ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပြည်သူ့အသံမပါသေးကြောင်း ကချင်ဒေသခံကနိုင်ငံတော်အတိုင်ပင်ခံဆီတင်ပြ

ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပြည်သူ့အသံမပါသေးကြောင်း ကချင်ဒေသခံကနိုင်ငံတော်အတိုင်ပင်ခံဆီတင်ပြ

မြစ်ကြီးနား ဇန်နဝါရီ ၁၀-၂၀၂၀
ရန်အောင်ထွန်း (VOM)

တကယ်ခံစားနေရတဲ့ ပြည်သူ့အသံတွေ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ပါဝင်လာအောင် ဆောင်ရွက် မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၉ ရက် မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ် ။ ကချင်ပြည်နယ်အတွက် မိုးညှင်းမြို့နယ် ဒေသခံတစ်ဦးက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တကယ့်ပြည်သူ တွေရဲ့အသံ မပါဝင်သေးဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံဆီ တင်ပြခဲ့ပါတယ်။ သူက အသက် ၅၀ အရွယ်ရောက်တဲ့အထိ ငြိမ်းချမ်းရေးရဲ့အရသာကို မခံစားခဲ့ရကြောင်းနဲ့ လက်နက်ကိုင်အဖွဲ့တွေ အခုဆွေးနွေးနေသမျှ သူတို့အကျိုးစီးပွားအတွက်ပဲ လမ်းဆုံးနေတာကြောင့် တကယ့်လူထုအသံကို ရောက်အောင် ဆောင်ရွက်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံဆီ တောင်းဆိုခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ တကယ်ခံစားနေရတဲ့ ပြည်သူတွေရဲ့ အသံပါဝင်အောင် အကောင်အထည်ဖော်ဆောင်ရွက်မယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက မြစ်ကြီးနားမြို့ကို ရောက်ရှိလာခဲ့ပြီး မြို့တော်ခန်းမမှာ ကချင်ပြည်နယ်ဒေသခံတွေကို တွေ့ဆုံခဲ့သလို ကချင်နှစ်ခြင်းခရစ္စယာန်အသင်းတော်(KBC)တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဇန်နဝါရီ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ၇၂ နှစ်မြောက် ကချင်ပြည်နယ်နေ့ကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြစ်ကြီးနား # နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်

Zawgyi

ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈတြင္ ျပည္သူ႔အသံမပါေသးေၾကာင္း ကခ်င္ေဒသခံကႏိုင္ငံေတာ္အတိုင္ပင္ခံဆီတင္ျပ

ျမစ္ႀကီးနား ဇန္နဝါရီ ၁၀-၂၀၂၀
ရန္ေအာင္ထြန္း (VOM)

တကယ္ခံစားေနရတဲ့ ျပည္သူ႔အသံေတြ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြမွာ ပါဝင္လာေအာင္ ေဆာင္႐ြက္ မယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ဇန္နဝါရီ ၉ ရက္ ျမစ္ႀကီးနားၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမမွာ က်င္းပတဲ့ လူထုေတြ႕ဆုံပြဲမွာ ေျပာခဲ့ပါတယ္ ။ ကခ်င္ျပည္နယ္အတြက္ မိုးညႇင္းၿမိဳ႕နယ္ ေဒသခံတစ္ဦးက ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြမွာ တကယ့္ျပည္သူ ေတြရဲ႕အသံ မပါဝင္ေသးဘူးလို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံဆီ တင္ျပခဲ့ပါတယ္။ သူက အသက္ ၅၀ အ႐ြယ္ေရာက္တဲ့အထိ ၿငိမ္းခ်မ္းေရးရဲ႕အရသာကို မခံစားခဲ့ရေၾကာင္းနဲ႔ လက္နက္ကိုင္အဖြဲ႕ေတြ အခုေဆြးေႏြးေနသမွ် သူတို႔အက်ိဳးစီးပြားအတြက္ပဲ လမ္းဆုံးေနတာေၾကာင့္ တကယ့္လူထုအသံကို ေရာက္ေအာင္ ေဆာင္႐ြက္ေပးဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံဆီ ေတာင္းဆိုခဲ့တာပါ။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကလည္း ေရွ႕ဆက္ၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြမွာ တကယ္ခံစားေနရတဲ့ ျပည္သူေတြရဲ႕ အသံပါဝင္ေအာင္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္မယ္လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဇန္နဝါရီ ၉ ရက္နံနက္ပိုင္းက ျမစ္ႀကီးနားၿမိဳ႕ကို ေရာက္ရွိလာခဲ့ၿပီး ၿမိဳ႕ေတာ္ခန္းမမွာ ကခ်င္ျပည္နယ္ေဒသခံေတြကို ေတြ႕ဆုံခဲ့သလို ကခ်င္ႏွစ္ျခင္းခရစၥယာန္အသင္းေတာ္(KBC)တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ဇန္နဝါရီ ၁၀ ရက္ေန႔မွာ က်ေရာက္တဲ့ ၇၂ ႏွစ္ေျမာက္ ကခ်င္ျပည္နယ္ေန႔ကိုလည္း တက္ေရာက္မွာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ျမစ္ႀကီးနား # ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္

Related posts

Leave a Comment

VOM News

FREE
VIEW