ရခိုင်ပြည်နယ်ရှိ မြို့နယ်သုံးခုမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့ကြောင်း အေအေထုတ်ပြန်

ရခိုင်ပြည်နယ်ရှိ မြို့နယ်သုံးခုမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့ကြောင်း အေအေထုတ်ပြန်

ကျောက်ဖြူ ၊ ဇန်နဝါရီ ၁၂-၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်အတွင်း မြို့နယ်သုံးခုဖြစ်တဲ့ မြောက်ဦး၊ ကျောက်ဖြူ ၊ အမ်း စတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီလ (၉/၁၀) ရက်နေ့တွေမှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေဖြစ်ပွားခဲ့ကာ နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ အေအေက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ(၉) ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ဘုရားကြီးရွာအနီးနဲ့ ဝေသာလီရွာအနီးမှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ တပ်မတော်ဖက်က (၁၀) ဦး ကျဆုံးခဲ့တယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကျောက်ဖြူမြို့နယ်၊ င/အုပ်ရွာ နှင့် ကျောက်ကလေရွာအကြား တပ်မတော်စစ်ကားတန်းကို ဇန်နဝါရီလ ၉ ရက် နံနက်(၉) နာရီ(၃၅) မိနစ်မှာ အေအေက ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှုတွေ အတိအကျမသိရသေးဘူးလို့ အေအေက ထုတ်ပြန်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျောက်ဖြူ မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ” အနီးအနား ရွာကလူတွေပြောတာတော့ ဘီပေါက်သွားတာလို့ ပြောတယ်။ တပ်မတော်က လူတွေပြောတာတော့ မိုင်းပေါက်တယ်လို့ပြောတယ်။ အဲ့ဒီစစ်ကားထဲမှာ လူရှစ်ယောက်ပါတယ်လို့ပြောတယ်။

အဲ့ဒီပုဂ္ဂိုလ်တွေက ဘေးပတ်ဝန်းကျင်ကို ၁၅ မိနစ်လောက် လှမ်းပစ်တယ်လို့ပြောတယ်။ ပတ်ဝန်းကျင်ရွာတွေက လူတွေဆီကျသွားရင် သေသွားနိုင်တယ်။ အနီအနားကရွာတွေတော့ မထိခိုက်ခဲ့ဘူး။ သက်ဆိုင်ရာလူတွေတော့ အနာတရ မဖြစ်လိုက်ဘူးလို့ ပြောကြတယ်။ ကားခေါင်းခမ်းနားမှာတော့ သံတန်းတွေ ကွေးသွားတယ်၊ ဘီးပေါက်သွားတယ်၊ မှန်လည်းကွဲသွားတယ်လို့ပြောတယ်။ ဒီနေ့ထိ ဗုံးပေါက်တာလား၊ ဒါမှမဟုတ် ကားထက်မှာပါလာတဲ့လက်ပစ်ဗုံးပေါက်တာလား၊ ဂဃနဏမသိဘူး။ တချို့ကလည်း ကျင်းခံသွားတယ်လို့ပြောတယ်။ တချို့ကလည်း ဘီးပေါက်တာလို့ ပြောကြတယ်။” လို့ ပြောပါတယ်။

အမ်းမြို့နယ်၊ ရှောက်ခြုံရွာ နှင့် မဲလက်မောင်းရွာအကြားရှိ ရှောက်ခြုံတောင်တန်းတွင်လည်း တပ်မတော်ဖက်က တပ်မ(၆၆) လက်အောက်ခံတပ်ရင်းတစ်ခုနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ နှစ်ဖက်ထိခိုက်မှုရှိခဲ့ပြီ တပ်မတော်ဖက်က (၂၀) ဦးခန့်အထိကျဆုံးနိုင်တယ်လို့ အေအေဖက်က ထုတ်ပြန်ထားပါတယ်။

အေအေရဲ့ထုတ်ပြန်ချက်နက်ပတ်သတ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးပထမတန်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူ းကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ရာမှာ” ကျနော်မအားသေးဘူး။ နောက်မှပြန်ဆက်ပါ။ ” လို့ ပြောပါတယ်။
ဒါကြောင့် အေအေရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သတ်ပြီး တပ်မတော်ဖက်က တုန့်ပြန်မှုကို မရရှိခဲ့ပါဘူး။
ဇန်နဝါရီလ(၁၀) ရက်နေ့ကလည်း ယခင်ရက်များက တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာအချို့မှာ တပ်မတော်နဲ့ အေအေ အပြန်အလှန်ကြို ကြားကြို ကြားပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ ချွတ်ပြင်ကျေးရွာ အနောက်ဖက်ကားလမ်းမပေါ်နဲ့ အောင်ဆိတ်ကျေးရွာရဲ့ မြောက်ဖက်၊(၁) ကီလိုမီတာအကွာအဝေးမှာလည်းကောင်း၊ ဘူးသီးတောင်မြိ့နယ်၊ နွားရုံတောင်ရွာအနီးမှာလည်းကောင်း စည်သည်အားဖြင့် တိုက်ပွဲ (၃) နေရာဖြစ်ပွားခဲ့တယ်လို့ အေအေက ထုတ်ပြန်ခဲ့ဖူးပါတယ်။

#voiceofmyanmar #VOM #AA #ရခိုင်တိုက်ပွဲ

Zawgyi

ရခိုင္ျပည္နယ္႐ွိ ၿမိဳ႕နယ္သံုးခုမွာတိုက္ပြဲေတြျဖစ္ပြားခဲ့ၿပီး ႏွစ္ဖက္ထိခိုက္မႈ႐ွိခဲ့ေၾကာင္း ေအေအထုတ္ျပန္

ေက်ာက္ျဖဴ ၊ ဇန္နဝါရီ ၁၂-၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္အတြင္း ၿမိဳ႕နယ္သံုးခုျဖစ္တဲ့ ေျမာက္ဦး၊ ေက်ာက္ျဖဴ ၊ အမ္း စတဲ့ၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ၂၀၂၀ ဇန္နဝါရီလ (၉/၁၀) ရက္ေန႔ေတြမွာ တပ္မေတာ္နဲ႔ ေအေအ တိုက္ပြဲေတြျဖစ္ပြားခဲ့ကာ ႏွစ္ဖက္ထိခိုက္မႈ႐ွိတယ္လို႔ ေအေအက ထုတ္ျပန္ပါတယ္။

ဇန္နဝါရီလ(၉) ရက္ေန႔တြင္ ေျမာက္ဦးၿမိဳ႕နယ္၊ ဘုရားႀကီးရြာအနီးနဲ႔ ေဝသာလီရြာအနီးမွာ တပ္မေတာ္နဲ႔ ေအေအ တိုက္ပြဲျဖစ္ပြားခဲ့ၾကၿပီး အဲ့ဒီတိုက္ပြဲေတြအတြင္းမွာ တပ္မေတာ္ဖက္က (၁၀) ဦး က်ဆံုးခဲ့တယ္လို႔ ေအေအရဲ႕ ထုတ္ျပန္ခ်က္မွာပါ႐ွိပါတယ္။

ေက်ာက္ျဖဴၿမိဳ႕နယ္၊ င/အုပ္ရြာ ႏွင့္ ေက်ာက္ကေလရြာအၾကား တပ္မေတာ္စစ္ကားတန္းကို ဇန္နဝါရီလ ၉ ရက္ နံနက္(၉) နာရီ(၃၅) မိနစ္မွာ ေအေအက ျဖတ္ေတာက္တိုက္ခိုက္ခဲ့ျပီး ထိခိုက္က်ဆံုးမွုေတြ အတိအက်မသိရေသးဘူးလို႔ ေအေအက ထုတ္ျပန္ပါတယ္။

ဒီကိစၥနဲ႔ ပတ္သတ္ၿပီး ေက်ာက္ျဖဴ ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဖိုးစံက ” အနီးအနား ရြာကလူေတြေျပာတာေတာ့ ဘီေပါက္သြားတာလို႔ ေျပာတယ္။ တပ္မေတာ္က လူေတြေျပာတာေတာ့ မိုင္းေပါက္တယ္လို႔ေျပာတယ္။ အဲ့ဒီစစ္ကားထဲမွာ လူ႐ွစ္ေယာက္ပါတယ္လို႔ေျပာတယ္။

အဲ့ဒီပုဂၢိဳလ္ေတြက ေဘးပတ္ဝန္းက်င္ကို ၁၅ မိနစ္ေလာက္ လွမ္းပစ္တယ္လို႔ေျပာတယ္။ ပတ္ဝန္းက်င္ရြာေတြက လူေတြဆီက်သြားရင္ ေသသြားႏိုင္တယ္။ အနီအနားကရြာေတြေတာ့ မထိခိုက္ခဲ့ဘူး။ သက္ဆိုင္ရာလူေတြေတာ့ အနာတရ မျဖစ္လိုက္ဘူးလို႔ ေျပာၾကတယ္။ ကားေခါင္းခမ္းနားမွာေတာ့ သံတန္းေတြ ေကြးသြားတယ္၊ ဘီးေပါက္သြားတယ္၊ မွန္လည္းကြဲသြားတယ္လို႔ေျပာတယ္။ ဒီေန႔ထိ ဗံုးေပါက္တာလား၊ ဒါမွမဟုတ္ ကားထက္မွာပါလာတဲ့လက္ပစ္ဗံုးေပါက္တာလား၊ ဂဃနဏမသိဘူး။ တခ်ိဳ႕ကလည္း က်င္းခံသြားတယ္လို႔ေျပာတယ္။ တခ်ိဳ႕ကလည္း ဘီးေပါက္တာလို႔ ေျပာၾကတယ္။” လို႔ ေျပာပါတယ္။

အမ္းၿမိဳ႕နယ္၊ ေရွာက္ျခံဳရြာ ႏွင့္ မဲလက္ေမာင္းရြာအၾကားရွိ ေရွာက္ျခံဳေတာင္တန္းတြင္လည္း တပ္မေတာ္ဖက္က တပ္မ(၆၆) လက္ေအာက္ခံတပ္ရင္းတစ္ခုႏွင့္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး တိုက္ပြဲျပင္းထန္ခဲ့ကာ ႏွစ္ဖက္ထိခိုက္မွုရွိခဲ့ျပီ တပ္မေတာ္ဖက္က (၂၀) ဦးခန္႔အထိက်ဆံုးႏိုင္တယ္လို႔ ေအေအဖက္က ထုတ္ျပန္ထားပါတယ္။

ေအေအရဲ႕ထုတ္ျပန္ခ်က္နက္ပတ္သတ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီးပထမတန္း ေျပာေရးဆိုခြင့္႐ွိသူ ဗိုလ္မွဴ းႀကီးဝင္းေဇာ္ဦးကို ဆက္သြယ္ခဲ့ရာမွာ” က်ေနာ္မအားေသးဘူး။ ေနာက္မွျပန္ဆက္ပါ။ ” လို႔ ေျပာပါတယ္။
ဒါေၾကာင့္ ေအေအရဲ႕ ထုတ္ျပန္ခ်က္နဲ႔ ပတ္သတ္ၿပီး တပ္မေတာ္ဖက္က တုန္႔ျပန္မႈကို မရ႐ွိခဲ့ပါဘူး။
ဇန္နဝါရီလ(၁၀) ရက္ေန႔ကလည္း ယခင္ရက္မ်ားက တိုက္ပြဲျဖစ္ပြားခဲ့တဲ့ေနရာအခိ်ဳ႕မွာ တပ္မေတာ္နဲ႔ ေအေအ အျပန္အလွန္ႀကိဳ ၾကားႀကိဳ ၾကားပစ္ခတ္တိုက္ခိုက္မႈေတြ ရွိခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာပါဝင္ပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၆ ရက္ေန႔ကလည္း ရေသ့ေတာင္ၿမိဳ႕နယ္၊ ခြၽတ္ျပင္ေက်းရြာ အေနာက္ဖက္ကားလမ္းမေပၚနဲ႔ ေအာင္ဆိတ္ေက်းရြာရဲ႕ ေျမာက္ဖက္၊(၁) ကီလိုမီတာအကြာအေဝးမွာလည္းေကာင္း၊ ဘူးသီးေတာင္ၿမိ႕နယ္၊ ႏြားရံုေတာင္ရြာအနီးမွာလည္းေကာင္း စည္သည္အားျဖင့္ တိုက္ပြဲ (၃) ေနရာျဖစ္ပြားခဲ့တယ္လို႔ ေအေအက ထုတ္ျပန္ခဲ့ဖူးပါတယ္။

#voiceofmyanmar #VOM #AA #ရခုုိင္တိုုက္ပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW