဲ့တွေ၊လူမှုရေး အသင်းအဖွဲ့တွေ နဲ့ စစ်ကိုင်းမြို့နယ်က တပ်မ ၃၃ တပ်သားများ ရေကားတွေ၊စည်ပင်ရေကား စတဲ့ အဖွဲ့အစည်းတွေက လာရောက်မီးငြှိမ်းသတ်ခဲ့ကြတယ်လို့ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

မီးလောင်ကျွမ်းတဲ့အတွက် (၃၀×၆၀)ပေ၊နံကပ်တစ်ထပ် အလုပ်အဆောင်တစ်လုံး၊ (၂၀×၃၀)ပေ၊နံကပ်တစ်ထပ် အလုပ်အဆောင်တစ်လုံး၊ ပါဝါမီတာတစ်လုံး၊ ခေါက်ဆွဲ နဲ့ ဂျုံအိတ်များ မီးလောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှု တန်းဖိုး ငွေကျပ် ၆၅၉၀၀၀၀ ခန့် ဆုူံရှုံးခဲ့တယ်လို့သိရပါတယ်။

မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး နေအိမ်ပိုင်ရှင် ဦးဝင်းဖြိုးဟန်ဦး အသက် (၄၂)နှစ် ကို စစ်ကိုင်းမြို့မရဲစခန်း က (ပ)၂၃ /၂၀၂၀ ပြစ်မှုဆိုင်ရာပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူဆောင်ရွှက်နေတယ်လို့သိရပြီး ၂၀၂၀ ခုနှစ်မှာ စစ်ကိုင်းအနေနဲ့ ပထမဆုံးအကြိမ် မီးစတင်လောင်ကျွမ်းတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #စစ်ကိုင်း #ခေါက်ဆွဲစက် #မီးလောင်မှု

Zawgyi

စစ္ကုိင္းၿမဳိ႕ပါရမိရပ္ရွိ အုန္းပင္ ေခါက္ဆြဲစက္ မီးေလာင္

စစ္ကုိင္း ဇန္နဝါရီ ၃-၂၀၂၀
ေစာျပည့္ခ်မ္းသာ(VOM)

စစ္ကုိင္းၿမဳိ႕ပါရမိရပ္ရွိ “အုန္းပင္”ေခါက္ဆြဲစက္မွာ ဒီကေန႕ ညေနပိုင္းက ေခါက္ဆြဲအေျခာက္ခံဖုိ႔အတြက္ ထင္းနဲ႔ ေပါင္းဖုိကုိ အပူေပးရာကေန အပူလြန္ျပီး ေခါက္ဆြဲေၿခာက္ေတြကုိ မီး ကူးစက္ေလာင္ကြ်မ္းကေန မီးေလာင္မႈ ၿဖစ္ပြားခဲ့ပါတယ္။

မီးေလာင္တဲ့ေနရာကုိ စစ္ကုိင္းခရုိင္၊ၿမဳိ႕နယ္ မီးသတ္တပ္ဖြဲ႕ေတြ အၿပင္ ေဒသအရန္ မီးသတ္တပ္ဖြဲ႕ေတြ၊လူမႈေရး အသင္းအဖြဲ႕ေတြ နဲ႕ စစ္ကုိင္းျမိဳ႕နယ္က တပ္မ ၃၃ တပ္သားမ်ား ေရကားေတြ၊စည္ပင္ေရကား စတဲ့ အဖြဲ႕အစည္းေတြက လာေရာက္မီးၿငိွမ္းသတ္ခဲ့ၾကတယ္လို႔ စစ္ကုိင္းခရုိင္မီးသတ္ဦးစီးဌာနကေန သိရပါတယ္။

မီးေလာင္ကြ်မ္းတဲ့အတြက္ (၃၀×၆၀)ေပ၊နံကပ္တစ္ထပ္ အလုပ္အေဆာင္တစ္လုံး၊ (၂၀×၃၀)ေပ၊နံကပ္တစ္ထပ္ အလုပ္အေဆာင္တစ္လုံး၊ ပါဝါမီတာတစ္လုံး၊ ေခါက္ဆြဲ နဲ႔ ဂ်ဳံအိတ္မ်ား မီးေလာင္ဆုံးရႈံးခဲ့ၿပီး စုစုေပါင္းဆုံးရႈံးမႈ တန္းဖုိး ေငြက်ပ္ ၆၅၉၀၀၀၀ ခန္႔ ဆုံူရႈံးခဲ့တယ္လုိ႕သိရပါတယ္။

မီးေလာင္ကြ်မ္းမႈနဲ႔ပတ္သက္ျပီး ေနအိမ္ပုိင္ရွင္ ဦးဝင္းၿဖဳိးဟန္ဦး အသက္ (၄၂)ႏွစ္ ကုိ စစ္ကုိင္းၿမဳိ႕မရဲစခန္း က (ပ)၂၃ /၂၀၂၀ ျပစ္မႈဆုိင္ရာပုဒ္မ ၂၈၅ အရ အမႈဖြင့္အေရးယူေဆာင္ရႊက္ေနတယ္လုိ႕သိရျပီး ၂၀၂၀ ခုႏွစ္မွာ စစ္ကုိင္းအေနနဲ႔ ပထမဆုံးအႀကိမ္ မီးစတင္ေလာင္ကၽြမ္းတာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #စစ္ကိုင္း #ေခါက္ဆြဲစက္ #မီးေလာင္မွဳ

Related posts

Leave a Comment

VOM News

FREE
VIEW