မတ်လကုန်အထိစာသင်ချိန်တိုးမြှင့်လိုက်တဲ့ညွှန်ကြားချက်ကို အမြန်ဆုံးပယ်ဖျက်ပေးဖို့ ဖဲကြိုးစိမ်းလှုပ်ရှားမှုပြုလုပ်

မန္တလေး၊ ဇန်နဝါရီ ၁၀-၂၀၂၀
ဖြူဖြူ(VOM)

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ခဲ့တဲ့
အခြေခံပညာ အတန်းအသီးသီးရဲ့ ပညာသင်ကာလကို မတ်လအထိတိုးမြှင့်လိုက်တဲ့အပေါ် ပညာရေးဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံးပယ်ဖျက်ပေးဖို့ မန္တလေးပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ(ဗကသ)များအဖွဲ့ချုပ်ကနေ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

အခြေခံပညာအတန်းအသီးသီးရဲ့ ကျောင်းတွင်းစစ်စာမေးပွဲတွေကို တက္ကသိုလ်ဝင်တန်းပြီးဆုံးတဲ့ အချိန်မှာ စစ်ဆေးရမယ်ဆိုပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက စာသင်ချိန်တိုးမြှင့်လိုက်တာဟာ မြေပြင်က ဆရာ၊ ဆရာမတွေရဲ့ သဘောထားဆန္ဒမပါဘဲ လုပ်ဆောင်တာဖြစ်တယ်လို့ လှုပ်ရှားမှုလုပ်ခဲ့တဲ့ကျောင်းသားတွေက ဆိုပါတယ်။

“ဒီပြသနာတွေကို ဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးစေချင်တယ်။ အခု ၆ ရက်အထိလျှော့ချလိုက်ပြီလို့တော့ကြားတယ်။ ဒါကလည်း သိပ်အဆင်မပြေသေးဘူး။ တိတိကျကျထုတ်ပြန်ထားတာလည်း မရှိသေးဘူး။ ဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံးဆောင်ရွက်ပေးစေချင်တယ်။ ဒါမှမလုပ်ပေးရင် လှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ရှိပါတယ်။”လို့
မန္တလေးပညာရေးကောလိပ် သမဂ္ဂ ဥက္ကဌ ကိုအောင်မျိုးကိုက ပြောပါတယ်။

အရင်က ဖေဖော်ဝါရီလအထိသာ ပညာသင်ကာလရှိခဲ့ရာက အခုနှစ်ကစပြီး မတ်လကုန်အထိ တိုးမြှင့်လိုက်တာဟာ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ပြင်ပဗဟုသုတလေ့လာချိန် နည်းသွားသလို ကလေးတွေရဲ့ ဦးနှောက်ကို လုံလောက်စွာ အနားပေးချိန်လည်း လျော့နည်းသွားစေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အခြေခံပညာကျောင်းက ဆရာ၊ဆရာမတွေအနေနဲ့ကလည်း မတ်လအတွင်းမှာ အခြားအတန်းအသီးသီးရဲ့ သင်ကြားရေးတာဝန်ထမ်းဆောင်ရတာ၊ စာမေးပွဲခန်းပြင်ဆင်တာ၊ ကြီးကြပ်တာ၊ အဖြေလွှာစစ်ဆေးတာ၊ အောင်စာရင်းပြုစုရတာတွေ ဆောင်ရွက်ရမှာဖြစ်တာကြောင့် ဆရာ၊ ဆရာမတွေအတွက် အလုပ်တာဝန်များပြီး ဆရာအင်အားမလုံလောက်တာတွေ ပိုဖြစ်စေတယ်လို့ သိရပါတယ်။

“ မတ်လကုန်အထိ ကျောင်းတက်ရမယ်ဆိုတဲ့ကိစ္စ၊ စာမေးပွဲတွေကိုလည်း မတ်လကုန်ပြီးမှ ဖြေရမယ်ဆိုတဲ့ ကိစ္စတွေက အဆင်မပြေဘူး။ အခြေခံကဆရာ၊ ဆရာမတွေကလည်း ရင်ဖွင့်လာတယ်။ ဒါကြောင့်သူတို့နဲ့အတူ ထောက်ခံတယ်ဆိုတဲ့အကြောင်း အခုလိုလုပ်တာပါ။”လို့
လှုပ်ရှားမှုမှာပါဝင်တဲ့ မသီရိရတနာက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေကလည်း ရန်ကုန်၊ မကွေး၊ စစ်ကိုင်းမြို့တွေက ပညာရေးကောလိပ်တွေမှာလည်း ဖဲကြိုးစိမ်းလှုပ်ရှားမှုတွေပြုလုပ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံးဖြေရှင်းမပေးပါက အခုလို လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဒီနေ့လှုပ်ရှားမှုမှာ အတန်းငယ်များအား မတ်လနောက်ဆုံးပတ်မှာ စာမေးပွဲစစ်ဆေးခြင်းကို ပြင်းပြင်းထန်ထန်ကန့်ကွက်ပါသည်ဆိုတဲ့ စာသားပါ စတစ်ကာတွေကို ပညာရေးကောလိပ်မှာတက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေထံ ဖြန့်ဝေခဲ့ပါတယ်။

#VOM #voiceofmyanmar #မန္တလေး #ပညာရေးကောလိပ်#ဖဲကြိုးစိမ်း

Zawgyi

မတ္လကုန္အထိစာသင္ခ်ိန္တိုးျမႇင့္လိုက္တဲ့ၫႊန္ၾကားခ်က္ကို အျမန္ဆုံးပယ္ဖ်က္ေပးဖို႔ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈျပဳလုပ္

မႏၲေလး၊ ဇန္နဝါရီ ၁၀-၂၀၂၀
ျဖဴျဖဴ(VOM)

ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ထုတ္ျပန္ခဲ့တဲ့
အေျခခံပညာ အတန္းအသီးသီးရဲ႕ ပညာသင္ကာလကို မတ္လအထိတိုးျမႇင့္လိုက္တဲ့အေပၚ ပညာေရးဝန္ႀကီးဌာနအေနနဲ႔ အျမန္ဆုံးပယ္ဖ်က္ေပးဖို႔ မႏၲေလးပညာေရးေကာလိပ္ ေက်ာင္းသားမ်ားသမဂၢ(ဗကသ)မ်ားအဖြဲ႕ခ်ဳပ္ကေန ဇန္နဝါရီ ၁၀ ရက္ မနက္ပိုင္းက ဖဲႀကိဳးစိမ္းလႈပ္ရွားမႈ ျပဳလုပ္ခဲ့ပါတယ္။

အေျခခံပညာအတန္းအသီးသီးရဲ႕ ေက်ာင္းတြင္းစစ္စာေမးပြဲေတြကို တကၠသိုလ္ဝင္တန္းၿပီးဆုံးတဲ့ အခ်ိန္မွာ စစ္ေဆးရမယ္ဆိုၿပီး ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက စာသင္ခ်ိန္တိုးျမႇင့္လိုက္တာဟာ ေျမျပင္က ဆရာ၊ ဆရာမေတြရဲ႕ သေဘာထားဆႏၵမပါဘဲ လုပ္ေဆာင္တာျဖစ္တယ္လို႔ လႈပ္ရွားမႈလုပ္ခဲ့တဲ့ေက်ာင္းသားေတြက ဆိုပါတယ္။

“ဒီျပသနာေတြကို ဝန္ႀကီးဌာနအေနနဲ႔ အျမန္ဆုံးေျဖရွင္းေပးေစခ်င္တယ္။ အခု ၆ ရက္အထိေလွ်ာ့ခ်လိုက္ၿပီလို႔ေတာ့ၾကားတယ္။ ဒါကလည္း သိပ္အဆင္မေျပေသးဘူး။ တိတိက်က်ထုတ္ျပန္ထားတာလည္း မရွိေသးဘူး။ ဝန္ႀကီးဌာနအေနနဲ႔ အျမန္ဆုံးေဆာင္႐ြက္ေပးေစခ်င္တယ္။ ဒါမွမလုပ္ေပးရင္ လႈပ္ရွားမႈေတြ ဆက္လုပ္ဖို႔ရွိပါတယ္။”လို႔
မႏၲေလးပညာေရးေကာလိပ္ သမဂၢ ဥကၠဌ ကိုေအာင္မ်ိဳးကိုက ေျပာပါတယ္။

အရင္က ေဖေဖာ္ဝါရီလအထိသာ ပညာသင္ကာလရွိခဲ့ရာက အခုႏွစ္ကစၿပီး မတ္လကုန္အထိ တိုးျမႇင့္လိုက္တာဟာ ေက်ာင္းသား၊ ေက်ာင္းသူေတြအေနနဲ႔ ျပင္ပဗဟုသုတေလ့လာခ်ိန္ နည္းသြားသလို ကေလးေတြရဲ႕ ဦးေႏွာက္ကို လုံေလာက္စြာ အနားေပးခ်ိန္လည္း ေလ်ာ့နည္းသြားေစတယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ အေျခခံပညာေက်ာင္းက ဆရာ၊ဆရာမေတြအေနနဲ႔ကလည္း မတ္လအတြင္းမွာ အျခားအတန္းအသီးသီးရဲ႕ သင္ၾကားေရးတာဝန္ထမ္းေဆာင္ရတာ၊ စာေမးပြဲခန္းျပင္ဆင္တာ၊ ႀကီးၾကပ္တာ၊ အေျဖလႊာစစ္ေဆးတာ၊ ေအာင္စာရင္းျပဳစုရတာေတြ ေဆာင္႐ြက္ရမွာျဖစ္တာေၾကာင့္ ဆရာ၊ ဆရာမေတြအတြက္ အလုပ္တာဝန္မ်ားၿပီး ဆရာအင္အားမလုံေလာက္တာေတြ ပိုျဖစ္ေစတယ္လို႔ သိရပါတယ္။

“ မတ္လကုန္အထိ ေက်ာင္းတက္ရမယ္ဆိုတဲ့ကိစၥ၊ စာေမးပြဲေတြကိုလည္း မတ္လကုန္ၿပီးမွ ေျဖရမယ္ဆိုတဲ့ ကိစၥေတြက အဆင္မေျပဘူး။ အေျခခံကဆရာ၊ ဆရာမေတြကလည္း ရင္ဖြင့္လာတယ္။ ဒါေၾကာင့္သူတို႔နဲ႔အတူ ေထာက္ခံတယ္ဆိုတဲ့အေၾကာင္း အခုလိုလုပ္တာပါ။”လို႔
လႈပ္ရွားမႈမွာပါဝင္တဲ့ မသီရိရတနာက ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ေတြကလည္း ရန္ကုန္၊ မေကြး၊ စစ္ကိုင္းၿမိဳ႕ေတြက ပညာေရးေကာလိပ္ေတြမွာလည္း ဖဲႀကိဳးစိမ္းလႈပ္ရွားမႈေတြျပဳလုပ္ခဲ့ၿပီး ပညာေရးဝန္ႀကီးဌာနအေနနဲ႔ အျမန္ဆုံးေျဖရွင္းမေပးပါက အခုလို လႈပ္ရွားမႈေတြ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

ဒီေန႔လႈပ္ရွားမႈမွာ အတန္းငယ္မ်ားအား မတ္လေနာက္ဆုံးပတ္မွာ စာေမးပြဲစစ္ေဆးျခင္းကို ျပင္းျပင္းထန္ထန္ကန႔္ကြက္ပါသည္ဆိုတဲ့ စာသားပါ စတစ္ကာေတြကို ပညာေရးေကာလိပ္မွာတက္ေရာက္ေနတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြထံ ျဖန႔္ေဝခဲ့ပါတယ္။

#VOM #voiceofmyanmar #မႏၱေလး #ပညာေရးေကာလိပ္#ဖဲႀကိဳးစိမ္း

Related posts

Leave a Comment

VOM News

FREE
VIEW