ဇီးကုန်းမြို့နယ် NLDပါတီဥက္ကဠကို အလုပ်အမှုဆောင်ဟောင်းက ငွေကျပ်သိန်း(၅၀)ရလိုကြောင်း တရားရုံးလျောက်ထားမှုကို တရားရုံးကလက်ခံ

ဇီးကုန်း ဇန်နဝါရီ ၃-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်မှာ မနေ့ ဇန်နဝါရီ ၂ရက်နေ့က ဇီးကုန်းမြို့နယ် NLDပါတီဥက္ကဌကို NLDပါတီ မြို့နယ်အလုပ်အမှုဆောင်ဟောင်းကနေ ငွေကျပ်သိန်း(၅၀)ရလိုကြောင်း တရားရုံးလျောက်ထားမှုကို တရားရုံးကလက်ခံခဲ့တယ်လို့ ဇီးကုန်းမြို့နယ်တရားရုံးကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉၊ စက်တင်ဘာ(၁၈)ရက်နေ့က မြို့နယ်NLDပါတီ ဥက္ကဋ္ဌ ဦးလှိုင်ဝင်းကနေ NLDပါတီမြို့နယ်အလုပ်အမှုဆောင်ဟောင်း ဦးသန်းအောင်ကို နိုင်လွတ်လုံပုဒ်မ-၁၀(နိုင်ငံသားတို့ ၏ လွတ်လပ်မှုနှင့်လုံခြုံမှုဆိုင်ရာ)နဲ့ တရားစွဲဆိုခဲ့ရာ ဇီးကုန်းမြို့မရဲစခန်းအချုပ်မှာ ရက်ပေါင်း (၈၆)ရက်အချုပ်ပ်ခံခဲ့ရတဲ့အတွက် လူမှုရေး၊ နိုင်ငံသားအခွင့်အရေးအရနစ်နာတယ်လို့ဆိုကာ ခုလိုလျှောက်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ဇီးကုန်း #NLDပါတီ #တရားရုံးလက်ခံ

Zawgyi


မိုးယံ(VOM)




Related posts

Leave a Comment

VOM News

FREE
VIEW