စစ်ကိုင်းမြို့ပါရမိရပ်ရှိ အုန်းပင် ခေါက်ဆွဲစက် မီးလောင်

စစ်ကိုင်း ဇန်နဝါရီ ၃-၂၀၂၀ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့ပါရမိရပ်ရှိ “အုန်းပင်”ခေါက်ဆွဲစက်မှာ ဒီကနေ့ ညနေပိုင်းက ခေါက်ဆွဲအခြောက်ခံဖို့အတွက် ထင်းနဲ့ ပေါင်းဖိုကို အပူပေးရာကနေ အပူလွန်ပြီး ခေါက်ဆွဲခြောက်တွေကို မီး ကူးစက်လောင်ကျွမ်းကနေ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်တဲ့နေရာကို စစ်ကိုင်းခရိုင်၊မြို့နယ် မီးသတ်တပ်ဖွဲ့တွေ အပြင် ဒေသအရန် မီးသတ်တပ်ဖွဲ့တွေ၊လူမှုရေး အသင်းအဖွဲ့တွေ နဲ့ စစ်ကိုင်းမြို့နယ်က တပ်မ ၃၃ တပ်သားများ ရေကားတွေ၊စည်ပင်ရေကား စတဲ့ အဖွဲ့အစည်းတွေက လာရောက်မီးငြှိမ်းသတ်ခဲ့ကြတယ်လို့ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ မီးလောင်ကျွမ်းတဲ့အတွက် (၃၀×၆၀)ပေ၊နံကပ်တစ်ထပ် အလုပ်အဆောင်တစ်လုံး၊ (၂၀×၃၀)ပေ၊နံကပ်တစ်ထပ် အလုပ်အဆောင်တစ်လုံး၊ ပါဝါမီတာတစ်လုံး၊ ခေါက်ဆွဲ နဲ့ ဂျုံအိတ်များ မီးလောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှု တန်းဖိုး ငွေကျပ် ၆၅၉၀၀၀၀ ခန့် ဆုူံရှုံးခဲ့တယ်လို့သိရပါတယ်။ မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး နေအိမ်ပိုင်ရှင် ဦးဝင်းဖြိုးဟန်ဦး အသက် (၄၂)နှစ် ကို စစ်ကိုင်းမြို့မရဲစခန်း က…

Read More

မြေပုံမြို့နယ်မှာ တိုက်ပွဲပြင်းထန် လေကြောင်းတိုက်ခိုက်မှုတွေအသုံးပြုခဲ့

မြေပုံ၊ ဇန်နဝါရီ ၃-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းက မြေပုံမြို့နယ်၊ စညှင်းကျေးရွာအုပ်စုအတွင်းမှာ ဇန်နဝါရီလ ၂ ရက်နေ့ မနက်ပိုင်း ၈ နာရီလောက်က မြန်မာ့တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေကိုပါ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီဒေသအတွင်း လွန်ခဲ့တဲ့နှစ်ရက်လောက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ကျေးရွာအနီး လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာတွေရှိခဲ့ပြီး တိုက်ပွဲတွေပါဆက်လက်ဖြစ်ပွားကာ လေကြောင်းပစ်ခတ်မှုတွေ ရှိလာတဲ့အတွက် စညှင်းကျေးရွာအုပ်စုအတွင်းက ကျေးရွာပေါင်း ၅ ရွာက ဒေသခံ ၂၀၀၀ ကျော်တို့ဟာ ထွက်ပြေးသွားခဲ့ကြတာဖြစ်ပါတယ်။ “မနေ့က မြေပုံမြို့နယ်၊ စညှင်းကျေးရွာအုပ်စုမှာ တော်တော့်ကို တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တယ်။ မနက် ၈ နာရီလောက်ကစဖြစ်တယ်။ ညနေမိုးချုပ်အောင်ထိဖြစ်တယ်။ တိုက်ပွဲဖြစ်လို့ ၁၂ နာရီလောက်မာ တပ်မတော်ကနေပြီးတော့ ရဟတ်ယာဉ်တွေ၊ စစ်လေယာဉ်နဲ့လာပြီးတော့ဗုံးကြဲတာ ပစ်ခတ်တာတွေရှိခဲ့တယ်။ ရဟတ်ယာဉ်တွေကတော့ ခဏနေ တစ်စီးလာလိုက်၊ နှစ်စီးလာလိုက်နဲ့…

Read More

စစ်ကိုင်းက အိုးဘိုရပ်ကွက်မှာ အိုးရွက်ပြိုင်ပွဲနဲ့ အိုးရိုက်ပြိုင်ပွဲကျင်းပ

စစ်ကိုင်း ဇန်နဝါရီ ၃-၂၀၂၀ မောင်တာရာ(VOM) စစ်ကိုင်းမြို့၊အိုးဘိုရပ်ကွက်မှာ (၃၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အောင်ပွဲအနေနဲ့ ဒီကနေ့ နေ့လယ်ပိုင်းက အိုးရွက်ပြိုင်ပွဲ၊ အိုးရိုက်ပြိုင်ပွဲ အပါအဝင် အခြားသောပျော်ပွဲရွှင်ပွဲတွေကို ကျင်းပခဲ့ပါတယ်။ အိုးဘိုရပ်ကွက်ဟာ ရှေးမြန်မာမင်းတွေလက်ထပ်ကတည်းက အစဉ်အဆက် အိုးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့ ရပ်ကွက်ဖြစ်တဲ့အတွက် “အိုးဘို”ရပ်ကွက်လို့ အမည်ပေးခဲ့တာဖြစ်ပါတယ်။ ၁၉၈၆ -၁၉၈၇ခုနှစ်အတွင်းထိ ရွာလုံးနီးပါး အိုးလုပ်ငန်းကို လုပ်ကိုင်ကြပေမယ့်လည်း ယခုအခါမှာ အိုးလုပ်ငန်းလုပ်ကိုင်သူနည်းပါးလာပြီး ရက်ကန်းလုပ်ငန်း နဲ့ အခြားအသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကို ပြောင်းရွေ့လုပ်ကိုင်လာကြတယ်လို့ သိရသည်။ လက်ရှိမှာ အိုးလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ အိုးလုပ်တဲ့အခါ အသုံးပြုတဲ့ ကုန်ကြမ်းမြေနီရှားပါးမှု ပြဿနာကို ကြုံတွေနေရပါတယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #စစ်ကိုင်း #အိုးရွက်ပြိုင်ပွဲ Zawgyi စစ်ကိုင်းက အိုးဘိုရပ်ကွက်မှာ အိုးရွက်ပြိုင်ပွဲနဲ့ အိုးရိုက်ပြိုင်ပွဲကျင်းပ စစ်ကိုင်း ဇန်နဝါရီ ၃-၂၀၂၀ မောင်တာရာ(VOM) စစ်ကိုင်းမြို့၊အိုးဘိုရပ်ကွက်မှာ (၃၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အောင်ပွဲအနေနဲ့ ဒီကနေ့…

Read More

မြဝတီ-ကော့ကရိတ် အာရှလမ်းမှာယာဉ်တိုက်မှုဖြစ်ပြီး ခရီးသည်(၁၈)ဦးသေဆုံး

မြဝတီ ၊ ဇန်နဝါရီ ၃-၂၀၂၀ သူရိန်(VOM) မြဝတီ- ကော့ကရိတ် ၊ ဒေါနတောင်ကျော်၊ အာရှလမ်းသစ်၊ ကွမ်းခြံကွေ့အနီးက မိုင်တိုင် ၁၆၄ -၁၆၅ ကြားမှာ ဒီကနေ့မနက်ပိုင်းက ခရီးသည်တင်မှန်လုံယာဉ်မှာ ပေ၁၅၀ကျော်အနက် ချောက်ထဲသို့ထိုးကျသွားပြီး ကလေးတစ်ဦးအပါအဝင်(၁၈)ဦး သေဆုံးကာ ဒဏ်ရာရရှိသူအများအပြားရှိတယ်လို့ သိရပါတယ်။ ရန်ကုန်က မြန်မာ့ရွှေ့ပြောင်း လုပ်သား(၄၅)ဦးကို တင်ဆောင်ပြီး မြဝတီမြို့ကိုလာတဲ့ အလင်းရောင်မိုး ခရီသည်ပို့ဆောင်ရေး မှန်လုံယာဉ်မှာ အခင်းဖြစ်နေရာ သို့အရောက် ဘရိတ်ပေါက်ကာ ပရိုဘောက်ယာဉ်ကို မျက်နှာချင်းဆိုင်တိုက်မိပြီး မှန်လုံယာဉ်မှာ လမ်းဘေးအကာဘောင်ကိုကျော်ကာ ပေ ၁၅၀ အနက်ရှိ ချောက်ထဲကို ထိုးကျသွားခဲ့တယ်လို့ သိရပါတယ်။ “ပရိုဘောက်ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် ခရီးသည် ၇ဦးစလုံးသေဆုံးတယ်။ အလင်းရောင်မိုး မှန်လုံယာဉ်ပေါ်ကခရီးသည် ဆယ်ဦးကျော်သေဆုံးနေပြီ”လို့ ကော့ကရိတ်ပုလဲဖြူ လူမှုကယ်ဆယ်ရေးအသင်းမှ ကိုထိုက်ကပြောပါတယ်။ ယာဉ်မတော်တဆမှုဖြစ်ပွားတဲ့နေရာကို မြဝတီ၊ကော်ကရိတ်နဲ့ သင်္ဃန်းညီနောင် လူမှုကယ်ဆယ်ရေးအသင်း များ၊ တပ်မတော်သားများ၊…

Read More

ဇီးကုန်းမြို့နယ် NLDပါတီဥက္ကဠကို အလုပ်အမှုဆောင်ဟောင်းက ငွေကျပ်သိန်း(၅၀)ရလိုကြောင်း တရားရုံးလျောက်ထားမှုကို တရားရုံးကလက်ခံ

ဇီးကုန်း ဇန်နဝါရီ ၃-၂၀၂၀ မိုးယံ(VOM) ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်မှာ မနေ့ ဇန်နဝါရီ ၂ရက်နေ့က ဇီးကုန်းမြို့နယ် NLDပါတီဥက္ကဌကို NLDပါတီ မြို့နယ်အလုပ်အမှုဆောင်ဟောင်းကနေ ငွေကျပ်သိန်း(၅၀)ရလိုကြောင်း တရားရုံးလျောက်ထားမှုကို တရားရုံးကလက်ခံခဲ့တယ်လို့ ဇီးကုန်းမြို့နယ်တရားရုံးကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉၊ စက်တင်ဘာ(၁၈)ရက်နေ့က မြို့နယ်NLDပါတီ ဥက္ကဋ္ဌ ဦးလှိုင်ဝင်းကနေ NLDပါတီမြို့နယ်အလုပ်အမှုဆောင်ဟောင်း ဦးသန်းအောင်ကို နိုင်လွတ်လုံပုဒ်မ-၁၀(နိုင်ငံသားတို့ ၏ လွတ်လပ်မှုနှင့်လုံခြုံမှုဆိုင်ရာ)နဲ့ တရားစွဲဆိုခဲ့ရာ ဇီးကုန်းမြို့မရဲစခန်းအချုပ်မှာ ရက်ပေါင်း (၈၆)ရက်အချုပ်ပ်ခံခဲ့ရတဲ့အတွက် လူမှုရေး၊ နိုင်ငံသားအခွင့်အရေးအရနစ်နာတယ်လို့ဆိုကာ ခုလိုလျှောက်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #ဇီးကုန်း #NLDပါတီ #တရားရုံးလက်ခံ Zawgyi ဇီးကုန်းမြို့နယ် NLDပါတီဥက္ကဠကို အလုပ်အမှုဆောင်ဟောင်းက ငွေကျပ်သိန်း(၅၀)ရလိုကြောင်း တရားရုံးလျောက်ထားမှုကို တရားရုံးကလက်ခံ ဇီးကုန်း ဇန်နဝါရီ ၃-၂၀၂၀ မိုးယံ(VOM) ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်မှာ မနေ့ ဇန်နဝါရီ ၂ရက်နေ့က…

Read More

တောင်သူတွေအနားယူရမယ့်အချိန်မှာ အခြားသောလုပ်ငန်းတွေကို စီးပွားဖြစ်လုပ်ကိုင်နေရ

မင်းတုန်း၊ဇန်နဝါရီ ၃-၂၀၂၀ ဂျန်ကိုး(VOM) မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ထဲက စပါးစိုက်တောင်သူတွေဟာ မိုးမရတဲ့အတွက် စပါးအထွက်နည်းခဲ့ပြီး ဆောင်းသီးနှံစိုက်ဖို့ကလည်း အဆင်မပြေတဲ့အတွက် တောတက်ဝါးခုတ်ပြီး ရောင်းချတဲ့လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်နေရတယ်လို့ သိရပါတယ်။ တောတက်ဝါးခုတ်ပြီး ရောင်းချတဲ့အပြင် လက်မှုပညာတတ်သူတွေက ခြင်းကြားတောင်း၊ ဝါးသက်ကယ်ယက်ပြီး မြို့ကိုတင်ပို့ရောင်းချတဲ့ လုပ်ငန်းကိုပါ လုပ်နေကြရတာ ဖြစ်ပါတယ်။ ယခင်က တောတက်ဝါးခုတ်တာကို သင်္ကြန်ကျော်ချိန်မှသာ အိမ်သုံးဝါးခုတ်ကြတာဖြစ်ပြီး လက်ရှိမှာ စားဝတ်နေရေး အဆင်မပြေတဲ့အတွက် အခုလိုလုပ်နေကြရတာ ဖြစ်တယ်လို့ ဒေသခံတောင်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။ #VOM #voiceofmyanmar #မင်းတုန်း #တောင်သူ #တောင်တက်ဝါးခုတ် Zawgyi တောင်သူတွေအနားယူရမယ့်အချိန်မှာ အခြားသောလုပ်ငန်းတွေကို စီးပွားဖြစ်လုပ်ကိုင်နေရ မင်းတုန်း၊ဇန်နဝါရီ ၃-၂၀၂၀ ဂျန်ကိုး(VOM) မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ထဲက စပါးစိုက်တောင်သူတွေဟာ မိုးမရတဲ့အတွက် စပါးအထွက်နည်းခဲ့ပြီး ဆောင်းသီးနှံစိုက်ဖို့ကလည်း အဆင်မပြေတဲ့အတွက် တောတက်ဝါးခုတ်ပြီး ရောင်းချတဲ့လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်နေရတယ်လို့…

Read More

အနုပညာတက္ကသိုလ်(ရန်ကုန်)က ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို ကျောင်းသားတွေက ဆန္ဒပြ

ရန်ကုန် ဇန်နဝါရီ ၃-၂၀၂၀ သိဂီ ၤ(VOM) အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)က ကျောင်းအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ဟာ ကျောင်းသားထုအပေါ် အခွင့်အရေးချိုးဖောက်တယ်လို့ဆိုကာ ဒီကနေ့မနက်ပိုင်းက အဲ့ဒီကျောင်းမှာဖွဲ့စည်းထားတဲ့ ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ကျောင်းအတွင်း ကြွေးကြော်သံ ၃ ချက်နဲ့လှည့်လည်ဆန္ဒပြခဲ့ြှကပါတယ်။ . ကျောင်းသားထု အခွင့်အရေးကာကွယ်ရေး ဒို့အရေး၊ ကျောင်းသားထုကိုဖိနှိပ်ထားသော ကျောင်းစည်းကမ်းချက်များ အလိုမရှိ အပါအဝင် အဆောင်နေထိုင်ခွင့်ရရှိရေး ဒို့အရေး ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ကျောင်းဝင်းအတွင်းလှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ နယ်ကနေကျောင်းလာအပ်တဲ့ကျောင်းသားအားလုံးကို အဆောင်နေထိုင်ခွင့်ပေးပေမယ့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အဖွဲ့ဝင်တစ်ဦးကိုတော့ အဆောင်နေထိုင်ခွင့်မပေးတဲ့အတွက် အခုလိုဆန္ဒပြတာဖြစ်ပြီး ရာဇသံပေးတာလည်းဖြစ်တယ်လို့ သိရပါတယ်။ ” နယ်ကလာပြီး ကျောင်းအပ်တဲ့ ကျောင်းသားတွေကို အဆောင်နေထိုင်ခွင့်လက်မှတ်တွေ ထုတ်ပေးပါတယ်။ ကျွန်တော့်ကိုတော့ ဗကသအဖွဲ့ချုပ်အဖွဲ့ဝင်ဖြစ်လို့ အဆောင်မပေးဘူး ပြောပါတယ်။ ဒါဟာဖိနှိပ်တာပါပဲ။ ကျွန်တော့်ဘက်က အကြိမ်ကြိမ်ညှှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး ။ တခြားနယ်ကလာသူ အကုန်လုံးကို နေစရာအဆောင်ပေးပါတယ် ။ဒါကြောင့် ဒီနေ့မှာ ရာဇသံပေးကြွေးကြော်ခဲ့တာပါ။ ၅ ရက်အတွင်းကိုမှ…

Read More

အမေရိကန်လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးသေဆုံး

ဘဂ္ဂဒက်၊ ဇန်နဝါရီ ၃-၂၀၂၀ မျိုးဆက် (VOM) အီရတ်နိုင်ငံအတွင်း အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ စစ်ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလီမာနီသေဆုံးသွားပါတယ်။ ကာဆမ်ဆိုလီမာနီ သေဆုံးမှုကို ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုလိုက်ပြီး လေကြာင်းတိုက်ခိုက်မှုဟာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ တိုက်ရိုက်ညွှန်ကြားမှုနဲ့ လုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။ ဗိုလ်ချုပ်ကြီးဆိုလီမာနီဟာ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဒေသခံစစ်သွေးကြွတွေနဲ့အတူ ဘဂ္ဂဒက်လေဆိပ်ကို ကားနဲ့လာရောက်ချိန်မှာ အမေရိကန်ကလေကြောင်းတိုက်ခိုက်မှုပြုခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သူတွေကို ပြင်းထန်စွာ လက်စားချေသွားမယ်လို့ အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီးဆိုလီမာနီ သေဆုံးမှုအတွက် သုံးရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်မယ်လို့လည်း သူကကြေညာပါတယ်။ ဗိုလ်ချုပ်ကြီး ဆိုလီမာနီဟာ အီရန်အစိုးရအတွက် အရေးကြီးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်တပ်ဖွဲ့ဝင်ရာပေါင်းများစွာ သေဆုံးမှုအတွက် သူမှာ တာဝန်ရှိသည်ဆိုပြီး သူနဲ့သူရဲ့တပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် အမေရိကန်က သတ်မှတ်ထားပါတယ်။ Ref : BBC Photo: Getty Images #VOM #voiceofmyanmar #…

Read More

မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ တိုင်းဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတလာရောက်တွေ့ဆုံ

မန္တလေး ဇန်နဝါရီ ၃-၂၀၂၀ ဖြူဖြူ (VOM) မန္တလေးမြိူ့အထွေထွေရောဂါကုဆေးရုံကြီးမှာ ဇန်နဝါရီ ၂ ရက်ကတည်းက ဆေးကုသမှုခံယူနေတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီကနေ့မနက်ပိုင်းမှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။ သွေးကင်ဆာရောဂါခံစားနေရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ လက်ရှိမှာလည်း အဆုတ်အအေးပတ်ပြီး ဖျားနေတဲ့အတွက် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ နှလုံးဖျားနာကုသဆောင်မှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်ကိုကုသပေးနေတဲ့ ဆရာဝန်ကြီး ဒေါက်တာအောင်ဆန်းဦးက “အခုက ရိုးရိုးဖျားတာပါ။ အဆုပ်အအေးပတ်တာပေါ့။ ကျန်တာက ဘာမှမရှိပါဘူး။ ဒီနေ့အဖျားလည်းကျပါပြီ။ ကျန်းကျန်းမာမာရှိပါပြီ။”လို့ ပြောပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူဖို့ ဇန်နဝါရီ ၅ ရက်နေ့မှာ ပြန်လည်ထွက်ခွာမှာဖြစ်ပေမယ့် လက်ရှိအနေအထားအရကတော့ စိုးရိမ်စရာမရှိဘူးလို့လည်း ဆရာဝန်ကြီးကပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဒုဥက္ကဌလည်းဖြစ်တဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ထိုင်းနိုင်ငံမှာ ဆေးကုသခံယူခဲ့ရာ ဒီဇင်ဘာနောက်ဆုံးအပတ်မှာ မန္တလေးမြို့ကို ပြန်လည်ရောက်ရှိလာတာ…

Read More

ညွှန်ချုပ်နှင့်အထက်အဆင့် နိုင်ငံဝန်ထမ်းတွေကို ကားတင်သွင်းခွင့်‌ပေးမယ်

ရန်ကုန် ဇန်နဝါရီ ၃-၂၀၂၀ သိဂီ ၤ(VOM) ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံဝန်ထမ်းတွေ တင်သွင်းလိုတဲ့ကားတွေကို တင်သွင်းခွင့်ပြုသွားမှာဖြစ်ပြီး ကနဦးအနေနဲ့ ညွှန်ချုပ်နှင့်အထက်အဆင့် နိုင်ငံဝန်ထမ်းတွေကို အရစ်ကျရောင်းချပေးသွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ရက်နေ့ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒုတိယအဆင့်အနေနဲ့ ဒုညွှန်ချုပ်နှင့် လုပ်သက် 25 နှစ်ပြည့်ပြီး နိုင်ငံဝန်ထမ်းတံဆိပ်ရရှိတဲ့ဝန်ထမ်းတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကားတင်သွင်းချင်သူတွေကို စီးကူးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ ပြည်ပကနေတင်သွင်းသော ကားတွေရဲ့ ထုတ်လုပ်တဲ့ခုနှစ် Model Year အမိန့်ကြေငြာစာပါ သတ်မှတ်ချက်အတိုင်း ကားတင်သွင်းခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ” လုပ်သက် ၁၀ နှစ်လောက်ဆိုရင်တော်သေးတယ်။ ၂၅ နှစ်ဆိုတာကတော့ အောက်ဝန်ထမ်းတွေအတွက် မလွယ်ပါဘူး။ဒုညွှန်ချုပ်တွေ ညွှန်ချုပ်တွေက ခုရော လိုင်းကားတိုးရုံးတက်တာရှိလို့လား၊ ကားတွေနဲ့ချည်းပါပဲ “လို့ လုပ်သက် ၁၀နှစ်ရှိပြီဖြစ်တဲ့ အစိုးရဝန်ထမ်း ကိုမင်းမော်ကပြောပါတယ်။ ကနဦး ညွှန်ချုပ်နှင့်အထက်အဆင့် ပြည်သူ့ဝန်ထမ်းနဲ့ နိုင်ငံဝန်ထမ်းတွေအတွက်…

Read More
VOM News

FREE
VIEW