ခွေးရူးပြန်ကာကွယ်ဆေး မလုံလောက်မှုတွေဖြစ်ပေါ်နေ

ခွေးရူးပြန်ကာကွယ်ဆေး မလုံလောက်မှုတွေဖြစ်ပေါ်နေ

ရန်ကုန် ဇန်နဝါရီ ၁၂-၂၀၂၀
သိဂီ ၤ( VOM)

ရန်ကုန်တိုင်းရဲ့ မြို့နယ်တိုင်းလိုလိုမှာ နှစ်စဉ် ခွေးကိုက်ခံရသူပေါင်း ၁၀၀၀ လောက်ရှိနေပြီး ခွေးရူးပြန်ကာကွယ်ဆေးမလုံလောက်မှုတွေဖြစ်ပေါ်နေတယ်လို့ တိုင်းဒေသကြီး လွှတ်တော် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီကသိရပါတယ်။

ဒါဟာ ခွေးကိုက်ခံရတဲ့ နှစ်စဉ် အရေအတွက်ဖြစ်ပြီး ကာကွယ်ဆေးကို အစိုးရအနေနဲ့ လုံလုံလောက်လောက် ချထားမပေးနိုင်တာကြောင့် ခွေးကိုက်ခံရတဲ့ လူနာအတော်များများဟာ ကာကွယ်ဆေးမထိုးနှံနိုင်တဲ့အခြေအနေတွေကြုံတွေ့နေရပါတယ်။

” ရူးနေတဲ့ခွေးက ကိုက်တာမျိုးမဟုတ်ပဲ ရိုးရိုးခွေးက ကိုက်တာချည်း မြို့နယ်တစ်ခုမှာ တစ်နှစ်ကို ၁၀၀၀ လောက်ရှိတယ်။ ကာကွယ်ဆေးကလည်းမလုံလောက်ဘူး။ အစိုးရကမပေးနိုင်တဲ့အခါ လူနာတွေကိုယ့်ဘာသာ ဝယ်ထိုးရမယ်။ မလုံလောက်တာသိနေပေမယ့်လည်း ဘာမှမတတ်နိုင်ဘူး။ အစိုးရမှာငွေမရှိဘူး။ဘယ်လောက်တွန်းအားပေးပေး ငွေမရှိရင်ဘာမှလုပ်လို့မရနိုင်ဘူး” လို့ ကော်မတီဥက္ကဋ္ဌဒေါ်စန္ဒာမင်းကပြောပါတယ်။

ခွေးကိုက်ခံရတာနဲ့ပတ်သက်ပြီး ဆေးပညာအရ အဆင့် ၃ ဆင့်သတ်မှတ်ထားပါတယ်။
ခွေးတစ်ကောင်က လူတစ်ယောက်ရဲ့ပုံမှန် အရေပြားကို အစာကျွေးရင်းဖြစ်စေ ၊ လျှာဖြင့်ယက်တာ ထိတေ့ွတာကို အဆင့် ၁ သတ်မှတ်ထားပြီး ခွေးကိုက်ခံရတဲ့ လက္ခဏာတွေ့ရှိတာကို အဆင့် ၂ သတ်မှတ်ပါတယ်။

ခွေးကိုက်ခံရတဲ့ ဒဏ်ရာ နက်ခြင်း ၊ ဒဏ်ရာကြီးမားခြင်း ၊ သွေးထွက်များတာ တွေကိုတော့ အဆင့်သုံးအဖြစ် သတ်မှတ်ထားတယ်လို့သိရပါတယ်။

ခွေးကိုက်ခံရမှု အဆင့် ၃ အဖြစ်သတ်မှတ်ခံရတဲ့ ခွေးကိုက်ခံလူနာတွေကို ခွေးရူးပြန်ကာကွယ်ဆေး အသားထဲထိုးရုံသာမက ခွေးရူးပြန်ရောဂါပိုးကို တစ်ခါတည်းသတ်တဲ့ ပဋိပစ္စည်းကိုပါ ခွေးကိုက်ခံရတဲ့ အနာပတ်ပတ်လည်မှာ ထိုးပေးပါတယ်။

လက်ရှိတိုင်းနဲ့ပြည်နယ်တွေထဲမှာ ရန်ကုန်တိုင်းက ခွေးကိုက်ခံရမှုအဖြစ်ပွားဆုံး ဖြစ်နေတာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံးကြီး၊ မြောက်ဥက္ကလာပ သင်ကြားရေးနှင့် အထွေထွေဆေးရုံးကြီး၊ သင်္ဃန်းကျွန်း(စံပြ) အထွေထွေရောဂါကု ဆေးရုံတွေမှာ ခွေးကိုက်လူနာတွေကို ကုသပေးမယ့် Dog Bite Treatment Centre-DBTC ဖွင်လှစ်ထားပါတယ်။

” ခွေးကိုက်ခံရတဲ့လူနာတွေအတွက် ဆေးရုံးကြီးလေးခုမှာ ဌာနသီးသန့်ဖွင့်ပေးထားတယ်။အချိန်မရွေး ခွေးကိုက်ခံရတာနဲ့ ချက်ခြင်းသွားပြနိုင်တယ် “လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်သိင်္ဂီမြင့်ကပြောထားပါတယ်။

ရန်ကုန်နည်းတူ တခြားဒေသတွေမှာလည်း ခွေးရူးပြန်ကာကွယ်ဆေးကို ပြည်သူ့ဆေးရုံတွေက လုံလောက်စွာ မချပေးနိုင်တာကြောင့် ကာကွယ်ဆေးမထိုးနှံနိုင်တဲ့အခြေအနေတွေဖြစ်နေပါတယ်။

” ပထမဆုံး ဆေးကို ဆေးရုံက အလကားထိုးပေးတယ်။ ကျန်တဲ့ရက်ချိန်းတွေကို ကိုယ့်ဘာသာဝယ်ထိုးရမယ်ပြောပါတယ်။ ခုဆို ၂ ကြိမ်ထပ်ထိုးပြီးပြီ။ ဆေးတစ်လုံးကို ၁၄၀၀၀ ပေးရပါတယ်။ တချို့လူတွေဆို ဆေးမထိုးနိုင်ကြဘူး” လို့ ခွေးရူးပြန်ကာကွယ်ဆေး ဝယ်ယူထိုးနှံနေသူ ဒေါ်သန်းဌေးကပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့သူ ၇၀ ခန့်ရှိခဲ့ပြီး သတင်းပို့လာတဲ့ လူနာ ၂ သိန်းဝန်းကျင်ရှိခဲ့ပါတယ်။

ခွေးရူးရောဂါ ၉၉ ရာခိုင်နှုန်းဟာ ခွေးကိုက်ခံရခြင်းကြောင့် ဖြစ်ပြီး ခွေးကိုက်ခံရပြီး လက္ခဏာမပေါ်မီ အချိန်မီ ကာကွယ်ဆေးကို စနစ်တကျ အကြိမ်ပြည့်ထိုးနှံခြင်းကသာ (၁၀၀)ရာခိုင်နှုန်း ကာကွယ်နိုင်တယ်လိ့ုသိရပါတယ်။

ဒါကြောင့် ခွေးကိုက်ခံရတာနဲ့တစ်ပြိုင်နက် အချိန်မီလာကုသမှုခံယူမှသာ ခွေးရူးပြန်ရောဂါကြောင့် အသက်သေဆုံးမှုတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ခွေးရူးရောဂါကာကွယ်ဆေး

Zawgyi

ေခြးရူးျပန္ကာကြယ္ေဆး မလုံေလာက္မႈေတြျဖစ္ေပၚေန

ရန္ကုန္ ဇန္နဝါရီ ၁၂-၂၀၂၀
သိဂီ ၤ( VOM)

ရန္ကုန္တိုင္းရဲ႕ ၿမိဳ႕နယ္တိုင္းလိုလိုမွာ နွစ္စဥ္ ေခြးကိုက္ခံရသူေပါင္း ၁၀၀၀ ေလာက္ရွိေနျပီး ေခြးရူးျပန္ကာကြယ္ေဆးမလုံေလာက္မႈေတြျဖစ္ေပၚေနတယ္လို႕ တိုင္းေဒသႀကီး လႊတ္ေတာ္ စီမံကိန္း၊ဘ႑ာေရးႏွင့္ စီးပြားေရးေကာ္မတီကသိရပါတယ္။

ဒါဟာ ေခြးကိုက္ခံရတဲ႕ ႏွစ္စဥ္ အေရအတြက္ျဖစ္ျပီး ကာကြယ္ေဆးကို အစိုးရအေနနဲ႕ လုံလုံေလာက္ေလာက္ ခ်ထားမေပးနိုင္တာေႀကာင့္ ေခြးကိုက္ခံရတဲ႕ လူနာအေတာ္မ်ားမ်ားဟာ ကာကြယ္ေဆးမထိုးႏွံနိုင္တဲဲ့အေျခအေနေတြႀကဳံေတြ႕ေနရပါတယ္။

” ရူးေနတဲ႕ေခြးက ကိုက္တာမ်ိဳးမဟုတ္ပဲ ရိုးရိုးေခြးက ကိုက္တာခ်ည္း ၿမိဳ႕နယ္တစ္ခုမွာ တစ္ႏွစ္က္ို ၁၀၀၀ ေလာက္ရွိတယ္။ ကာကြယ္ေဆးကလည္းမလုံေလာက္ဘူး။ အစိုးရကမေပးနိုင္တဲ႕အခါ လူနာေတြကိုယ့္ဘာသာ ဝယ္ထိုးရမယ္။ မလုံေလာက္တာသိေနေပမယ့္လည္း ဘာမွမတတ္န္ုိင္ဘူး။ အစိုးရမွာေငြမရွိဘူး။ဘယ္ေလာက္တြန္းအားေပးေပး ေငြမရွိရင္ဘာမွလုပ္လို႕မရနိုင္ဘူး” လို႕ ေကာ္မတီဥကၠ႒ေဒၚစႏၵာမင္းကေျပာပါတယ္။

ေခြးကိုက္ခံရတာနဲ႔ပတ္သက္ၿပီး ေဆးပညာအရ အဆင့္ ၃ ဆင့္သတ္မွတ္ထားပါတယ္။
ေခြးတစ္ေကာင္က လူတစ္ေယာက္ရဲ႕ပုံမွန္ အေရျပားကုိ အစာေကၽြးရင္းျဖစ္ေစ ၊ လွ်ာျဖင့္ယက္တာ ထိေတ႕ြတာကို အဆင့္ ၁ သတ္မွတ္ထားျပီး ေခြးကုိက္ခံရတဲ့ လကၡဏာေတြ႔ရွိတာကို အဆင့္ ၂ သတ္မွတ္ပါတယ္။

ေခြးကုိက္ခံရတဲ့ ဒဏ္ရာ နက္ျခင္း ၊ ဒဏ္ရာႀကီးမားျခင္း ၊ ေသြးထြက္မ်ားတာ ေတြကိုေတာ့ အဆင့္သုံးအျဖစ္ သတ္မွတ္ထားတယ္လုိ႔သိရပါတယ္။

ေခြးကိုက္ခံရမႈ အဆင့္ ၃ အျဖစ္သတ္မွတ္ခံရတဲ့ ေခြးကုိက္ခံလူနာေတြကုိ ေခြးရူးျပန္ကာကြယ္ေဆး အသားထဲထုိးရုံသာမက ေခြးရူးျပန္ေရာဂါပုိးကုိ တစ္ခါတည္းသတ္တဲ့ ပဋိပစၥည္းကုိပါ ေခြးကိုက္ခံရတဲ့ အနာပတ္ပတ္လည္မွာ ထုိးေပးပါတယ္။

လက္႐ွိတိုင္းနဲ႕ျပည္နယ္ေတြထဲမွာ ရန္ကုန္တုိင္းက ေခြးကုိက္ခံရမႈအျဖစ္ပြားဆုံး ျဖစ္ေနတာေႀကာင့္ ရန္ကုန္ျပည္သူ႔ေဆးရံုႀကီး၊ အင္းစိန္ျပည္သူ႔ေဆးရံုးႀကီး၊ ေျမာက္ဥကၠလာပ သင္ၾကားေရးႏွင့္ အေထြေထြေဆးရံုးႀကီး၊ သဃၤန္းကြ်န္း(စံျပ) အေထြေထြေရာဂါကု ေဆးရံုေတြမွာ ေခြးကိုက္လူနာေတြကို ကုသေပးမယ့္ Dog Bite Treatment Centre-DBTC ဖြင္လွစ္ထားပါတယ္။

” ေခြးကုိက္ခံရတဲ့လူနာေတြအတြက္ ေဆး႐ုံးႀကီးေလးခုမွာ ဌာနသီးသန္႔ဖြင့္ေပးထားတယ္။အခ်ိန္မေရြး ေခြးကိုက္ခံရတာနဲ႔ ခ်က္ျခင္းသြားျပႏိုင္တယ္ “လို႕ ရန္ကုန္ျပည္သူ႕ေဆး႐ုံႀကီးမွ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ခင္သိဂႌျမင့္ကေျပာထားပါတယ္။

ရန္ကုန္နည္းတူ တျခားေဒသေတြမွာလည္း ေခြးရူးျပန္ကာကြယ္ေဆးကို ျပည္သူ့ေဆးရုံေတြက လုံေလာက္စြာ မခ်ေပးနိုင္တာေႀကာင့္ ကာကြယ္ေဆးမထိုးႏွံနိုင္တဲ႕အေျခအေနေတြျဖစ္ေနပါတယ္။

” ပထမဆုံး ေဆးကို ေဆးရုံက အလကားထိုးေပးတယ္။ က်န္တဲ႕ရက္ခ်ိန္းေတြကို ကိုယ့္ဘာသာဝယ္ထိုးရမယ္ေျပာပါတယ္။ ခုဆ္ုိ ၂ ႀကိမ္ထပ္ထိုးျပီးျပီ။ ေဆးတစ္လုံးကို ၁၄၀၀၀ ေပးရပါတယ္။ တခ်ိဳ႕လူေတြဆို ေဆးမထိုးနိုင္ျကဘူး” လို႕ ေခြးရူးျပန္ကာကြယ္ေဆး ဝယ္ယူထိုးႏွံေနသူ ေဒၚသန္းေဌးကေျပာပါတယ္။

ျမန္မာတစ္ႏုိင္ငံလုံးအတုိင္းအတာအရ ၿပီးခဲ့တဲ႕ ၂၀၁၈ ခုႏွစ္မွာ ေခြးရူးျပန္ေရာဂါေၾကာင့္ ေသဆုံးခဲ့သူ ၇၀ ခန္႔ရွိခဲ့ၿပီး သတင္းပုိ႔လာတဲ႕ လူနာ ၂ သိန္း၀န္းက်င္ရွိခဲ့ပါတယ္။

ေခြးရူးေရာဂါ ၉၉ ရာခိုင္ႏႈန္းဟာ ေခြးကိုက္ခံရျခင္းေၾကာင့္ ျဖစ္ၿပီး ေခြးကိုက္ခံရၿပီး လကၡဏာမေပၚမီ အခ်ိန္မီ ကာကြယ္ေဆးကို စနစ္တက် အႀကိမ္ျပည့္ထိုးႏွံျခင္းကသာ (၁၀၀)ရာခိုင္ႏႈန္း ကာကြယ္ႏိုင္တယ္လိ့ုသိရပါတယ္။

ဒါေၾကာင့္ ေခြးကိုက္ခံရတာနဲ႔တစ္ၿပိဳင္နက္ အခ်ိန္မီလာကုသမႈခံယူမွသာ ေခြးရူးျပန္ေရာဂါေၾကာင့္ အသက္ေသဆုံးမႈေတြကုိ ကာကြယ္ႏုိင္မွာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေခြးရူးေရာဂါကာကြယ္ေဆး

Related posts

Leave a Comment

VOM News

FREE
VIEW