အနုပညာတက္ကသိုလ်(ရန်ကုန်)က ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို ကျောင်းသားတွေက ဆန္ဒပြ

ရန်ကုန် ဇန်နဝါရီ ၃-၂၀၂၀
သိဂီ ၤ(VOM)

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)က ကျောင်းအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ဟာ ကျောင်းသားထုအပေါ် အခွင့်အရေးချိုးဖောက်တယ်လို့ဆိုကာ ဒီကနေ့မနက်ပိုင်းက အဲ့ဒီကျောင်းမှာဖွဲ့စည်းထားတဲ့ ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ကျောင်းအတွင်း ကြွေးကြော်သံ ၃ ချက်နဲ့လှည့်လည်ဆန္ဒပြခဲ့ြှကပါတယ်။ .

ကျောင်းသားထု အခွင့်အရေးကာကွယ်ရေး ဒို့အရေး၊ ကျောင်းသားထုကိုဖိနှိပ်ထားသော ကျောင်းစည်းကမ်းချက်များ အလိုမရှိ အပါအဝင် အဆောင်နေထိုင်ခွင့်ရရှိရေး ဒို့အရေး ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ကျောင်းဝင်းအတွင်းလှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

နယ်ကနေကျောင်းလာအပ်တဲ့ကျောင်းသားအားလုံးကို အဆောင်နေထိုင်ခွင့်ပေးပေမယ့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အဖွဲ့ဝင်တစ်ဦးကိုတော့ အဆောင်နေထိုင်ခွင့်မပေးတဲ့အတွက် အခုလိုဆန္ဒပြတာဖြစ်ပြီး ရာဇသံပေးတာလည်းဖြစ်တယ်လို့ သိရပါတယ်။

” နယ်ကလာပြီး ကျောင်းအပ်တဲ့ ကျောင်းသားတွေကို အဆောင်နေထိုင်ခွင့်လက်မှတ်တွေ ထုတ်ပေးပါတယ်။ ကျွန်တော့်ကိုတော့ ဗကသအဖွဲ့ချုပ်အဖွဲ့ဝင်ဖြစ်လို့ အဆောင်မပေးဘူး ပြောပါတယ်။ ဒါဟာဖိနှိပ်တာပါပဲ။ ကျွန်တော့်ဘက်က အကြိမ်ကြိမ်ညှှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး ။ တခြားနယ်ကလာသူ အကုန်လုံးကို နေစရာအဆောင်ပေးပါတယ် ။ဒါကြောင့် ဒီနေ့မှာ ရာဇသံပေးကြွေးကြော်ခဲ့တာပါ။ ၅ ရက်အတွင်းကိုမှ မဖြေရှင်းပေးဘူးဆိုရင် ဒီထက်ပြင်းတဲ့ တိုက်ပွဲကြီးတွေ ဆက်လုပ်သွားမှာဖြစ်ပါတယ်။”လို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ပြည်လည်ဖွဲ့စည်းရေး) ဦးဆောင်သူ ကိုအောင်ပိုင်ဦးကပြောပါတယ်။

ဒါကြောင့် ဒီနေ့ကြွေးကြော်တဲ့ရက်ကနေ ၅ ရက်အတွင်းမှာ ကျောင်းအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အနေနဲ့ ကျောင်းသားထုအခွင့်အရေး ချိုးဖောက်‌နေတာကို ဖြေရှင်းပေးဖို့ကိုပါ တောင်းဆိုထားတာဖြစ်ပြီး တောင်းဆိုထားတဲ့ (၅)ရက်အတွင်း ကျောင်းသားထုအခွင့်အရေးချိုးဖောက်ခံရတာကို မဖြေရှင်းပေးပါက ကျောင်းဝန်းအတွင်း ပြင်းထန်သောပုံစံတွေနဲ့ ဆက်လက်လှုပ်ရှားသွားမယ်လို့သိရပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲ ကျောင်းဝင်းအတွင်း ဆက်လက်ဖြစ်ပေါ်လာမယ့် ကိစ္စအဝဝဟာ ကျောင်းအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ရဲ့ဖိနှိပ်မှုတွေကြောင့်သာဖြစ်တယ်လို့ ဆန္ဒပြကျောင်းသားတွေက ပြောပါတယ်။

Photo -ABSFU

#VOM #voiceofmyanmar #ရန်ကုန် #အနုပညာတက္ကသိုလ် #ကျောင်းသား #ဆန္ဒပြ

Zawgyi

အႏုပညာတကၠသိုလ္(ရန္ကုန္)က ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕ကို ေက်ာင္းသားေတြက ဆႏၵျပ

ရန္ကုန္ ဇန္နဝါရီ ၃-၂၀၂၀
သိဂီ ၤ(VOM)

အမ်ိဳးသားယဥ္ေက်းမွုႏွင့္ အႏုပညာတကၠသိုလ္(ရန္ကုန္)က ေက်ာင္းအုပ္ခ်ဳပ္ေရးအာဏာပိုင္အဖြဲ႕ဟာ ေက်ာင္းသားထုအေပၚ အခြင့္အေရးခ်ိဳးေဖာက္တယ္လုိ႔ဆိုကာ ဒီကေန႔မနက္ပိုင္းက အဲ့ဒီေက်ာင္းမွာဖြဲ႕စည္းထားတဲ့ ေက်ာင္းသားမ်ားသမဂၢ(ဗကသမ်ားအဖြဲ႕ခ်ဳပ္)က ေက်ာင္းအတြင္း ေႀကြးေႀကာ္သံ ၃ ခ်က္နဲ႕လွည့္လည္ဆႏၵျပခဲ႕ႀွကပါတယ္။ .

ေက်ာင္းသားထု အခြင့္အေရးကာကြယ္ေရး ဒို႔အေရး၊ ေက်ာင္းသားထုကိုဖိႏွိပ္ထားေသာ ေက်ာင္းစည္းကမ္းခ်က္မ်ား အလိုမရွိ အပါအဝင္ အေဆာင္ေနထိုင္ခြင့္ရရွိေရး ဒို႔အေရး ဆိုတဲ့ ေႂကြးေၾကာ္သံေတြနဲ႕ ေက်ာင္းဝင္းအတြင္းလွည့္လည္ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။

နယ္ကေနေက်ာင္းလာအပ္တဲ႕ေက်ာင္းသားအားလုံးကို အေဆာင္ေနထုိင္ခြင့္ေပးေပမယ့္ အမ်ိဳးသားယဥ္ေက်းမွုႏွင့္အႏုပညာတကၠသိုလ္(ရန္ကုန္)ေက်ာင္းသားမ်ားသမဂၢ(ဗကသမ်ားအဖြဲ႕ခ်ဳပ္)အဖြဲ႕ဝင္တစ္ဦးကိုေတာ့ အေဆာင္ေနထိုင္ခြင့္မေပးတဲ့အတြက္ အခုလိုဆႏၵျပတာျဖစ္ၿပီး ရာဇသံေပးတာလည္းျဖစ္တယ္လို႔ သိရပါတယ္။

” နယ္ကလာျပီး ေက်ာင္းအပ္တဲ့ ေက်ာင္းသားေတြကို အေဆာင္ေနထိုင္ခြင့္လက္မွတ္ေတြ ထုတ္ေပးပါတယ္။ က်ြန္ေတာ့္ကိုေတာ့ ဗကသအဖြဲ႕ခ်ဳပ္အဖြဲ႕ဝင္ျဖစ္လို႔ အေဆာင္မေပးဘူး ေျပာပါတယ္။ ဒါဟာဖိနိွပ္တာပါပဲ။ ကၽြန္ေတာ့္ဘက္က အႀကိမ္ႀကိမ္ညွိိႈင္းခဲ့ေပမယ့္ အဆင္မေျပခဲ႕ပါဘူး ။ တျခားနယ္ကလာသူ အကုန္လုံးကို ေနစရာအေဆာင္ေပးပါတယ္ ။ဒါေႀကာင့္ ဒီေန႔မွာ ရာဇသံေပးေၾကြးေၾကာ္ခဲ့တာပါ။ ၅ ရက္အတြင္းကိုမွ မေျဖရွင္းေပးဘူးဆိုရင္ ဒီထက္ျပင္းတဲ့ တိုက္ပြဲႀကီးေတြ ဆက္လုပ္သြားမွာျဖစ္ပါတယ္။”လို႔ အမ်ိဳးသားယဥ္ေက်းမွုႏွင့္ အႏုပညာတကၠသိုလ္(ရန္ကုန္) ေက်ာင္းသားမ်ားသမဂၢ(ဗကသမ်ားအဖြဲ႕ခ်ဳပ္ အမႈေဆာင္အဖြဲ႕ျပည္လည္ဖြဲ႕စည္းေရး) ဦးေဆာင္သူ ကိုေအာင္ပိုင္ဦးကေျပာပါတယ္။

ဒါေႀကာင့္ ဒီေန႔ေၾကြးေႀကာ္တဲ့ရက္ကေန ၅ ရက္အတြင္းမွာ ေက်ာင္းအုပ္ခ်ဳပ္ေရးအာဏာပိုင္အဖြဲ႕အေနနဲ႕ ေက်ာင္းသားထုအခြင့္အေရး ခ်ိဳးေဖာက္‌ေနတာကို ေျဖရွင္းေပးဖို႔ကိုပါ ေတာင္းဆိုထားတာျဖစ္ၿပီး ေတာင္းဆုိထားတဲ့ (၅)ရက္အတြင္း ေက်ာင္းသားထုအခြင့္အေရးခ်ိဳးေဖာက္ခံရတာကို မေျဖရွင္းေပးပါက ေက်ာင္းဝန္းအတြင္း ျပင္းထန္ေသာပုံစံေတြနဲ႕ ဆက္လက္လွုပ္ရွားသြားမယ္လို႔သိရပါတယ္။

ဒါ့အျပင္ ေနာက္ဆက္တြဲ ေက်ာင္းဝင္းအတြင္း ဆက္လက္ျဖစ္ေပၚလာမယ့္ ကိစၥအဝဝဟာ ေက်ာင္းအုပ္ခ်ဳပ္ေရးအာဏာပိုင္အဖြဲ႕ရဲ႕ဖိႏွိပ္မွုေတြေၾကာင့္သာျဖစ္တယ္လို႔ ဆႏၵျပေက်ာင္းသားေတြက ေျပာပါတယ္။

Photo -ABSFU

#VOM #voiceofmyanmar #ရန္ကုန္ #အနုပညာတကၠသိုလ္ #ေက်ာင္းသား #ဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW