မြဝတီ-ကော့ကရိတ် အာရှလမ်းမှာယာဉ်တိုက်မှုဖြစ်ပြီး ခရီးသည်(၁၈)ဦးသေဆုံး

မြဝတီ ၊ ဇန်နဝါရီ ၃-၂၀၂၀
သူရိန်(VOM)

မြဝတီ- ကော့ကရိတ် ၊ ဒေါနတောင်ကျော်၊ အာရှလမ်းသစ်၊ ကွမ်းခြံကွေ့အနီးက မိုင်တိုင် ၁၆၄ -၁၆၅ ကြားမှာ ဒီကနေ့မနက်ပိုင်းက ခရီးသည်တင်မှန်လုံယာဉ်မှာ ပေ၁၅၀ကျော်အနက် ချောက်ထဲသို့ထိုးကျသွားပြီး ကလေးတစ်ဦးအပါအဝင်(၁၈)ဦး သေဆုံးကာ ဒဏ်ရာရရှိသူအများအပြားရှိတယ်လို့ သိရပါတယ်။

ရန်ကုန်က မြန်မာ့ရွှေ့ပြောင်း လုပ်သား(၄၅)ဦးကို တင်ဆောင်ပြီး မြဝတီမြို့ကိုလာတဲ့ အလင်းရောင်မိုး ခရီသည်ပို့ဆောင်ရေး မှန်လုံယာဉ်မှာ အခင်းဖြစ်နေရာ သို့အရောက် ဘရိတ်ပေါက်ကာ ပရိုဘောက်ယာဉ်ကို မျက်နှာချင်းဆိုင်တိုက်မိပြီး မှန်လုံယာဉ်မှာ လမ်းဘေးအကာဘောင်ကိုကျော်ကာ ပေ ၁၅၀ အနက်ရှိ ချောက်ထဲကို ထိုးကျသွားခဲ့တယ်လို့ သိရပါတယ်။

“ပရိုဘောက်ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် ခရီးသည် ၇ဦးစလုံးသေဆုံးတယ်။ အလင်းရောင်မိုး မှန်လုံယာဉ်ပေါ်ကခရီးသည် ဆယ်ဦးကျော်သေဆုံးနေပြီ”လို့ ကော့ကရိတ်ပုလဲဖြူ လူမှုကယ်ဆယ်ရေးအသင်းမှ ကိုထိုက်ကပြောပါတယ်။

ယာဉ်မတော်တဆမှုဖြစ်ပွားတဲ့နေရာကို မြဝတီ၊ကော်ကရိတ်နဲ့ သင်္ဃန်းညီနောင် လူမှုကယ်ဆယ်ရေးအသင်း များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ ၊မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကယ်ဆယ်ရေးဆောင်ရွက်ကာ အရေးပေါ်လူနာများ၊ ဒဏ်ရာရသူများ နဲ့ သေဆုံးသူတွေကို မြဝတီခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြတာဖြစ်ပါတယ်။

မှန်လုံကားနဲ့ စီးနင်းလာသူတွေဟာ ထက်မန် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီနဲ့ MOUလုပ်သားအဖြစ် ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်မယ့် မြန်မာ့ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းဥက္ကဌ ဦးလှထွန်းကလည်း “ဒေါနတောင်ကျော်လမ်းမှာ အကွေ၊အကောက်၊ အဆင်း ၊အတက် ရှည်လျှားသောကြောင့် ယာဉ်အန္တရာယ်မဖြစ်စေရေးအတွက် သတ်မှတ်မိုင်နှုန်းအတိုင်း ဆင်ခြင် ပြီးမောင်းသင့်တယ်”လို့ပြောပါတယ်။

ယာဉ်မတော်တဆမှုဖြစ်တဲ့နေရာမှာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် မေလကလည်း နှစ်သစ်ကူးသင်္ကြန်ပွဲ ပြီးလို့ ထိုင်းကိုပြန်ထွက်မယ့် ရွှေ့ပြောင်းလုပ်သားတွေ စီးနင်းလာတဲ့ မြဝတီ-တောင်ငူ ကပေါ်ထူး မှန်လုံယာဉ် ချောက်ထဲသို့ကျခဲ့ပြီး ၂၂ဦးသေဆုံးခဲ့တာလည်း ဖြစ်ပွားခဲ့ပါတယ်။

#VOM #voiceofmyanmar #မြဝတီ #ကားမှောက် #လူသေဆုံး

Zawgyi

ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းမွာယာဥ္တိုက္မွဳျဖစ္ၿပီး ခရီးသည္(၁၈)ဦးေသဆုံး

ျမဝတီ ၊ ဇန္နဝါရီ ၃-၂၀၂၀
သူရိန္(VOM)

ျမဝတီ- ေကာ့ကရိတ္ ၊ ေဒါနေတာင္ေက်ာ္၊ အာရွလမ္းသစ္၊ ကြမ္းၿခံေကြ႕အနီးက မိုင္တိုင္ ၁၆၄ -၁၆၅ ၾကားမွာ ဒီကေန႔မနက္ပိုင္းက ခရီးသည္တင္မွန္လုံယာဥ္မွာ ေပ၁၅၀ေက်ာ္အနက္ ေခ်ာက္ထဲသို႔ထိုးက်သြားၿပီး ကေလးတစ္ဦးအပါအဝင္(၁၈)ဦး ေသဆုံးကာ ဒဏ္ရာရရွိသူအမ်ားအျပားရွိတယ္လို႔ သိရပါတယ္။

ရန္ကုန္က ျမန္မာ့ေ႐ႊ႕ေျပာင္း လုပ္သား(၄၅)ဦးကို တင္ေဆာင္ၿပီး ျမဝတီၿမိဳ႕ကိုလာတဲ့ အလင္းေရာင္မိုး ခရီသည္ပို႔ေဆာင္ေရး မွန္လုံယာဥ္မွာ အခင္းျဖစ္ေနရာ သို႔အေရာက္ ဘရိတ္ေပါက္ကာ ပ႐ိုေဘာက္ယာဥ္ကို မ်က္ႏွာခ်င္းဆိုင္တိုက္မိၿပီး မွန္လုံယာဥ္မွာ လမ္းေဘးအကာေဘာင္ကိုေက်ာ္ကာ ေပ ၁၅၀ အနက္ရွိ ေခ်ာက္ထဲကို ထိုးက်သြားခဲ့တယ္လို႔ သိရပါတယ္။

“ပ႐ိုေဘာက္ယာဥ္ေပၚပါ ယာဥ္ေမာင္းအပါအဝင္ ခရီးသည္ ၇ဦးစလုံးေသဆုံးတယ္။ အလင္းေရာင္မိုး မွန္လုံယာဥ္ေပၚကခရီးသည္ ဆယ္ဦးေက်ာ္ေသဆုံးေနၿပီ”လို႔ ေကာ့ကရိတ္ပုလဲျဖဴ လူမႈကယ္ဆယ္ေရးအသင္းမွ ကိုထိုက္ကေျပာပါတယ္။

ယာဥ္မေတာ္တဆမႈျဖစ္ပြားတဲ့ေနရာကို ျမဝတီ၊ေကာ္ကရိတ္နဲ႔ သဃၤန္းညီေနာင္ လူမႈကယ္ဆယ္ေရးအသင္း မ်ား၊ တပ္မေတာ္သားမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ား ၊မီးသတ္တပ္ဖြဲ႕ဝင္မ်ား သြားေရာက္ကယ္ဆယ္ေရးေဆာင္႐ြက္ကာ အေရးေပၚလူနာမ်ား၊ ဒဏ္ရာရသူမ်ား နဲ႔ ေသဆုံးသူေတြကို ျမဝတီခ႐ိုင္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ ၾကတာျဖစ္ပါတယ္။

မွန္လုံကားနဲ႔ စီးနင္းလာသူေတြဟာ ထက္မန္ ျပည္ပအလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီနဲ႔ MOUလုပ္သားအျဖစ္ ထိုင္းႏိုင္ငံကို သြားေရာက္လုပ္ကိုင္မယ့္ ျမန္မာ့ေ႐ႊ႕ေျပာင္းလုပ္သားေတြ ျဖစ္တယ္လို႔သိရပါတယ္။

ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရးအသင္းဥကၠဌ ဦးလွထြန္းကလည္း “ေဒါနေတာင္ေက်ာ္လမ္းမွာ အေကြ၊အေကာက္၊ အဆင္း ၊အတက္ ရွည္လွ်ားေသာေၾကာင့္ ယာဥ္အႏၲရာယ္မျဖစ္ေစေရးအတြက္ သတ္မွတ္မိုင္ႏႈန္းအတိုင္း ဆင္ျခင္ ၿပီးေမာင္းသင့္တယ္”လို႔ေျပာပါတယ္။

ယာဥ္မေတာ္တဆမႈျဖစ္တဲ့ေနရာမွာ လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ေမလကလည္း ႏွစ္သစ္ကူးသၾကၤန္ပြဲ ၿပီးလို႔ ထိုင္းကိုျပန္ထြက္မယ့္ ေ႐ႊ႕ေျပာင္းလုပ္သားေတြ စီးနင္းလာတဲ့ ျမဝတီ-ေတာင္ငူ ကေပၚထူး မွန္လုံယာဥ္ ေခ်ာက္ထဲသို႔က်ခဲ့ၿပီး ၂၂ဦးေသဆုံးခဲ့တာလည္း ျဖစ္ပြားခဲ့ပါတယ္။

#VOM #voiceofmyanmar #ျမဝတီ #ကားေမွာက္ #လူေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW