မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ တိုင်းဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတလာရောက်တွေ့ဆုံ

မန္တလေး ဇန်နဝါရီ ၃-၂၀၂၀
ဖြူဖြူ (VOM)

မန္တလေးမြိူ့အထွေထွေရောဂါကုဆေးရုံကြီးမှာ ဇန်နဝါရီ ၂ ရက်ကတည်းက ဆေးကုသမှုခံယူနေတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီကနေ့မနက်ပိုင်းမှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။

သွေးကင်ဆာရောဂါခံစားနေရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ လက်ရှိမှာလည်း အဆုတ်အအေးပတ်ပြီး ဖျားနေတဲ့အတွက် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ နှလုံးဖျားနာကုသဆောင်မှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်ကိုကုသပေးနေတဲ့ ဆရာဝန်ကြီး ဒေါက်တာအောင်ဆန်းဦးက “အခုက ရိုးရိုးဖျားတာပါ။ အဆုပ်အအေးပတ်တာပေါ့။ ကျန်တာက ဘာမှမရှိပါဘူး။ ဒီနေ့အဖျားလည်းကျပါပြီ။ ကျန်းကျန်းမာမာရှိပါပြီ။”လို့ ပြောပါတယ်။

ဝန်ကြီးချုပ်အနေနဲ့ ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူဖို့ ဇန်နဝါရီ ၅ ရက်နေ့မှာ ပြန်လည်ထွက်ခွာမှာဖြစ်ပေမယ့် လက်ရှိအနေအထားအရကတော့ စိုးရိမ်စရာမရှိဘူးလို့လည်း ဆရာဝန်ကြီးကပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဒုဥက္ကဌလည်းဖြစ်တဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ထိုင်းနိုင်ငံမှာ ဆေးကုသခံယူခဲ့ရာ ဒီဇင်ဘာနောက်ဆုံးအပတ်မှာ မန္တလေးမြို့ကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဟာ နှစ်သစ်ကူးညပိုင်းမှာ ပြည်သူလူထုရှေ့ထွက်လာပြီး နှစ်သစ်ဆုတောင်းစကားတွေလည်း ပြောဆိုခဲ့ပါသေးတယ်။

#VOM #voiceofmyanmar #မန္တလေး #ဒေါက်တာဇော်မြင့်မောင် #သမ္မတဦးဝင်းမြင့်

Zawgyi

မႏၲေလးေဆး႐ုံႀကီးမွာ ေဆးကုသမႈခံယူေနတဲ့ တိုင္းဝန္ႀကီးခ်ဳပ္ကို နိုင္ငံေတာ္သမၼတလာေရာက္ေတြ႕ဆုံ

မႏၲေလး ဇန္နဝါရီ ၃-၂၀၂၀
ျဖဴျဖဴ (VOM)

မႏၲေလးၿမိဴ႕အေထြေထြေရာဂါကုေဆး႐ုံႀကီးမွာ ဇန္နဝါရီ ၂ ရက္ကတည္းက ေဆးကုသမႈခံယူေနတဲ့ မႏၱေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ကို ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ဒီကေန႔မနက္ပိုင္းမွာ လာေရာက္ေတြ႕ဆုံခဲ့ပါတယ္။

ေသြးကင္ဆာေရာဂါခံစားေနရတဲ့ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ လက္ရွိမွာလည္း အဆုတ္အေအးပတ္ၿပီး ဖ်ားေနတဲ့အတြက္ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီး၊ ႏွလုံးဖ်ားနာကုသေဆာင္မွာ ကုသမႈခံယူေနရတယ္လို႔ သိရပါတယ္။

ဝန္ႀကီးခ်ဳပ္ကိုကုသေပးေနတဲ့ ဆရာဝန္ႀကီး ေဒါက္တာေအာင္ဆန္းဦးက “အခုက ႐ိုး႐ိုးဖ်ားတာပါ။ အဆုပ္အေအးပတ္တာေပါ့။ က်န္တာက ဘာမွမရွိပါဘူး။ ဒီေန႔အဖ်ားလည္းက်ပါၿပီ။ က်န္းက်န္းမာမာရွိပါၿပီ။”လို႔ ေျပာပါတယ္။

ဝန္ႀကီးခ်ဳပ္အေနနဲ႔ ထိုင္းနုိင္ငံမွာ ေဆးကုသမႈခံယူဖို႔ ဇန္နဝါရီ ၅ ရက္ေန႔မွာ ျပန္လည္ထြက္ခြာမွာျဖစ္ေပမယ့္ လက္ရွိအေနအထားအရကေတာ့ စိုးရိမ္စရာမရွိဘူးလို႔လည္း ဆရာဝန္ႀကီးကေျပာပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီရဲ႕ ဒုဥကၠဌလည္းျဖစ္တဲ့ ဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ ေသြးကင္ဆာေရာဂါေၾကာင့္ ၿပီးခဲ့တဲ့ ေအာက္တိုဘာလကစၿပီး ထိုင္းႏိုင္ငံမွာ ေဆးကုသခံယူခဲ့ရာ ဒီဇင္ဘာေနာက္ဆုံးအပတ္မွာ မႏၱေလးၿမိဳ႕ကို ျပန္လည္ေရာက္ရွိလာတာ ျဖစ္ပါတယ္။

ဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ ႏွစ္သစ္ကူးညပိုင္းမွာ ျပည္သူလူထုေရွ႕ထြက္လာၿပီး ႏွစ္သစ္ဆုေတာင္းစကားေတြလည္း ေျပာဆိုခဲ့ပါေသးတယ္။

#VOM #voiceofmyanmar #မႏၱေလး #ေဒါက္တာေဇာ္ျမင့္ေမာင္ #သမၼတဦးဝင္းျမင့္

Related posts

Leave a Comment

VOM News

FREE
VIEW