မီးနီရပ်စောင့်နေတဲ့ဆိုင်ကယ်ကို ၁၂ ဘီးကားက ဘရိတ်ပေါက်ဝင်တိုက်ပြီး မီးလောင်ခဲ့၊ယာဉ်မောင်းထွက်ပြေး

စစ်ကိုင်း ဇန်နဝါရီ ၁၂ -၂၀၂၀ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်အနီး၊ မန္တလေး-မုံရွာလမ်း၊ ကျော်ထက် မီးပွိုင့် မှာ ဒီကနေ့ ညနေပိုင်းက မီးနီရပ်စောင့်နေတဲ့ ဆိုင်ကယ်ကို ၁၂ ဘီးကား က ဘရိတ်ပေါက်ဝင်တိုက်ခဲ့ပြီး ၁၂ဘီးကားရှေ့ခေါင်းခန်း မီး‌လောင်ခဲ့တယ်လို့ စစ်ကိုင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။ “မုံရွာဘက် ကနေ မန္တလေးကို မောင်းလာတဲ့ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သမန်းကုန်းကျေးရွာက အမျိုးသမီးနှစ်ဦး မောင်းလာတဲ့ CZI 125 ဆိုင်ကယ် က ကျော်ထက်ကွေ့မီးပွိုင့် မှာ မီးနီရပ်စောင့်နေချိန် သူတို့နောက်ကနေ ကျောက်မီးသွေးတင်လာတဲ့ ၁၂ဘီးကား က ဘရိတ်ပေါက်အရှိန်လွန်ပြီး ရှေ့ကဆိုင်ကယ်ကိုဝင်တိုက်ရာကနေ ဆိုင်ကယ်က ကားရှေ့ဘီးအောက်တရွတ်တိုက်ပါပြီး ၁၂ဘီးကားရှေ့ခေါင်းခန်းမီးလောင်ခဲ့တယ်”လို့ စစ်ကိုင်းမြို့မရဲစခန်းကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မီးလောင်ကျွမ်းတဲ့နေရာကို စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနက မီးသတ်ယာဉ်သုံးစီး၊ စစ်ကိုင်းအရေးပေါ်ကယ်ဆယ်ရေးနဲ့ စစ်ကိုင်းမြို့က လူမှုရေးအသင်းအဖွဲ့တွေရောက်လာပြီး ပူပေါင်းမီးငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားရာမှာ မီးလောင်မှုဖြစ်ခဲ့ပြီးအမျိုးသမီးနှစ်ဦး…

Read More

ဒုဌဝတီမြစ်ဘေးမှာ ပထမအကြိမ်ပြုလုပ်ခဲ့တဲ့ ကား၊ဆိုင်ကယ် လမ်းကြမ်းမောင်းပြိုင်ပွဲ

မန္တလေး၊ ဇန်နဝါရီ ၁၂-၂၀၂၀ လင်းခိုင်(VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မန်ကျည်းအင်းကျေးရွာ၊ လွန်ကောင်းအုပ်စု၊ ၁၀မိုင်ခြံ ၊ ဒုဌဝတီမြစ်ဘေးမှာ ပထမအကြိမ် ကား၊ဆိုင်ကယ် လမ်းကြမ်းမောင်းပြိုင်ပွဲကို ဇန်နဝါရီလ(၁၁)ရက့်ကနေ (၁၂)ရက်နေ့အထိ ပြုလုပ်ခဲ့ပါတယ်။ ကား၊ ဆိုင်ကယ်ကို လမ်းကြမမှာ မောင်းရတဲ့ဝါသနာရှင်များ၊ ပညာရှင်များစုကာ ကျင်းပပြုလုပ်ခဲ့ပြီး အကြမ်းဆုံးပြိုင်ပွဲဖြစ်တယ်လို့လည်း ပြိုင်ပွဲဝင်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။ အဲ့ဒီပြိုင်ပွဲကို မနက် ၉နာရီကနေ ညနေ ၄နာရီအထိပြုလုပ်ခဲ့ပြီး ဆုရရှိသူတွေကို ဒီကနေ့ညနေပိုင်းမှာ ဆုပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ #VOM #voiceofmyanmar #မန္တလေး #ဒုဌဝတီ #ကားလမ်းကြမ်းပြိုင်ပွဲ Zawgyi ဒုဌဝတီမြစ်ဘေးမှာ ပထမအကြိမ်ပြုလုပ်ခဲ့တဲ့ ကား၊ဆိုင်ကယ် လမ်းကြမ်းမောင်းပြိုင်ပွဲ မန္တလေး၊ ဇန်နဝါရီ ၁၂-၂၀၂၀ လင်းခိုင်(VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မန်ကျည်းအင်းကျေးရွာ၊ လွန်ကောင်းအုပ်စု၊ ၁၀မိုင်ခြံ ၊ ဒုဌဝတီမြစ်ဘေးမှာ ပထမအကြိမ် ကား၊ဆိုင်ကယ် လမ်းကြမ်းမောင်းပြိုင်ပွဲကို ဇန်နဝါရီလ(၁၁)ရက့်ကနေ…

Read More

ဇန်နဝါရီလ (၁၁) ရက်နေ့ဟာ ရခိုင်မှာတိုက်ပွဲအများဆုံးနေ့လို့ အေအေထုတ်ပြန်

ဇန်နဝါရီလ (၁၁) ရက်နေ့ဟာ ရခိုင်မှာတိုက်ပွဲအများဆုံးနေ့လို့ အေအေထုတ်ပြန် မင်းပြား၊ ဇန်နဝါရီ ၁၂- ၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့တွေမှာ တိုက်ပွဲ အများဆုံးနေ့မှာ ဇန်နဝါရီလ (၁၁) ရက်နေ့ဟာ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့တဲ့ နေ့တစ်နေ့လို့ အေအေကထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီလ(၁၁) ရက်နေ့မှာ တိုက်ပွဲတွေပြင်းထန်သကဲ့သို့ တပ်မတော်ဖက်မှ အသေအပျောက်အများဆုံးနေ့တစ်နေ့လည်းဖြစ်ခဲ့တယ်လို့ အေအေက ထုတ်ပြန်ပါတယ်။ ၂၀၂၀ ခုနှစ်နှစ်ဆန်းပိုင်းကစပြီး ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့နဲ့၊ ချင်းပြည်နယ်၊ ပလက်ဝဒေသအတွင်းက တိုက်ပွဲတွေဟာ နေ့တိုင်းနီးပါးဖြစ်ပွားလျှက်ရှိပြီး တိုက်ပွဲအရှိန်ဆိုရင် ဆက်လက်မြင့်တက်လျှက်နေတာကြောင့် အေအေအနေဖြင့် တိုက်ပွဲတွေ လျော့ဖို့ကြိုးစားနေပေမဲ့ တပ်မတော်ဟာ ကြီးမားတဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို အရှိန်အဟုန်မြှင့်ဆက်လက်လုပ်ဆောင်နေတာ၊ လက်နက်၊လူအင်အားအများအပြားကိုထပ်မံပို့ဆောင် နေတာကြောင့် အခုလိုတိုက်ပွဲတွေ ပိုမိုပြင်းထန်နေတာဖြစ်တယ် လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ ဇန်နဝါရီ(၁) ရက်မှ (၁၁) ရက်အတွင်း…

Read More

ခွေးရူးပြန်ကာကွယ်ဆေး မလုံလောက်မှုတွေဖြစ်ပေါ်နေ

ခွေးရူးပြန်ကာကွယ်ဆေး မလုံလောက်မှုတွေဖြစ်ပေါ်နေ ရန်ကုန် ဇန်နဝါရီ ၁၂-၂၀၂၀ သိဂီ ၤ( VOM) ရန်ကုန်တိုင်းရဲ့ မြို့နယ်တိုင်းလိုလိုမှာ နှစ်စဉ် ခွေးကိုက်ခံရသူပေါင်း ၁၀၀၀ လောက်ရှိနေပြီး ခွေးရူးပြန်ကာကွယ်ဆေးမလုံလောက်မှုတွေဖြစ်ပေါ်နေတယ်လို့ တိုင်းဒေသကြီး လွှတ်တော် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီကသိရပါတယ်။ ဒါဟာ ခွေးကိုက်ခံရတဲ့ နှစ်စဉ် အရေအတွက်ဖြစ်ပြီး ကာကွယ်ဆေးကို အစိုးရအနေနဲ့ လုံလုံလောက်လောက် ချထားမပေးနိုင်တာကြောင့် ခွေးကိုက်ခံရတဲ့ လူနာအတော်များများဟာ ကာကွယ်ဆေးမထိုးနှံနိုင်တဲ့အခြေအနေတွေကြုံတွေ့နေရပါတယ်။ ” ရူးနေတဲ့ခွေးက ကိုက်တာမျိုးမဟုတ်ပဲ ရိုးရိုးခွေးက ကိုက်တာချည်း မြို့နယ်တစ်ခုမှာ တစ်နှစ်ကို ၁၀၀၀ လောက်ရှိတယ်။ ကာကွယ်ဆေးကလည်းမလုံလောက်ဘူး။ အစိုးရကမပေးနိုင်တဲ့အခါ လူနာတွေကိုယ့်ဘာသာ ဝယ်ထိုးရမယ်။ မလုံလောက်တာသိနေပေမယ့်လည်း ဘာမှမတတ်နိုင်ဘူး။ အစိုးရမှာငွေမရှိဘူး။ဘယ်လောက်တွန်းအားပေးပေး ငွေမရှိရင်ဘာမှလုပ်လို့မရနိုင်ဘူး” လို့ ကော်မတီဥက္ကဋ္ဌဒေါ်စန္ဒာမင်းကပြောပါတယ်။ ခွေးကိုက်ခံရတာနဲ့ပတ်သက်ပြီး ဆေးပညာအရ အဆင့် ၃ ဆင့်သတ်မှတ်ထားပါတယ်။ ခွေးတစ်ကောင်က လူတစ်ယောက်ရဲ့ပုံမှန် အရေပြားကို အစာကျွေးရင်းဖြစ်စေ ၊ လျှာဖြင့်ယက်တာ…

Read More

မိခင်နို့ရည်မရနိုင်တဲ့ကလေးအတွက် မိခင်နို့ရည်ဘဏ် ရန်ကုန်မှာဖွင့်လှစ်

မိခင်နို့ရည်မရနိုင်တဲ့ကလေးအတွက် မိခင်နို့ရည်ဘဏ် ရန်ကုန်မှာဖွင့်လှစ် ရန်ကုန် ဇန်နဝါရီ ၁၂ သိဂီ ၤ(VOM) မိခင်နို့ရည်မရနိုင်တဲ့ကလေးအတွက် မြန်မာနိုင်ငံရဲ့ ပထမဆုံးသောနိုင်ငံတကာ အဆင့်မီ မိခင်နို့ရည်ဘဏ်ကို ရန်ကုန်က ဗဟိုအမျိုးသမီးဆေးရုံကြီး မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်မှာ ဖွင့်လှစ်လိုက်ပြီလို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကသိရပါတယ်။ မိခင်နို့ရည်ဘဏ်ကို ဇန်နဝါရီလ ၁၁ ရက်နေ့က ဖွင့်လှစ်လိုက်တာဖြစ်ပြီး ဒီဘဏ်ဟာ မြန်မာနိုင်ငံထဲ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ရည်မရရှိနိုင်တဲ့ နာမကျန်းမိခင်တွေရဲ့ကလေးငယ်တွေ မိခင်သေဆုံးသွားတဲ့ ကလေးတွေ စွန့်ပစ်ခံကလေးတွေ၊ လမစေ့ ကိုယ်အလေးချိန်မပြည့်ဘဲ မွေးဖွားလာတဲ့ ကလေးငယ်တွေအတွက် အဓိက ဖော်ဆောင်ပေးမှာဖြစ်ပါတယ်။ ကလေးငယ်တွေဟာ လူသားမိခင်နို့ကို သောက်သုံးရခြင်းကြောင့် သူတို့ရဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ ဦးနှောက်ဖွံ့ဖြိုးမှုအပိုင်းသာမက ရောဂါပိုးကိုပါခုခံနိုင်မယ့် ကိုယ်ခံအား ပဋိပစ္စည်းတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ “နို့တိုက်မိခင်တွေ လှူဒါန်းတဲ့ နို့ရည်တွေကို ရောဂါပိုးကင်းရှင်းအောင် သန့်စင်တဲ့ နို့ပေါင်းခံစက် (human milk pasteurizer)ရှိပြီ။ တိုင်းဒေသကြီး နဲ့ ပြည်နယ်အဆင့် ဆေးရုံကြီးတွေမှာ…

Read More

ရခိုင်ပြည်နယ်ရှိ မြို့နယ်သုံးခုမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့ကြောင်း အေအေထုတ်ပြန်

ရခိုင်ပြည်နယ်ရှိ မြို့နယ်သုံးခုမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့ကြောင်း အေအေထုတ်ပြန် ကျောက်ဖြူ ၊ ဇန်နဝါရီ ၁၂-၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်း မြို့နယ်သုံးခုဖြစ်တဲ့ မြောက်ဦး၊ ကျောက်ဖြူ ၊ အမ်း စတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီလ (၉/၁၀) ရက်နေ့တွေမှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေဖြစ်ပွားခဲ့ကာ နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ အေအေက ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ(၉) ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ဘုရားကြီးရွာအနီးနဲ့ ဝေသာလီရွာအနီးမှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ တပ်မတော်ဖက်က (၁၀) ဦး ကျဆုံးခဲ့တယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ကျောက်ဖြူမြို့နယ်၊ င/အုပ်ရွာ နှင့် ကျောက်ကလေရွာအကြား တပ်မတော်စစ်ကားတန်းကို ဇန်နဝါရီလ ၉ ရက် နံနက်(၉) နာရီ(၃၅) မိနစ်မှာ အေအေက ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှုတွေ အတိအကျမသိရသေးဘူးလို့ အေအေက ထုတ်ပြန်ပါတယ်။ ဒီကိစ္စနဲ့…

Read More
VOM News

FREE
VIEW