စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ပထမအကြိမ် ကချင်ပြည်နယ်နေ့ မနောပွဲတော် ကျင်းပ

စစ်ကိုင်း ဇန်နဝါရီ ၁၁-၂၀၂၀
မောင်တာရာ (VOM)

(၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အနေနဲ့ ဒီက‌နေ့မနက်ပိုင်းက စစ်ကိုင်းပညာရေးတက္ကသိုလ် ဘောလုံးကွင်းအတွင်းမှာ ပထမအကြိမ် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကို ကျင်းပခဲ့ပါတယ်။

အဲ့ဒီ မနောပွဲတော်ကို စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ ကချင်တိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှု ကော်မတီက‌နေကြီးမှူးပြီး ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

”စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ငါးနှစ်တာ ပညာလာရောက်သင်ယူကြတဲ့ အခါမှာ ကချင်လူမျိုးစုတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေဆိုတာ ဘယ်လိုမျိုးလဲ၊ မနောအကတွေရော ဘယ်လိုမျိုး ကကြတာလဲ၊ ကချင်ရိုးရာက ဘာတွေ ပါဝင်တာလဲဆိုတာကို ဒီမှာရှိတဲ့ ဆရာ၊ဆရာမများနဲ့ ကျောင်းသူ၊ကျောင်းသားများကို ပြသချင်လို့ ဒီနေ့လိုမျိုး ကချင်ပြည်နေ့ အထိမ်းအမှတ် ပြုလုပ်ရခြင်းဖြစ်ပါတယ်။”လို့ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ကချင်တိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ မောင်ဖေလမ်လွမ်းဒေါင်ကပြောပါတယ်။

အခမ်းအနားမှာ ကချင်တိုင်းရင်းသား အဆိုတော် ဂျက်ဆန်ထွန်းက တေးသီချင်းတွေနဲ့ ဧည့်ခံဖျော်ဖြေတဲ့အပြင် ကချင်တိုင်းရင်းသူ၊တိုင်းရင်းသားတွေကလည်း ကချင်ရိုးရာအကအလှတွေနဲ့ ကပြဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #စစ်ကိုင်း #ပထမအကြိမ် #မနောပွဲ

Zawgyi

စစ္ကိုင္းပညာေရးတကၠသိုလ္မွာ ပထမအႀကိမ္ ကခ်င္ျပည္နယ္ေန႔ မေနာပြဲေတာ္ က်င္းပ

စစ္ကိုင္း ဇန္နဝါရီ ၁၁-၂၀၂၀
ေမာင္တာရာ (VOM)

(၇၂)ႏွစ္ေျမာက္ ကခ်င္ျပည္နယ္ေန႔ အထိမ္းအမွတ္အေနနဲ႔ ဒီက‌ေန႔မနက္ပိုင္းက စစ္ကိုင္းပညာေရးတကၠသိုလ္ ေဘာလုံးကြင္းအတြင္းမွာ ပထမအႀကိမ္ ကခ်င္ျပည္နယ္ေန႔ မေနာပြဲေတာ္ကို က်င္းပခဲ့ပါတယ္။

အဲ့ဒီ မေနာပြဲေတာ္ကို စစ္ကိုင္းပညာေရးတကၠသိုလ္ရွိ ကခ်င္တိုင္းရင္းသားမ်ား စာေပႏွင့္ ယဥ္ေက်းမႈ ေကာ္မတီက‌ေနႀကီးမႉးၿပီး က်င္းပတာျဖစ္တယ္လို႔ သိရပါတယ္။

”စစ္ကိုင္းပညာေရးတကၠသိုလ္မွာ ငါးႏွစ္တာ ပညာလာေရာက္သင္ယူၾကတဲ့ အခါမွာ ကခ်င္လူမ်ိဳးစုေတြရဲ႕ ႐ိုးရာယဥ္ေက်းမႈေတြဆိုတာ ဘယ္လိုမ်ိဳးလဲ၊ မေနာအကေတြေရာ ဘယ္လိုမ်ိဳး ကၾကတာလဲ၊ ကခ်င္႐ိုးရာက ဘာေတြ ပါဝင္တာလဲဆိုတာကို ဒီမွာရွိတဲ့ ဆရာ၊ဆရာမမ်ားနဲ႔ ေက်ာင္းသူ၊ေက်ာင္းသားမ်ားကို ျပသခ်င္လို႔ ဒီေန႔လိုမ်ိဳး ကခ်င္ျပည္ေန႔ အထိမ္းအမွတ္ ျပဳလုပ္ရျခင္းျဖစ္ပါတယ္။”လို႔ စစ္ကိုင္းပညာေရးတကၠသိုလ္၊ ကခ်င္တိုင္းရင္းသားမ်ား စာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီဥကၠဌ ေမာင္ေဖလမ္လြမ္းေဒါင္ကေျပာပါတယ္။

အခမ္းအနားမွာ ကခ်င္တိုင္းရင္းသား အဆိုေတာ္ ဂ်က္ဆန္ထြန္းက ေတးသီခ်င္းေတြနဲ႔ ဧည့္ခံေဖ်ာ္ေျဖတဲ့အျပင္ ကခ်င္တိုင္းရင္းသူ၊တိုင္းရင္းသားေတြကလည္း ကခ်င္႐ိုးရာအကအလွေတြနဲ႔ ကျပေဖ်ာ္ေျဖခဲ့တာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #စစ္ကိုင္း #ပထမအႀကိမ္ #မေနာပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW