အသက်(၂၀) အရွယ်လူငယ်တစ်ဦးကို အမည်မသိလူငါးဦးက ဖမ်းဆီးသွားမှု မြေပုံမြို့မှာဖြစ်ပွားခဲ့

မြေပုံ၊ ဇန်နဝါရီ ၁၁- ၂၀၁၉
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်၊ မြေပုံမြို့ပေါ်ရှိ မြို့မဓမ္မာရုံအနီးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်၊ ညနေ ၇ နာရီအချိန်က အသက်နှစ်ဆယ်အရွယ် မြို့ခံလူငယ်တစ်ဦးကို အမည်မသိလူ ငါးယောက်က ခြိမ်းခြောက်မှုတွေပြုလုပ်ပြီး ကားတစ်စီးနဲ့ အတင်းအဓမ္မခေါ်ဆာင်သွားကာ ည ၈ နာရီလောက်မှာ ပြန်လည် ထွက်ပြေးလွှတ်မြောက်လာတယ်လို့ သိရပါတယ်။

အဲ့ဒီဖမ်းဆီးခေါ်ဆောင်ခံရသူဟာ မောင်ချစ်နိုင်စိုးဆိုတဲ့ အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး မြေပုံမြို့ပေါ် ကံသာထွက်ရပ်ကွက်မှာ နေထိုင်သူဖြစ်ကာ တရုတ်တန်းရပ်ကွက်က ဦးမောင်တင်ရွှေဆိုင်မှာ အလုပ်လုပ်နေသူဖြစ်တယ်လို့ သိရပါတယ်။

” ချစ်နိုင်စိုးဆိုတဲ့ ကောင်လေး၊ သူ့ကိုလမ်းလျေှက်ထွက်တာမှာ ညနေ ၇ နာရီလောက်မှာ ဖမ်းသွားတယ်။ သူလမ်းတစ်ဝက်လောက်က ပြန်ပြေးလာတယ်။ လူငါးယောက်ပါတဲ့ ကားတစ်စီးနဲ့လာဖမ်းတယ်။ ကားထဲမှာလည်း တစ်ယောက်ဖမ်းလို့တွေ့တယ်လို့ပြောတယ်။” လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကပြောပါတယ်။

မြေပုံမြို့မ ဓမ္မာရုံအနီးမှာ လမ်းလျှောက်ထွက်လာစဉ် ကားတစ်စီးရှေ့က ဖြတ်ရပ်ပြီး ကားပေါ်မှလူနှစ်ဦးဆင်လာကာ နောက်တစ်ယောက်က သူ့ကိုအတင်းချုပ်ပြီး ကားပေါ်ကို အတင်းအဓမ္မတင်ခေါ်သွားတယ်လို့ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ မောင်ချစ်နိုင်စိုးရဲ့ ပြောပြချက်အရ သိရပါတယ်။

” ည ၇ နာရီလောက်က လမ်းလျှောက်ထွက်လာတယ်။ မထင်မှတ်ဘဲ ကားတစ်စီးရှေ့မှာလာရပ်တယ်။ ကားပေါ်က လူနှစ်ယောက်ဆင်းလာတယ်။ နောက်ကလည်းတစ်ယောက် ဘယ်လိုလာပြီး လက်ကိုချုပ်ထားတယ်ဆိုတာမသိဘူး။ နောက်ကလူကို လှည့်ကြည့်တာနဲ့ ရှေ့ကနှစ်ယောက်ကလည်း လာပြီးချုပ်ထားတယ်။ ပြီးတော့အတင်းအဓမ္မ ကားပေါ်ကိုတင်တယ်။ ပါးစပ်ကိုပိတ်ပြီးယူတယ်။ ရုန်းလို့လည်းမရဘူး။ အော်လို့လည်းမရဘူး။ ကုလားရွာတစ်ရွာနားအရောက်မှာ ကျွန်တော့ပဆိုးကို အတင်းချွတ်ပြီး ဆုတ်ပစ်တယ်။ လည်ပင်းကိုချဉ်ထားတယ်။ တောင်ဖလာနားအရောက်မှာ ကားကိုရပ်ပြီး အပေါ့သွားဖို့ ကားပေါ်ကဆင်းသွားကြတယ်။ ကျန်တဲ့တစ်ယောက်ကို အတင်းတွန်းပြီးကားပေါ်က ဆင်းပြေးလာတယ်။ ကျွန်တော်ထွက်ပြေးလာတော့ ၈ နာရီကျော်လောက်ရှိပြီ။ ကားပေါ်မှာလည်း လက်ထိပ်ခတ်ပြီး တစ်ယောက်ပါလာတယ်။ သူလည်းမရုန်းနိုင်တော့ဘူး။ တအားနှိပ်စက်ထားတယ်။ ” လို့ ဖမ်းဆီးခေါ်ဆောင်ခံရသူ မောင်ချစ်နိုင်စိုးက ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရချိန်မှာ ခြိမ်းခြောက်မှုတွေလည်းရှိတယ်လို့ သူကပြောပါတယ်။

” ကျနော့်ကို ကြိုးနဲ့တုတ်တော့ ဒီကောင်လေး လမ်းလျှောက်တာ အေအေသွားပုံနဲ့တူတယ်။ ကျနော်အေအေ မဟုတ်ပါ အလုပ်သမားပါလို့ပြောတယ်။ စောက်စကားမများနဲ့ စောက်ခွက်ကို ဖြတ်ရိုက်လိုက်မယ်လို့ပြောတယ်။ ဒီကောင်လေး အေအေအစစ်ဆိုရင် အပြတ်သာရှင်းလိုက်တော့လို့ ပြောကြတယ်။ ကျနော့်ဆံပင်တွေကိုလည်းဆွဲတယ်။ ကားပေါ်မှာလည်း စစ်သားတွေဆိုပြီးကြောက်လို့ ရုန်းတယ်။ လုံးဝ ရုန်းလို့မရဘူး။ ” လို့ မောင်ချစ်နိုင်စိုးကပြောပါတယ်။

မောင်ချစ်နိုင်စိုးကိုဖမ်းဆီးသွားသူတွေဟာ ဗမစကားပြောကြပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မောင်ချစ်နိုင်စိုးက မြေပုံမြို့မရဲစခန်းကို တိုင်ကြားထားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မြေပုံ #လူတစ်ဦး #အမည်မသိလူတစ်စု #ဖမ်းဆီးမှုဖြစ်ပွား

Zawgyi

အသက္(၂၀) အရြယ္လူငယ္တစ္ဦးကို အမည္မသိလူငါးဦးက ဖမ္းဆီးသြားမႈ ေျမပံုၿမိဳ႕မွာျဖစ္ပြားခဲ့

ေျမပံု၊ ဇန္နဝါရီ ၁၁- ၂၀၁၉
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္၊ ေျမပံုၿမိဳ႕ေပၚရွိ ၿမိဳ႕မဓမၼာရံုအနီးမွာ ၿပီးခဲ႔တဲ႔ ဇန္နဝါရီလ ၉ ရက္၊ ညေန ၇ နာရီအခ်ိန္က အသက္ႏွစ္ဆယ္အရြယ္ ၿမိဳ႕ခံလူငယ္တစ္ဦးကို အမည္မသိလူ ငါးေယာက္က ၿခိမ္းေျခာက္မႈေတြျပဳလုပ္ၿပီး ကားတစ္စီးနဲ႔ အတင္းအဓမၼေခၚဆာင္သြားကာ ည ၈ နာရီေလာက္မွာ ျပန္လည္ ထြက္ေျပးလႊတ္ေျမာက္လာတယ္လို႔ သိရပါတယ္။

အဲ့ဒီဖမ္းဆီးေခၚေဆာင္ခံရသူဟာ ေမာင္ခ်စ္ႏိုင္စိုးဆိုတဲ့ အသက္ႏွစ္ဆယ္အရြယ္ လူငယ္တစ္ဦးျဖစ္ၿပီး ေျမပံုၿမိဳ႕ေပၚ ကံသာထြက္ရပ္ကြက္မွာ ေနထုိင္သူျဖစ္ကာ တ႐ုတ္တန္းရပ္ကြက္က ဦးေမာင္တင္ေရႊဆိုင္မွာ အလုပ္လုပ္ေနသူျဖစ္တယ္လို႔ သိရပါတယ္။

” ခ်စ္ႏိုင္စိုးဆိုတဲ့ ေကာင္ေလး၊ သူ႔ကိုလမ္းေလ်ွက္ထြက္တာမွာ ညေန ၇ နာရီေလာက္မွာ ဖမ္းသြားတယ္။ သူလမ္းတစ္ဝက္ေလာက္က ျပန္ေျပးလာတယ္။ လူငါးေယာက္ပါတဲ့ ကားတစ္စီးနဲ႔လာဖမ္းတယ္။ ကားထဲမွာလည္း တစ္ေယာက္ဖမ္းလို႔ေတြ႔တယ္လို႔ေျပာတယ္။” လို႔ ေျမပံုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းကေျပာပါတယ္။

ေျမပံုၿမိဳ႕မ ဓမၼာရံုအနီးမွာ လမ္းေလ်ွာက္ထြက္လာစဥ္ ကားတစ္စီးေ႐ွ႕က ျဖတ္ရပ္ၿပီး ကားေပၚမွလူႏွစ္ဦးဆင္လာကာ ေနာက္တစ္ေယာက္က သူ႔ကိုအတင္းခ်ဳပ္ၿပီး ကားေပၚကို အတင္းအဓမၼတင္ေခၚသြားတယ္လို႔ ဖမ္းဆီးေခၚေဆာင္ခံရတဲ့ ေမာင္ခ်စ္နိုင္စိုးရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

” ည ၇ နာရီေလာက္က လမ္းေလ်ွာက္ထြက္လာတယ္။ မထင္မွတ္ဘဲ ကားတစ္စီးေ႐ွ႕မွာလာရပ္တယ္။ ကားေပၚက လူႏွစ္ေယာက္ဆင္းလာတယ္။ ေနာက္ကလည္းတစ္ေယာက္ ဘယ္လိုလာၿပီး လက္ကိုခ်ဳပ္ထားတယ္ဆိုတာမသိဘူး။ ေနာက္ကလူကို လွည့္ၾကည့္တာနဲ႔ ေ႐ွ႕ကႏွစ္ေယာက္ကလည္း လာၿပီးခ်ဳပ္ထားတယ္။ ၿပီးေတာ့အတင္းအဓမၼ ကားေပၚကိုတင္တယ္။ ပါးစပ္ကိုပိတ္ၿပီးယူတယ္။ ႐ုန္းလို႔လည္းမရဘူး။ ေအာ္လို႔လည္းမရဘူး။ ကုလားရြာတစ္ရြာနားအေရာက္မွာ ကၽြန္ေတာ့ပဆိုးကို အတင္းခြၽတ္ၿပီး ဆုတ္ပစ္တယ္။ လည္ပင္းကိုခ်ဥ္ထားတယ္။ ေတာင္ဖလာနားအေရာက္မွာ ကားကိုရပ္ၿပီး အေပါ့သြားဖို႔ ကားေပၚကဆင္းသြားၾကတယ္။ က်န္တဲ့တစ္ေယာက္ကို အတင္းတြန္းျပီးကားေပၚက ဆင္းေျပးလာတယ္။ ကၽြန္ေတာ္ထြက္ေျပးလာေတာ့ ၈ နာရီေက်ာ္ေလာက္႐ွိၿပီ။ ကားေပၚမွာလည္း လက္ထိပ္ခတ္ၿပီး တစ္ေယာက္ပါလာတယ္။ သူလည္းမ႐ုန္းႏိုင္ေတာ့ဘူး။ တအားႏွိပ္စက္ထားတယ္။ ” လို႔ ဖမ္းဆီးေခၚေဆာင္ခံရသူ ေမာင္ခ်စ္ႏိုင္စိုးက ေျပာပါတယ္။

ဖမ္းဆီးေခၚေဆာင္ခံရခ်ိန္မွာ ၿခိမ္းေျခာက္မႈေတြလည္း႐ွိတယ္လို႔ သူကေျပာပါတယ္။

” က်ေနာ့္ကို ႀကိဳးနဲ႔တုတ္ေတာ့ ဒီေကာင္ေလး လမ္းေလ်ွာက္တာ ေအေအသြားပံုနဲ႔တူတယ္။ က်ေနာ္ေအေအ မဟုတ္ပါ အလုပ္သမားပါလို႔ေျပာတယ္။ ေစာက္စကားမမ်ားနဲ႔ ေစာက္ခြက္ကို ျဖတ္႐ိုက္လိုက္မယ္လို႔ေျပာတယ္။ ဒီေကာင္ေလး ေအေအအစစ္ဆိုရင္ အျပတ္သာ႐ွင္းလိုက္ေတာ့လို႔ ေျပာၾကတယ္။ က်ေနာ့္ဆံပင္ေတြကိုလည္းဆြဲတယ္။ ကားေပၚမွာလည္း စစ္သားေတြဆိုၿပီးေၾကာက္လို႔ ႐ုန္းတယ္။ လံုးဝ ႐ုန္းလို႔မရဘူး။ ” လို႔ ေမာင္ခ်စ္ႏိုင္စိုးကေျပာပါတယ္။

ေမာင္ခ်စ္နိုင္စိုးကိုဖမ္းဆီးသြားသူေတြဟာ ဗမစကားေျပာၾကျပီး ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ ေမာင္ခ်စ္ႏိုင္စိုးက ေျမပံုၿမိဳ႕မရဲစခန္းကို တိုင္ၾကားထားတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ေျမပံု #လူတစ္ဦး #အမည္မသိလူတစ္စု #ဖမ္းဆီးမွဳျဖစ္ပြား

Related posts

Leave a Comment

VOM News

FREE
VIEW